< Nehemia 5 >

1 Katahi ka nui atu te karanga a te iwi, ratou ko a ratou wahine, he whakahe mo o ratou tuakana, teina, mo nga Hurai.
ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​အ​မြောက် အ​မြား​တို့​သည် အ​ချင်း​ချင်း​အား​အ​ပြစ် တင်​၍​ညဉ်း​ညူ​ကြ​ကုန်​၏။-
2 I reira hoki etahi e mea ana, Ko matou, ko a matou tama, me a matou tamahine, he tokomaha; tatou ki te hoko witi, kia kai ai tatou, kia ora ai.
အ​ချို့​သော​သူ​တို့​က``ငါ​တို့​၏​အိမ်​သား​များ သ​ဖြင့်​ငါ​တို့​အ​သက်​ရှင်​မှု​အ​တွက်​ဂျုံ​စ​ပါး လို​ပါ​သည်'' ဟု​ဆို​ကြ​၏။
3 I reira hoki etahi e ki ana, Kua waiho o matou whenua, a matou mara waina, o matou whare hei taunaha; tatou ki te hoko witi mo te matekai.
အ​ချို့​တို့​က``ငါ​တို့​သည်​မ​ငတ်​မ​ပြတ်​ရ​လေ အောင်​ဂျုံ​စ​ပါး​ရ​ရှိ​ရေး​အ​တွက်​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​အိမ်​များ​ကို​ပေါင်​နှံ ထား​ရ​ကြ​ပါ​သည်'' ဟု​ဆို​ကြ​၏။
4 Me etahi hoki e ki ana, Kua riro mai he moni tarewa i a matou hei takoha me te kingi; ko o matou whenua, ko a matou mara waina te tarewatanga.
အ​ခြား​သူ​တို့​က``ငါ​တို့​သည်​လယ်​ခွန်​နှင့် စ​ပျစ်​ဥ​ယျာဉ်​ခွန်​ပေး​ဆောင်​နိုင်​ရန်​ငွေ​ကို ချေး​ယူ​ထား​ကြ​ရ​ပါ​သည်။-
5 Na rite tonu o matou kikokiko ki nga kikokiko o o matou tuakana; rite tonu a matou tamariki ki a ratou tamariki: nana, e whakaponongatia ana e matou a matou tama me a matou tamahine, hei pononga, kua oti ano etahi o a matou tamahine te mea hei po nonga, kahore hoki a matou mea hei whakahoki mai; no te mea kei nga tangata ke o matou whenua, a matou mara waina.
ငါ​တို့​သည်​လည်း​ယု​ဒ​အ​မျိုး​သား​များ ပင်​မ​ဟုတ်​ပါ​လော။ ငါ​တို့​သား​သ​မီး​များ သည်​လည်း​သူ​တို့​သား​သ​မီး​များ​ထက်​မ​ညံ့ ပါ။ သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​သား​သ​မီး များ​ကို​ကျွန်​ခံ​စေ​ကြ​ရ​ပါ​၏။ သ​မီး​အ​ချို့ ကို​လည်း​ကျွန်​အ​ဖြစ်​ရောင်း​ချ​လိုက်​ရ​လေ ပြီ။ ငါ​တို့​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်။ ငါ တို့​လယ်​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​သည် သူ​တစ်​ပါး​လက်​သို့​ရောက်​လေ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
6 Na nui atu toku riri i toku rongonga i ta ratou karanga, i enei kupu.
ထို​သူ​တို့​ညည်း​ညူ​သံ​ကို​ကြား​သော်​ငါ သည်​အ​မျက်​ထွက်​၍၊-
7 Katahi ka whakaaroaroa e toku ngakau i roto i ahau, a ka totohe ahau ki nga rangatira me nga tangata rarahi; i ki atu hoki ahau ki a ratou, E tangohia ana e koutou he moni whakatupu i tona teina, i tona teina. Na tu ana i ahau he hui nui hei whak ahe mo ratou.
အ​ရေး​ယူ​ဆောင်​ရွက်​ရန်​စိတ်​ပိုင်း​ဖြတ်​လိုက်​၏။ ငါ​သည်​ပြည်​သူ​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ် ရေး​မှူး​တို့​အား``သင်​တို့​သည်​မိ​မိ​တို့​ညီ အစ်​ကို​များ​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လျက်​နေ​ကြ ပါ​သည်​တ​ကား'' ဟု​ပြစ်​တင်​ပြော​ဆို​၏။ ငါ​သည်​ဤ​ပြ​ဿ​နာ​ကို ဖြေ​ရှင်း​ရန်​လူ​ထု စည်း​ဝေး​တစ်​ရပ်​ကို​ခေါ်​ယူ​ပြီး​လျှင်၊-
8 I mea ano ahau ki a ratou, Kua poto ta matou hei whakahoki mai i o tatou teina, i nga Hurai, kua oti nei te hoko ki nga tauiwi, a ka hokona atu ano ranei e koutou o koutou tuakana, teina? ka hokona ranei ratou ki a tatou? Katahi ka whakarongo kau ratou, kihai hoki i kitea he kupu ma ratou.
``မိ​မိ​တို့​ကိုယ်​ကို​လူ​မျိုး​ခြား​များ​လက် သို့​ရောင်း​ချ​ရ​ကြ​သူ ယု​ဒ​အ​မျိုး​သား​ညီ အစ်​ကို​တို့​အား​တတ်​နိုင်​သ​မျှ​ငါ​တို့​ပြန် လည်​ဝယ်​ယူ​ပြီး​မှ ယ​ခု​သင်​တို့​က မိ​မိ​တို့ အ​မျိုး​သား​အ​ချင်း​ချင်း​ပြန်​လည်​ရောင်း စား​လျက်​နေ​ကြ​ပါ​တကား'' ဟု​ဆို​သော အ​ခါ​ခေါင်း​ဆောင်​များ​သည်​ဆိတ်​ဆိတ် နေ​ကြ​၏။ စ​ကား​တစ်​ခွန်း​ကို​မျှ​ပြန်​၍ မ​ပြော​နိုင်​ကြ။
9 I mea ano ahau, Ehara tena i te mea pai e mea na koutou; kaua ianei koutou e haere i runga i te wehi ki to tatou Atua? kaua ranei e whakaaro ki te tawai mai a o tatou hoariri, a nga tauiwi?
ထို​နောက်​ငါ​သည်​သူ​တို့​အား``သင်​တို့​ပြု သော​အ​မှု​သည်​မ​ကောင်း​ပါ​တ​ကား။ ရန်​သူ လူ​မျိုး​ခြား​များ​သည်​ငါ​တို့​အား​သ​ရော် ခြင်း​မှ​ကင်း​လွတ်​စေ​ရန် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကာ​သင်​တို့​မှန်​ရာ​ကို​လုပ် ဆောင်​သင့်​ကြ​သည်။-
10 Na, ko ahau, ko oku teina, me aku tangata, e tuku ana he moni, he witi ki a ratou mo te moni whakatupu. Tena ra, kia whakarerea atu e tatou tenei mahi tango i te moni whakatupu.
၁၀ငါ​သည်​ပြည်​သူ​တို့​အား​ငွေ​နှင့်​ဂျုံ​စ​ပါး​ကို ချေး​ငှား​ပါ​၏။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ နှင့်​လုပ်​သား​များ​သည်​လည်း​ဤ​နည်း​အ​တိုင်း ပင်​ပြု​ကြ​ပါ​၏။ ယ​ခု​ငါ​တို့​သည်​ထို​အ​ကြွေး များ​ကို​ပြန်​လည်​တောင်း​ခံ​မှု​မ​ပြု​ဘဲ​နေ ကြ​စို့။-
11 Tena, whakahokia atu ki a ratou i tenei ra nei ano o ratou whenua, a ratou mara waina, mara oriwa, me o ratou whare me te wahi whakarau o te moni, o te witi, o te waina, o te hinu, e tangohia nei e koutou i a ratou.
၁၁သူ​တို့​ပေး​ဆပ်​ရန်​ရှိ​သော ငွေ၊ ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​အ​ကြွေး​ရှိ​သ​မျှ ကို​သင်​ပုန်း​ချေ​လိုက်​ကြ​စို့။ သူ​တို့​၏​လယ် များ၊ စ​ပျစ်​ဥ​ယျာဉ်​များ၊ သံ​လွင်​ခြံ​များ နှင့်​အိမ်​များ​ကို​ယ​ခု​ချက်​ချင်း​ပြန်​လည် ပေး​အပ်​လိုက်​ကြ​စို့'' ဟု​ပြော​ကြား​၏။
12 Katahi ratou ka ki mai, Me whakahoki atu e matou, e kore ano e tonoa e matou he mea i a ratou: ka rite ta matou e mea ai ki tau i ki mai na. Katahi ka karangatia e ahau nga tohunga, a ka meinga e ahau kia oati, mo tenei kupu kia mahia.
၁၂ခေါင်း​ဆောင်​များ​က``အ​ကျွန်ုပ်​တို့​သည်​အ​ရှင် ပြော​ဆို​သည့်​အ​တိုင်း​ပြု​ပါ​မည်။ ထို​သူ​တို့ ၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြန်​လည်​ပေး​အပ်​ကြ ပါ​မည်။ အ​ကြွေး​များ​ကို​လည်း​တောင်း​ခံ​မှု ပြု​ကြ​တော့​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော ကြ​၏။ ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ယူ​ကာ သူ​တို့​၏​ရှေ့​တွင်​ခေါင်း​ဆောင်​တို့​အား မိ​မိ​တို့ က​တိ​အ​တိုင်း​ပြု​လုပ်​ကြ​ရန်​ကျိန်​ဆို​စေ​၏။-
13 I ruperupea ano e ahau te uma o toku, me taku ki ano, Ko te tangata e kore e whakamana i tenei kupu, kia penei ta Ihowa ruperupe i a ia i roto i tona whare, i tana mahi; kia rite ano ia ki tenei te ruperupe, te takoto kau. A ka ki mai te huihui katoa, Amine; ka whakamoemiti ano ratou ki a Ihowa. Na pera tonu te mahi a te iwi.
၁၃ထို​နောက်​ငါ​ပတ်​ထား​သည့်​ခါး​စည်း ကို​ချွတ်​၍​ခါ​ပြီး​လျှင်``က​တိ​မ​တည်​သူ​သင် တို့​ရှိ​သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ဤ​သို့ ခါ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏​အိမ်​များ​နှင့်​သင် တို့​ပိုင်​ပစ္စည်း​ဥစ္စာ​ဟူ​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​မည်​ဖြစ်​၍​သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ မျှ​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။ ထို​အ​ရပ်​တွင်​ရှိ​သော​သူ​အ​ပေါင်း​တို့ က``အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ထာ​ဝ​ရ ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ထို နောက်​ခေါင်း​ဆောင်​တို့​သည်​မိ​မိ​တို့​၏ က​တိ​အ​တိုင်း​ဆောင်​ရွက်​ကြ​လေ​သည်။
14 No te ra ano i kiia ai ahau hei kawana mo ratou ki te whenua o Hura, no te rua tekau o nga tau, a tae noa ki te toru tekau ma rua o nga tau o Kingi Arataherehe, ara kotahi tekau ma rua tau, kahore ahau, oku teina ranei, i kai i te taro kawana.
၁၄ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ်​နှင့်​ငါ​တာ​ဝန်​ယူ​ရ သည့်​တစ်​ဆယ့်​နှစ်​နှစ်​အ​တော​အ​တွင်း​အာ တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​၏​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​မှ​သုံး​ဆယ့်​နှစ်​နှစ်​မြောက် တိုင်​အောင် ငါ​နှင့်​တ​ကွ​ငါ​၏​ဆွေ​မျိုး​သား ချင်း​တို့​သည်​ဘု​ရင်​ခံ​အ​နေ​ဖြင့်​ငါ​ရ သင့်​ရ​ထိုက်​သည့်​ရိက္ခာ​ကို​မ​ယူ​ပါ။-
15 Otiia ko nga kawana o mua, ko era i mua i ahau, he taimaha ta ratou ki te iwi: i tangohia hoki e ratou he taro, he waina, i a ratou, me etahi hekere hiriwa e wha tekau; ae ra, i whakatupu rangatira ano a ratou tangata ki te iwi: kihai ia ahau i pera, i wehi hoki ki te Atua.
၁၅ငါ​၏​အ​လျင်​ဘု​ရင်​ခံ​လုပ်​ခဲ့​သူ​တို့​သည် ပြည်​သူ​တို့​အား​ဝန်​လေး​စေ​ခဲ့​ကြ​၏။ သူ တို့​ထံ​မှ​ရိက္ခာ​နှင့်​စ​ပျစ်​ရည်​အ​တွက်​တစ် နေ့​လျှင် ငွေ​ဒင်္ဂါး​လေး​ဆယ်​တောင်း​ယူ​ခဲ့ ကြ​လေ​သည်။ ထို​ဘု​ရင်​ခံ​တို့​၏​အ​စေ အ​ပါး​များ​သည်​ပင်​လျှင်​ပြည်​သူ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​ကြ​၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ ဖြစ်​သ​ဖြင့်​ထို​သို့​မ​ပြု။-
16 I uaua tonu ano ahau ki te mahi i tenei taiepa, kihai hoki matou i hoko whenua mo matou; i huihuia atu ano hoki aku tangata katoa ki reira ki te mahi.
၁၆ငါ့​မှာ​ရှိ​သ​မျှ​သော​စွမ်း​ရည်​ခွန်​အား​ကို​မြို့ ရိုး​တည်​ဆောက်​ရာ​တွင်​အ​သုံး​ပြု​၏။ ငါ​သည် အ​ဘယ်​လယ်​မြေ​ကို​မျှ​လည်း​မ​ဝယ်။ ငါ​၏ အ​လုပ်​သ​မား​ရှိ​သ​မျှ​သည်​လည်း​မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​လုပ်​ကိုင်​ကြ​သည်။-
17 Na, kotahi rau e rima tekau i taku tepu, no nga Hurai, no nga rangatira, haunga era atu i haere mai nei ki a matou i roto i nga iwi i tetahi taha o matou, i tetahi taha.
၁၇ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​မှ​ငါ့​ထံ​သို့ လာ​ရောက်​ကြ​သည့်​လူ​များ​အ​ပြင် ယု​ဒ အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ခေါင်း​ဆောင် တစ်​ရာ့​ငါး​ဆယ်​ကို ငါ​သည်​ငါ့​စား​ပွဲ​တွင် ပုံ​မှန်​ကျွေး​မွေး​၏။-
18 Na, ko nga mea i taka maku i te ra kotahi, kotahi puru, e ono hipi, he mea pai; i taka ano etahi manu naku, a, kotahi i roto i nga ra kotahi tekau, ko nga tu waina katoa, tona nui; na ahakoa ko tenei katoa kihai ahau i mea ki te taro kawana, no te mea he taimaha rawa te hereherenga o tenei iwi.
၁၈ယင်း​သို့​ကျွေး​မွေး​ရန်​အ​တွက်​နေ့​စဉ်​နေ့​တိုင်း နွား​တစ်​ကောင်၊ လက်​ရွေး​စင်​သိုး​ခြောက်​ကောင် နှင့်​ကြက်​အ​မြောက်​အ​မြား​ကို​ချက်​ပြုတ် ကျွေး​မွေး​သည်။ ထို့​ပြင်​ဆယ်​ရက်​တစ်​ကြိမ် စ​ပျစ်​ရည်​ကို​လည်း​ထုတ်​ပေး​၏။ သို့​ရာ​တွင် ငါ​သည်​ပြည်​သူ​တို့​ထမ်း​ရ​သော​ဝန်​လေး ကြောင်း​ကို​သိ​သ​ဖြင့် ဘု​ရင်​ခံ​အ​နေ​ဖြင့် ခံ​စား​ထိုက်​သော​ရိက္ခာ​ကြေး​များ​ကို​မ တောင်း​ခံ​ပါ။
19 Kia mahara mai ki ahau, e toku Atua, mo te pai, kia rite ki aku mea katoa i mea ai ahau ki tenei iwi.
၁၉အို ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​အ​တွက်​အ​ကျွန်ုပ် ပြု​ခဲ့​သ​မျှ​ကို​သ​တိ​ရ​၍​အ​ကျွန်ုပ်​အား ကျေး​ဇူး​ပြု​တော်​မူ​ပါ။

< Nehemia 5 >