< Bhaepheso 5 >

1 Kwa nneyo, mwalandanje a Nnungu pabha mmanganyanji nshibhanganga bhana bhapingwanga na bhenebho,
သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ချစ်​သား​များ​ဖြစ် သ​ဖြင့် ကိုယ်​တော်​နှင့်​တူ​အောင်​ကြိုး​စား​ကြ​ရ​မည်။-
2 Nntamangane kwa pingana malinga shibhampinjilenje a Kilishitu, kwa ligongo lyetu bhashinkwishoya bhayene mbuti mbepei inunjila ikwanonyela a Nnungu.
ခ​ရစ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မူ​၍​ငါ​တို့ အ​တွက် မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​ရာ​မွှေး​ကြိုင်​သော​ယဇ်​သ​ကာ​အ​ဖြစ် ဖြင့်​ဆက်​သ​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည် လည်း​မေတ္တာ​တ​ရား​ကို​ကျင့်​သုံး​ကြ​လော့။
3 Pabha mmanganyanji nshibhanganga bhandu bha ukonjelo, bhai ya labhalabha na ya nyata eu ya shienga inapilikanishe munkumbi gwenunji.
သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဖြစ် သြဖင့်​ကာ​မ​ဂုဏ်​လိုက်​စား​မှု၊ ညစ်​ညမ်း​မှု​နှင့် လော​ဘ​လွန်​ကူး​မှု​အ​ကြောင်း​တို့​ကို​သင် တို့​တွင်​ပြော​ဆို​ခြင်း​ပင်​မ​ရှိ​စေ​နှင့်။-
4 Na kabhili malobhe ga oni eu ibheleketo ya shingumba na mitau, yeneyo ikampwaanga, ikabhe malobhe ga kwatendela eja a Nnungu genego shigampwaanje.
ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။-
5 Mmumanyanje kuti jwakwa alabhalabha eu atenda ya nyata, eu akwetela, mundu jwa kwetela indu analandana naka mundu akwiitindibhalila yanamu, akakola ulishi mu muupalume gwa a Yeshu Kilishitu na a Nnungu.
ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။)
6 Nnakundanje tembwa naka mundu kwa malobhe gangali mana, pabha kwa yene ilebhoyo, nnjimwa ja Nnungu jinakwajiilanga bhandu bhowe bhakakwaakundanga a Nnungu.
အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။-
7 Bhai, nnatendanje shilongani na bhanganyabho.
ထို့​ကြောင့်​သင်​တို့​သည်​ထို​သို့​သော​သူ​တို့​နှင့် လုံး​ဝ​မ​ဆက်​ဆံ​ကြ​နှင့်။-
8 Pabha bhukala mmanganyanji pumwalinginji nnubhindu lwa yambi, ikabhe nnaino nshibhsnganga nshilangaya sha lumanyio nkulundana na Bhakulungwa. Ntamangananje mbuti bhana bha shilangaya,
အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မှောင်​မိုက်​တွင် နေ​ထိုင်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​မူ​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​လာ​ကြ သ​ဖြင့်​အ​လင်း​သို့​ရောက်​ရှိ​ကြ​လေ​ပြီ။ သို့ ဖြစ်​၍​အ​လင်း​၌​ကျင်​လည်​သူ​များ​ကဲ့​သို့ ပြု​ကျင့်​ကြ​လော့။-
9 pabha ikoposhela nshilangaya ni ntima gwa mmbone na aki na kweli,
အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ကောင်း မြတ်​ခြင်း​အ​မျိုး​မျိုး၊ ဖြောင့်​မတ်​ခြင်း​နှင့် အ​မှန်​တ​ရား​တို့​ကို​ဖြစ်​ပွား​စေ​သော​ကြောင့် ဖြစ်​၏။-
10 nkagulilanje yeneyo ni ikwanonyela Bhakulungwa.
၁၀သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ သည်​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​ကြိုး​စား ၍​သင်​ယူ​ကြ​လော့။-
11 Wala nnatendanje shilongani na itendi ikapwaa ya nnubhindu, ikabhe nnaiyanje,
၁၁မှောင်​မိုက်​တွင်​ကျင်​လည်​သူ​တို့​ပြု​သည့်​အ​ကျိုး မဲ့​သော​အ​မှု​များ​ကို​မ​ပြု​ဘဲ ယင်း​အ​မှု​တို့ ကို​အ​လင်း​သို့​ဖော်​ထုတ်​ကြ​လော့။-
12 Pabha itendekwa kwa nng'iyo nkali kuitaya inabha oni.
၁၂(ဤ​သူ​တို့​ဆိတ်​ကွယ်​ရာ​တွင်​ပြု​ကျင့်​သည့် အ​မှု​များ​ကို​ဖော်​ပြ​ရန်​ပင်​အ​လွန်​ရှက်​စ​ရာ ကောင်း​၏။-)
13 Ikabheje yowe itendwa pa shilangaya, inabhoneka,
၁၃အ​လင်း​သို့​ဖော်​ထုတ်​ခြင်း​ခံ​ရ​သည့်​အ​ရာ​ဟူ သ​မျှ​သည် မိ​မိ​တို့​၏​ပင်​ကို​သ​ဘော​ပေါ်​၍ လာ​လေ​သည်။-
14 pabha shilangaya ni shitenda indu ibhoneshe. Kwa nneyo tukuti, “Nnjumushe mmwe muubhelu gwa yambi, nkole lumanyio lwa kwaamanya a Nnungu, na bhalabho a Kilishitu shibhannangashiye.”
၁၄အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' ဟု​ပါ​ရှိ​သ​တည်း။
15 Bhai mwilolesheyanje shinkuti tamangananga. Nnatamangananje mbuti mabhelu, ikabhe malinga bhakwetenje lunda,
၁၅သို့​ဖြစ်​၍​သင်​တို့​ပြု​ကျင့်​ပုံ​ကို​သ​တိ​ပြု​ကြ လော့။ ပ​ညာ​မဲ့​သူ​များ​ကဲ့​သို့​မ​ဟုတ်​ဘဲ​ပ​ညာ ရှိ​သူ​များ​ကဲ့​သို့​ပြု​ကျင့်​ကြ​လော့။-
16 Ntendelanje ukoto malanga, pabha mobha ga nnaino gano ga ya nyata.
၁၆ဤ​နေ့​ရက်​ကာ​လ​သည်​ဆိုး​ယုတ်​သော​ကာ​လ​ဖြစ် သော​ကြောင့် သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​အ​ရေး​ရှိ သ​မျှ​ကို​အ​ကျိုး​ရှိ​အောင်​အ​သုံး​ပြု​ကြ​လော့။-
17 Kwa nneyo, nnabhanganje mabhelu, ikabhe mwimanyanje indu ikwanonyela Bhakulungwa.
၁၇ထို့​ကြောင့်​သင်​တို့​သည်​မိုက်​မဲ​၍​မ​နေ​ဘဲ သ​ခင် ဘု​ရား​၏​အ​လို​တော်​ကို​ကြိုး​စား​၍​ရှာ​ကြ​လော့။
18 Kabhili nnakolelwanje ukana, pabha shigumpuganyanje, ikabhe nngumbaywanje Mbumu jwa a Nnungu,
၁၈သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။-
19 mmeleketanje malobhe ga shabhuli na nyimbo ya muntima, akuno nnijimbanga na kwaangalila Bhakulungwa mmitima jenunji;
၁၉တစ်​ဦး​နှင့်​တစ်​ဦး​စ​ကား​ပြော​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း၊ ဋ္ဌမ္မ​သီ​ချင်း​နှင့်​ဘာ​သာ​ရေး​သီ ချင်း​များ​မှ​စ​ကား​များ​ဖြင့်​ပြော​ဆို​ကြ​လော့။ စိတ်​နှ​လုံး​အ​တွင်း​၌​သ​ခင်​ဘု​ရား​အား​ထော မ​နာ​ပြု​လျက် ဋ္ဌမ္မ​သီ​ချင်း​များ​နှင့်​ဆာ​လံ သီ​ချင်း​များ​ကို​သီ​ဆို​ကူး​အေး​ကြ​လော့။-
20 Nnikwatendelanga eja a Nnungu Atati, mobha gowe kwa ligongo lya indu yowe, kwa lina lya Bhakulungwa bhetu a Yeshu Kilishitu.
၂၀ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။
21 Kila mundu ankunde nnjakwe kwa ligongo lya a Yeshu Kilishitu.
၂၁ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။
22 Bhanabhakongwe, bhaakundanje ashimbuje bhabhonji malinga shitukwaakunda Bhakulungwa bhetu a Yeshu.
၂၂မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။-
23 Pabha jwannume ni kalongolele juka nkagwe, malinga a Kilishitu nabhalabho shibhali a kalongolele bha likanisha, nabhalabho a Kilishitu ni Bhaatapula bha likanisha lili shiilu shabho.
၂၃ခ​ရစ်​တော်​သည်​အ​သင်း​တော်​အ​ပေါ်​သြ​ဇာ​အာ​ဏာ ရှိ​သ​ကဲ့​သို့ လင်​သည်​မိ​မိ​ခင်​ပွန်း​အ​ပေါ်​သြ​ဇာ အာ​ဏာ​ရှိ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​ဖြစ် သော​အ​သင်း​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။-
24 Ikabheje malinga likanisha shilikwaakunda a Kilishitu, nneyo peyo na bhanabhakongwe bhaakundanje ashimbuje bhabhonji kwa indu yowe.
၂၄သို့​ဖြစ်​၍​အ​သင်း​တော်​သည်​ခရစ်​တော်​၏​အုပ်​စိုး ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့ မ​ယား​တို့​သည်​လည်း​လင် တို့​၏​အုပ်​စိုး​ခြင်း​ကို​အ​ကြွင်း​မဲ့​ခံ​ယူ​ရ​ကြ​မည်။
25 Numbe mmanganyanji mmanabhalume, mwaapinganje ashaakongo bhenunji, malinga na bhalabho a Kilishitu shibhalipinjile likanisha, nikwiishoya mbepei kwa ligongo lyakwe.
၂၅လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။-
26 Bhashinkutenda nneyo nkupinga kwa lilobhe lyabho, bhalikonjeleye likanisha kwa ligongo lya a Nnungu kwa mashi na lilobhe,
၂၆ကိုယ်​တော်​သည်​မိ​မိ​အ​သက်​ကို​စွန့်​တော်​မူ​ခြင်း မှာ​အ​သင်း​တော်​ကို​ရေ​ဖြင့်​သန့်​ရှင်း​စေ​ပြီး​လျှင် နှုတ်​က​ပတ်​တော်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​တော်​မူ​သ​ဖြင့်၊-
27 nkupinga bhalipate likanisha likwete ukonjelo, lyangali lilembwani, wala ngwinyai yoyowe, ikabhe libhe lya ukonjelo.
၂၇အ​သင်း​တော်​ကို​မိ​မိ​အား​ဆက်​သ​တော်​မူ​ရာ ၌​အ​ညစ်​အ​ကြေး​အ​စွန်း​အ​ကွက်​မ​ရှိ၊ သန့်​ရှင်း ဖြူ​စင်​အ​ပြစ်​ကင်း​လျက်​လှ​ပ​တင့်​တယ်​သော အ​သ​ရေ​နှင့်​ပြည့်​စုံ​နိုင်​စေ​ရန်​ပင်​ဖြစ်​သည်။-
28 Bhai, bhanabhalume bhanaapinjikwanga kwaapinganga ashaakongo bhabhonji malinga iilu yabhonji ashayenenji. Pabha akumpinga nkagwe, anakwiipinga nnyene.
၂၈လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။-
29 Jwakwapi mundu akushishima shiilu shakwe, ikabhe anakushiliya na kushigoya na kushiwasha. Mbuti nabhalabho a Kilishitu shibhakuti kulitendela likanisha,
၂၉(အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သည်​ဟူ​၍ မ​ရှိ။ မုန်း​မည့်​အ​စား​သူ​သည်​မိ​မိ​ကိုယ်​ကို​ကျွေး မွေး​ပြု​စု​၏။ အ​သင်း​တော်​အား​ခ​ရစ်​တော် ကျွေး​မွေး​ပြု​စု​တော်​မူ​သ​ကဲ့​သို့​တည်း။-
30 pabha uwe ni ibhalo ya shiilu shabho.
၃၀ငါ​တို့​သည်​ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​ကြ​၏။-)
31 Kwa lyene ligongolyo, jwannume shabhalekanje ainagwe na akwabhe, nilundana naka nkagwe na bhene bhabhilibho shibhabhanganje shiilu shimo.
၃၁ကျမ်း​စာ​တော်​တွင်၊ ``ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိဘ​ထံ​မှ ထွက်​ခွာ​၍​မ​ယား​နှင့်​စုံ​ဖက်​သ​ဖြင့်၊ သူ​တို့​နှစ်​ဦး​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြ​ရ​လိမ့်​မည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-
32 Upali nng'iyo kwa gene malobhego, ikabhe nne ngunabheleketa ga ngani ja a Kilishitu na likanisha.
၃၂ဤ​ကား​အ​လွန်​နက်​နဲ​သော​သစ္စာ​စ​ကား​ဖြစ် ၍ ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​စူး​၍ ဆို​သော​စ​ကား​ဖြစ်​သည်​ဟု​ငါ​ဆို​၏။-
33 Kwa nneyo kila jwannume ampinje nkagwe malinga shiikupinjikwa na wala jwankongwe analeshe kunkunda mmbujegwe kwa indu yowe.
၃၃သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။

< Bhaepheso 5 >