< Luka 1 >
1 Bhandu bhabhagwinjinji bhashilajililanga kujandika ukoto ngani ja indu yatendekaga munkumbi gwetu.
၁အရှင်သော်ဖိလု၊ အကျွန်ုပ်တို့သက်ဝင်ယုံကြည် သောဘာသာ၏အခြေအမြစ်ဖြစ်သည့်အကြောင်း အရာများကိုရေးသားပြုစုသူအများပင်ရှိခဲ့ ပါသည်။-
2 Bhashinkujandikanga malinga shitwatagulilwe na bhandunji bhagabhweninji pugatendekaga, kuumila kundandubho na bhalunguyangaga lilobhe lya a Nnungu.
၂ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
3 Kwa nneyo, mmakulungwa a Teopili, numbe nne ngakagulileje ukoto yowe kuumila kundandubho, njibhona inapwaa ninnjandishile shiyashite tendeka,
၃အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
4 nkupinga na mmwe muumanye ukweli gwa yowe innjigenywe ila.
၄အရှင်ဖတ်ရှုနိုင်ရန်အစီအစဉ်ညီညွတ်သည့် ကျမ်းစောင်ကိုပြုစုရသော်ကောင်းမည်ဟုယူဆ အပ်ပါသည်။ အရှင်ကြားသိခဲ့သောအကြောင်း အရာများကိုစုံလင်စွာအရှင့်အားသိစေလို သောကြောင့်ဤကျမ်းကိုပြုစုရခြင်းဖြစ်ပါသည်။
5 Mobha ga upalume gwa a Elode ku Yudea, bhashinkupagwa bhaabhishila bhamo lina lyabho a Shakalia, bha likundi lya a Abhiya. Akongobhabho pubhashemwaga a Lishabheti bha shipinga sha a Aluni, bhakulungwa bhaabhishila.
၅ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-
6 Bhowe bhanaabhili bhashinkubhanganga bhandunji bha aki kwa a Nnungu, bhalikagulilanga amuli na malajilo ga Bhakulungwa gwangali kugambwa.
၆ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
7 Ikabheje bhakakwetenjeje bhana, pabha a Lishabheti pubhaaliji nannii na bhanaabhili pubhalinginji bhakongopanji kaje.
၇သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။-
8 Lyubha limo lya nnimbu gwa liengo lya bhishila gwa a Shakalia nniekalu,
၈တစ်နေ့သ၌ဇာခရိသည်မိမိ၏အဖွဲ့တာဝန် အလှည့်ကျသဖြင့် ဗိမာန်တော်တွင်ယဇ်ပုရော ဟိတ်ဝတ္တရားကိုဆောင်ရွက်စဉ်၊-
9 malinga shigwaliji nkubho gwabhonji, a Shakalia bhashinkuagulwa kwa shikoma, bhajinjile nniekalu bhakatutumye lubhani.
၉ယဇ်ပုရောဟိတ်တို့၏ထုံးစံအရမဲကျသဖြင့် ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကိုမီးရှို့ပူဇော်ရ၏။-
10 Akuno lugwinjili lowe lwa bhandu pubhalinginji palanga bhalikwaajuganga a Nnungu, malanga ga tutumya lubhani.
၁၀ထိုသို့မီးရှို့ပူဇော်နေချိန်၌ကိုးကွယ်ဝတ်ပြု သူလူအပေါင်းတို့သည် အပြင်မှာဆုတောင်း လျက်နေကြ၏။-
11 Malaika jwa Bhakulungwa akwaakoposhelaga, gwabhajimile nkono nnilo gwa shitala sha tutumishiya lubhani.
၁၁ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည် ဇာခရိ၏ရှေ့တွင်ပေါ်လာ၍နံ့သာပေါင်း ကို မီးရှို့ပူဇော်ရာပလ္လင်၏လက်ယာဘက်တွင် ရပ်လျက်နေ၏။-
12 A Shakalia bhakammoneje malaika jwa a Nnungu jula gubhatengwishe na jogopa.
၁၂ဇာခရိသည်ကောင်းကင်တမန်ကိုမြင်သော အခါစိတ်တုန်လှုပ်ချောက်ချားသွား၏။-
13 Malaika jwa a Nnungu jula gwabhalugulile, “A Shakalia, nnajogope pabha kujuga kwenu kupilikenwe, na akongobhenu a Lishabheti, shibhankolele mwana jwannume, na mmwe shimunsheme lina lyakwe a Yowana.”
၁၃သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။-
14 “Mpinga kwiinonyela kwa kaje na bhandu bhabhagwinji bhapinga angalilanga kubhelekwa kwakwe.
၁၄သင်သည်ဝမ်းမြောက်ရွှင်မြူးလိမ့်မည်။ ထိုသား ဖွားမြင်လာသည့်အတွက်လူအများပင် ဝမ်းမြောက်ကြလိမ့်မည်။-
15 Shabhe jwankulungwa pa meyo ga Bhakulungwa, akapinjikwa kung'wa togwa wala ukana, apinga gumbaywa Mbumu jwa Ukonjelo, kuumila nnutumbo lwa akwabhe.
၁၅သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
16 Shaabhatendebhuyanje bha Ishilaeli bhabhagwinji bhaabhujilanje Bhakulungwa a Nnungu bhabhonji.
၁၆များစွာသောဣသရေလအမျိုးသားတို့ကို မိမိတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။-
17 Shaalongolele pa meyo ga Bhakulungwa alikomboywa na mbumu na mashili malinga a Eliya. Apinga lundanya mitima ja ashainamundu na bhana bhabhonji, apinga kwaatendanga bhakakwaakundanga a Nnungu kubha na ng'aniyo ya aki, nkupinga abhaalashiye Bhakulungwa bhandunji shibhabhanganje tayali kwaaposhela.”
၁၇ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
18 A Shakalia gubhammushiye malaika jula, “Yeneyo nne pushiniimanye bhuli? Nne nankongopa na akangu na bhalabho bhakongopele.”
၁၈ဇာခရိက ``ဤသို့ဖြစ်မည်ကိုအဘယ်သို့သိ နိုင်ပါမည်နည်း။ အကျွန်ုပ်သည်အိုမင်းသူဖြစ် ပါ၏။ အကျွန်ုပ်၏ဇနီးမှာလည်းအသက်ကြီး ရင့်ပါပြီ'' ဟုကောင်းကင်တမန်အားပြန် ပြော၏။
19 Malaika jwa a Nnungu gwabhalugulile, “Nne Gabhulieli, ntumishi ngujima pameyo ga a Nnungu, njitumwa kumelekete na mmwe, nintashiye jene ngani ja mmboneji.
၁၉ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။-
20 Pabha mmangakulupalila gapinga koposhela kwa malanga gakwega, shimme bhubhu, nkakombola kubheleketa mpaka lyubha pushigakoposhele gunimmalanjilega.”
၂၀နားထောင်လော့။ သင်သည်ငါ့စကားကိုမယုံ ကြည်သောကြောင့် ဤအမှုအရာဖြစ်ပွားလာ သည့်နေ့တိုင်အောင်စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ အချိန်တန်လျှင်ငါ ၏စကားမှန်ကန်လာလိမ့်မည်'' ဟုဆို၏။
21 Penepo bhandu bhaalindililangaga a Shakalia gubhakanganigwenje kwa nndi bhashikabhiya Nniekalu mula.
၂၁လူတို့သည်ဇာခရိကိုစောင့်မျှော်လျက်နေ ကြ၏။ ဇာခရိသည်ဗိမာန်တော်ထဲတွင် ကြန့်ကြာနေသည်ကိုအံ့သြကြ၏။-
22 Bhakakoposheje palanga bhakakombweleje kubheleketa nabhonji. Gubhamumanyinji kuti ipali ibhaiweni Nniekalu mula. Ikabheje gubhapundile bheleketa nabhonji kwa ilangulo ya makono, pabha bhashinkubha bhubhu.
၂၂ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
23 Nnimbu gwabho gwa liengo lya bhishila ukamaleje, a Shakaliya gubhabhujile kumui.
၂၃ထိုနောက်သူ၏တာဝန်ကုန်ဆုံးချိန်၌အိမ်ကို ပြန်လေ၏။-
24 Pangakabhika a Lishabheti gubhajukwite shitumbo. Gubhatemi pamui miyei nng'ano.
၂၄ကာလအနည်းငယ်ကြာသောအခါသူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ရှိ၍ငါးလပတ်လုံး အိမ်တွင်းအောင်းလျက်နေ၏။-
25 Bhalinkuti, “Nnei ni shibhandendele Bhakulungwa bhakamoneje, bhashinjosheya oni jangu, jinakolaga pa meyo ga bhandunji.”
၂၅ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။
26 Mwei gwa shita gwa shitumbo sha a Lishabheti, malaika jwa a Nnungu Gabhulieli ashinkutumwa na a Nnungu ajende ku Nashaleti ja ku Galilaya,
၂၆ဧလိရှဗက်ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့ရှိမိန်းမပျိုတစ်ဦးထံ သို့စေလွှတ်တော်မူ၏။-
27 kwa a mwali bhaishana bhashemwaga a Malia, ntemela gwa a Yoshepu bha shipinga sha a Daudi.
၂၇ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
28 Malaika jula gwabhajendele, nikwaabhalanjila, “Shalamu shenu mmwe a Malia! Nshipegwa nema yaigwinji! Bhakulungwa pubhali na mmwe.”
၂၈သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။
29 A Malia bhakapilikaneje gene malobhego gubhatengwishe kaje, nikwiibhuya sha muntima, shene shalamushi malombolelo gakwe nndi?
၂၉ထိုစကားကိုကြားလျှင်မာရိသည်စိတ်မငြိမ် မသက်ဖြစ်ကာ ဤနှုတ်ဆက်စကားကားအဘယ် သို့နည်းဟုတွေးတောဆင်ခြင်လျက်နေ၏။-
30 Malaika jula gwabhalugulile, “Nnajogope a Malia, pabha Bhakulungwa bhashikumpa nema.
၃၀ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။-
31 Pilikana! Shinnjukute shitumbo, na shinkole mwana jwannume na munsheme lina lyakwe Yeshu.
၃၁သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။-
32 Jwenejo apingabha jwankulungwa na shashemwe Mwana jwa bhali Kunani Kaje. Bhakulungwa a Nnungu shibhampe shitengu sha upalume sha anaigwe a Daudi.
၃၂ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။-
33 Kwa nneyo shabhe Nkulungwa jwa shipinga sha a Yakobho pitipiti na upalume gwakwe ukakola mpelo.” (aiōn )
၃၃သူသည်ယာကုပ်အမျိုးအနွယ်များကိုအစဉ် မပြတ်အုပ်စိုးတော်မူလိမ့်မည်။ သူ၏နန်းသက် သည်အဘယ်အခါမျှကုန်ဆုံးလိမ့်မည်မဟုတ်'' ဟုမာရိအားပြော၏။ (aiōn )
34 A Malia gubhammushiye malaika, “Pushiitendeshe yeneyo bhuli, na nne niibhelele mwali nng'ishana nganabhe kummanya jwannume?”
၃၄မာရိက ``ကျွန်မသည်သတို့သမီးကညာဖြစ် သဖြင့်အဘယ်သို့လျှင်ကိုယ်ဝန်ဆောင်၍သား ဖွားနိုင်ပါမည်နည်း'' ဟုကောင်းကင်တမန်အား မေး၏။
35 Malaika jula gwajangwile, “Mbumu jwa Ukonjelo shannjiile na mashili ga Bhakulungwa a Nnungu shiganng'unishile mbuti shiwili, kwa nneyo, mwana shabhelekwejo, shashemwe jwa Ukonjelo, Mwana jwa a Nnungu.
၃၅ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
36 Na mmumanye kuti nkali alongo ajenu a Lishabheti na ukongopa gwabho bhajukwite shitumbo sha mwana jwannume, aguno mwei gwabho gwa nng'ano na gumo kwa bhene bhamanyishe na bhandu kuti anannii.
၃၆သင့်ဆွေမျိုးဖြစ်သောဧလိရှဗက်သည်လည်း အိုမင်းခါမှ သားရတနာကိုကိုယ်ဝန်ဆောင် လျက်ရှိ၏။ အမြုံမဟုအခေါ်ခံရသူသည် ကိုယ်ဝန်ဆောင်၍ဆဋ္ဌမလသို့ရောက်လေပြီ။-
37 Pabha shakwa shikaakomboleka kwa a Nnungu.”
၃၇ဘုရားသခင်တတ်နိုင်တော်မမူသောအရာ တစ်စုံတစ်ခုမျှမရှိ'' ဟုဆို၏။
38 A Malia gubhashite, “Nne nantumwa jwa Bhakulungwa, ibhe malinga shiumalanjile.” Bhai malaika jula gwajabhwile.
၃၈မာရိက ``ကျွန်မသည်ထာဝရဘုရား၏ အစေခံဖြစ်ပါ၏။ အရှင်ဖော်ပြသည့်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုကောင်းကင်တမန်အား ပြန်ပြော၏။ ထိုအခါကောင်းကင်တမန်သည် မာရိထံမှထွက်ခွာသွား၏။
39 Gakapiteje malanga gashoko, a Malia gubhapite shangu ku shilambo shimo sha kuitumbi ya ku Yudea.
၃၉များမကြာမီမာရိသည်အသင့်ပြင်၍တောင်ပေါ် ဒေသရှိယုဒပြည်မြို့တစ်မြို့သို့အလျင်အမြန် သွား၏။-
40 Kweneko gubhajinjile nnyumba ja a Shakalia, nikwaalamushila a Lishabheti.
၄၀သူသည်ဇာခရိ၏အိမ်သို့ဝင်ပြီးလျှင်ဧလိ ရှဗက်ကိုနှုတ်ဆက်၏။ မာရိ၏နှုတ်ဆက်စကား ကိုကြားသောဧလိရှဗက်၏ဝမ်းမှကလေး သည်လှုပ်လေ၏။-
41 A Lishabheti bhakapilikaneje lamushilwa na a Malia, shitumbo sha a Lishabheti shikutukulaga nkwiinonyela. Na bhalabho a Lishabheti Mbumu jwa Ukonjelo akwaagumbalaga,
၄၁ဧလိရှဗက်သည်သန့်ရှင်းသောဝိညာဉ်တော် ဖြင့်ပြည့်ဝလျက်၊-
42 nigubhabhelekete kwa lilobhe lya utiya, “Nshipegwa mboka kupunda bhanabhakongwe bhowe, na mwana junkupinga kunkolajo ashipegwa mboka.
၄၂``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။-
43 Kwa bhuli nne njikuywa nnei, nkali anyinamundu bha Bhakulungwa bhangu bhang'owele?
၄၃အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။-
44 Nnole! Ngapilikanejepe kulamushila kwenu, shitumbo shangu shikutukulaga nkwiinonyela.
၄၄သင်၏နှုတ်ဆက်စကားကိုအကျွန်ုပ်ကြား သောအခါအကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့်ခုန်ပါ၏။-
45 Mbaya mmwe nkulupalile kuti yene immalanjilwe na Bhakulungwa ila shiitendeshe.”
၄၅ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။
46 Na bhalabho a Malia gubhashite, “Ntima gwangu unakwaakuya Bhakulungwa,
၄၆မာရိက၊ ``ငါ၏စိတ်နှလုံးသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုပါ၏။
47 Na mbumu yangu inakwiinonyela ligongo lya a Nnungu Bhaatapula bhangu.
၄၇ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့် ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။
48 Pabha bhashikuubhona ungakola mashili uka ntumishi jwabho. Kwa nneyo kuumila nnaino ibheleko yowe shibhanjemanje akwete mboka,
၄၈ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။
49 Pabha a Nnungu Bhakwete Mashili, bhashindendela gamakulungwa. Na lina lyabho ni bha ukonjelo.
၄၉အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည် ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။
50 Bhenebho bhanakwaabhonelanga shiya bhene bhakwaajogopanga bhala, kuumila lubheleko mpaka lubheleko.
၅၀ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
51 Pabha kwa mashili ga nkono gwabho bhashitenda gamakulungwa. Bhashikwapwilinganyanga bhakwetenje mbwinya mmitima jabhonji,
၅၁မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။
52 Bhashikwaatuluyanga bhapalume mwitengu yabhonji ya upalume, Nikwaakweyanga bhaitimalikenje.
၅၂ရှင်ဘုရင်များကိုနန်းချ၍သိမ်ငယ်သူများကို ချီးမြှင့်တော်မူပြီ။
53 Bhakwetenje shibhanga bhashikwaatendanga bhajukutanje ya mmbone, Ikabhe matajili bhashikwaalekanga bhapwilingane gwangali shoshowe.
၅၃ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
54 Bhashikunnjangutila ntumishi jwabho Ishilaeli, Bhalikumbushila miadi ja kummonela shiya.
၅၄ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။
55 Kwa a Bhulaimu na lubheleko lwabho pitipiti, Malinga shibhaabhalanjilenje bhanangulungwa bhetu.” (aiōn )
၅၅အာဗြဟံနှင့်အာဗြဟံ၏အမျိုးအနွယ်များ အပေါ် ထားတော်မူသောကရုဏာတော်ကို၊ အစဉ်အမြဲပြုခြင်းငှာသတိရတော်မူပြီ ဟုဆို၏။ (aiōn )
56 A Malia nigubhatemi na a Lishabheti malinga myei jitatu, nigubhabhujile kunngwabho.
၅၆ထိုနောက်မာရိသည်ဧလိရှဗက်ထံတွင်သုံးလ ခန့်နေပြီးနောက်မိမိအိမ်သို့ပြန်လေ၏။
57 Mobha ga kwigopola a Lishabheti gakaishileje, gubhaigopwele mwana jwannume.
၅၇ဧလိရှဗက်သည်နေ့လစေ့သောအခါ သားရတနာကိုဖွားမြင်၏။-
58 Ashaatami ajabho na ashaalongo ajabho bhakapilikananjeje, kuti Bhakulungwa bhaabhonele shiya sha kaje a Lishabheti, gubhaengelelenje pamo na bhenebho.
၅၈ဤသို့သူ့အားထာဝရဘုရားသည်အံ့သြဖွယ် ကောင်းအောင်ကျေးဇူးပြုတော်မူကြောင်းကြားကြ သောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်း တို့သည်သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။
59 Lyubha lya nane gubhaikengenenje kukuntaga mwana unyago, nigubhapinjilenje kumpa lina lya ainagwe, Shakalia.
၅၉ထိုနောက်ရှစ်ရက်မြောက်သောနေ့၌သူတို့သည် သူငယ်၏အရေဖျားလှီးမင်္ဂလာပွဲသို့လာကြ ၏။ သူ့အားဇာခရိဟူ၍အဖ၏နာမည်ကိုပင် မှည့်လိုကြ၏။-
60 Ikabheje akwabhe nigubhakanile, bhalinkuti, “Nngabha, ikabhe shashemwe a Yowana.”
၆၀သို့ရာတွင်သူငယ်၏မိခင်က ``ထိုနာမည်ကို မမှည့်ပါနှင့်။ ယောဟန်ဟုမှည့်ခေါ်ကြပါ'' ဟု ဆို၏။
61 Gubhaalugulilenje, “Pakuti jwakwa mundu muulongo gwenu ashemwa lyene linalyo!”
၆၁လူတို့က ``သင်၏မျိုးရိုးတွင်ယောဟန်ဟု နာမည်တွင်သူတစ်စုံတစ်ယောက်မျှမရှိ'' ဟု ဧလိရှဗက်အားပြန်ပြောကြ၏။-
62 Bhai gubhaabhushiyenje ainagwe kwa ilangulo ya makono bhamumanyanje lina lyashi libhapinga kumpa mwanagwabho.
၆၂ထိုနောက်ဖခင်၏ဆန္ဒကိုလက်ရိပ်ပြ၍စုံစမ်းကြ၏။
63 Numbe a Shakalia gubhajujile shibhao sha jandika, gubhajandishe nnei, “Lina lyakwe a Yowana.” Gubhakanganigwenje bhowe.
၆၃ဇာခရိသည်သင်ပုံးတစ်ချပ်ကိုတောင်းယူပြီး လျှင် ``သူငယ်၏နာမည်ကားယောဟန်ဖြစ်၏'' ဟု ရေး၏။-
64 Popo pepo a Shakalia, gubhakombwele kubheleketa kabhili, bhalinkwaakuya a Nnungu.
၆၄ထိုအခါထိုသူအပေါင်းတို့သည်အံ့သြကြ၏။ ချက်ချင်းပင်ဇာခရိပြန်လည်စကားပြောနိုင် သဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း လေ၏။-
65 Ashaatami ajabho bhowe gubhajogopenje, na bhandu bhowe bhatendaga kungulushilanga jene nganijo mmbali yowe ya shilambo sha mwiitumbi ya ku Yudea.
၆၅အိမ်နီးချင်းအပေါင်းတို့သည်ကြောက်ရွံ့ကြ ကုန်၏။ ဤအဖြစ်အပျက်သတင်းသည်ယုဒ ပြည်တောင်ကုန်းဒေသတစ်လျှောက်လုံးသို့ ပျံ့နှံ့၍သွား၏။-
66 Bhowe bhapilikenenje genego, gubhaganishiyenje mmitima jabhonji nikwiibhuya, “Igala jwene mwanaju apingabha mundu jwashi?” Pabha nkono gwa Bhakulungwa pugwaaliji naka jwenejo.
၆၆ကြားကြသူအပေါင်းတို့သည် ``ဤသူငယ် ကားအဘယ်သို့သောသူဖြစ်လိမ့်မည်နည်း'' ဟုပြောဆိုကြ၏။ ထာဝရဘုရား၏တန်ခိုး တော်သည်ထိုသူငယ်အပေါ်သက်ရောက်လျက် နေတော်မူ၏။
67 A Shakalia, ainagwe mwana, gubhagumbeywe naka Mbumu jwa Ukonjelo, gubhalondwele nnei,
၆၇ယောဟန်၏အဖဇာခရိသည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ပြည့်ဝလျက်ဟောသည်မှာ၊
68 “Bhapegwe mboka Bhakulungwa a Nnungu bha Ishilaeli, Pabha bhashikwiya kukwagombolanga bhandu bhabho.
၆၈``ဣသရေလအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြပါ စေသော။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ထံသို့ ကြွလာ၍သူတို့ကိုလွတ်မြောက်စေတော်မူပြီ။
69 Bhashikutupa Nkutapula jwa makangala, Jwa uukulu gwa a Daudi bhatumishi bhabho.
၆၉ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် တန်ခိုးကြီးမားသော၊ကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
70 Bhabhelenje kuumila bhukala Kupitila bhaalondola bhabho bha Ukonjelo, (aiōn )
၇၀ရှေးသန့်ရှင်းမြင့်မြတ်သူပရောဖက်များမှတစ်ဆင့် မိန့်တော်မူသည်နှင့်အညီ၊ (aiōn )
71 Kuti shibhatutapule mmakono ga ashaamagongo ajetu Na bhowe bhakutushimanga.
၇၁ကိုယ်တော်သည်ငါတို့အားရန်သူများ၏ လက်မှလည်းကောင်း၊ ငါတို့ကိုမုန်းသောသူအပေါင်းတို့၏ လက်မှလည်းကောင်းကယ်ဆယ်ရန်၊
72 Pubhashite kuti shibhaabhonelanje shiya bhanangulungwa bhetu, Na shibhakumbushile malagano gabho ga Ukonjelo.
၇၂ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
73 Bhashinkulumbila kwa ambuje a Bhulaimu, Kuti shibhatutende uwe
၇၃ငါတို့သည်ဘုရားသခင်၏ရှေ့တော်တွင် တစ်သက်လုံးသန့်ရှင်းဖြောင့်မတ်ကြစေရန်၊ ငါတို့ကိုရန်သူများ၏လက်မှကယ်၍ ကိုယ်တော်၏အမှုတော်ကို၊ ကြောက်ရွံ့ခြင်းကင်းလျက်ဆောင်ရွက်စေမည်ဟု ငါတို့၏ အဖအာဗြဟံအားကျိန်ဆိုတော်မူခဲ့ပြီ။
74 Tugombolwe mmakono ga ashaamagongo ajetu, Kupinga twatindibhalile gwangali lipamba,
၇၄
75 Kwa Ukonjelo na aki Mobha getu gowe.
၇၅
76 Na ugwe mwanangu, shushemwe, nkulondola jwa Bhakulungwa a Nnungu. Shugwaalongolele Bhakulungwa kukwaalashiya mpanda gwabho,
၇၆အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
77 Kwaalungushiyanga bhandu bhabho kuti, shibhatapulwanje Kwa leshelelwa yambi yabhonji.
၇၇ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။
78 A Nnungu bhetu shibhatutendele nneyo kwa ligongo lya potekwa ntima na shiya shabho, Na Ntapulo gwabho shiututulushile kukopoka kunnungu malinga nshenje,
၇၈ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
79 Kupinga kwaamulishilanga bhowe bhatemingenenje nnubhindu lwa shiwo, Bhatulongoye ndamo yetu tutame kwa ulele.”
၇၉သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေလိမ့်မည်။ ထို့အပြင်ငါတို့အားငြိမ်းချမ်းရေးလမ်းသို့ ပို့ဆောင်စေလိမ့်မည်'' ဟူ၍တည်း။
80 Mwana gwakulile na gwapundile kukola mashili muntima. Gwatemi kuanga mpaka lyubha lyailangwile ku bhandu bha Ishilaeli.
၈၀သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။