< Tangi 3 >
1 Ko ahau te tangata kua kite i te pouri, he mea na te rakau o tona riri.
၁ငါသည်ဘုရားသခင်၏အပြစ်ဒဏ်ခတ်ခြင်း ဆိုသည်မှာ ဘယ်သို့ဖြစ်သည်ကိုသိရသောသူဖြစ်ပါ၏။
2 I arahina e ia, i meinga kia haere i te pouri, kahore i te marama.
၂ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
3 He pono kua tahuri mai ia ki ahau, kua anga mai tona ringa ki ahau, a pau noa te ra.
၃သနားကရုဏာကင်းမဲ့စွာအကြိမ်ကြိမ် အဖန်ဖန်ရိုက်နှက်တော်မူပါ၏။
4 Kua meinga nei e ia oku kikokiko me toku kiri kia rite ki o te koroheke, mangungu kau i a ia oku wheua.
၄ကိုယ်တော်သည်ငါ၏အသားကိုကွဲပြဲစေကာ အရိုးတို့ကိုချိုး၍ထားတော်မူပါ၏။
5 Kua hanga e ia he patu moku; karapotia ana ahau ki te wai kawa, ki te raruraru.
၅ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။
6 Kua meinga ahau e ia kia noho ki nga wahi pouri, kia pera me te hunga kua mate noa ake.
၆ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
7 Kua oti ahau te taiepa mai e ia, te puta atu ahau; kua meinga e ia toku mekameka kia taimaha.
၇ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။
8 Ae ra, i ahau e karanga ana, e hamama ana kia awhinatia, ka araia mai e ia taku inoi.
၈ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်း ဘုရားသခင်သည်နားထောင်တော်မမူ။
9 Kua oti ano oku ara te taiepa mai e ia ki te kohatu tarai, whakakopikopikoa ake e ia oku ara.
၉ငါသည်လမ်းလျှောက်သောအခါ ယိမ်းယိုင်လျက်နေပါ၏။ ငါလှည့်လိုက်သည့်အခါတိုင်း၌ ကျောက်နံရံများပိတ်လျက်ရှိပါ၏။
10 Ko tona rite ki ahau kei te pea e whanga ana, kei te raiona i nga wahi ngaro.
၁၀ကိုယ်တော်သည်ဝက်ဝံသဖွယ်ငါ့အားချောင်း မြောင်းကာ ခြင်္သေ့ကဲ့သို့ခုန်အုပ်တော်မူပါ၏။
11 Whakangaua ketia ana e ia oku ara, haehaea putia iho ahau; meinga ana ahau e ia kia noho kau noa iho.
၁၁လမ်းနံဘေးတွင်ငါ့ကိုလိုက်လံဖမ်းဆီးပြီးလျှင် အပိုင်းပိုင်းဆွဲဖြတ်ကာစွန့်ပစ်ထားတော်မူပါ၏။
12 Kua whakapikoa e ia tana kopere, a whakaturia ake ahau e ia hei koperenga pere.
၁၂ကိုယ်တော်သည်လေးတော်ကိုတင်၍ငါ့အား ပစ်မှတ်အဖြစ်အသုံးပြုတော်မူပါ၏။
13 Kua meinga e ia nga pere o tana papa pere kia ngoto ki oku whatumanawa.
၁၃ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
14 Kua waiho ahau hei katanga ma toku iwi katoa; hei waiata ma ratou a pau noa te ra.
၁၄လူတို့သည်တစ်နေကုန်တစ်နေခန်းငါ့ကို ပြက်ရယ်ပြုကြပါ၏။ ငါသည်လူများအတွက်ရယ်စရာဖြစ်၍ နေတော့၏။
15 Kua whakakiia ahau e ia ki nga mea kawa, whakainumia rawatia ana ahau e ia ki te taru kawa.
၁၅ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
16 Kua whatiwhatiia ano hoki e ia oku niho ki te kirikiri, hipokina ana ahau e ia ki te pungarehu.
၁၆ကိုယ်တော်သည်ငါ၏မျက်နှာကိုမြေပြင်နှင့် ပွတ်တိုက်တော်မူ၍ ငါ၏သွားတို့ကိုကျောက်ပေါ်တွင်ချိုးတော်မူပါ၏။
17 Kua nekehia atu e koe toku wairua kei tata ki te rangimarie; i wareware ahau ki te pai.
၁၇ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
18 Ki tonu ake ahau, kua pirau toku kaha, kahore he tumanakohanga maku ki a Ihowa.
၁၈ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။
19 Mahara ki toku ngakau mamae, ki toku pouri, ki te taru kawa, ki te wai kawa.
၁၉ငါခံရသည့်ဝေဒနာနှင့်ငါအိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို စဉ်းစားဆင်ခြင်ရသည်မှာ ဆိုးရွားသည့်အဆိပ်ကိုမျိုရသည်နှင့် တူတော့၏။
20 Maharahara tonu toku wairua ki a ratou, piko tonu iho i roto i ahau.
၂၀ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
21 E whakahokia ake ana tenei e ahau ki toku ngakau, koia i tumanako ai ahau.
၂၁သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။
22 He mahi tohu na Ihowa te poto ai tatou, he kore no ana mahi aroha e mutu.
၂၂ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
23 E hou tonu ana ratou i tenei ata, i tenei ata; he nui tou pono.
၂၃
24 Ko Ihowa te wahi moku, e ai ta toku wairua; no reira ka tumanako ahau ki a ia.
၂၄ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
25 He pai a Ihowa ki te hunga e tumanako ana ki a ia, ki te wairua e rapu ana i a ia.
၂၅ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။
26 He pai ano kia tumanako te tangata, kia tatari marie hoki ki ta Ihowa whakaora.
၂၆သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
27 He pai ano mo te tangata kia amohia e ia te ioka i tona tamarikitanga.
၂၇ယင်းသို့သည်းခံစောင့်မျှော်မှုကို အသက်ပျိုရွယ်စဉ်အခါကလေ့ကျက် ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ၏။
28 Me noho ia, tona kotahi, me whakarongo puku hoki, no te mea nana i uta ki a ia.
၂၈ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
29 Me tuku e ia tona mangai ki te puehu; mehemea pea tera he tumanakohanga.
၂၉မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။
30 Me hoatu e ia tona paparinga ki te tangata e papaki ana i a ia: kia ki tonu ia i te tawai.
၃၀ရိုက်နှက်စော်ကားမှုကိုခံရသော်လည်း နားလည်လက်ခံသင့်ကြ၏။
31 E kore hoki e mau tonu ta Ihowa panga:
၃၁ထာဝရဘုရားသည်သနားတတ်သော ကြောင့် ငါတို့အားထာဝစဉ်ပင်ပစ်ပယ်တော်မူလိမ့် မည်မဟုတ်။
32 Ahakoa whakapouri ia, ka aroha ano ia, ka rite ki te nui o tana mahi tohu.
၃၂ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။
33 Kahore hoki ona ngakau whiu, whakapouri ranei, i nga tama a te tangata.
၃၃ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။
34 Ko te kuru i nga herehere katoa o te whenua ki raro i ona waewae;
၃၄ငါတို့သည်ထောင်ထဲတွင်အကျဉ်းခံရ၍ စိတ်ကျိုးပဲ့ကြေမွလျက်ရှိသောအခါ ကိုယ်တော်သိတော်မူပါ၏။
35 Ko te whakapeau ke i te tika o te tangata ina whakawakia i te aroaro o te Runga Rawa;
၃၅ကိုယ်တော်သည်မိမိပေးထားသည့်ရပိုင်ခွင့် များကို ငါတို့ဆုံးရှုံးရကြသောအခါ၌လည်း သိတော်မူပါ၏။
36 Ko te whakariro ke i ta te tangata ina totohe, e kore tena e whakapaingia e te Ariki.
၃၆ရုံးတော်တွင်တရားစီရင်မှုဖောက်လွဲဖောက် ပြန် ဖြစ်သောအခါလည်း ကိုယ်တော်သိတော်မူပါ၏။
37 Ko wai tenei hei ki mai, a ka oti, i te mea kihai i whakahaua e te Ariki?
၃၇ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
38 He teka ianei e puta mai ana te kino me te pai i roto i te mangai o te Runga Rawa?
၃၈အကောင်းနှင့်အဆိုးသည်ကိုယ်တော်၏ အမိန့်တော်အရဖြစ်ပျက်ရပါ၏။
39 He aha te tangata ora i amuamu ai, te tangata ina whiua mo ona hara?
၃၉ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
40 E rapu tatou, e kimi i o tatou ara, a ka tahuri ano ki a Ihowa.
၄၀ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။
41 Kia ara atu o tatou ngakau me o tatou ringa ki te Atua i te rangi.
၄၁ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင် အား ငါတို့စိတ်နှလုံးကိုဖွင့်လျက် အောက်ပါပတ္ထနာကိုပြုကြကုန်အံ့။
42 I he matou, i whakakeke; kihai ano koe i muru i to matou he.
၄၂``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
43 Kua hipokina nei e koe ki te riri, tukinotia ana matou e koe: tukitukia ana e koe, kihai ano i tohungia e koe.
၄၃``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။
44 Hipokina ana e koe he kapua ki a koe, kei puta atu ta matou inoi.
၄၄
45 Kua meinga matou e koe hei paru tahinga, hei mea akiri i waenga i nga iwi.
၄၅ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကမ္ဘာ့အလယ်တွင်အညစ်အကြေးအမှိုက်ပုံ ဖြစ်စေတော်မူပါပြီ။
46 Kua hamama mai nga mangai o o matou hoariri katoa ki a matou.
၄၆``ကျွန်တော်မျိုးတို့သည်ရန်သူများ၏စော်ကား ပြောင်လှောင်မှုကိုခံရကြပါ၏။
47 Ko te wehi, ko te rua, kua tae mai kei a matou, te whakamoti me te wawahi.
၄၇ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
48 Kei te tarere nei nga awa wai i toku kanohi, mo te wawahanga o te tamahine a toku iwi.
၄၈ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
49 Maturuturu ana te wai i toku kanohi, kahore hoki e mutu, te ai he pariratanga,
၄၉``ထာဝရဘုရားသည်ကောင်းကင်ဘုံမှငါ တို့အား ကြည့်တော်မူ၍မြင်တော်မူသည်တိုင်အောင် ငါ၏မျက်ရည်များသည်မရပ်မနားစီးလျက် နေပါလိမ့်မည်။
50 Kia titiro mai ra ano a Ihowa, kia kite mai ra ano ia i runga i te rangi.
၅၀
51 E meatia iho ana toku ngakau e toku kanohi, mo nga tamahine katoa o toku pa.
၅၁မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
52 Kua whaia kinotia ahau ano he manu e ratou, e te hunga e hoariri ana ki ahau, kahore he take.
၅၂ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။
53 Ngaro iho i a ratou toku ara i roto i te poka, kua maka e ratou he kohatu ki runga ki ahau.
၅၃သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ် တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။
54 I rere nga wai i runga i toku mahunga: i mea ahau, kua motuhia ketia ahau.
၅၄မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့် ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
55 I karanga ahau ki tou ingoa, e Ihowa, i roto i te poka i raro rawa.
၅၅``အို ထာဝရဘုရားတွင်းထဲမှနေ၍ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
56 I rongo koe ki toku reo; kaua e huna tou taringa ki te tanga o toku manawa, ki taku karanga.
၅၆ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန် ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍
57 I whakatata mai koe i te ra i karanga ai ahau ki a koe; i ki mai koe, Kaua e wehi.
၅၇ကျွန်တော်မျိုးအား`မကြောက်နှင့်' ဟုပြန်လည် ဖြေကြားတော်မူပါ၏။
58 Kua tohea e koe, e te Ariki, nga tohe a toku wairua; kua hokona e koe toku ora.
၅၈အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားကူမရန်ကြွလာတော်မူ၍ ကယ်တင်တော်မူပါ၏။
59 Kua kite koe, e Ihowa, i te he i mahia ki ahau: mau e whakarite taku whakawa.
၅၉ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။
60 Kua kite koe i to ratou mauahara katoa, i o ratou whakaaro katoa moku.
၆၀ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။
61 Kua rongo koe ki ta ratou tawai, e Ihowa, ki o ratou whakaaro katoa moku;
၆၁``ကိုယ်တော်ရှင်သည်ထိုသူတို့ကျွန်တော်မျိုး အား စော်ကားကြသည်ကိုကြားတော်မူ၍ သူတို့၏လျှို့ဝှက်သောအကြံအစည် မှန်သမျှကိုလည်းသိတော်မူပါ၏။
62 Ki nga ngutu o te hunga i whakatika mai ki ahau, ki ta ratou tikanga moku, a pau noa te ra.
၆၂သူတို့သည်တစ်နေကုန်တစ်နေခန်း ကျွန်တော်မျိုး အကြောင်းကိုပြောဆိုလျက် မိမိတို့အကြံအစည်များကိုပြုလုပ်ကြပါ၏။
63 Tirohia mai to ratou nohoanga iho, to ratou whakatikanga ake; ko ahau te waiatatia nei e ratou.
၆၃မိုးလင်းမှမိုးချုပ်တိုင်အောင်ကျွန်တော်မျိုးကို ပြက်ရယ်ပြုကြပါ၏။
64 Hoatu he utu ki a ratou, e Ihowa, kia rite ki te mahi a o ratou ringa.
၆၄``အို ထာဝရဘုရားသူတို့အားမိမိတို့ ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။
65 Hoatu ki a ratou he ngakau pakeke, tau kanga ki a ratou.
၆၅သူတို့အားကျိန်ဆဲတော်မူ၍စိတ်ဋ္ဌာတ် ကျဆင်းစေတော်မူပါ။
66 Whaia ratou i runga i te riri, whakangaromia atu ratou i raro i nga rangi o Ihowa.
၆၆သူတို့ကိုလိုက်လံဖမ်းဆီးတော်မူ၍ ကမ္ဘာမြေပေါ်မှ အကုန်အစင်သုတ်သင်ပယ်ရှင်းတော်မူပါ။''