< Rewitikuha 8 >

1 I korero ano a Ihowa ki a Mohi, i mea,
တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
2 Tikina atu a Arona ratou tahi ko ana tama, me nga kakahu, me te hinu whakawahi, me te puru mo te whakahere hara, me nga hipi toa e rua, me te kete taro rewenakore;
``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-
3 Huihuia ano hoki e koe te whakaminenga katoa ki te whatitoka o te tapenakara o te whakaminenga.
ထို့​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို ထို​နေ​ရာ​၌​စု​ရုံး​စေ​လော့'' ဟု​မိန့်​တော်​မူ​သည်။
4 A rite tahi ki ta Ihowa i whakahau ai ta Mohi i mea ia; a huihuia ana te whakaminenga ki te whatitoka o te tapenakara o te whakaminenga.
မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ဆောင်​ရွက်​၏။ လူ​တို့​စု​ဝေး ရောက်​ရှိ​လာ​သော​အ​ခါ၊-
5 Na ka mea a Mohi ki te whakaminenga, Ko te mea tenei i whakahaua e Ihowa kia meatia.
မော​ရှေ​က​သူ​တို့​အား``ယ​ခု​ငါ​ပြု​လုပ်​မည့် အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ငါ​ပြု​လုပ်​ခြင်း​ဖြစ်​သည်'' ဟု​ဆို​လေ​၏။
6 Na ka kawea mai a Arona ratou ko ana tama e Mohi, a horoia ana ratou e ia ki te wai.
ထို့​နောက်​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း အာ​ရုန်​နှင့်​သူ​၏​သား တို့​ကို​ရှေ့​သို့​ထုတ်​ဆောင်​၍​ရေ​ဆေး​ကြော စေ​၏။-
7 A i whakakakahuria e ia te koti ki a ia, i whitikiria hoki te whitiki, i whakakakahuria atu hoki te koroka, i meatia atu ano hoki te epora ki a ia, a whitikiria ana ki a ia te whitiki whakairo o te epora, kia mau ai te epora ki a ia.
အာ​ရုန်​အား​အင်္ကျီ၊ ဝတ်​ရုံ​နှင့်​ခါး​ပန်း​ကို ခါး​တွင်​ဝတ်​ဆင်​ပေး​၏။ ထို​နောက်​သင်​တိုင်း ကို​ဝတ်​ပေး​၍​လှ​ပ​စွာ​ရက်​ထား​သော​ခါး စည်း​ဖြင့်​သင်​တိုင်း​ကို​ချည်​နှောင်​ပေး​၏။-
8 I whakamaua ano te kouma ki a ia: a whakanohoia ana e ia nga Urimi me nga Tumime ki te kouma.
ရင်​ဖုံး​ကို​တပ်​ဆင်​ပေး​ပြီး​လျှင်​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ် ကို​ထည့်​ထား​၏။-
9 A i potaea e ia te potae tohunga ki tona patenga; i maka iho ano te paraharaha koura, te karauna tapu, ki te potae tohunga, ki te wahi ki mau; ko ta Ihowa hoki i whakahau ai ki a Mohi.
အာ​ရုန်​၏​ဦး​ခေါင်း​ပေါ်​တွင်​ဗောင်း​ထုပ်​ကို​တင်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သည့်​အ​ထိမ်း အ​မှတ်​ဖြစ်​သော​ရွှေ​သင်း​ကျစ်​ကို​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဗောင်း ထုပ်​ရှေ့​တွင်​တပ်​ဆင်​ပေး​၏။
10 Na ka mau a Mohi ki te hinu whakawahi, a whakawahia ana e ia te tapenakara, me nga mea katoa i roto, hei whakatapu.
၁၀ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။-
11 A e whitu ana tauhiuhinga atu i te hinu ki te aata, na whakawahia ana e ia te aata me ona oko katoa, te takotoranga wai ano me tona turanga, kia tapu ai.
၁၁ထို​နောက်​မော​ရှေ​သည်​ဆီ​အ​နည်း​ငယ်​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​နှင့်​ယဇ်​ပလ္လင်​ဆိုင်​ရာ​ပစ္စည်း တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့်​၎င်း ၏​အောက်​ခြေ​ကို​လည်း​ကောင်း​ခု​နစ်​ကြိမ် ဖျန်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-
12 I ringihia ano e ia tetahi wahi o te hinu whakawahi ki runga ki te matenga a Arona, a whakawahia ana ia kia tapu.
၁၂တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။-
13 A i arahina mai e Mohi nga tama a Arona, a whakakakahuria ana nga koti ki a ratou, whitikiria ana hoki nga whitiki ki a ratou, potaea ana hoki nga potae ki a ratou; ko ta Ihowa hoki i whakahau ai ki a Mohi.
၁၃ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​အာ​ရုန်​၏​သား​များ​ကို ရှေ့​သို့​ခေါ်​ဆောင်​၍ အင်္ကျီ​များ​ကို​ဝတ်​ဆင်​ပေး ပြီး​နောက်​ခါး​ပန်း​ကို​ခါး​တွင်​စည်း​ပေး​၏။ ဦး ခေါင်း​များ​ပေါ်​တွင်​လည်း​ဦး​ထုပ်​များ​ကို ဆောင်း​ပေး​၏။
14 A i kawea ano e ia te puru mo te whakahere hara: na ka popoki nga ringa a Arona ratou ko ana tama ki te matenga o te puru mo te whakaherehara.
၁၄ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​နွား​ပျို​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန် နှင့်​သူ​၏​သား​တို့​အား​နွား​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​စေ​သည်။-
15 A patua iho e ia; a ka tango a Mohi i te toto a pania atu ana ki tona maihao ki nga haona o te aata a tawhio noa, a horohoroa ana e ia te aata, ringihia ana hoki e ia te toto ki te turanga o te aata, a whakatapua ana, hei whakamarie mona.
၁၅မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။-
16 Na ka tango ia i nga ngako katoa o nga whekau, me te taupa o te ate, me nga whatukuhu e rua, me to reira ngako, a tahuna ana e Mohi ki te aata.
၁၆မော​ရှေ​သည်​ဝမ်း​တွင်း​သား​မှ​အ​ဆီ​အား လုံး၊ အ​သည်း​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည်။-
17 Ko te puru ia me tona hiako, ona kikokiko, me tona paru, i tahuna e ia ki te ahi i waho o te puni; i peratia ano me ta Ihowa i whakahau ai ki a Mohi.
၁၇သူ​သည်​နွား​သား​ရေ​အ​သား​နှင့်​အူ​များ အ​ပါ​အ​ဝင်​ကျန်​သော​အ​ပိုင်း​တို့​ကို ထာ ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း စ​ခန်း​အ​ပြင်​ဘက်​၌​မီး​ရှို့​လေ​သည်။
18 I kawea ano e ia te hipi toa mo te tahunga tinana, a ka popoki nga ringa a Arona ratou ko ana tama ki te matenga o te hipi.
၁၈ထို့​နောက်​မော​ရှေ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော် ရန်​သိုး​ထီး​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ ၏​သား​တို့​အား​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင် လက်​ကို​တင်​စေ​၏။-
19 A patua iho e ia; a tauhiuhia atu ana te toto e Mohi ki te aata a tawhio noa.
၁၉မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင် သွေး​ကို ယဇ်​ပလ္လင်​လေး​ဘက်​ပေါ်​သို့​ပက်​ဖျန်း​လေ သည်။-
20 Na ka tapatapahia te hipi; a tahunga ana te pane e Mohi, me nga tapahanga, me te ngako.
၂၀မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး လျှင်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​တို့​ကို​ရေ နှင့်​ဆေး​၍ သိုး​၏​ဦး​ခေါင်း၊ အ​ဆီ​မှ​စ​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ပူ​ဇော်​လေ​သည်။ ဤ မီး​ရှို့​ရာ​ယဇ်​သည်​ပူ​ဇော်​သကာ​ဖြစ်​၍ ၎င်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။
21 Na ka horoia e ia nga whekau, me nga waewae ki te wai; a tahuna katoatia ana e Mohi te hipi ki runga ki te aata: he tahunga tinana tera, he kakara reka, he whakahere ahi ki a Ihowa; ko ta Ihowa hoki i whakahau ai ki a Mohi.
၂၁
22 Na ka kawea e ia te rua o nga hipi toa, te hipi mo te whakatohungatanga: a ka popoki nga ringa a Arona ratou ko ana tama ki te matenga o te hipi.
၂၂ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ ကို​သိက္ခာ​တင်​ရာ​၌​ပူ​ဇော်​ရန် ဒု​တိ​ယ​သိုး ထီး​ကို​ယူ​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား တို့​က​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​ကြ​သည်။-
23 A patua iho e ia: na ka tangohia e Mohi tetahi wahi o ona toto, a pania ana e ia ki te matamata o te taringa matau o Arona, ki te koromatua ano o tona ringa matau, ki te koromatua ano hoki o tona waewae matau.
၂၃မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။-
24 Na ka arahina e ia nga tama a Arona, a pania ana e Mohi tetahi wahi o nga toto ki te matamata o o ratou taringa matau, ki nga koromatua hoki o o ratou ringa matau, ki nga koromatua ano hoki o o ratou waewae matau: a ka tauhiuhia e Mohi te toto k i te aata a tawhio noa.
၂၄ထို့​နောက်​အာ​ရုန်​၏​သား​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​၏​လက်​ယာ​နား​ပျဉ်း​များ၊ လက်​ယာ လက်​မ​များ​နှင့်​လက်​ယာ​ခြေ​မ​များ​ကို သိုး​သွေး​ဖြင့်​သုတ်​လေ​သည်။ မော​ရှေ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​ပေါ် သို့​ပက်​ဖျန်း​လေ​သည်။-
25 Na ka tangohia e ia te ngako me te hiawero, me nga ngako katoa o nga whekau, me te taupa o te ate, me nga whatukuhu e rua, me to reira ngako, me te huha matau:
၂၅သူ​သည်​သိုး​၏​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆုံး​အ​ပိုင်း၊ အ​သည်း မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့်​ကျောက်​ကပ်​အ​ဆီ၊ လက်​ယာ​ပေါင်​တို့​ကို​ထုတ်​ယူ​သည်။-
26 I tangohia ano e ia i roto i te kete taro rewenakore i te aroaro o Ihowa, kotahi keke rewenakore, kotahi keke taro hinu me tetahi o nga mea angiangi, a maka iho e ia ki runga ki te ngako, ki runga hoki ki te huha matau:
၂၆ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။-
27 A hoatutia katoatia ana e ia ki nga ringa a Arona, ki nga ringa ano o ana tama, a poipoia ana hei whakahere poipoi ki te aroaro o Ihowa.
၂၇သူ​သည်​၎င်း​တို့​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့ လက်​သို့​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​သ​ကြ​သည်။-
28 Na ka tangohia e Mohi i o ratou ringa, a tahuna ana ki runga ki te aata, ki runga ki te tahunga tinana: hei whakatohunga; hei kakara reka, hei whakahere ahi ki a Ihowa.
၂၈ထို့​နောက်​မော​ရှေ​သည်​ထို​ပူ​ဇော်​သ​ကာ​များ ကို​သူ​တို့​ထံ​မှ​ပြန်​ယူ​သ​ဖြင့် သူ​သည် သိက္ခာ တင်​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ယဇ်​ပလ္လင်​ပေါ် ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​အ​ပေါ်​သို့​တင်​လျက် မီး​ရှို့​လေ​သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ၎င်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။-
29 Na ka tangohia e Mohi te uma, a poipoia ana e ia hei whakahere poipoi ki te aroaro o Ihowa: i a Mohi tena wahi o te hipi toa o te whakatohungatanga; ko ta Ihowa hoki i whakakahau ai ki a Mohi.
၂၉ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။
30 Na ka tango a Mohi i tetahi wahi o te hinu whakawahi, o te toto ano i runga i te aata, a tauhiuhia ana e ia ki a Arona, ki ona kakahu, ki a ratou tahi ano ko ana tama, ki nga kakahu ano o ana tama; a whakatapua ana e ia a Arona, ona kakahu, ana tama, me nga kakahu o ana tama.
၃၀ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။
31 Na ka mea a Mohi ki a Arona ratou ko ana tama, Kohuatia te kikokiko ki te whatitoka o te tapenakara o te whakaminenga; kainga hoki ki reira me te taro i te kete o te whakatohungatanga; kia rite ki taku i whakahau ai, i mea ai, Me kai e Arona rat ou ko ana tama.
၃၁ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-
32 A, ko te toenga o te kikokiko, o te taro, me tahu ki te ahi.
၃၂ကြွင်း​ကျန်​သော​အ​သား​နှင့်​မုန့်​ကို​မီး​ရှို့ ရ​မည်။
33 Na kaua koutou e puta i te whatitoka o te tapenakara o te whakaminenga kia whitu ra ano nga ra, kia taka ra ano nga ra o to koutou whakatohungatanga: e whitu hoki nga ra e whakatohunga ai ia i a koutou.
၃၃သင်​တို့​သည်​သိက္ခာ​တင်​မင်္ဂ​လာ​ကာ​လ​ခု​နစ် ရက်​မ​စေ့​မီ တဲ​တော်​တံ​ခါး​အ​ပြင်​သို့​မ ထွက်​ရ။-
34 Ko nga mea i meatia inaianei, he mea whakahau mai na Ihowa kia meatia, hei whakamarie mo koutou.
၃၄သင်​တို့​အ​ပြစ်​ပြေ​စေ​ရန်​အ​တွက်​ငါ​တို့ ယ​နေ့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​သည်။-
35 A me noho koutou ki te whatitoka o te tapenakara o te whakaminenga i te ao, i te po, kia whitu ra ano nga ra, ki te tiaki i nga mea a Ihowa, kei mate koutou: ko te mea hoki tenei i whakahaua ki ahau.
၃၅သင်​တို့​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ခု​နစ်​ရက် ပတ်​လုံး​နေ့​ည​မ​ပြတ်​ဆောင်​ရွက်​လျက်​နေ ရ​မည်။ သင်​တို့​သည်​မိန့်​မှာ​တော်​မူ​သည် အ​တိုင်း​မ​ဆောင်​ရွက်​လျှင် သေ​ရ​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​မိန့်​တော် မူ​ပြီ'' ဟူ​၍​ဆင့်​ဆို​လေ​သည်။-
36 Na ka meatia e Arona, ratou ko ana tama, nga whakahau katoa a Ihowa, i korerotia e Mohi.
၃၆သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။

< Rewitikuha 8 >