< Hakaraia 3 >
1 I whakakitea hoki e ia ki ahau a Hohua, te tino tohunga e tu ana i te aroaro o te anahera a Ihowa, me Hatana e tu ana i tona matau hei hoariri mona.
၁ထာဝရဘုရား၏ကောင်းကင်တမန်ရှေ့တွင် ယဇ်ပုရောဟိတ်မင်းယောရှုရပ်လျက်နေသည် ကို အခြားဗျာဒိတ်ရူပါရုံတစ်ခုတွင်ငါ့ အားထာဝရဘုရားပြတော်မူ၏။ ယောရှု ၏နံဘေးတွင်စာတန်သည်ရပ်လျက်နေ၏။ သူသည်ယောရှုအားပြစ်တင်စွပ်စွဲရန် အသင့်ရှိပေသည်။-
2 Na ka mea atu a Ihowa ki a Hatana, kia whakatupehupehu a Ihowa ki a koe, e Hatana; ae ra, ko Ihowa nana nei a Hiruharama i whiriwhiri, kia whakatupehupehu a Ihowa ki a koe: he teka ianei he mounga tenei kua kapohia mai i roto i te ahi?
၂ထာဝရဘုရား၏ကောင်းကင်တမန်ကစာတန် အား``အို စာတန်၊ ထာဝရဘုရားသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူပါစေသော။ ယေရုရှလင် မြို့ကိုချစ်မြတ်နိုးတော်မူသောထာဝရဘုရား သည် သင့်အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ ဤသူသည်မီးထဲမှဆွဲနုတ်လိုက်သည့်တုတ် ချောင်းနှင့်တူပါ၏'' ဟုပြော၏။
3 Na he whakahouhou nga kakahu o Hohua, a i tu ia i te aroaro o te anahera.
၃ယောရှုသည်ညစ်ပေနေသောအဝတ်များကို ဝတ်လျက် ထိုအရပ်တွင်ရပ်၍နေ၏။-
4 Na ka oho ia, ka mea ki te hunga e tu ana i tona aroaro, ka ki atu, Tangohia nga kakahu paru i a ia. Katahi ia ka mea ki a ia, Nana, kua meinga e ahau tou he kia pahemo atu i a koe, a ka whakakakahuria koe e ahau ki nga kakahu whakapaipai.
၄ကောင်းကင်တမန်သည်မိမိ၏အစေအပါး ကောင်းကင်သားတို့အား``ဤသူဝတ်ဆင်ထား သည့်အဝတ်ညစ်တို့ကိုချွတ်ပစ်လော့'' ဟုဆို ပြီးလျှင်၊ ယောရှုအား``ငါသည်သင်၏အပြစ် ကိုဖယ်ရှားလိုက်ပြီးလျှင်သင်ဝတ်ဆင်ရန် အဝတ်သစ်များကိုပေးပါအံ့'' ဟုပြော လေသည်။
5 Na ka mea ahau, Potaea he potae ataahua ki tona mahunga. Na potaea ana e ratou he potae ataahua ki tona mahunga, a whakakakahuria ana ia e ratou; me te tu ano te anahera a Ihowa.
၅သူသည်မိမိ၏အစေအပါးတို့အားယောရှု ၏ဦးခေါင်းထက်တွင်ဖြူစင်သန့်ရှင်းသည့် ပေါင်းထုပ်တစ်ခုကိုတပ်ဆင်ပေးရန်ခိုင်းစေ သဖြင့် ထိုသူတို့သည်လည်းယင်းသို့ခိုင်း စေသည့်အတိုင်းပြုကြ၏။ ထိုနောက်သူတို့ သည်ယောရှုအားအဝတ်သစ်များကိုဝတ် ဆင်ပေးကြ၏။ ထာဝရဘုရား၏ကောင်း ကင်တမန်သည်လည်းအနီးတွင်ရပ်လျက် နေ၏။
6 Katahi te anahera a Ihowa ka kauwhau ki a Hohua, ka mea,
၆ထိုနောက်ကောင်းကင်တမန်သည်ယောရှုအား၊-
7 Ko te kupu tenei a Ihowa o nga mano; Ki te haere koe i aku ara, ki te puritia e koe aku mea, na mau ano e whakarite mo toku whare, mau hoki e tiaki oku marae, a ka hoatu e ahau he haereerenga mou i roto i te hunga e tu nei.
၇အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-
8 Whakarongo mai aianei, e Hohua, e te tino tohunga, koutou ko ou hoa e noho na i tou aroaro; hei tohu hoki ratou, aua tangata: no te mea, nana, ka kawea mai e ahau taku pononga, te Manga.
၈သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
9 Na, ko te kohatu i hoatu e ahau ki te aroaro o Hohua, e whitu nga kanohi o taua kohatu kotahi; na, maku e whaowhao ona whakairo, e ai ta Ihowa o nga mano, a ka whakawateatia atu e ahau te he o taua whenua i te ra kotahi.
၉မှန်ကူကွက်ခုနစ်ခုရှိသောကျောက်တုံးကို လည်း ယောရှု၏ရှေ့တွင်ငါချထားမည်။ ထို ကျောက်ပေါ်တွင်ကမ္ပည်းရေးထိုးပြီးလျှင် ဤ ပြည်၏အပြစ်ဒုစရိုက်ကိုတစ်နေ့ချင်း တွင်းပယ်ရှားပစ်မည်။-''
10 I taua ra, e ai ta Ihowa o nga mano, ka karangatia e koutou tona hoa, tona hoa, i raro i te waina, i raro hoki i te piki.
၁၀``ထိုနေ့ရက်ကာလကျရောက်လာသောအခါ သင်တို့ရှိသမျှသည်စပျစ်ဥယျာဉ်များ၊ သဖန်းပင်များခြံရံလျက်ငြိမ်းချမ်းလုံခြုံ စွာနေထိုင်နိုင်ကြစေရန် မိမိတို့၏အိမ်နီး ချင်းများကိုခေါ်ဖိတ်ကြလိမ့်မည်'' ဟုအနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။