< Waiata 20 >

1 Ki te tino kaiwhakatangi. He himene na Rawiri. Ma Ihowa e whakahoki he kupu ki a koe i te ra o te he; ma te ingoa o te Atua o Hakopa koe e tiaki;
ဒုက္ခ​ရောက်​စဉ်​အ​ခါ​အ​ရှင်​မင်း​ကြီး​၏ ပတ္ထ​နာ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နား​ညောင်း​တော်​မူ ပါ​စေ​သော။ ယာ​ကုပ်​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။
2 Mana e tono mai he awhina mou i te wahi tapu, e whakau hoki koe i Hiona;
ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​အား​ဗိ​မာန် တော်​ထဲ​က အ​ကူ​အ​ညီ​ပေး​တော်​မူ​ပါ​စေ​သော။ ဇိ​အုန်​တောင်​တော်​ပေါ်​မှ​အ​ထောက်​အ​ကူ ပေး​တော်​မူ​ပါ​စေ​သော။
3 Mana e mahara ki au whakahere katoa, e manako ki au tahunga tinana. (Hera)
ကိုယ်​တော်​သည်​အ​ရှင်​မင်း​ကြီး​၏​ပူ​ဇော် သ​ကာ ရှိ​သ​မျှ​ကို​လက်​ခံ​တော်​မူ​လျက် မီး​ရှို့​ရာ​ယဇ်​အ​ပေါင်း​ကို​လည်း​နှစ်​သက် တော်​မူ​ပါ​စေ​သော။
4 Mana e homai ki a koe ta tou ngakau e mea ai, e whakamana katoa hoki tau e wawata ai.
အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍ အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။
5 Ka hari matou ki tau whakaoranga, ka whakatu hoki i o matou kara i runga i te ingoa o to matou Atua: ma Ihowa e whakarite au inoi katoa.
ထို​အ​ခါ​ကျွန်​တော်​မျိုး​တို့​သည်​အ​ရှင်​မင်း ကြီး​၏ အောင်​ပွဲ​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ပါ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လျက် အ​ရှင် မင်း​ကြီး​၏​အောင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း​ကြီး​တောင်း လျှောက် သ​မျှ​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။
6 Katahi ahau ka matau e whakaora ana a Ihowa i tana tangata i whakawahi ai, ka whakahoki kupu ia ki a ia i tona rangi tapu, me te kaha ano tona ringa matau ki te whakaora.
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ဘိ​သိက်​ပေး​တော် မူ​သော ဘု​ရင်​အား​စစ်​ပွဲ​နိုင်​စေ​တော်​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​၏။ ကိုယ်​တော်​သည်​မင်း​ကြီး​၏​ပန်​ကြား​ချက်​ကို သန့်​ရှင်း မြင့်​မြတ်​သည့်​ကောင်း​ကင်​ဘုံ​မှ​ကြား​တော်​မူ​၍ တန်​ခိုး​တော်​ဖြင့်​မင်း​ကြီး​အား​အောင်​ပွဲ​ကြီး များ​ကို ပေး​တော်​မူ​၏။
7 Ko ta etahi he hariata, ko ta etahi he hoiho: ko tatou ia ka whakahua i te ingoa o Ihowa, o to tatou Atua.
အ​ချို့​သော​သူ​တို့​သည်​မိ​မိ​တို့​၏ စစ်​ရ​ထား​များ​ကို​လည်း​ကောင်း၊ မြင်း​များ​ကို​လည်း​ကောင်း​အား​ကိုး​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​၏။
8 Kua piko ratou, kua hinga: ko tatou ia kua ara, kua tu ki runga.
ထို​သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​လိမ့်​မည်။ ငါ​တို့​မူ​ကား​ထ​၍​ကြံ့​ကြံ့​ခိုင်​ရပ်​တည်​ကြ လိမ့်​မည်။
9 Whakaorangia, e Ihowa: kia whakahoki kupu mai te Kingi ina karanga matou.
အို ထာ​ဝ​ရ​ဘု​ရား၊ မင်း​ကြီး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။

< Waiata 20 >