< Bhaebhulania 12 >

1 Pabha numbe uwe tushitimbililwa na likundi likulungwa lya bhaakong'ondela malinga nnei, bhai tuleshe indu yowe ikutuibhuya, na shambi shikutukamuliya shila, na tubhutushe kwa kwiikakatimila nkubhingayana kutubhishilwe na a Nnungu.
ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-
2 Bhai twaalole a Yeshu bhakumbwiye na bhaakamilisha ngulupai jetu, bhalabho kwa ligongo lya kuangalala kubhabhishilwe, gubhaipililile kuwa munshalabha gwangali kola oni, na nnaino bhatemi kunkono nnilo gwa shitengu sha upalume gwa a Nnungu.
ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။
3 Kwa nneyo munnganishiyanje jwene aipililile kukanwa na bhakwetenje yambi, nkupinga nnatotoshelanje niwa ntima.
အ​ပြစ်​သား​တို့​၏​ပြင်း​ထန်​စွာ​မုန်း​တီး​ခြင်း ကို​ကိုယ်​တော်​အ​ဘယ်​မျှ​ခံ​တော်​မူ​ကြောင်း သင်​တို့​ထောက်​ရှု​ဆင်​ခြင်​လျက်​စိတ်​ပျက် အား​လျော့​ခြင်း​မ​ရှိ​ကြ​နှင့်။-
4 Nkulajilila ga leka yambi, nkanabhe ishilanga pa bhulagwa.
သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆိုင်​ပြိုင် တိုက်​ခိုက်​ကြ​ရာ​တွင် ယ​ခု​အ​ချိန်​အ​ထိ သေ​ဘေး​နှင့်​ရင်​မ​ဆိုင်​ကြ​ရ​သေး​ပေ။-
5 Na kupunda nneyo, nshilibhalanga malobhe ga taga ntima ga a Nnungu, gubhammalanjilenje mbuti bhana bhabho, kuti, Mwanangu, unanyegaye malajilo ga Bhakulungwa. Wala unawe ntima pubhakuukalipila,
ကျမ်း​စာ​တော်​တွင်​ဘု​ရား​သ​ခင်​က၊ ``ငါ့​သား၊ထာ​ဝ​ရ​ဘု​ရား​ပဲ့​ပြင်​တော်​မူ​သည်​ကို ဂ​ရု​ပြု​လော့။ ဆုံး​မ​တော်​မူ​သော​အ​ခါ​စိတ် မ​ပျက်​နှင့်။
6 pabha Bhakulungwa jubhakumpinga jula, bhanakunkalipila na kila akunda kubha mwana gwabho bhanakunkoma.
အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ ချစ်​တော်​မူ​သော​သူ​ကို​ဆုံး​မ​တော်​မူ​တတ်​၍ သား​အ​ဖြစ်​လက်​ခံ​တော်​မူ​သော​သူ​ကို ဒဏ်​ပေး​တော်​မူ​တတ်​သော​ကြောင့်​ဖြစ်​၏'' ဟု​သင်​တို့​အား​သား​များ​အ​နေ​ဖြင့်​အား ပေး​တိုက်​တွန်း​ထား​သည်​ကို​သင်​တို့​မေ့ လျော့​သွား​ကြ​လေ​ပြီ​လော။-
7 Mwiipilililanje nkuundwa, pabha a Nnungu bhanakuntendelanga malinga ashibhana bhabho. Apali mwana akakomwa na ainagwe?
သင်​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ခြင်း​သည်​ဖ​ခင်​၏ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သည်​ဟု​ခံ​ယူ​ရ​ကြ​မည်။ ယင်း​သို့​ခံ​ရ​ခြင်း​သည်​သင်​တို့​အား​သား​များ အ​နေ​ဖြင့် ဘု​ရား​သ​ခင်​ဆက်​ဆံ​လျက်​ရှိ​တော် မူ​ကြောင်း​ကို​ပြ​၏။ ဖ​ခင်​မ​ဆုံး​မ​သော​သား ဟူ​၍​အ​ဘယ်​မှာ​ရှိ​သ​နည်း။-
8 Ibhaga nkaundwanga na a Nnungu malinga ashibhana bhabho shibhakuti undwanga, bhai mmanganyanji nngabha bhana bha kweli bha a Nnungu, ikabhe bhana bha alamu.
သင်​တို့​အား​ဒဏ်​ပေး​တော်​မ​မူ​လျှင်​သင်​တို့ သည်​သား​ရင်း​များ​မ​ဟုတ်​ဘဲ တ​ရား​မ​ဝင် သော​သား​များ​သာ​လျှင်​ဖြစ်​ကြ​၏။-
9 Na ibhaga ashaatati bha shigundu, bhalikutuundanga nikwaishimunji, penepo inalangula kuti, inapinjikwa kwaishimu kaje, Aina bhetu bha mmbumu, nkupinga tulame
ငါ​တို့​အား​ဆုံး​မ​သော​လူ​ဖ​ခင်​ကို​ငါ​တို့ က​ရို​သေ​လေး​စား​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ငါ​တို့​သည်​ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဖ​ခင်​၏ အ​ဆုံး​အ​မ​ကို​ပို​၍​ပင် ခံ​ယူ​ကာ​အ​သက် ရှင်​သင့်​ကြ​သည်​မ​ဟုတ်​လော။-
10 Ashainabhetu bha shigundu, bhatuundanje kwa mobha gashoko, malinga shibhabhweninji ashaayenenji kuti sha mmbone. Ikabheje a Nnungu bhanakutuunda kwa pwaida jetu, nkupinga bhatukundikanye muukonjelo gwabho.
၁၀ဤ​တို​တောင်း​သော​ဘ​ဝ​၌​လူ​ဖ​ခင်​များ​သည် မိ​မိ​တို့​လျောက်​ပတ်​သည်​ဟု​ထင်​မှတ်​သည့် အ​တိုင်း​ငါ​တို့​အား​ဒဏ်​ပေး​တတ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​မူ​ကား​ငါ​တို့ အ​ကျိုး​ကို​ထောက်​၍ မိ​မိ​ကဲ့​သို့​မြင့်​မြတ် သန့်​ရှင်း​နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ဒဏ် ပေး​တော်​မူ​ပေ​သည်။-
11 Kuundwa kokowe kukanong'a, pukuutendeka kunapoteka, ikabheje kungai kunapeleshela aki na ulele kwa bhajigenywenje bhala.
၁၁ဒဏ်​ပေး​ခြင်း​ခံ​ရ​သည်​မှာ​ပျော်​ရွှင်​စ​ရာ မ​ဟုတ်။ ဝမ်း​နည်း​စ​ရာ​ဟူ​၍​ထင်​မှတ်​ရ သော်​လည်း​ယင်း​သို့​ဆုံး​မ​ခြင်း​ခံ​ရ​သူ​တို့ သည်​ကား​နောင်​အ​ခါ​၌​ဖြောင့်​မတ်​ခြင်း​တည်း ဟူ​သော​ငြိမ်​သက်​ခြင်း​အ​ကျိုး​ကို​ရ​ရှိ​ကြ လေ​သည်။
12 Bhai, nngoloyanje makono genunji gangali mashiligo, na malungo genunji galegeleshego.
၁၂သို့​ဖြစ်​၍​သင်​တို့​၏​နွမ်း​နယ်​သည့်​လက်​များ​ကို အ​ပေါ်​သို့​မ​၍​ချိ​နဲ့​သည့်​ဒူး​ဆစ်​တို့​ကို​ခိုင်​ခံ့ စေ​ကြ​လော့။-
13 Nng'alayanje mwa pita makongono genunji, nkupinga akwete shilema anagwe, ikabheje alame.
၁၃လမ်း​ဖြောင့်​များ​တွင်​ဆက်​လက်​၍​လျှောက်​သွား ကြ​လော့။ သို့​မှ​သာ​လျှင်​မ​စွမ်း​မ​သန်​သော​ခြေ သည်​ချိ​နဲ့​၍​မ​နေ​ဘဲ​စွမ်း​သန်​၍​လာ​လိမ့်​မည်။
14 Nnoleyanje kutama kwa ulele na kila mundu, na ukonjelo pabha jwakwa mundu shaabhabhone Bhakulungwa gwangali kubha na ukonjelo.
၁၄လူ​တိုင်း​နှင့်​ငြိမ်း​ချမ်း​စွာ​နေ​နိုင်​ရန်​ကြိုး​စား ကြ​လော့။ မြင့်​မြတ်​သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​ကို ရှာ​ကြ​လော့။ ထို​ပါ​ရ​မီ​မ​ရှိ​လျှင်​အ​ဘယ် သူ​မျှ​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​လိမ့်​မည် မ​ဟုတ်။-
15 Mwiiteiganje, nkupinga anapagwe nkali jumo jwa pelela nema ja a Nnungu, wala anapagwe jwabha shiumilo sha ya nyata, niabhuya bhandu na jambushiya bhabhagwinji.
၁၅ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​ဘယ် သူ​မျှ​မ​ငြင်း​မ​ပယ်​စေ​နှင့်။ မြစ်​ခါး​ပင်​သည် မိ​မိ​၏​အ​ဆိပ်​ဖြင့်​လူ​အ​များ​အား​ဒုက္ခ ပေး​တတ်​၏။ အ​ဘယ်​သူ​မျှ​ထို​အ​ပင်​ကဲ့ သို့​မ​ဖြစ်​စေ​နှင့်။-
16 Anapagwe jwa labhalabha eu jwangaajogopa a Nnungu, malinga a Eshau bhaushiye ulishi gwabho gwa lielo, kwa shalya sha kamope.
၁၆အ​ဘယ်​သူ​မျှ​ဧ​သော​ကဲ့​သို့​မ​သ​မာ​သူ၊ လော​ကီ​ဆန်​သူ​မ​ဖြစ်​စေ​နှင့်။ ဧ​သော​သည် သား​ဦး​အ​ရာ​ကို​ထ​မင်း​တစ်​နပ်​စာ​ဖြင့် ရောင်း​ခဲ့​ပေ​သည်။-
17 Malinga shimmumanyinji, bhalajilile numbe kwa minyoi bhapate mboka kopoka kwa ainabhabho, ikabheje bhangakombola kwiipeta, pabha bhashinkushelewa.
၁၇သင်​တို့​သိ​သည့်​အ​တိုင်း သူ​သည်​နောင်​အ​ခါ​မှ ဖ​ခင်​၏​ကောင်း​ချီး​ကို​ခံ​ယူ​ရန်​အ​လို​ရှိ​၏။ သို့​ရာ​တွင်​မ​ရ​ရှိ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​မိ​မိ​ပြု​ပြီး​သည့်​အ​မှု​ကို​ပြန်​လည် ပြင်​ဆင်​ရန် နည်း​လမ်း​ကို​မျက်​ရည်​ကျ​လျက် ရှာ​သော်​လည်း​မ​တွေ့​နိုင်​သော​ကြောင့်​ဖြစ်​၏။
18 Mmanganyanji nkanabhe ishilanga kushitumbi sha komboleka kukwaya, malinga shibhaishilenje Bhaishilaeli kushitumbi sha Shinai. Shitumbi shashinkukolela moto, nitabha lubhindu, na nnindimo na shimbunga.
၁၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။-
19 Na nneila peila jashinkupilikanika mbalapala na lindimila kwa malobhe, na Bhaishilaeli bhakapilikananjeje, gubhajujilenje bhanabhalanjilwanje kabhili lilobhe lyolyowe,
၁၉
20 pabha bhangakombolanga kwiikakatimila amuli ibhapegwilwenje, “Jojowe nkali abhe nnyama, shaakwaye shene shitumbisho, shaabhulagwe kwa komwa maganga.”
၂၀အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်``တိရစ္ဆာန် ပင်​ဖြစ်​စေ​ကာ​မူ​ထို​တောင်​ကို​ထိ​မိ​လျှင် ခဲ​နှင့်​ပေါက်​၍​သတ်​ရ​မည်'' ဟူ​သော​အ​မိန့် တော်​ကို​မ​ခံ​ယူ​ဝံ့​သော​ကြောင့်​ဖြစ်​၏။-
21 Gene gowego pugabhoneshe gashinkujogoya kaje, nkali a Musha gubhashite, “Ngunajogopa na ngunatetemela.”
၂၁ထို​မြင်​ကွင်း​တစ်​ခု​လုံး​သည်​အ​လွန်​ထိတ် လန့်​ဖွယ်​ကောင်း​သ​ဖြင့်​မော​ရှေ​က``ငါ​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​၏'' ဟု​ဆို​၏။
22 Ikabheje mmanganyanji nng'ikengenenje kushitumbi sha Shayuni, ku shilambo sha a Nnungu bhakwete gumi, Yelushalemu ja kunnugu, kulugwinjili lwa malaika,
၂၂သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-
23 maimano ga lugwinjili lwa nng'angalo gwa bha lielo lya a Nnungu bhajandikwenje mena gabhonji kunnungu. Na kabhili nshiikangana tome na a Nnungu, bhali bhaukumula bha bhandu bhowe, na bhandunji bhakwetenje aki na bhakamilikenje.
၂၃သင်​တို့​သည်​ကောင်း​ကင်​ဘုံ​စာ​ရင်း​ဝင်​သား ဦး​များ​ပျော်​ရွှင်​စွာ​စု​ဝေး​ရာ​သို့​ရောက်​ရှိ နေ​ကြ​၏။ သင်​တို့​သည်​လူ​အ​ပေါင်း​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​လည်း​ကောင်း၊ အြုပစ် ဆို​ဖွယ်​မ​ရှိ​သော​သူ​တော်​ကောင်း​တို့​၏ ဝိညာဉ်​များ​ထံ​သို့​လည်း​ကောင်း​ရောက်​ရှိ နေ​ကြ​၏။-
24 Nng'ikengenenje kwa a Yeshu bhaalundanya bha malagano ga ambi, na kwa minyai jabho, jibheleketa ngani ja mmbone kupunda minyai ja a Abheli jila.
၂၄သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။
25 Bhai, mwiiteiganje nnakunkananga abheleketa na mmanganyanji jula. Ibhaga bhene bhakanilenje kumpilikanishiya alikwaaleyanga pa shilambolyo pano bhangatapulwanga, uwe shitukombole bhuli kutapulwa ibhaga shitukane kumpilikanishiya jwene akutuleya kukopoka kunnungu?
၂၅ထို​ကြောင့်​သင်​တို့​သည်​မိန့်​တော်​မူ​သံ​ကို ကြား​နာ​ရန်​ငြင်း​ဆန်​သူ​များ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။ ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​သော​သူ​ကို​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နား ထောင်​ရန်​ငြင်း​ဆန်​သူ​တို့​သည်​အ​ပြစ်​ဒဏ် ခံ​ကြ​ရ​လျှင် ငါ​တို့​သည်​ကောင်း​ကင်​ဘုံ​မှ မိန့်​တော်​မူ​သော​အ​ရှင်​အား​ကျော​ခိုင်း​ကြ မည်​ဆို​ပါ​မူ​အ​ဘယ်​သို့​လျှင်​အ​ပြစ် ဒဏ်​မှ​လွတ်​မြောက်​နိုင်​ပါ​မည်​နည်း။-
26 Gene malanga gala, lilobhe lyabho lyashinkutenda shilambolyo kuungumila, na nnaino bhashilajila, Shing'ungumiye kabhili kamo, nngabha shilambolyope, ikabheje nneila peila na kunnungu.
၂၆ထို​စဉ်​အ​ခါ​က​ကိုယ်​တော်​၏​အ​သံ​တော် သည်​ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​က``ငါ​သည်​နောက်​တစ်​ကြိမ်​ကမ္ဘာ မြေ​ကြီး​ကို​သာ​မ​က​ကောင်း​ကင်​ကို​လည်း တုန်​လှုပ်​စေ​ဦး​မည်'' ဟု​က​တိ​ထား​တော် မူ​လေ​ပြီ။-
27 Lyene lilobhe lya kuti, “Kabhili kamo” linaalangula kuti, indu yowe ipengenywe ikomboleka ungumiywa, ipinga ungumiywa niobha, nkupinga yangakomboleka ungumiywa ilonjeye.
၂၇``နောက်​တစ်​ကြိမ်'' ဟူ​သော​စ​ကား​သည်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ကို​တုန်​လှုပ်​ပယ် ဖျက်​တော်​မူ​မည်​ဖြစ်​သ​ဖြင့်​မ​တုန်​လှုပ်​နိုင် သော​အ​ရာ​တို့​သာ​လျှင်​ကျန်​ရစ်​တည်​ရှိ ကြ​လိမ့်​မည်​ဟု​ဆို​လို​သ​တည်း။
28 Bhai uwe, tutende eja, pabha tunaaposhela upalume gwangatenganyika. Tutende eja na kwaatindibhalila a Nnungu, nkwaanonyeya, na kwaishimu na kwaajogopa,
၂၈ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-
29 pabha a Nnungu bhetu ni malinga moto utitimiya.
၂၉အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။

< Bhaebhulania 12 >