< Tauanga 18 >

1 I mea ano a Ihowa ki a Arona, Mau, ma au tama, ma koutou ko te whare o tou papa e waha te kino o te wahi tapu: a ma koutou ko au tama e waha te kino o ta koutou mahi tohunga.
ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``သင်​နှင့်​တ​ကွ သင်​၏​သား​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင်​သော​ဝတ်​ကို ဆောင်​ရွက်​ရာ​၌ မှား​ယွင်း​ချွတ်​ချော်​ခဲ့​သော် အ​ပြစ်​ဒဏ်​ကို​သင်​တို့​ခံ​ရ​ကြ​မည်။ သို့​ရာ တွင်​ယဇ်​ပု​ရော​ဟိတ်​တာ​ဝန်​ကို​ထမ်း​ဆောင် ရာ​၌​မှား​ယွင်း​ချွတ်​ချော်​ခဲ့​လျှင်​မူ​ကား သင် နှင့်​သင်​၏​သား​တို့​သာ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​မည်။-
2 A ko ou teina hoki, o te iwi o Riwai, o te iwi o tou papa, me whakatata tahi me koe, kia tapiritia ai ratou ki a koe, hei minita ki a koe: ko koutou tahi ia ko au tama hei te tapenakara o te whakaaturanga.
သင်​နှင့်​သင်​၏​သား​တို့​သည်​တဲ​တော်​နှင့်​ဆိုင် သော​ဝတ်​တို့​ကို​ဆောင်​ရွက်​ရာ​၌ သင်​၏​ဆွေ မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​သင်​တို့​ကို​ကူ​ညီ​စေ​လော့။-
3 A ma ratou tau mahi e tiaki, me te mahi tiaki o te tapenakara katoa: otiia kaua e whakatata ki nga oko o te wahi tapu, ki te aata ranei, kei mate ko ratou, ko koutou ranei.
သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-
4 A ka tapiritia ratou ki a koe, hei tiaki i nga mea o te tapenakara o te whakaminenga, mo nga mahi katoa o te tapenakara: kaua hoki te tangata ke e tata ki a koutou.
သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။-
5 Ma koutou hoki e tiaki nga mea o te wahi tapu, me nga mea o te aata; kei puta he riri ki nga tama a Iharaira a muri ake nei.
သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-
6 Me ahau hoki, nana, kua tango ahau i o koutou teina, i nga Riwaiti i roto i nga tama a Iharaira: he mea hoatu ki a koutou ma Ihowa, hei mahi i nga mahi o te tapenakara o te whakaminenga.
ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။-
7 Ko koutou ia ko au tama, kia mau ki ta koutou mahi tohunga ki nga mea katoa o te aata, o roto atu ano hoki i te arai, hei mahi ma koutou: he mea hoatu noa atu ta koutou mahi tohunga e hoatu nei e ahau: a ka whakamatea te tangata ke e whakatata ma i ana.
သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
8 I korero ano a Ihowa ki a Arona, Na kua tukua atu nei e ahau ki a koe te tiaki o aku whakahere hapahapai, o nga mea tapu katoa a nga tama a Iharaira; he mea hoatu naku ki a koutou ko au tama, he whakaaro hoki ki te whakawahinga, he tikanga pumau.
ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။-
9 Ko nga mea tenei mau o nga mea tino tapu e kore nei e tukua ki te ahi: ko a ratou whakahere katoa, ko a ratou whakahere totokore katoa, me a ratou whakahere hara katoa, me a ratou whakahere katoa mo te he, e tapaea ki ahau; ka tino tapu ma koutou ko au tama.
မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-
10 Hei te wahi tino tapu kai ai, ma nga tane katoa e kai: he tapu tena mau.
၁၀သ​ကာ​များ​ကို​သန့်​ရှင်း​သော​ဌာ​န​တွင်​စား​ရ မည်။ အ​မျိုး​သား​များ​သာ​လျှင်​စား​ရ​မည်။ ထို အ​စာ​သည်​သန့်​ရှင်း​သော​အ​စာ​ဖြစ်​၏။
11 Mau ano tenei; ko nga whakahere hapahapai e homai ana e ratou me nga whakahere poipoi katoa a nga tama a Iharaira: kua hoatu aua mea e ahau ki a koe, ki a koutou ko au tama, ko au tamahine, he tikanga pumau: e kainga tena e nga mea pokekore kato a o tou whare.
၁၁``ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆက် သ​သော အ​ခြား​အ​ထူး​ပူ​ဇော်​သကာ​များ​သည် လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ထို​ပူ​ဇော်​သကာ​များ သည် သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​ခံ​စား​ရ​မည့်​ဝေ​စု​ဖြစ်​သည်။ သင့်​အိမ်​ထောင် ၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ​တိုင်း ထို​အ​စား​အ​စာ​ကို​စား​နိုင်​သည်။
12 Ko nga wahi papai katoa o te hinu, me nga wahi papai katoa o te waina, o te witi hoki, ko nga tuapora o aua mea e homai ana ki a Ihowa, kua hoatu ena e ahau ki a koe.
၁၂``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။-
13 Mau nga hua mataati o nga mea katoa o te whenua, e kawea mai ana ki a Ihowa; me kai e nga mea pokekore katoa o tou whare.
၁၃ထို​အ​စား​အ​စာ​များ​သည်​သင်​နှင့်​ဆိုင်​၏။ သင့်​အိမ်​ထောင်​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သူ​တိုင်း​ထို​အ​စား​အ​စာ​ကို​စား နိုင်​သည်။
14 Mau nga mea katoa i oti rawa i roto i a Iharaira.
၁၄``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။
15 Ko nga mea katoa e oroko puta mai ana i te kopu o nga kikokiko katoa, ko nga mea hoki e whakaherea ana ma Ihowa, o te tangata, o te kararehe, mau ena: otiia me tino whakahoki atu e koe ki te utu nga matamua a te tangata, me tango utu ano mo nga matamua a te kararehe poke.
၁၅``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-
16 A, ko nga mea e utua ana e whakahokia ana, ka kotahi marama o tona whanautanga, me tango ona utu; kia rite ki tau e whakarite ai, kia rima hekere nga moni: hei nga hekere wahi tapu, e rua tekau nei nga kera.
၁၆တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။-
17 Ko te matamua ia a te kau, me te matamua a te hipi, me te matamua a te koati, kaua e whakahokia atu e koe; he tapu ena: me tauhi e koe o ratou toto ki te aata, me tahu ano o ratou ngako hei whakahere ahi, hei kakara reka ki a Ihowa.
၁၇သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-
18 A mau o ratou kikokiko, ka pera me te uma poipoi, me te huha matau, nau hoki ena.
၁၈အ​ထူး​ပူ​ဇော်​သ​ကာ​မှ​ရင်​ပုံ​သား​နှင့်​ယာ ဘက်​ပေါင်​သည် သင်​တို့​နှင့်​ဆိုင်​သ​ကဲ့​သို့ ယင်း​တို့​၏​အ​သား​သည်​လည်း​သင်​တို့​နှင့် ဆိုင်​၏။
19 Ko nga whakahere hapahapai katoa o roto o nga mea tapu e tapaea ana e nga tama a Iharaira ki a Ihowa, kua hoatu e ahau ki a koutou ko au tama, ko au tamahine; hei tikanga pumau: hei kawenata tote i te aroaro o Ihowa ake ake, ki a koutou tahi ko ou uri.
၁၉``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား ဆက်​သ​သော အ​ထူး​ပူ​ဇော်​သကာ​ရှိ​သ​မျှ​တို့ ကို​သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​အား​ငါ​ပေး​၏။ ဤ​ပဋိညာဉ်​သည်​ငါ​နှင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​ပြု​ထား​သော ထာ​ဝ​စဉ် တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
20 A i korero a Ihowa ki a Arona, Kahore he kainga tupu mou i to ratou whenua, kahore ano hoki he wahi mou i roto i a ratou: ko ahau te wahi mou, tou kainga tupu i roto i nga tama a Iharaira.
၂၀ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။
21 Kua hoatu nei hoki e ahau ki nga tama a Riwai nga whakatekau katoa i roto i a Iharaira hei taonga tupu, hei utu mo ta ratou mahi e mahi ai ratou, mo te mahinga i te tapenakara o te whakaminenga.
၂၁ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-
22 Kaua ano hoki nga tama a Iharaira e whakatata a muri ake nei ki te tapenakara o te whakaminenga, kei whai hara, kei mate.
၂၂အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည် တဲ​တော်​အ​နီး​သို့​မ​ချဉ်း​ကပ်​ရ၊ ချဉ်း​ကပ်​မိ သော​သူ​တို့​သည်​သေ​ဒဏ်​ခံ​ရ​မည်။-
23 Ma nga Riwaiti ia e mahi nga mahi o te tapenakara o te whakaminenga, me waha ano hoki e ratou to ratou kino; hei tikanga pumau ia ma o koutou whakatupuranga, kia kahore he kainga tupu mo ratou i roto i nga tama a Iharaira.
၂၃ယ​ခု​မှ​စ​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​က​သာ​လျှင် တဲ​တော်​ကို​ထိန်း​သိမ်း​၍ တဲ​တော်​နှင့်​ဆိုင်​သော ဝေ​ယျာ​ဝစ္စ​ရှိ​သ​မျှ​ကို​တာ​ဝန်​ခံ​ဆောင်​ရွက် ရ​မည်။ ဤ​ပ​ညတ်​ကို​သင်​၏​သား​မြေး​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​မည်။ ငါ့​အား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​အ​ထူး​အ​လှူ​အ​ဖြစ် ဆက် သ​သော​ဆယ်​ဖို့​တစ်​ဖို့​ကို​လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ငါ​ပေး​ထား​ပြီ​ဖြစ်​သော​ကြောင့် ဣ​သ ရေ​လ​နိုင်​ငံ​တွင်​ပစ္စည်း​ဥစ္စာ​မ​ပိုင်​ဆိုင်​ရ။ သို့ ဖြစ်​၍​သူ​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပစ္စည်း​ဥစ္စာ​မ​ပိုင်​ရ​ဟု​ငါ​အ​မိန့်​ရှိ​ခဲ့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
24 Ko nga whakatekau hoki a nga tama a Iharaira, e tapaea nei hei whakahere hapahapai ki a Ihowa, kua hoatu e ahau hei wahi tupu ki nga Riwaiti; koia ahau i mea ai ki a ratou, e kore ratou e whai kainga tupu i roto i nga tama a Iharaira.
၂၄
25 I korero ano a Ihowa ki a Mohi, i mea,
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် လေ​ဝိ အ​နွယ်​ဝင်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​သင်​တို့​အား​ပေး​သော​အ​ခါ သင်​တို့​သည် ထို​အ​လှူ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား အား အ​ထူး​အ​လှူ​အ​ဖြစ်​ဆက်​သ​ရ​မည်။-
26 Korero ano ki nga Riwaiti, mea atu ki a ratou, Ka tangohia e koutou nga whakatekau a nga tama a Iharaira e hoatu nei e ahau ki a koutou i roto i a ratou mea hei wahi tupu mo koutou, me tapae he whakahere hapahapai ki a Ihowa i roto i taua mea, h e wahi whakatekau o aua whakatekau.
၂၆
27 A ka kiia tenei whakahere hapahapai he mea na koutou, he pera me te witi o te patunga witi, me te purenatanga hoki o te poka waina.
၂၇ထို​အ​ထူး​အ​လှူ​ကို​လယ်​သ​မား၊ ခြံ​သ​မား ဆက်​သ​သော​ကောက်​သစ်၊ စ​ပျစ်​ရည်​သစ် အ​လှူ​ကဲ့​သို့​ငါ​မှတ်​ယူ​မည်။-
28 Na me tapae ano hoki e koutou he whakahere hapahapai ki a Ihowa i roto i a koutou whakatekau katoa e tangohia ana e koutou i nga tama a Iharaira; me homai te whakahere hapahapai a Ihowa i roto i taua mea ki te tohunga, ki a Arona.
၂၈ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို ငါ့​အား​အ​ထူး​အ​လှူ အ​ဖြစ်​ဆက်​သ​ရ​မည်။ သင်​တို့​သည်​ငါ့​အား ဆက်​သ​သော ဤ​အ​ထူး​အ​လှူ​ကို​ယဇ်​ပု ရော​ဟိတ်​အာ​ရုန်​အား​ပေး​အပ်​ရ​မည်။-
29 Me tapae nga whakahere hapahapai katoa ma Ihowa i roto i nga mea katoa e homai ana ki a koutou, i roto i nga mea papai katoa o ena, ara te wahi tapu o roto.
၂၉သင်​တို့​ရ​ရှိ​သော​အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရ​မည်။-
30 Me ki atu ki a ratou, Ka hapahapai koutou i te wahi tino pai o taua mea, me ki tena he mea na nga Riwaiti, he pera me te hua o te patunga witi, me te purenatanga hoki o te poka waina.
၃၀လယ်​သ​မား၊ ခြံ​သ​မား​သည်​ထာ​ဝရ​ဘုရား အ​တွက် လှူ​စ​ရာ​သီး​နှံ​များ​ကို​ဆက်​သ​ပြီး နောက် ကျန်​ရှိ​သ​မျှ​ကို​မိ​မိ​စား​သုံး​နိုင်​သ​ကဲ့ သို့ သင်​တို့​သည်​အ​ကောင်း​ဆုံး​ကို​ဆက်​သ​ပြီး လျှင် ကျန်​ရှိ​သ​မျှ​ကို​စား​သုံး​နိုင်​သည်။-
31 A me kai tena e koutou ko o koutou whare ki nga wahi katoa: ko to koutou utu hoki ia mo ta koutou mahi i te tapenakara o te whakaminenga.
၃၁ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-
32 A e kore e waha e koutou he hara i reira, ina hapahapainga tona wahi pai: kaua ano e whakapokea nga mea tapu a nga tama a Iharaira, kei mate koutou.
၃၂အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​သ​ပြီး​မှ​စား​သုံး​လျှင်​သင်​တို့​၌ အ​ပြစ်​မ​ရှိ။ သို့​ရာ​တွင်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပေး​သော အ​လှူ​မှ​အ​ကောင်း​ဆုံး ကို​ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​မီ​စား​သုံး ခြင်း​အား​ဖြင့် အ​လှူ​ကို​မ​ညစ်​ညူး​မိ​စေ​ရန် သ​တိ​ပြု​လော့။ ညစ်​ညူး​မိ​လျှင်​သင်​တို့​သည် သေ​ဒဏ်​သင့်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Tauanga 18 >