< Waiata 33 >
1 Kia hari ki a Ihowa, e te hunga tika: he mea ataahua te whakamoemiti ma te hunga kore he.
၁အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည် ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
2 Whakamoemiti ki a Ihowa i runga i te hapa; himene ki a ia i runga i te hatere kotahi tekau nei nga aho.
၂စောင်းတီး၍ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသောတူရိယာဖြင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
3 Waiatatia ki a ia he waiata hou: kia tika te whakatangi, kia nui te reo.
၃ရှေ့တော်၌သီချင်းသစ်ကိုဆိုကြလော့။ သာယာစွာစောင်းကိုတီးကြလော့။ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
4 No te mea he tika te kupu a Ihowa, a kei runga i te pono ana mahi katoa.
၄ထာဝရဘုရား၏နှုတ်ကပတ်တော်သည်မှန်ကန် ပေ၏။ ကိုယ်တော်ပြုတော်မူရာအမှုအရာတို့သည်လည်း သစ္စာတရားနှင့်ကိုက်ညီ၏။
5 E paingia ana e ia te tika me te whakawa: ki tonu te whenua i te atawhai a Ihowa.
၅ထာဝရဘုရားသည်ဖြောင့်မတ်မှန်ကန်မှုကို နှစ်သက်တော်မူ၏။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကမ္ဘာမြေကြီးကိုဖုံးလွှမ်းလျက်ရှိ၏။
6 Na te kupu a Ihowa nga rangi i hanga; ko nga mano katoa hoki o reira na te ha o tona mangai.
၆ထာဝရဘုရားသည်အမိန့်တော်ဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်ထွက်စကားအားဖြင့် နေ၊လ၊ကြယ်တာယာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။
7 He mea huihui e ia nga wai o te moana, ano he puranga; he mea whawhao e ia te rire ki nga pakoro.
၇ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
8 Kia wehi te whenua katoa ki a Ihowa; kia ohooho nga tangata katoa o te ao ki a ia.
၈ကမ္ဘာမြေကြီးသားအပေါင်းတို့၊ထာဝရ ဘုရားအား ရိုသေကိုင်းရှိုင်းကြလော့။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ကိုယ်တော်အား ကြောက်ရွံ့ရိုသေကြလော့။
9 I ki hoki ia, a kua oti: i whakahau, a tu tonu iho.
၉ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ကမ္ဘာလောကသည်ဖြစ်ပေါ်လာ၏။ ကိုယ်တော်မိန့်တော်မူသောအခါခပ်သိမ်းသော အရာတို့သည်ပေါ်ပေါက်လာကြ၏။
10 E whakataka ana e Ihowa te whakaaro o nga tauiwi: e whakakahoretia ana e ia nga meatanga a nga iwi.
၁၀ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
11 Ko te whakaaro o Ihowa, tu tonu ake ake; ko nga meatanga a tona ngakau kei tena whakatupuranga, kei tena whakatupuranga.
၁၁သို့ရာတွင်ကိုယ်တော်၏အကြံအစည်တော်တို့ မူကား အဘယ်ကာလ၌မျှပျက်ပြားလိမ့်မည်မဟုတ်။ ကိုယ်တော်၏ရည်မှန်းချက်တို့သည်ထာဝစဉ် အောင်မြင်သတည်း။
12 Ka hari te iwi no ratou nei Atua a Ihowa, te iwi kua whiriwhiria e ia hei taonga tupu mona.
၁၂ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
13 E titiro iho ana a Ihowa i te rangi: e kite ana ia i nga tama katoa a te tangata.
၁၃ထာဝရဘုရားသည်ကောင်းကင်ဘုံမှ ငုံ့၍ကြည့်တော်မူရာ၊ လူသားအပေါင်းကိုမြင်တော်မူ၏။
14 Kei tona wahi nohoanga ia e matakitaki iho ana ki nga tangata katoa o te whenua.
၁၄ကိုယ်တော်သည်မိမိစိုးစံတော်မူရာအရပ် မှငုံ့၍ ကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကို ကြည့်တော်မူ၏။
15 Nana i hanga nga ngakau o ratou katoa, e mohiotia ana e ia a ratou mahi katoa.
၁၅ကိုယ်တော်သည်သူတို့၏စိတ်နှလုံးများကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူသဖြင့် သူတို့ကြံစည်ပြုကျင့်သမျှသော အမှုအရာများကိုသိတော်မူ၏။
16 E kore tetahi kingi e ora i te nui o te ope, e kore e ora te marohirohi i te nui o te kaha.
၁၆ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
17 He mea teka te hoiho hei whakaora; ehara ano tona kaha nui i te mea e mawhiti ai.
၁၇စစ်မြင်းတို့သည်အောင်ပွဲရမှုအတွက်အသုံးမဝင်။ သူတို့၏ကြီးမားသောခွန်အားကမကယ်နိုင်။
18 Nana, kei runga i te hunga e wehi ana i a ia te kanohi o Ihowa, kei te hunga e tumanako ana ki tana mahi tohu;
၁၈ဘုရားသခင်သည်မိမိအားကြောက်ရွံ့ ရိုသေသော၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသောသူ များအား ကြည့်ရှုစောင့်ထိန်းတော်မူ၏။
19 Hei whakaora i o ratou wairua kei mate, hei mea i a ratou kia ora i te wa o te hemokai.
၁၉ကိုယ်တော်သည်ထိုသူတို့အားသေဘေးမှ ကယ်တော်မူ၏။ အစာငတ်မွတ်ခေါင်းပါးရာကာလများ၌ သူတို့အားအသက်ရှင်နိုင်ခွင့်ကိုပေးတော် မူ၏။
20 Kua tatari nei o tatou wairua ki a Ihowa; ko ia to tatou kaiawhina, to tatou whakangungu rakau.
၂၀ငါတို့သည်ထာဝရဘုရားကိုစောင့်မျှော်ကြ၏။ ကိုယ်တော်သည်ငါတို့အားကူမတော်မူ၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။
21 Hari tonu to tatou ngakau ki a ia; no tatou hoki i whakawhirinaki ki tona ingoa tapu.
၂၁ငါတို့သည်ကိုယ်တော်ကြောင့်ရွှင်လန်း ဝမ်းမြောက်ကြရ၏။ ငါတို့သည်သန့်ရှင်းမြင့်မြတ်တော်မူသော နာမတော်ကိုကိုးစားကြ၏။
22 E Ihowa, hei runga i a matou tau mahi tohu; kia rite hoki ki ta matou tumanako ki a koe.
၂၂အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ စောင့်မျှော်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အားခိုင်မြဲသောမေတ္တာ တော်ကို ခံစားစေတော်မူပါ။