< Waiata 6 >
1 Ki te tino kaiwhakatangi Nekinoto, he mea Heminiti. He himene na Rawiri. E Ihowa, kaua e whakatupehupehu mai ki ahau, ina riri koe, kaua ano ahau e pakia ina arita mai koe.
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။
2 E Ihowa, tohungia ahau, he ngoikore hoki ahau: rongoatia ahau, e Ihowa, e ohooho ana hoki oku wheua.
၂ကျွန်တော်မျိုးသည်မောပန်းနွမ်းနယ်လျက်ရှိ သည်ဖြစ်၍ ကျွန်တော်မျိုးအားသနားတော်မူပါ။ လုံးဝအင်အားကုန်ခန်းလျက်ရှိသဖြင့် ပြန်လည်အင်အားပြည့်စေတော်မူပါ။
3 E ohooho noa iho ana hoki toku wairua: ko koe ia, e Ihowa, kia pehea atu te roa?
၃ကျွန်တော်မျိုးသည်ကိုယ်စိတ်နှစ်ပါးပြင်းပြစွာ ဝေဒနာခံစားလျက်ရှိပါ၏။ အို ထာဝရဘုရား၊ အဘယ်ကာလကြာမှကျွန်တော်မျိုးအား ကူမတော်မူပါမည်နည်း။
4 Hoki mai, e Ihowa, kia mawhiti atu toku wairua: kia mahara ki tou aroha, a whakaorangia ahau.
၄အို ထာဝရဘုရား၊ ကြွလာတော်မူ၍ကျွန်တော်မျိုးအားကယ်တော် မူပါ။ ကိုယ်တော်၏ကရုဏာတော်နှင့်အညီကျွန်တော် မျိုးအား သေဘေးမှကယ်ဆယ်တော်မူပါ။
5 Kahore hoki he mahara ki a koe ina mate: ko wai hei whakawhetai ki a koe i roto i te reinga? (Sheol )
၅မရဏာနိုင်ငံတွင်ကိုယ်တော်အား အောက်မေ့သတိရသူမရှိပါ။ ထိုအရပ်တွင်အဘယ်သူမျှကိုယ်တော်အား ထောမနာပြုနိုင်မည်မဟုတ်ပါ။ (Sheol )
6 Mauiui iho ahau i toku auetanga; e manu ana toku moenga i ahau a pau noa te po; e whakamakukuria ana e ahau toku takotoranga ki oku roimata.
၆ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
7 Pakoko kau toku kanohi i te tangi; kua koroheke haere i oku hoariri katoa.
၇ရန်သူများကြောင့်ငိုယိုရသဖြင့်ကျွန်တော် မျိုး၏ မျက်စိများသည်ရောင်လျက်ရှိပါ၏။ ကြည့်၍ပင်မမြင်နိုင်ပါ။
8 Mawehe atu i ahau, e nga kaimahi katoa i te kino; kua rongo nei hoki a Ihowa i te reo o taku tangi.
၈အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။
9 Kua rongo a Ihowa ki taku inoi; ka manako a Ihowa ki taku karakia.
၉ကူမတော်မူရန်ငါတောင်းလျှောက်သံကိုကြား တော်မူ၏။ ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူမည်။
10 Ka whakama, ka pokaikaha noa iho oku hoariri katoa: ka hoki ratou, ka pa whakarere atu te whakama.
၁၀ငါ၏ရန်သူတို့သည်အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ သူတို့သည်တစ်ခဏချင်းတွင်ကစဥ့်ကရဲဖြစ်လျက် ပြေးရကြလိမ့်မည်။