< Kaiwhakariterite 2 >

1 Na ka haere ake te anahera a Ihowa i Kirikara ki Pokimi, a ka mea, Naku koutou i haere mai ai i Ihipa, naku hoki koutou i kawe mai ki te whenua i oati ai ahau ki o koutou matua; i mea ano ahau, E kore e taka taku kawenata ki a koutou.
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ဂိ​လ​ဂါ​လ​မြို့​မှ​ဗော​ခိမ်​မြို့​သို့​သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ငါ​သည် သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ပြီး​လျှင် သင်​တို့​ဘိုး​ဘေး​တို့​အား​ငါ​က​တိ​ပြု​ခဲ့​သည့် ပြည်​သို့​ပို့​ဆောင်​ပေး​ခဲ့​၏။ ငါ​သည်​သင်​တို့​နှင့် ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ ဖျက်​လိမ့်​မည်​မ​ဟုတ်။-
2 Kaua ano koutou e whakarite kawenata ki nga tangata o tenei whenua; me pakaru e koutou a ratou aata. Heoi kihai nei koutou i rongo ki toku reo. He aha tenei mahi a koutou?
သင်​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​သူ​တို့​နှင့် အ​ဘယ်​သို့​မျှ​ပ​ဋိ​ညာဉ်​မ​ပြု​ရ။ ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​ရ​ကြ​မည် ဟု​သင်​တို့​အား​ငါ​မိန့်​မှာ​ခဲ့​၏။ သို့​ရာ​တွင် သင်​တို့​သည်​ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​ကြ။ အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း။-
3 Koia hoki ahau ka mea nei, E kore ahau e pei atu i a ratou i to koutou aroaro; a ka waiho ratou ano he tataramoa ki o koutou kaokao; ko o ratou atua hoki hei rore mo koutou.
သို့​ဖြစ်​၍​သင်​တို့​ရှေ့​သို့​ချီ​တက်​ကြ​သော အ​ခါ ငါ​သည်​ဤ​သူ​တို့​ကို​ထွက်​ပြေး​စေ​လိမ့် မည်​မ​ဟုတ်​ဟု သင်​တို့​အား​ယ​ခု​ငါ​ဆို​၏။ သူ တို့​သည်​သင်​တို့​၏​ရန်​သူ​များ​ဖြစ်​ကြ​လိမ့် မည်။ သင်​တို့​အ​တွက်​သူ​တို့​၏​ဘု​ရား​များ သည်​ထောင်​ချောက်​သ​ဖွယ်​ဖြစ်​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​သည်။-
4 A, no te korerotanga a te anahera a Ihowa i enei kupu ki nga tamariki katoa a Iharaira, ka ara te reo o te iwi, ka tangi.
ဤ​သို့​ကောင်း​ကင်​တ​မန်​မြွက်​ဆို​ပြီး​သော အ​ခါ​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​ငို​ကြွေး​ကြ​ကုန်​၏။-
5 Na huaina iho e ratou te ingoa o taua wahi ko Pokimi: i patu whakahere ano hoki ratou ma Ihowa ki reira.
ထို့​ကြောင့်​ဤ​အရပ်​ကို​ဗော​ခိမ်​မြို့​ဟု​ခေါ်​ဝေါ် သ​မုတ်​သ​တည်း။ သူ​တို့​သည်​ထို​အ​ရပ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ကြ​၏။
6 Na, i ta Hohua tukunga i te iwi kia haere, ka haere nga tamariki a Iharaira ki tona wahi, ki tona wahi, ki te tango i te whenua.
ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား လူ​တိုင်း​ပင်​မိ​မိ​တို့​ဝေ​စု​ကျ​ရာ​မြေ ယာ​ကို​သိမ်း​ယူ​ရန်​ထွက်​သွား​စေ​၏။-
7 A i mahi te iwi ki a Ihowa i nga ra katoa o Hohua, i nga ra katoa ano o nga kaumatua i roa ake nei o ratou ra i o Hohua, i kite nei i nga mahi nunui katoa a Ihowa i meinga e ia mo Iharaira.
ယော​ရှု​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ ပတ်​လုံး​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​၏။ ယော​ရှု ကွယ်​လွန်​ပြီး​သည့်​နောက်​၌​ပင်​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​သူ​ခေါင်း ဆောင်​များ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး လူ​တို့​သည်​ဆက်​လက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​သေး​၏။-
8 Na ka mate a Hohua tama a Nunu, te pononga a Ihowa, kotahi rau kotahi tekau ona tau.
ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏​သား ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ်​ရှိ သော်​ကွယ်​လွန်​လေ​သည်။-
9 A tanumia iho ia e ratou ki te rohe o tona wahi, ki Timinataherehe, ki te whenua pukepuke o Eparaima, ki te taha ki te raki o Maunga Kaaha.
သူ​၏​အ​လောင်း​ကို​ဂါရှာ​ကုန်း​မြောက်​ဘက်၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​တိ​မ​နတ်​ဿေ​ရ မြို့၊ သူ​ပိုင်​မြေ​တွင်​သင်္ဂြိုဟ်​ကြ​၏။-
10 Na ka kohia ano hoki taua whakatupuranga katoa ki o ratou matua: a ka ara ake tetahi whakatupuranga ke i muri i a ratou, kihai nei i mohio ki a Ihowa, ki nga mahi ano hoki i mahia e ia mo Iharaira.
၁၀ယော​ရှု​၏​ခေတ်​က​လူ​အ​ပေါင်း​တို့​သည်​ကွယ် လွန်​သွား​ကြ​သ​ဖြင့် နောက်​တစ်​ခေတ်​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ လူ​မျိုး​အ​တွက်​ကိုယ်​တော်​ပြု​မူ​ခဲ့​သော​အ​မှု တော်​တို့​ကို​လည်း​ကောင်း​မေ့​လျော့​၍​သွား ကြ​ကုန်​၏။
11 Na ka mahi nga tamariki a Iharaira i te kino i te tirohanga a Ihowa, ka mahi hoki ki nga Paara.
၁၁ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။-
12 A whakarerea ake e ratou a Ihowa, te Atua o o ratou matua i whakaputa mai nei i a ratou i te whenua o Ihipa, a haere ana ki te whai i nga atua ke, i nga atua o nga iwi i tetahi taha, i tetahi taha o ratou, a koropiko ana ki a ratou, na ka mea ra tou i a Ihowa kia riri.
၁၂သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။-
13 Heoi whakarere ana ratou i a Ihowa, a mahi ana ki a Paara, ki te Ahataroto hoki.
၁၃သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။-
14 Na ka mura te riri o Ihowa ki a Iharaira, a tukua ana ratou e ia ki nga ringa o nga kaipahua hei pahua i a ratou, a hokona ana ratou e ia ki te ringa o o ratou hoariri i tetahi taha, i tetahi taha; kihai hoki i taea e ratou i muri iho te tu ake i te aroaro o o ratou hoariri.
၁၄သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။-
15 I o ratou haerenga katoa, i runga i a ratou te ringa o Ihowa mo te kino; i rite hoki ki ta Ihowa i korero ai, ki ta Ihowa hoki i oati ai ki a ratou; na te taea to ratou raru.
၁၅သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။
16 I whakaara ake ano a Ihowa i etahi kaiwhakarite hei whakaora i a ratou i te ringa o o ratou kaipahua.
၁၆ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။-
17 Heoi kihai ano ratou i whakarongo ki o ratou kaiwhakarite; na kei te puremu, kei te whai ki nga atua ke, kei te koropiko ki a ratou: hohoro tonu to ratou peka ke i te ara i haere ai o ratou matua, ara i te whakarongo ki nga whakahau a Ihowa; kih ai ratou i pera.
၁၇သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မူ ထို​ခေါင်း​ဆောင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား သစ္စာ​ဖောက်​၍​အ​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​တို့​ကို​ဘိုး​ဘေး​များ​စောင့်​ထိန်း ခဲ့​ကြ​သ​ကဲ့​သို့​မ​စောင့်​ထိန်း​ကြ​တော့​ပေ။-
18 A i nga wa i whakaara ake ai a Ihowa i nga kaiwhakarite mo ratou, na i te kaiwhakarite a Ihowa, a whakaorangia ake ratou e ia i te ringa o o ratou hoariri i nga ra katoa o te kaiwhakarite: i puta ke hoki te whakaaro o Ihowa i a ratou e aue ana i o ratou kaitukino, i o ratou kaiwhakatoi.
၁၈ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။-
19 A, no te matenga o te kaiwhakarite, ka hoki ratou ki muri, nui atu to ratou takanga i to o ratou matua; i haere hoki ki te whai i nga atua ke, mahi ai ki a ratou, koropiko ai ki a ratou; kihai i mutu a ratou mahi, me ta ratou tikanga pakeke.
၁၉သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။-
20 Na ka mura te riri o Ihowa ki a Iharaira, a ka mea ia, Na, kua takahia e tenei iwi taku kawenata i whakahaua e ahau ki o ratou matua; kihai ano i rongo ki toku reo;
၂၀ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။-
21 Na, e kore ano ahau e pei atu i tetahi tangata i mua i a ratou o nga iwi i mahue iho i a Hohua i tona matenga.
၂၁ထို့​ကြောင့်​ယော​ရှု​ကွယ်​လွန်​စဉ်​အ​ခါ​က​ပင် ဤ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သည့်​အ​ဘယ် လူ​မျိုး​ကို​မျှ​ငါ​နှင်​ထုတ်​တော့​မည်​မ​ဟုတ်။-
22 Kia ai ratou hei whakamatautau maku i a Iharaira, e mau ranei ki te ara o Ihowa haere ai; e rite ranei te mau ki ta o ratou matua, kahore ranei.
၂၂ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​၏ လမ်း​စဉ်​ကို​သူ​တို့​ဘိုး​ဘေး​များ​လိုက်​လျှောက် ခဲ့​ကြ​သ​ကဲ့​သို့ လိုက်​လျှောက်​မည်​မ​လိုက်​လျှောက် မည်​ကို​သိ​ရှိ​စေ​ရန် ငါ​သည်​ဤ​ပြည်​ရှိ​လူ​မျိုး တို့​ကို​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။-
23 Na ka waiho era iwi e Ihowa, kihai hoki i hohoro te peia atu; kihai ano hoki i tukua ki te ringa o Hohua.
၂၃သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​လူ​မျိုး တို့​အား ထို​ပြည်​၌​ပင်​ဆက်​လက်​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။ ကိုယ်​တော်​သည်​ယော​ရှု​အား​ထို​သူ တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​ခွင့်​ပေး​တော်​မ​မူ။ ယော​ရှု​ကွယ်​လွန်​ပြီး​သော​အ​ခါ​၌​လည်း​သူ တို့​အား​အ​ဆော​တ​လျင်​နှင်​ထုတ်​ခြင်း​ကို ပြု​တော်​မ​မူ။

< Kaiwhakariterite 2 >