< Kaiwhakariterite 16 >

1 I haere ano a Hamahona ki Kaha, a ka kitea e ia tetahi wahine kairau i reira, a haere atu ana ki a ia.
တစ်​နေ့​သ​၌​ရှံ​ဆုန်​သည် ဖိ​လိတ္တိ​အ​မျိုး​သား တို့​နေ​ထိုင်​ရာ​ဂါ​ဇ​မြို့​သို့​သွား​ရောက်​၏။ ထို မြို့​တွင်​ပြည့်​တန်​ဆာ​မ​တစ်​ဦး​ကို​တွေ့​၍​သူ နှင့်​အိပ်​စက်​လေ​သည်။-
2 A ka korerotia ki nga Kahi, ka meatia, Kua tae mai a Hamahona ki konei. Na ka karapotia ia e ratou, ka whanga hoki ratou ki a ia a pau noa te po i te kuwaha o te pa. Na takoto puku ana ratou a pau noa, taua po; i mea hoki, Waiho kia awatea, ka pa tu ai tatou i a ia.
ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-
3 Heoi takoto ana a Hamahona a turuawaenga po; katahi ia ka whakatika i waenganui po, a ka mau i te tatau o te kuwaha o te pa, ki nga pou hoki e rua: na unuhia ake ana, ana tutaki, ana aha; a hikitia ana ki runga ki ona pokohiwi, amohia ana ki te t ihi o te maunga i te ritenga atu o Heperona.
သို့​ရာ​တွင်​ရှံ​ဆုန်​သည်​သန်း​ခေါင်​တိုင်​အောင် သာ​အိပ်​ပြီး​နောက်​ထ​၍​တံ​ခါး​ရွက်၊ တံ​ခါး တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တ​ကွ​မြို့​တံ​ခါး​ကို ဆွဲ​နုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဟေ​ဗြုန် မြို့​အ​နီး​တောင်​ထိပ်​ပေါ်​သို့​ယူ​ဆောင်​သွား လေ​သည်။
4 A, muri iho ka aroha ia ki tetahi wahine i te awaawa o Horeke, ko Terira tona ingoa.
ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။-
5 Na ka haere nga rangatira o nga Pirihitini ki taua wahine, ka mea ki a ia, Whakawaia ia kia kitea ai no hea tona kaha nui, a ma te aha ia e taea ai e matou, kia herea ai ia e matou, kia whakaitia: a kotahi mano kotahi rau nga hiriwa e hoatu e ten ei, e tenei o matou ki a koe.
ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။
6 Na ka mea a Terira ki a Hamahona, Tena, whakaaturia mai ki ahau no hea tou kaha nui, ma te aha hoki e taea ai koe te here, kia whakaitia ai koe?
သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။
7 Na ka mea a Hamahona ki a ia, Ki te herea ahau e ratou ki nga aka hou e whitu, kahore nei i whakamaroketia, katahi ahau ka kahakore, ka rite ki tetahi atu tangata.
ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။
8 Na ka maua e nga rangatira o nga Pirihitini etahi aka hou e whitu ki a ia, he mea kahore ano i whakamaroketia; a herea ana ia e ia ki aua mea.
သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။-
9 Na tera i taua wahine, i te ruma i roto, etahi tangata e tauwhanga ana. Na ka mea ia ki a ia, E Hamahona, ko nga Pirihitini, ka eke ki a koe! Na motumotuhia ana e ia nga aka: koia ano kei te miro muka e motu ana ina pa ki te ahi. Heoi kihai i moh iotia tona kaha.
သူ​မ​သည်​အ​ခြား​အ​ခန်း​တစ်​ခု​ထဲ​၌​လူ အ​ချို့​ကို​စောင့်​၍​နေ​စေ​ပြီး​လျှင်``ရှံ​ဆုန်၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​ထို​လေး​ကြိုး​တို့​ကို​မီး ထိ​သည့်​ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​ပစ်​လိုက် လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​ခွန်​အား ကြီး​ရ​ခြင်း​၏​လျှို့​ဝှက်​ချက်​ကို​မ​သိ​နိုင် ကြ​သေး​ပေ။
10 Na ka mea a Terira ki a Hamahona, Nana, kua tinihangatia ahau e koe, kua teka koe ki ahau; tena ra, whakaaturia mai ki ahau ma te aha koe e mau ai te here?
၁၀ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ အား​မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လေ ပြီ။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား​နိုင် မည်​ကို​ကျွန်​မ​အား​ကျေး​ဇူး​ပြု​၍​ပြော​ပြ ပါ'' ဟု​ဖြား​ယောင်း​ပြော​ဆို​၏။
11 A ka mea ia ki a ia, Ki te herea iana ahau ki etahi taura hou kahore ano i meatia ki te mahi, katahi ahau ka kahakore, ka rite ki tetahi atu tangata.
၁၁သူ​က​လည်း``ငါ့​အား​တစ်​ကြိမ်​တစ်​ခါ​မျှ အ​သုံး​မ​ပြု​ရ​သေး​သည့်​ကြိုး​သစ်​များ​ဖြင့် ချည်​နှောင်​မည်​ဆို​လျှင် ငါ​သည်​အ​ခြား​သူ များ​ကဲ့​သို့​ပင်​အား​လျော့​ပေ​အံ့'' ဟု​ပြန် ပြော​၏။
12 Na ka mau a Terira ki etahi taura hou, ka here i a ia; a ka mea ki a ia, E Hamahona, ko nga Pirihitini, ka eke ki a koe! Na i te ruma i roto nga kaiwhanga e noho ana. Na motuhia ana e ia i ona ringa, ano he miro.
၁၂သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ကြိုး​သစ်​ကို​ယူ ပြီး​လျှင် သူ့​အား​ချည်​နှောင်​လေ​သည်။ ထို နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​နေ ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ လူ​တို့​သည်​အ​ခန်း တစ်​ခု​ထဲ​တွင်​စောင့်​နေ​ကြ​၏။ သို့​ရာ​တွင် ရှံ​ဆုန်​သည်​မိ​မိ​လက်​များ​မှ​ကြိုး​တို့​ကို ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​လိုက်​လေ​သည်။
13 Na ka mea a Terira ki a Hamahona, He tinihanga tau ki ahau, he korero teka a tae mai nei: whakaaturia ki ahau ma te aha koe e mau ai te here? Ka mea ia ki a ia, Ki te whatua e koe nga makawe e whitu o toku matenga ki roto ki te whenu.
၁၃ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ​အား မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လျက်​ပင်​ရှိ​နေ ပါ​သေး​၏။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား ရ​မည်​ကို​ကျွန်​မ​အား​ပြော​ပါ​လော့'' ဟု​ဖြား ယောင်း​ပြော​ဆို​ပြန်​၏။ ရှံ​ဆုန်​က``ငါ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယက်​ကန်း စင်​ထဲ​သို့​ယက်​သွင်း​ကာ သပ်​နှင့်​ရိုက်​၍​ထား မည်​ဆို​လျှင်​ငါ​သည်​အ​ခြား​သူ​များ​နည်း တူ​အား​လျော့​လိမ့်​မည်'' ဟု​ပြော​၏။
14 Na titia iho ana e ia ki te titi, a ka mea ki a ia, E Hamahona, ko nga Pirihitini ka eke ki a koe! Na ko tona ohonga ake i tana moe, ka unuhia te titi o te mea whatu me te whenu ano.
၁၄ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။
15 Na ka mea te wahine ki a ia, He aha koe i mea ai, E aroha ana ahau ki a koe, kahore nei hoki tou ngakau i riro mai i ahau? Ka toru enei mamingatanga au i ahau, kihai ano hoki i whakaaturia e koe ki ahau no hea tou kaha nui.
၁၅သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။-
16 Nawai a kahore he ra i kapea tana aki i a ia ki ana kupu, me te tohe ki a ia, a mate noa iho tona wairua i te hoha;
၁၆ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။
17 Katahi ka whakaaturia e ia ki a ia tona ngakau katoa, ka mea ki a ia, Kahore ano i pa noa he heu ki toku mahunga; he Natari hoki ahau ki a Ihowa no te kopu mai ano o toku whaea: ki te heua ahau, katahi ka riro atu toku kaha i ahau, a ka kahakore ahau, ka rite ki te mano o te tangata.
၁၇
18 A, no te kitenga o Terira kua whakaaturia tona ngakau katoa ki a ia, ka tono tangata ia ki te karanga i nga rangatira o nga Pirihitini, hei mea, Haere mai ano koa aianei, kua whakaaturia hoki e ia tona ngakau katoa ki ahau. Na ka haere mai nga r angatira o nga Pirihitini ki a ia, me te mau mai i te moni i o ratou ringa.
၁၈ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။-
19 Na ka whakamoea ia e ia ki runga i ona turi, a ka karanga ki tetahi tangata, a heua ana nga makawe e whitu o tona mahunga; na ka timata tana whakaiti i a ia, a mahue ake ia i tona kaha.
၁၉ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။-
20 Na ka mea tera, E Hamahona ko nga Pirihitini ka eke ki a koe! Na maranga ana ia i tana moe, ka mea, Ka haere ahau ki waho, ka pera me mua ra, ruru ai i ahau. Heoi kihai ia i matau kua mawehe atu a Ihowa i a ia.
၂၀သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။-
21 Na ka hopukia ia e nga Pirihitini, a tikarohia ana ona kanohi; a kawea ana ia e ratou ki raro, ki Kaha; na herea ana ia ki nga mekameka parahi; a he huri mira tana mahi i roto i te whare herehere.
၂၁ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။-
22 Heoi kua timata ano nga makawe o tona mahunga te tupu i muri i tona heunga.
၂၂သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။
23 Na ka huihui nga rangatira o nga Pirihitini ki te patu i tetahi whakahere nui ki a Rakona, ki to ratou atua, ki te whakamanamana ano hoki: i mea hoki, Kua homai to tatou hoariri a Hamahona e to tatou atua ki to tatou ringa.
၂၃ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။-
24 A, no te kitenga o te iwi i a ia, ka whakamoemiti ki to ratou atua: i mea hoki, Kua homai to tatou hoariri e to tatou atua ki to tatou ringa, te tangata nana to tatou whenua i huna, he tokomaha hoki o tatou i patua e ia.
၂၄သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။-
25 A i o ratou ngakau e koa ana, ka mea ratou, Karangatia a Hamahona, hei mea takaro ma tatou. Katahi ka karangatia a Hamahona i roto i te whare herehere, a takaro ana ia i to ratou aroaro: na ka whakaturia ia e ratou ki waenganui o nga pou.
၂၅
26 Na ka mea a Hamahona ki te tamaiti i pupuri nei i a ia ki tona ringa, Tukua ahau kia whawha ki nga pou tokomanawa o te whare hei okiokinga atu moku.
၂၆ရှံ​ဆုန်​သည်​မိ​မိ​အား​လက်​ဆွဲ​၍​ခေါ်​ယူ​လာ သော​သူ​ငယ်​အား``မဏ္ဍပ်​တိုင်​မ​ကြီး​တို့​ကို​ငါ့ အား​ကိုင်​ခွင့်​ပြု​ပါ။ ယင်း​တို့​ကို​ငါ​မှီ​၍​နေ လို​ပါ​သည်'' ဟု​ပြော​၏။-
27 Na, ki tonu te whare i te tane, i te wahine; i reira ano hoki nga rangatira katoa o nga Pirihitini: i runga ano i te tuanui me te mea e toru mano nga tane, nga wahine, e matakitaki ana ki nga mahi takaro a Hamahona.
၂၇ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။
28 Katahi ka karanga a Hamahona ki a Ihowa, ka mea, E te Ariki, e Ihowa, kia mahara ki ahau, whakakahangia hoki ahau, e te Atua, i tenei wa kotahi nei, kia ea tonu aianei ki runga i nga Pirihitini toku mate i oku kanohi e rua.
၂၈ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။-
29 Na hopukia atu ana e Hamahona nga pou tokomanawa e rua o waenga, i tu ai, i mau ai te whare, ko tetahi ki tona ringa matau, ko tetahi ki tona maui.
၂၉ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊-
30 Na ka mea a Hamahona, Kia mate tahi ahau me nga Pirihitini. Ko tona tino pikonga iho, me te whakapau ano i tona kaha; heoi hinga ana te whare ki runga ki nga rangatira, ki runga ano hoki ki te iwi katoa i roto. Heoi tini atu i ana i patu ai i to na oranga te hunga i mate i whakamatea nei e ia, i tona matenga.
၃၀``အ​ကျွန်ုပ်​အား​ဖိ​လိတ္တိ​လူ​တို့​နှင့်​အ​တူ​သေ​ခွင့် ပြု​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ သူ​သည်​အ​စွမ်း​ကုန် တွန်း​လိုက်​ရာ​မဏ္ဍပ်​သည် ဘု​ရင်​ငါး​ပါး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​လူ​တို့​အ​ပေါ်​သို့​ပြို​ကျ​လေ​သည်။ ရှံ​ဆုန်​သည်​သေ​ဆဲ​အ​ချိန်​၌​သတ်​ခဲ့​သည့်​လူ ဦး​ရေ​မှာ​အ​သက်​ရှင်​စဉ်​အ​ခါ​က​သတ်​ခဲ့ သည့်​လူ​ဦး​ရေ​ထက်​ပို​၍​များ​ပြား​၏။
31 Katahi ka haere iho ona teina ki raro, ratou ko te whare katoa o tona papa, a tangohia ana ia e ratou, kawea atu ana, tanumia ana ki waenganui o Toraha o Ehetaoro, ki te rua o Manoa, o tona papa. A e rua tekau nga tau i whakarite ai ia mo Iharai ra.
၃၁ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။

< Kaiwhakariterite 16 >