< Waiata 52 >

1 Ki te tino kaiwhakatangi. He Makiri; na Rawiri, i a Roeke Eromi i haere, i whakaatu ki a Haora, i mea ki a ia, Kua tae a Rawiri ki te whare o Ahimereke. He aha koe ka whakapakari ai ki te kino, e te tangata nui? He pumau tonu te atawhai o te Atua.
တန်​ခိုး​ကြီး​သော​အ​ချင်း​လူ၊အ​ဘယ်​ကြောင့် မိ​မိ​၏​ဆိုး​ညစ်​မှု​ကို​ကြွား​ဝါ​သ​နည်း။ ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည်​အ​စဉ်​အ​မြဲ​တည်​၏။
2 E whakatakoto ana tou arero i nga mea nanakia, e mahi hianga ana, ano he heu koi.
သင်​သည်​သူ​တစ်​ပါး​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို ကြံ​စည်​တတ်​၏။ သင်​၏​လျှာ​သည်​သင်​တုန်း​ဋ္ဌား​ကဲ့​သို့​ထက်​မြက်​၏။ သင်​သည်​မ​ဟုတ်​မ​မှန်​သည့်​စ​ကား​ကို​အ​စဉ်​ပင် လုပ်​ကြံ​ပြော​ဆို​တတ်​၏။
3 E arohaina rawatia ana e koe te kino i te pai, te teka i te korero tika. (Hera)
သင်​သည်​အ​ကောင်း​ထက်​အ​ဆိုး​ကို​လည်း​ကောင်း၊ သစ္စာ​စ​ကား​ထက်​မု​သား​စ​ကား​ကို​လည်း​ကောင်း ပို​၍​နှစ်​သက်​တတ်​၏။
4 E te arero hianga, e arohaina ana e koe nga kupu horomiti katoa.
အ​ချင်း​လူ​လိမ်၊သင်​သည်​မိ​မိ​၏​နှုတ်​အား​ဖြင့် လူ​တို့​အား​ထိ​ခိုက်​နစ်​နာ​အောင်​ပြော​ဆို​ရန် နှစ်​သက်​ပါ​သည်​တ​ကား။
5 Ka whakangaro hoki te Atua i a koe ake tonu atu; ka tangohia atu koe e ia, ka takiritia atu i tou nohoanga, ka hutia atu hoki koe i te whenua o te ora. (Hera)
သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင့်​အား​ထာ​ဝ​စဉ် ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​နေ​အိမ်​မှ​ဆွဲ​ထုတ် တော်​မူ​လိမ့်​မည်။ သင့်​ကို​သက်​ရှင်​နေ​သူ​တို့​နေ​ထိုင်​ရာ​လူ့​ပြည်​မှ ဖယ်​ရှား​တော်​မူ​လိမ့်​မည်။
6 E kite hoki te hunga tika, a ka wehi; ka kata hoki ki a ia, ka mea,
သူ​တော်​ကောင်း​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​လျှင် ကြောက်​လန့်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင့်​အား​ကြည့်​၍​ပြုံး​ရယ်​ကြ​လျက်
7 Inana, ko te tangata tenei kihai nei i waiho e ia te Atua hei kaha mona; otiia, whakawhirinaki ana ki te tini o ana taonga, whakapakari ana i runga i tana mahi kino.
``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။ သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။
8 Ko ahau ia, e rite ana ki te oriwa matomato i roto i te whare o te Atua: ka whakawhirinaki ahau ki te mahi tohu a te Atua ake ake.
ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​အ​နီး​တွင် ပေါက်​သည့်​သံ​လွင်​ပင်​နှင့်​တူ​၏။ ငါ​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​ကို ကာ​လ​အ​စဉ်​အ​မြဲ​ကိုး​စား​၏။
9 Ka whakamoemiti tonu ahau ki a koe, nau hoki tenei i mea: ka tumanako ano ki tou ingoa; he mea pai hoki, ki te aroaro o tau hunga tapu.
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက် ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ရှေ့​တွင်​ထုတ်​ဖော် ကြေ​ညာ​ပါ​မည်။

< Waiata 52 >