< Waiata 113 >
1 Whakamoemititia a Ihowa. Whakamoemititia, e nga pononga a Ihowa, whakamoemititia te ingoa o Ihowa.
၁ထာဝရဘုရားအားထောမနာပြုကြလော့။ အချင်းထာဝရဘုရား၏အစေခံတို့၊ ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။
2 Kia whakapaingia te ingo o Ihowa aianei a ake ake.
၂ကိုယ်တော်၏နာမတော်အားယခုမှစ၍ ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။
3 Kia whakamoemititia te ingoa o Ihowa i te putanga mai o te ra, a tae noa ki tona torengitanga.
၃နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင် ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
4 Kei runga rawa a Ihowa i nga iwi katoa: kei runga ake i nga rangi tona kororia.
၄ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
5 Ko wai te rite ana ki a Ihowa, ki to tatou Atua, kei runga nei tona nohoanga,
၅ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။
6 E whakaiti nei i a ia ki te titiro iho ki nga mea kei te rangi, kei te whenua?
၆သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။
7 E whakaara ake ana ia i te iti i roto i te puehu, e whakateitei ake ana i te rawakore i roto i te puranga paru;
၇ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍ နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
8 Kia whakanohoia ai e ia ki roto ki nga rangatira, ki nga rangatira o tana iwi.
၈ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏ လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။
9 Nana hoki te pakoko i whai whare ai, hei whaereere e koa ana ki ana tamariki. Whakamoemititia a Ihowa.
၉ကိုယ်တော်သည်မြုံသောအိမ်ရှင်မအား ချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။