< ၁ ရာဇဝင်ချုပ် 10 >

1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့် ဂိ​လ​ဗော​တောင်​ပေါ်​တွင် တိုက်​ပွဲ​ဖြစ်​ကြ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​မြောက်​အ​မြား​ကျ​ဆုံး​ကြ လေ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​များ အ​ပါ​အ​ဝင်​ကျန်​ရှိ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။-
Now the Philistines fought against Israel; and the men of Israel fled from before the Philistines, and fell down slain on Mount Gilboa.
2 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လိုက်​၍​မီ​သော အ​ခါ ရှော​လု​၏​သား​များ​ဖြစ်​ကြ​သော ယော​န​သန်၊ အ​ဘိ​န​ဒပ်​နှင့်​မေ​လ​ခိ​ရွှ တို့​ကို​ကွပ်​မျက်​ပစ်​ကြ​၏။-
The Philistines followed hard after Saul and after his sons; and the Philistines killed Jonathan, Abinadab, and Malchishua, the sons of Saul.
3 တိုက်​ပွဲ​သည်​ရှော​လု​၏​ပတ်​လည်​တွင်​ပြင်း ထန်​လှ​သ​ဖြင့် ရှော​လု​သည်​ရန်​သူ​များ​၏ မြား​ချက်​ဖြင့်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-
The battle went hard against Saul, and the archers overtook him; and he was distressed by reason of the archers.
4 သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဋ္ဌား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။-
Then Saul said to his armor bearer, “Draw your sword, and thrust me through with it, lest these uncircumcised come and abuse me.” But his armor bearer would not, for he was terrified. Therefore Saul took his sword and fell on it.
5 လု​လင်​ပျို​သည်​ရှော​လု​ကွယ်​လွန်​သွား ကြောင်း​တွေ့​မြင်​သော​အ​ခါ မိ​မိ​ကိုယ်​ကို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​သေ​လေ​၏။-
When his armor bearer saw that Saul was dead, he likewise fell on his sword and died.
6 ဤ​သို့​လျှင်​ရှော​လု​နှင့်​သား​သုံး​ယောက် စ​လုံး​ပင်​ကွယ်​လွန်​ကြ​သ​ဖြင့် သူ​၏​မင်း ဆက်​ပြတ်​လေ​တော့​၏။-
So Saul died with his three sons; and all his house died together.
7 ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တွင်​နေ​ထိုင်​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏ စစ်​သည်​များ​တပ်​လန့်​၍​သွား​ကြောင်း​ကို​လည်း ကောင်း၊ ရှော​လု​မင်း​နှင့်​သား​တို့​ကွယ်​လွန်​သွား ကြောင်း​ကို​လည်း​ကောင်း​ကြား​သိ​လေ​သော် မိ​မိ တို့​၏​မြို့​များ​ကို​စွန့်​ပစ်​၍​ထွက်​ပြေး​ကြ​ကုန် ၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် လာ​၍​ထို​မြို့​များ​ကို​သိမ်း​ပိုက်​ကြ​၏။
When all the men of Israel who were in the valley saw that they fled, and that Saul and his sons were dead, they abandoned their cities, and fled; and the Philistines came and lived in them.
8 တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။-
On the next day, when the Philistines came to strip the slain, they found Saul and his sons fallen on Mount Gilboa.
9 သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။-
They stripped him and took his head and his armor, then sent into the land of the Philistines all around to carry the news to their idols and to the people.
10 ၁၀ သူ​တို့​သည်​ရှော​လု​၏​လက်​နက်​များ​ကို မိ​မိ​တို့​၏​ဘု​ရား​ကျောင်း​တွင်​ထား​၍ သူ ၏​ဦး​ခေါင်း​ကို​ဒါဂုန်​ဗိ​မာန်​တွင်​ချိတ်​ဆွဲ ထား​ကြ​၏။-
They put his armor in the house of their gods, and fastened his head in the house of Dagon.
11 ၁၁ ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကျင့်​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာဗက် မြို့​သား​တို့​ကြား​လျှင်။-
When all Jabesh Gilead heard all that the Philistines had done to Saul,
12 ၁၂ သူ​ရဲ​ကောင်း​အ​ပေါင်း​တို့​သည်​သွား​၍ ရှော​လု မင်း​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို​ယာ​ဗက် မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​အရိုး​တို့​ကို ဝက်​သစ်​ချ​ပင်​အောက်​တွင်​သင်္ဂြိုဟ်​ကြ​ပြီး​လျှင် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​ကုန်​၏။
all the valiant men arose and took away the body of Saul and the bodies of his sons, and brought them to Jabesh, and buried their bones under the oak in Jabesh, and fasted seven days.
13 ၁၃ ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-
So Saul died for his trespass which he committed against the LORD, because of the LORD’s word, which he did not keep, and also because he asked counsel of one who had a familiar spirit, to inquire,
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​နှင့်​တိုင်​ပင်​မည့်​အ​စား​လူ​သေ တို့​၏​ဝိ​ညာဉ်​များ​နှင့်​နှီး​နှော​တိုင်​ပင်​ခဲ့​လေ သည်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု အား ကွပ်​မျက်​တော်​မူ​၍​သူ​၏​နိုင်​ငံ​ကို​ယေ​ရှဲ ၏​သား​ဒါ​ဝိဒ်​အား​အုပ်​စိုး​စေ​တော်​မူ သ​တည်း။
and did not inquire of the LORD. Therefore he killed him, and turned the kingdom over to David the son of Jesse.

< ၁ ရာဇဝင်ချုပ် 10 >