< Rutu 2 >
1 Na he whanaunga to Naomi, ara to tana tahu, he tangata taonga nui, no te hapu o Erimereke; ko Poaha tona ingoa.
၁နောမိတွင်ဗောဇဆိုသူ ဆွေမျိုးတစ်ဦးရှိ ၏။ သူသည်နောမိ၏ခင်ပွန်းဧလိမလက်၏ သားချင်းစုဝင်၊ ချမ်းသာကြွယ်ဝ၍ သြဇာ ရှိသူတစ်ဦးဖြစ်ပေသည်။-
2 Na ka mea a Rutu Moapi ki a Naomi, Kia haere ahau ki te mara ki te hamu i nga puku parei i muri i te tangata e manakohia mai ai ahau. Ano ra ko tera, Haere, e taku tamahine.
၂ရုသကနောမိအား``ကောက်ရိတ်သူတို့ချန် ထားခဲ့သည့်ကောက်သင်းကိုကောက်ရန် ကျွန်မ အားလယ်ကွင်းများသို့သွားခွင့်ပြုပါ။ ကျွန် မသည်ဤသို့ကောက်ခွင့်ပြုမည့်တစ်စုံတစ် ယောက်ကိုတွေ့ပါလိမ့်မည်'' ဟုဆိုလျှင်၊ နောမိကလည်း``ငါ့သမီး၊ သွားလေတော့'' ဟုပြန်ပြော၏။
3 Na haere ana ia, a, no te taenga atu, ka hamu i te mara i muri i nga kaikokoti: a tupono noa ia ko te wahi o te mara i a Poaha o te hapu o Erimereke.
၃သို့ဖြစ်၍ရုသသည်လယ်ကွင်းများသို့သွား ပြီးလျှင် ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ သူတို့ချန်ထားခဲ့သည့်ကောက်သင်း ကိုကောက်၏။ သူသွားရောက်မိသည့်လယ်ကွင်း မှာဗောဇပိုင်သောလယ်ကွင်းဖြစ်နေသည်။
4 Na ko te taenga o Poaha i Peterehema, ka mea ki nga kaikokoti, Kia noho a Ihowa ki a koutou. Ano ra ko ratou ki a ia, Kia manaakitia koe e Ihowa.
၄အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။ ကောက်ရိတ်သမားများက``ထာဝရဘုရား သည် အရှင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုပြန်ပြောကြ၏။
5 Katahi ka mea a Poaha ki tana tangata i tohutohu nei i nga kaikokoti, Na wai tenei kotiro?
၅ဗောဇသည်အလုပ်သမားခေါင်းဆောင် အား``ထိုသူငယ်မသည်အဘယ်သူဖြစ် ပါသနည်း'' ဟုမေး၏။
6 Na ka whakahoki te kaitohutohu i nga kaikokoti, ka mea, Ko te kotiro Moapi tenei i hoki tahi mai nei raua ko Naomi i te whenua o Moapa;
၆အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-
7 I mea mai hoki ia, Tukua ahau kia hamu, kia kohikohi i roto i nga paihere, i muri i nga kaikokoti: heoi haere ana ia, a i konei tonu ia o te ata iho ano a tae mai ki naianei; he iti nei tona noho i te whare.
၇သူသည်ကောက်ရိတ်သမားများ၏နောက်မှ လိုက်၍ ကောက်သင်းကောက်ခွင့်ကိုကျွန်တော် ၏ထံတွင်တောင်းခံကာ နံနက်စောစောမှစ ၍ကောက်သင်းကောက်လျက်နေခဲ့ပါ၏။ ယခု မှသာလျှင်လယ်တဲတွင်ခေတ္တနားနေပါသည်'' ဟုပြန်လည်ဖြေကြား၏။
8 Na ka mea a Poaha ki a Rutu, E kore ranei koe e rongo mai, e taku tamahine? Kaua e haere ki tetahi mara ke hamu ai; kaua ano e haere atu i konei; engari me noho tonu ki konei, ki aku kotiro.
၈ထိုအခါဗောဇကရုသအား``နားထောင်ပါ ငါ့သမီး၊ ဤလယ်ကွင်းမှတစ်ပါးအခြား လယ်ကွင်းများသို့သွား၍ ကောက်သင်းမကောက် ပါနှင့်။ ဤလယ်ကွင်းတွင်နေ၍အမျိုးသမီး များနှင့်အတူလုပ်ဆောင်ပါလော့။-
9 Kia matatau ou kanohi ki te mara e kotia ana e ratou, ka whai i a ratou: kahore ianei ahau i ki atu ki nga taitamariki kia kaua ratou e pa ki a koe? E matewai hoki koe, haere ki nga oko, inu ai i ta nga taitamariki i utu mai ai.
၉သူတို့အဘယ်နေရာတွင်ကောက်ရိတ်ကြသည် ကိုစောင့်၍ ကြည့်ကာသူတို့နှင့်အတူလိုက်သွား ပါလော့။ သင့်အားအနှောင့်အယှက်မပေးရန် ငါ၏အလုပ်သမားများကိုမှာထားပြီ။ သင် ရေငတ်သည့်အခါအိုးထားရာသို့သွား၍ သူ တို့ခပ်ထားသည်ရေကိုသောက်ပါလော့'' ဟု ဆို၏။
10 Na ka tapapa iho tera, ka piko iho ki te whenua, a ka mea ki a ia, Na te aha koe i manako mai ai ki ahau, i mohio ai hoki ki ahau, he manene nei hoki ahau?
၁၀ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊
11 Na ka whakahoki a Poaha, ka mea ki a ia, Kua ata korerotia mai ki ahau nga mea katoa i mea ai koe ki tou hungawai i muri i te matenga o tau tahu, tau whakarerenga hoki i tou papa, i tou whaea, i te whenua ano i whanau ai koe, a haere mai ana ki te iwi kihai i mohiotia e koe i mua ake nei.
၁၁ဗောဇက``သင်သည်ခင်ပွန်းကွယ်လွန်ချိန်မှစ ၍ မိမိ၏ယောက္ခမအားအဘယ်သို့ပြုစုခဲ့ သည်ကိုငါကြားသိပြီးပါပြီ။ သင်သည် အဘယ်သို့မိမိ၏မိဘများနှင့်တိုင်းပြည် ကိုစွန့်ခွာလျက် ယခင်အဘယ်အခါကမျှ မတွေ့မမြင်ဘူးသည့်အမျိုးသားတို့နှင့် အတူနေထိုင်ရန်လာရောက်ခဲ့ကြောင်းကို လည်းငါသိပါ၏။-
12 Ma Ihowa e utu tau mahi; kia ata rite hoki te utu e homai ki a koe e Ihowa, e te Atua o Iharaira, kua tae mai nei hoki koe ki raro ki ona parirau okioki ai.
၁၂ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။
13 Ano ra ko tera, Kia manakohia mai ahau, e toku ariki; ka ora nei hoki toku ngakau i a koe, he pai hoki tau kupu ki tau pononga; ko ahau ia kahore e rite ki tetahi o au pononga wahine.
၁၃ရုသကလည်း``အရှင်၊ အရှင်သည်ကျွန်မ အပေါ်တွင်များစွာကရုဏာထားပါပြီ။ ကျွန်မသည်အရှင့်အစေခံများ၏အဆင့် အတန်းကိုမီသူပင်မဟုတ်သော်လည်း အရှင် သည်ချိုသာစွာပြောဆိုခြင်းအားဖြင့်ကျွန်မ ကိုအားတက်စေပါ၏'' ဟုပြန်ပြော၏။
14 I mea ano a Poaha ki a ia i te wa i kai ai, Haere mai ki konei, ki te kai taro mau, ka tuku hoki i tau kongakonga ki roto ki te winika. Na ka noho ia ki te taha o nga kaikokoti, i homai ano e ratou he witi pahuhu mana. Na kai ana ia, a ka makona, a toe ake.
၁၄ထမင်းစားချိန်ရောက်သောအခါ၌ ဗောဇ သည်ရုသအား``လာ၍မုန့်သုံးဆောင်လော့။ မုန့်ကိုအချဉ်ရည်တွင်နှစ်၍စားလော့'' ဟု ဆို၏။ သို့ဖြစ်၍ရုသသည် အလုပ်သမား များနှင့်အတူထိုင်လေသည်။ ထိုအခါဗောဇ သည်သူ့အားပေါက်ပေါက်အနည်းငယ်ကို လှမ်း၍ပေး၏။ ရုသသည်ဝအောင်စားပြီး နောက်မုန့်ကျန်သေး၏။-
15 A, i tona whakatikanga ki te hamu, ka ako a Poaha i ana taitamariki, ka mea, Kia hamu ano ia i roto i nga paihere; kaua ano hoki ia e meinga kia whakama.
၁၅ထိုနောက်သူသည်ကောက်သင်းကောက်ရန်ထ ၍သွားသောအခါ ဗောဇသည်အလုပ်သမား များအား``သူ့အားကောက်လှိုင်းစီးများချ ထားရာအရပ်၌ပင် ကောက်သင်းကောက်ခွင့် ပြုကြလော့။ သူ့အားမဟန့်တားကြနှင့်။-
16 Whakangahorotia ano etahi kapunga mana, whakarerea atu kia kohia e ia, kaua hoki e riria.
၁၆ကောက်လှိုင်းစည်းများမှစပါးနှံအနည်း ငယ်ကိုဆွဲထုတ်၍ သူ၏အတွက်ချထား ပေးကြလော့'' ဟုမှာကြားလေ၏။
17 Na ka hamu ia i te mara a ahiahi noa, a patupatu ana e ia ana i hamu ai: a me te mea kotahi te epa parei.
၁၇သို့ဖြစ်၍ရုသသည် လယ်ကွင်းထဲတွင်ညနေ စောင်းသည်တိုင်အောင် ကောက်သင်းကောက်ပြီး နောက်ကောက်နှံများကို နယ်လိုက်သောအခါ မုယောစပါးတင်းဝက်ခန့်ရရှိလေသည်။-
18 Na tangohia ana e ia, a haere ana ki te pa, a ka kite tona hungawai i ana i hamu ai: i whakaputainga ano e ia, i homai ki a ia nga toenga i a ia kua makona.
၁၈သူသည်ထိုစပါးကိုယူ၍မြို့သို့ပြန်ပြီး လျှင် မိမိ၏ယောက္ခမအားပြ၏။ မိမိချန် ထားသည့်အစားအစာကိုလည်းပေး၏။-
19 Na ka mea tona hungawai ki a ia, I hamu koe ki hea inaianei? I hea hoki koe e mahi ana? kia manaakitia te tangata i mohio na ki a koe. Na korerotia ana e ia ki tona hungawai te tangata i mahi nei ia ki a ia, a ka mea, Ko te ingoa o te tangata i mahi nei ahau ki a ia inaianei ko Poaha.
၁၉နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ရုသသည်ဗောဇအမည်ရှိသူလူ တစ်ဦး၏လယ်တွင် မိမိကောက်သင်းကောက်ခဲ့ ကြောင်းကိုနောမိအားပြောပြလေသည်။
20 Ano ra ko Naomi ki tana hunaonga, Kia manaakitia ia e Ihowa, kihai nei tona aroha i mahue ki te hunga ora, ki te hunga mate. Na ka mea a Naomi ki a ia, He tata taua tangata ki a taua, no o taua whanaunga tupu.
၂၀နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။
21 Na ka mea ano a Rutu Moapi, I mea mai ano hoki ia ki ahau, Kia tata tonu koe ki aku tangata, kia poto ra ano aku mea katoa te kokoti.
၂၁ထိုအခါရုသက``မုယောစပါးကိုအလုပ် သမားတို့ရိတ်သိမ်းကာလမကုန်မချင်း ကောက်သင်းလာ၍ ကောက်ရန်ကျွန်မအားသူ မှာကြားလိုက်ပါသည်'' ဟုပြော၏။
22 Na ka mea a Naomi ki a Rutu, ki tana hunaonga, He pai, e taku tamahine, ki te haere tahi koe me ana kotiro, kei riria koe i te mara ke.
၂၂နောမိသည်ရုသအား``ငါ့သမီး၊ သင်သည် အခြားသူတစ်ဦးတစ်ယောက်၏လယ်သို့ သွားခဲ့သော် အနှောင့်အယှက်ခံကောင်းခံ ရပေလိမ့်မည်။-''
23 Na kei te whai tonu ia i nga kotiro a Poaha, ka hamu a poto noa nga parei te kokoti, me te witi hoki te kokoti; i tona hungawai ia tona nohoanga.
၂၃သို့ဖြစ်၍ရုသသည်ဗောဇ၏လယ်၌ပင် အမျိုးသမီးများနှင့်အတူလုပ်ဆောင်ကာ မုယောစပါးနှင့်ဂျုံစပါးများရိတ်သိမ်းပြီး သည်တိုင်အောင် ကောက်သင်းကောက်လျက်နေ၏။ သူသည်မိမိ၏ယောက္ခမနှင့်အတူဆက် လက်၍နေထိုင်လေသည်။