< ၁ ရာဇဝင်ချုပ် 10 >
1 ၁ ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။-
E os philisteus pelejaram com Israel: e os homens de Israel fugiram de diante dos philisteus, e cairam feridos nas montanhas de Gilboa.
2 ၂ ဖိလိတ္တိအမျိုးသားတို့သည်လိုက်၍မီသော အခါ ရှောလု၏သားများဖြစ်ကြသော ယောနသန်၊ အဘိနဒပ်နှင့်မေလခိရွှ တို့ကိုကွပ်မျက်ပစ်ကြ၏။-
E os philisteus apertaram com Saul e com seus filhos, e feriram os philisteus a Jonathan, e a Abinadab, e a Malchisua, filhos de Saul.
3 ၃ တိုက်ပွဲသည်ရှောလု၏ပတ်လည်တွင်ပြင်း ထန်လှသဖြင့် ရှောလုသည်ရန်သူများ၏ မြားချက်ဖြင့်ပြင်းစွာဒဏ်ရာရလေ၏။-
E a peleja se agravou contra Saul, e os flecheiros o acharam: e temeu muito aos flecheiros.
4 ၄ သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-
Então disse Saul ao seu escudeiro: Arranca a tua espada, e atravessa-me com ela; para que porventura não venham estes incircuncisos e escarneçam de mim. Porém o seu escudeiro não quis, porque temia muito; então tomou Saul a espada, e se lançou sobre ela.
5 ၅ လုလင်ပျိုသည်ရှောလုကွယ်လွန်သွား ကြောင်းတွေ့မြင်သောအခါ မိမိကိုယ်ကို ဋ္ဌားပေါ်တွင်လှဲချကာသေလေ၏။-
Vendo pois o seu escudeiro que Saul estava morto, também ele se lançou sobre a espada, e morreu.
6 ၆ ဤသို့လျှင်ရှောလုနှင့်သားသုံးယောက် စလုံးပင်ကွယ်လွန်ကြသဖြင့် သူ၏မင်း ဆက်ပြတ်လေတော့၏။-
Assim morreram Saul e seus três filhos; e toda a sua casa morreu juntamente.
7 ၇ ယေဇရေလချိုင့်ဝှမ်းတွင်နေထိုင်ကြသော ဣသရေလအမျိုးသားတို့သည် မိမိတို့၏ စစ်သည်များတပ်လန့်၍သွားကြောင်းကိုလည်း ကောင်း၊ ရှောလုမင်းနှင့်သားတို့ကွယ်လွန်သွား ကြောင်းကိုလည်းကောင်းကြားသိလေသော် မိမိ တို့၏မြို့များကိုစွန့်ပစ်၍ထွက်ပြေးကြကုန် ၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည် လာ၍ထိုမြို့များကိုသိမ်းပိုက်ကြ၏။
E, vendo todos os homens de Israel, que estavam no vale, que haviam fugido, e que Saul e seus filhos eram mortos, deixaram as suas cidades, e fugiram: então vieram os philisteus, e habitaram nelas.
8 ၈ တိုက်ပွဲပြီးဆုံးပြီးနောက်တစ်နေ့၌ ဖိလိတ္တိ အမျိုးသားတို့သည်အလောင်းကောင်များမှ ပစ္စည်းများကိုလုယူရန်လာကြသောအခါ ရှောလုနှင့်သားတို့၏အလောင်းများကို ဂိလဗောတောင်ထိပ်တွင်တွေ့ရှိကြ၏။-
E sucedeu que, no dia seguinte, vindo os philisteus a despojar os mortos, acharam a Saul e a seus filhos estirados nas montanhas de Gilboa.
9 ၉ သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ အဝတ်တန်ဆာများကိုချွတ်ပစ်ကြ၏။ ထို နောက်စေတမန်တို့အားရှောလု၏ဦးခေါင်း နှင့်လက်နက်များကိုယူဆောင်၍ ဖိလိတ္တိ ပြည်ကိုလှည့်လည်ကာမိမိတို့အမျိုး သားများနှင့်ရုပ်တုများရှိရာအရပ် များတွင်သတင်းကောင်းကိုကြေညာ စေကြ၏။-
E o despojaram, e tomaram a sua cabeça e as suas armas, e as enviaram pela terra dos philisteus em redor, para o anunciarem a seus ídolos e ao povo.
10 ၁၀ သူတို့သည်ရှောလု၏လက်နက်များကို မိမိတို့၏ဘုရားကျောင်းတွင်ထား၍ သူ ၏ဦးခေါင်းကိုဒါဂုန်ဗိမာန်တွင်ချိတ်ဆွဲ ထားကြ၏။-
E puseram as suas armas na casa do seu deus, e a sua cabeça afixaram na casa de Dagon.
11 ၁၁ ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကျင့်ကြသည်ကို ဂိလဒ်ပြည်ယာဗက် မြို့သားတို့ကြားလျှင်။-
Ouvindo pois toda a Jabes de Gilead tudo quanto os philisteus fizeram a Saul,
12 ၁၂ သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။
Então todos os homens belicosos se levantaram, e tomaram o corpo de Saul, e os corpos de seus filhos, e os trouxeram a Jabes; e sepultaram os seus ossos debaixo dum carvalho em Jabes, e jejuaram sete dias.
13 ၁၃ ရှောလုမင်းကွယ်လွန်တော်မူရခြင်းအကြောင်း မှာ သူသည်ထာဝရဘုရားအပေါ်သစ္စာဖောက် သောကြောင့်ဖြစ်၏။ သူသည်ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်ခဲ့၏။-
Assim morreu Saul por causa da sua transgressão com que transgrediu contra o Senhor, por causa da palavra do Senhor, a qual não havia guardado; e também porque buscou a adivinhadora para a consultar.
14 ၁၄ ထာဝရဘုရားနှင့်တိုင်ပင်မည့်အစားလူသေ တို့၏ဝိညာဉ်များနှင့်နှီးနှောတိုင်ပင်ခဲ့လေ သည်။ သို့ဖြစ်၍ထာဝရဘုရားသည်ရှောလု အား ကွပ်မျက်တော်မူ၍သူ၏နိုင်ငံကိုယေရှဲ ၏သားဒါဝိဒ်အားအုပ်စိုးစေတော်မူ သတည်း။
E não buscou ao Senhor, pelo que o matou, e transferiu o reino a David, filho de Jessé.