< 1 Bhakolinto 1 >

1 Nne a Pauli njemilwe kubha ntume jwa a Yeshu Kilishitu kwa pinga kwabho a Nnungu, na Bhakilishitu ajangu a Shoshiteneshi ngunakunnjandishilanga,
ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ သော​ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​သု​ဿင်​ထံ​မှ၊-
2 mmanganya likanisha lya a Nnungu nninginji ku Kolinto. Nninginji bha ukonjelo nkulundana na a Kilishitu Yeshu, nshemilwenje mmanganje bhandu bha a Nnungu pamo na bhandu bhowe bhakwaajuganga Bhakulungwa bhetu a Yeshu Kilishitu bhali bhakulungwa bhabhonji na bhetu.
ကော​ရိန္သု​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း၊ အ​ရပ် ခပ်​သိမ်း​မှ​ငါ​တို့​၏​အ​ရှင်​နှင့်​သူ​တို့​၏​အ​ရှင် ဖြစ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကို​ကိုး​ကွယ် သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သော​အား​ဖြင့် ဘု​ရား သ​ခင်​၏​လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ခြင်း ခံ​ရ​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း စာ​ရေး​လိုက်​ပါ​သည်။
3 Tunakumpinjilanga nema na ulele kopoka kwa Atati a Nnungu, na Bhakulungwa bhetu a Yeshu Kilishitu.
ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ စေ​သော။
4 Ngunakwaatendela eja a Nnungu mobha gowe kwa ligongo lyenunji, pabha bhashikumpanganga nema jabho pitila a Yeshu Kilishitu.
ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။-
5 Pabha, kwa lundana na a Yeshu Kilishitu nshishulushilwanga kwa kila shindu. Nshikolanga shikono sha lumanyio lowe na kombola kubheleketa.
သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ရှိ​သ​ဖြင့်​နှုတ်​သတ္တိ၊ ဉာဏ်​သတ္တိ​နှင့်​တ​ကွ​အ​စ​စ အ​ရာ​ရာ​တွင်​ကြွယ်​ဝ​ပြည့်​စုံ​လျက်​ရှိ​ကြ​၏။-
6 Malinga ukong'ondelo gwa a Kilishitu shiushite malila mmitima jenunji,
ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့်​ခ​ရစ်​တော် အ​ကြောင်း​သ​တင်း​ကောင်း​သည် သင်​တို့​အ​ထဲ တွင်​အ​မြစ်​စွဲ​လျက်​ရှိ​၏။-
7 wala nkatubhilwanga shipaji shoshowe, nnilolelanga kubhonekana kwabho Bhakulungwa bhetu a Yeshu Kilishitu.
သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။-
8 Bhenebho shibhanshimilikanje mmanganya mpaka kumpelo, nnabhonekanje nshilebhanga lyubha lya kwiya Bhakulungwa bhetu a Yeshu Kilishitu lila.
ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။-
9 A Nnungu bha kulupalika, bhashinkunshemanga mmanganya mmanganje shindu shimo na bhana bhabho a Yeshu Kilishitu Bhakulungwa bhetu.
ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။
10 Ashaalongo, ngunakunshondelesheyanga kwa lina lya Bhakulungwa bhetu a Yeshu Kilishitu kuti, gunkubheleketanga gabhe gamo, kunapagwe kugabhanyika munkumbi gwenunji, ikabhe nkolanje ng'aniyo imo na ndumbililo imo.
၁၀ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။-
11 Pabha ashaalongo ajangu, njilugulilwa ga ngani jenunji na bhandunji bha ulongo gwa a Koloe kuti, gushipagwa mpwai munkumbi gwenunji.
၁၁ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ချင်း​ချင်း ခိုက်​ရန်​ဖြစ်​လျက်​ရှိ​ကြ​ကြောင်း​ကို က​လော​ဣ ၏​အိမ်​သူ​အိမ်​သား​များ​ထံ​မှ​ငါ​ကြား​သိ ရ​၏။-
12 Bhai, shingupinga bheleketa ni sheshino, kila mundu anabheleketa mwakwe. Juna akuti, “Nne jwa a Pauli,” na juna kuti, “Nne jwa a Apolo,” na juna kuti, “Nne jwa a Kepa”, na juna akuti, “Nne jwa a Kilishitu.”
၁၂သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-
13 Bhuli, a Kilishitu bhashigabhanyika? Bhuli, a Pauli ni bhakomelwe munshalabha kwa ligongo lyenunji? Eu bhuli, mwashinkubhatishwanga kwa lina lya a Pauli?
၁၃ခ​ရစ်​တော်​သည်​ကွဲ​ပြား​သ​လော။ ပေါ​လု​သည် သင်​တို့​အ​တွက်​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​သေ ခံ​ပါ​သ​လော။ သို့​တည်း​မ​ဟုတ်​သင်​တို့​သည် ပေါ​လု​၏​နာ​မ​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​ကို​ခံ ယူ​ခဲ့​ကြ​ပါ​သ​လော။
14 Ngunakwaatendela eja a Nnungu, pabha nangammatisha mundu jojowe munkumbi gwenunji ikabhe a Kilishipashi na a Gayo pe.
၁၄ကရိပ္ပု​နှင့်​ဂါ​ယု​မှ​လွဲ​၍​သင်​တို့​အ​ထဲ​မှ​မည်​သူ့ ကို​မျှ​ငါ​သည်​ဗတ္တိ​ဇံ​မ​ပေး​ခဲ့​ပါ။ ယင်း​သို့​မ​ပေး မိ​သည့်​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ပါ​၏။-
15 Kwa nneyo jwakwa shaabhelekete kuti ashibhatishwa kwa lina lyangu.
၁၅သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု ၍​ဗတ္တိ​ဇံ​ခံ​ယူ​ကြ​သည်​ဟု​အ​ဘယ်​သူ​မျှ မ​ပြော​နိုင်။-
16 Elo, naabhatishenje a Shitepana na bha likaja lyabho, punda bhanganyabho, kwali monaga nammatishe mundu juna.
၁၆(သ​တေ​ဖန်​၏​အိမ်​သူ​အိမ်​သား​တို့​ကို​လည်း ငါ​ဗတ္တိ​ဇံ​ပေး​ခဲ့​သည်။ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​မည်​သူ့​ကို​မျှ​ဗတ္တိ​ဇံ​ပေး​သည်​ကို ငါ​မ​မှတ်​မိ။-)
17 A Kilishitu bhanganduma kubhatisha, ikabhe nunguye Ngani ja Mmbone. Na kwene lunguyako kunakulupalile lunda lwa shigundu, nkupinga kuwa kwa a Kilishitu munshalabha kunapetekuywe.
၁၇ခ​ရစ်​တော်​ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​မှာ ဗတ္တိ​ဇံ​ပေး​ရန်​မ​ဟုတ်။ ခ​ရစ်​တော်​လက်​ဝါး​ကပ် တိုင်​တွင်​အ​သေ​ခံ​ခြင်း​တန်​ခိုး​မ​ပျက်​မ​ပြယ် စေ​ရန် လူ​တို့​၏​ဉာဏ်​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား များ​ကို​အ​သုံး​မ​ပြု​ဘဲ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​ဖြစ်​သည်။
18 Pabha ntenga gwa kuwa kwa a Yeshu munshalabha kwa bhaobhanga ni ungumba, ikabheje kwetu uwe tuli muntapulo gwa gwene ntenga go, ni mashili ga a Nnungu.
၁၈လက်​ဝါး​ကပ်​တိုင်​တော်​တွင်​ခ​ရစ်​တော်​အ​သေ​ခံ တော်​မူ​ခြင်း​တည်း​ဟူ​သော​တ​ရား​သည်​ဆုံး​ရှုံး မည့်​သူ​များ​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သည့် အ​ရာ​ဖြစ်​၏။ ကယ်​တင်​ခြင်း​ခံ​ကြ​ရ​သော​ငါ တို့​အ​တွက်​မူ​ကား​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ဖြစ်​၏။-
19 Pabha ishijandikwa, “Shing'angabhanye lunda lwabhonji, na lumanyio lwa bhaashomanga shinilukane.”
၁၉အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​တွင် ``ပ​ညာ​ရှိ​တို့​၏​ဉာဏ်​ပ​ညာ​ကို​ငါ​ဖျက်​ဆီး​မည်။ အ​သိ​ပ​ညာ​ရှင်​တို့​၏​အ​သိ​ပ​ညာ​ကို​လည်း ငါ​ပယ်​ရှား​မည်'' ဟု​ရေး​သား​ဖော်​ပြ​ထား​သော​ကြောင့်​ဖြစ်​၏။-
20 Bhai, luli kwei lunda lwa bhakwetenje lunda? Bhalinginji kwei bhaajiganya bha shalia ja a Musha? Ali kwei jwa mitau jwa gene mobha gano? A Nnungu bhashikulutenda lunda lwa bhandu bha pashilambolyo ubhelu. (aiōn g165)
၂၀သို့​ဖြစ်​၍​ပ​ညာ​ရှိ​များ၊ အ​သိ​ပ​ညာ​ရှင်​များ၊ ဤ​လော​က​တွင်​စ​ကား​စစ်​ထိုး​တတ်​သူ​များ ကား အ​ဘယ်​အ​ခြေ​အ​နေ​မှာ​ရှိ​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည်​လော​ကီ​ဉာဏ်​ပ​ညာ​ကို အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​လေ​ပြီ။ (aiōn g165)
21 Pabha kwa lunda lwa a Nnungu, bhandu bhakwetenje lunda bhakakombolanga kwaamanya a Nnungu. Pabha a Nnungu bhashinkupinga kwaatapulanga bhakwaakulupalilanga, kwa shene shibhakushibhonanga bhakwetenje lunda kuti ungumba, yani ntenga gutulunguya
၂၁လူ​သည်​မိ​မိ​ကိုယ်​ပိုင်​ဉာဏ်​ဖြင့်​ဘု​ရား​သ​ခင် အား​မ​သိ​နိုင်​စေ​ရန် ကိုယ်​တော်​သည်​ရွှေ​ဉာဏ် တော်​ဖြင့်​စီ​မံ​ထား​တော်​မူ​၏။ အ​ချည်း​နှီး​သော တ​ရား​ဖြစ်​သည်​ဟု​လူ​တို့​ထင်​မှတ်​သော​ငါ တို့​ကြေ​ညာ​သည့်​သ​တင်း​ကောင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​မိ​မိ​ကို​ယုံ​ကြည်​သူ​တို့ အား​ကယ်​တင်​တော်​မူ​ရန်​စီ​မံ​တော်​မူ​ပေ​သည်။-
22 Pabha Bhayaudi bhanapinganga ilangulo na Bhagiliki bhanaloleyanga lunda.
၂၂ယု​ဒ​အ​မျိုး​သား​တို့​က​နိ​မိတ်​လက္ခ​ဏာ​များ ကို​တောင်း​ခံ​ကြ​၏။ ဂ​ရိ​အ​မျိုး​သား​တို့​က ဉာဏ်​ပ​ညာ​ကို​ရှာ​ဖွေ​ကြ​၏။-
23 Ikabheje uwe tunakwaalunguya a Kilishitu bhapotekwe munshalabha. Ku Bhayaudi ndabhila na kubhandu bha ilambo ina ungumba,
၂၃ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။-
24 ikabheje kwa bhaagwilwenje na a Nnungu Bhayaudi na Bhagiliki, a Kilishitu ni mashili na lunda lwa a Nnungu.
၂၄သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား ဖြစ်​စေ​ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​တို့ အ​တွက်​မူ​ကား ခ​ရစ်​တော်​သည်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်၊ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် ဖြစ်​ပေ​သည်။-
25 Pabha ubhonekana ungumba gwa a Nnungu ushikola lunda kupunda lwa bhandu, kubhoneka kunyegala kwa a Nnungu, kushikola mashili kupunda mashili ga bhandu.
၂၅ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။
26 Ashaapwanga, nkumbushilanje mobha gumwashemilwenje na a Nnungu, bhakwetenje lunda bhakashulukenjeje nkali kwa lunda lwa shigundu, bhabhagwinji bhakamanyikenjeje na wala bhakakwetenjeje indu.
၂၆ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ရွေး​ကောက်​တော် မူ​ခြင်း​မ​ခံ​ရ​မီ အ​ခြေ​အ​နေ​ကို​စဉ်း​စား​ဆင် ခြင်​ကြ​လော့။ လူ​တို့​အ​မြင်​အား​ဖြင့်​သင်​တို့ အ​ထဲ​တွင်​ပ​ညာ​ရှိ​သူ၊ တန်​ခိုး​ကြီး​သူ၊ မျိုး​ရိုး ဇာ​တိ​ကြီး​မြင့်​သူ​ဟူ​၍​များ​စွာ​မ​ပါ​မ​ရှိ ပေ။-
27 Ikabheje a Nnungu bhashinkuiagula indu ya shibhelu, nkupinga bhaapetekuyanje bhakwetenje lunda, na bhashinkuiagula indu ya nyegaywa nkupinga kwaapetekuyanga bhandu bhakwetenje mashili.
၂၇သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​တို့ အ​ရှက်​ရ​စေ​ရန် လော​က​တွင်​မိုက်​မဲ​မှု​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ရွေး​ချယ်​တော် မူ​၏။-
28 A Nnungu bhashinkuagula indu ya nyegala yangali mashili ya pashilambolyo, numbe indu ya nyegala yabhonekaga mbuti ikapaliji, nkupinga bhaipetekuye indu ibhoneka ya mmbone ku bhandunji.
၂၈လော​က​တွင်​အ​ရေး​ပါ​အ​ရာ​ရောက်​သည်​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ဖျက်​ဆီး​ရန် အ​ထင် သေး​အ​မြင်​သေး​ခံ​ရ​သည့်​အ​ရာ၊ မ​ထီ​မဲ့​မြင် ပြု​ခြင်း​ခံ​ရ​သည့်​အ​ရာ၊ မ​ရေ​ရာ​သည့်​အ​ရာ တို့​ကို​ရွေး​ချယ်​တော်​မူ​၏။-
29 Bhai, jwakwa mundu shaipunile shoshowe kwa a Nnungu.
၂၉သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ဘယ် သူ​မျှ​ဝါ​ကြွား​စ​ရာ​မ​ရှိ။-
30 A Nnungu bhayene bhashikunnundanyanga na a Kilishitu Yeshu. A Nnungu bhashikwaatenda a Kilishitu bhabhe lunda lwetu na aki jetu, na pitila bhenebho uwe tunalundana na a Nnungu kubha bhandu bhabho bha ukonjelo, na bhawetenje aki na bhagombolwenje.
၃၀ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-
31 Bhai, malinga shiijandikwe, “Apinga kwiipuna, bhai, aipunile liengo lya Bhakulungwa.”
၃၁ထို့​ကြောင့်​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​မည်​သူ မ​ဆို​ဝါ​ကြွား​လို​လျှင် ဘု​ရား​ရှင်​ပြု​တော်​မူ သော​အ​မှု​တော်​အ​တွက်​သာ​လျှင်​ဝါ​ကြွား​စေ။

< 1 Bhakolinto 1 >