< Waiata 99 >
1 Ko Ihowa te Kingi; kia wiri nga iwi: e noho ana ia i waenganui i nga kerupima; kia ngaueue te whenua.
၁ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။
2 He nui a Ihowa i Hiona: kei runga ake ia i nga iwi katoa.
၂ဇိအုန်တောင်ပေါ်မှာထာဝရဘုရားသည် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။
3 Kia whakamoemiti ratou ki tou ingoa nui, whakamataku; he tapu ia.
၃လူအပေါင်းတို့သည်ကိုယ်တော်၏ ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။
4 E matenui ana hoki te kaha o te kingi ki te whakawa tika; ko koe hei whakapumau i te pono: he whakawa tika, he hekore tau mahi i roto i a Hakopa.
၄တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
5 Whakanuia a Ihowa, to tatou Atua: koropiko ki tona turanga waewae; he tapu ia.
၅ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။
6 Ko Mohi raua ko Arona i roto i ana tohunga, me Hamuera i roto i te hunga e karanga ana ki tona ingoa: i karanga ratou ki a Ihowa, a whakahoki kupu ana mai ia ki a ratou.
၆မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။ သူတို့သည်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။
7 I korero ia ki a ratou i roto i te pou kapua: i pupuri ratou i ana whakaaturanga, i te tikanga i whakatakotoria e ia ki a ratou.
၇သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။ သူတို့သည်လည်းကိုယ်တော်ပေးတော်မူသော တရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။
8 E Ihowa, e to matou Atua, i whakahoki kupu koe ki a ratou: he Atua tohu koe i a ratou, otiia i rapu utu ano koe mo a ratou mahi.
၈အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်း သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။
9 Whakanuia a Ihowa, to tatou Atua, koropiko atu i tona maunga tapu: he tapu hoki a Ihowa, to tatou Atua.
၉ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။