< Waiata 39 >

1 Ki te tino kaiwhakatangi, ki a Ierutunu. He himene na Rawiri. I mea ahau, Ka ata whakaaro ahau ki oku ara, kei hara toku arero; ka tiakina toku mangai, paraire rawa, i te mea kei toku aroaro te tangata kino.
``ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ​သ​တိ​ထား​မည်။ နှုတ်​ဖြင့်​မျှ​မ​ပြစ်​မှား​မိ​စေ​ရန်​ငါ​သည်​သ​တိ ပြု​မည်။ ဆိုး​ညစ်​သူ​တို့​အ​နီး​၌​ရှိ​စဉ်​ငါ​သည်​အ​ဘယ် စ​ကား​ကို​မျှ​မ​ပြော​ဘဲ​နေ​မည်'' ဟု​ငါ​ဆို​၏။
2 I whakamoroki ahau, i wahangu, kihai i puaki taku kupu, ahakoa pai; a ka oho toku mamae.
ငါ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ဘဲ ဆိတ်​ဆိတ်​နေ​ခဲ့​၏။ အ​ကောင်း​ကို​ပင်​မ​ပြော ဆို​ခဲ့​ပါ။ သို့​ရာ​တွင်​ငါ​၏​ဝေ​ဒ​နာ​သည်​ပို​မို​ဆိုး​ရွား ၍​သာ​လာ​၏။
3 Werawera ana toku ngakau i roto i ahau; i ahau e whakaaro ana ka ka te ahi, a ka korero toku arero.
ငါ​သည်​ပူ​ပင်​သော​က​ရောက်​ခဲ့​၏။ စဉ်း​စား​လေ​လေ​ပို​၍​စိတ်​ဒုက္ခ​ရောက်​လေ​လေ ဖြစ်​ခဲ့​၏။ ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​သက်​ရှည်​ပါ မည်​နည်း။ အ​ဘယ်​အ​ခါ​သေ​ရ​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​အား​အနိစ္စ​တ​ရား​ကို သိ​စေ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​ငါ​မ​မေး​မ​လျှောက်​ဘဲ​မ​နေ​နိုင်​ပါ။
4 E Ihowa, meinga ahau kia matau ki toku mutunga, ki te maha hoki o oku ra, e hia ranei: kia matau ai ahau he mea memeha noa ahau.
5 Nana, he whanuitanga ringa oku ra kua homai nei e koe; he kahore noa iho ano oku tau i tou aroaro: ahakoa u noa te tu o nga tangata katoa, he mea memeha kau. (Hera)
ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို လွန်​စွာ​တို​စေ​တော်​မူ​ပါ​ပြီ​တ​ကား။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ကျွန်​တော်​မျိုး​၏ အ​သက်​တာ​သည်​ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ အ​ကယ်​စင်​စစ်​သက်​ရှိ​လူ​သတ္တ​ဝါ​မည်​သည်​ကား ထွက်​သက်​ဝင်​သက်​တ​မျှ၊
6 He pono kei roto i te atarangi te tangata e kopikopiko noa ana; he pono e ohorere noa ana ratou: e ami ana ia i te taonga, a kahore e matau ma wai ranei e kohi.
အ​ရိပ်​တ​မျှ​ခ​ဏ​သာ​အ​သက်​ရှင်​ပါ​၏။ သူ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ဘာ​မျှ အ​ကျိုး​မ​ရှိ။ သူ​သည်​စည်း​စိမ်​ဥစ္စာ​ကို​စု​ဆောင်း​သော်​လည်း အ​ဘယ်​အ​ရာ​ကို​အ​ဘယ်​သူ​ရ​ရှိ​လိမ့်​မည်​ကို သူ​မ​သိ။
7 Na he aha taku e tatari atu nei, e te Ariki? Ko koe taku e tumanako ai.
သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ရာ​ကို မျှော်​ကိုး​နိုင်​ပါ​မည်​နည်း။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။
8 Whakaorangia ahau i aku mahi tutu katoa: kaua ahau e waiho hei tawainga ma te wairangi.
ကျွန်​တော်​မျိုး​၏​အ​ပြစ်​အ​ပေါင်း​မှ​ကယ်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​အား​လူ​မိုက်​တို့​လှောင်​ပြောင် စေ​တော်​မ​မူ​ပါ​နှင့်။
9 Wahangu ana ahau, kihai i kuihi toku mangai: he meatanga hoki tenei nau.
ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ဤ​သို့​ဝေ​ဒ​နာ​ခံ​စေ​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​ပါ​မည်။ စ​ကား​တစ်​ခွန်း​မျှ​ပြော​မည်​မ​ဟုတ်​ပါ။
10 Nekehia atu i ahau tau whiu: ka ngaro ahau i te pakinga a tou ringa.
၁၀ထပ်​မံ​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့် ဒဏ်​ရာ​ဒဏ်​ချက်​များ​ကြောင့်​ကျွန်​တော်​မျိုး သည် သေ​လု​ပါ​ပြီ။
11 Ka pakia e koe te tangata, ka whakatupehupehutia mo te hara, ka meinga e koe tona ataahua kia memeha, kia pera me te purehurehu: he pono he mea teka noa nga tangata katoa. (Hera)
၁၁ကိုယ်​တော်​ရှင်​သည်​လူ​အား​သူ​၏ အ​ပြစ်​ဒု​စ​ရိုက်​အ​တွက်​ဆုံး​မ​၍​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ​၏။ သူ​နှစ်​သက်​စွဲ​လန်း​သော​အ​ရာ​တို့​ကို​ပိုး​ဖ​လံ ကဲ့​သို့ ကိုယ်​တော်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ​၏။ အ​ကယ်​စင်​စစ်​လူ​သည်​ထွက်​သက်​ဝင်​သက်​မျှ​သာ ဖြစ်​ပါ​သည်​တ​ကား။
12 Whakarongo ki taku inoi, e Ihowa, kia titaha mai tou taringa ki taku karanga; kei wahangu koe ki oku roimata: he heke hoki ahau nau, he manene, he pera me oku matua katoa.
၁၂အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ငို​ယို​သော​အ​ခါ​ကူ​မ​ရန်​ကြွ တော်​မူ​ပါ။ ဘိုး​ဘေး​တို့​ကဲ့​သို့​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​ဧည့်​သည်​အ​ဖြစ်​နှင့် ခ​ဏ​မျှ​သာ​နေ​ရ​ပါ​၏။
13 Kia ata hanga ki ahau, kia ta ai toku manawa, keiwha haere atu ahau i konei, a ka kahore noa iho.
၁၃ကျွန်​တော်​မျိုး​သေ​၍​ပျောက်​ကွယ်​မ​သွား​မီ ရွှင်​လန်း​မှု​အ​နည်း​ငယ်​ရ​ရှိ​စေ​ရန် ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ။

< Waiata 39 >