< Kaiwhakariterite 13 >

1 Na ka mahi kino ano nga tamariki a Iharaira i te tirohanga a Ihowa, a ka hoatu ratou e Ihowa ki te ringa o nga Pirihitini, e wha tekau tau.
တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ ထာဝရဘုရား သည် သူ တို့ကို ဖိလိတ္တိ လူတို့လက် သို့ အနှစ် လေးဆယ် ပတ်လုံးအပ် တော်မူ၏။
2 Na ko tetahi tangata o Toraha no te hapu o nga Rani, tona ingoa ko Manoa, he pakoko hoki tana wahine, kahore ano i whanau tamariki.
ဒန် အမျိုး ၊ ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား မ ဘွား။
3 Na ka puta te anahera a Ihowa ki te wahine, ka mea ki a ia, Na, he pakoko koe, kahore hoki i whanau tamariki: otiia ka hapu koe, a ka whanau he tama.
ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။
4 Na kia tupato, kaua e inumia he waina, he wai whakahaurangi ranei; kaua ano e kainga tetahi mea poke.
သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။
5 No te mea ka hapu koe, a ka whanau he tama; na kaua he heu e pa ki tona matenga: hei Natari hoki tena tamaiti ki te Atua no te kopu mai ano: a mana e timata te whakaora i a Iharaira i roto i te ringa o nga Pirihitini.
အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။
6 Na haere ana te wahine, korero ana ki tana tahu, ka mea, Ko te tangata ra a te Atua i puta mai nei ki ahau, tona ahua kei te ahua o te anahera a te Atua; nui rawa te wehi; heoi kihai ahau i ui no hea ia, kihai ano i korerotia mai e ia tona ingoa ki ahau.
ထိုမိန်းမသည်လည်း မိမိ ခင်ပွန်း ထံ သို့သွား ၍ ဘုရား သခင်၏ ကောင်းကင် တမန်မျက်နှာ ကဲ့သို့ ကြောက်မက် ဘွယ်သော မျက်နှာ ရှိသော ဘုရား သခင်၏ လူ တယောက်သည် အကျွန်ုပ် ဆီသို့ လာ ၏။ အဘယ် က လာသနည်းဟု အကျွန်ုပ်လည်း မ မေး။ သူသည်လည်း မိမိ အမည် ကို မ ပြော။
7 Otiia i ki mai ia ki ahau, Ka hapu koe, a ka whanau he tama; na kaua koe e inu i te waina, i te wai whakahaurangi ranei, kaua ano hoki e kainga tetahi mea poke; he Natari hoki tena tamaiti ki te Atua no te kopu mai ano a mate noa.
သူကလည်း၊ သင် သည် ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ အကြောင်းမူကား ၊ ထိုသူငယ် သည် အမိဝမ်း ထဲမှ စ၍ သေ သောနေ့ တိုင်အောင် ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်ဟု အကျွန်ုပ် အား မိန့် မြွက်ကြောင်းကို ပြောဆို လေ၏။
8 Na ka inoi a Manoa ki a Ihowa, ka mea, Tena ra, e toku Ariki, kia haere mai ano ki a maua te tangata a te Atua i tonoa mai na e koe, hei whakaatu i tetahi tikanga ki a maua mo te tamaiti ka whanau nei.
ထိုအခါ မာနော် က၊ အို ဘုရားရှင် ၊ အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် ၌ အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ ၍ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်၊
9 A i rongo te Atua ki te reo o Manoa, a ka haere mai ano te anahera a te Atua ki te wahine i a ia e noho ana i te parae; ko Manoa ia, ko tana tahu, kahore i a ia.
ထာဝရဘုရား သည် မာနော် စကား ကို နားထောင် တော်မူ၍ ၊ ဘုရား သခင်၏ ကောင်းကင်တမန် သည် လယ် လုပ်ရာအရပ်၌ ထိုင်လျက်ရှိသောထိုမိန်းမ ဆီသို့ လာ ပြန် ၏။ ထိုအခါ ခင်ပွန်း မာနော် မ ရှိ။
10 Na hohoro tonu te wahine, oma ana, korero ana ki tana tahu, ka mea ki a ia, Nana, kua puta ki ahau te tangata i haere mai ra ki ahau i tera ra.
၁၀မိန်းမ သည် မိမိ ခင်ပွန်း ထံ သို့အလျင်အမြန် ပြေး ၍ ၊ တနေ့ ကလာ သောသူ သည် ယခုလာ ရောက်ပြီဟု ကြား ပြောလျှင်၊
11 Na ka whakatika a Manoa, a aru ana i tana wahine, a ka tae ki taua tangata, ka mea ki a ia, Ko koe ranei te tangata i korero ra ki te wahine nei? Ka mea ia, Ae, ko ahau.
၁၁မာနော် သည် ထ ၍ မယား နှင့်အတူ ထိုသူ ထံ သို့ သွား ပြီးလျှင် ၊ သင် သည် ဤမိန်းမ အား ပြော သော သူ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ဆို ၏။
12 Na ka mea a Manoa, Kia mana ra tau kupu. Tena koa nga tikanga mo te tamaiti, he aha he mahi mana?
၁၂မာနော် ကလည်း ၊ ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်၊
13 Ka mea te anahera a Ihowa ki a Manoa, Kia tupato te wahine i nga mea katoa i korero ai ahau ki a ia.
၁၃ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါပြော သမျှ ကို မိန်းမ ရှောင် ရမည်။
14 Kaua ia e kai i tetahi mea i puta mai i te waina; kaua ano e inumia e ia he waina, he wai whakahaurangi ranei, kaua ano hoki ia e kai i tetahi mea poke: kia mau ia ki nga mea katoa i kiia atu e ahau ki a ia.
၁၄စပျစ် ပင် မှ ဖြစ် သမျှ ကို မ စား ရ။ စပျစ်ရည် မှစ၍ သေရည် သေရက်ကို မ သောက် ရ။ မစင်ကြယ်သောအရာ ကို မ စား ရ။ ငါမှာ ထားသမျှ အတိုင်း စောင့်ရှောက် ရမည်ဟု မာနော် အား ပြောဆို ၏။
15 Na, ka mea a Manoa ki te anahera a Ihowa, Me pupuri maua i a koe, kia taka ai e maua he kuao koati mau.
၁၅မာနော် ကလည်း ၊ ကိုယ်တော် အဘို့ ဆိတ် သငယ် ကို မပြင်ဆင် မှီတိုင်အောင်ကိုယ်တော် ကို ဆီးတား ပါရစေဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား ဆို လျှင်၊
16 Ka mea te anahera a Ihowa ki a Manoa, Ahakoa pupuri noa koe i ahau, e kore ahau e kai i tau taro: a ki te meatia e koe he tahunga tinana, me whakaeke ma Ihowa. Kihai hoki a Manoa i mohio he anahera ia na Ihowa.
၁၆ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါ့ ကို ဆီးတား သော်လည်း သင် ၏စားစရာ ကို ငါမ စား။ မီးရှို့ ရာယဇ်ကို ပူဇော် လိုလျှင် ထာဝရဘုရား အား ပူဇော် ရမည်ဟု မာနော် အား ဆို ပြန်၏။ သူ သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို မာနော် မ သိ သေး။
17 Na ka mea a Manoa ki te anahera a Ihowa, Ko wai tou ingoa, kia whakahonore ai maua i a koe, ina mana au korero?
၁၇မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ၊ ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်၊
18 Ka mea te anahera a Ihowa ki a ia, He aha toku ingoa i uia ai e koe; he mea whakamiharo nei hoki?
၁၈ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
19 Heoi ka tikina e Manoa tetahi kuao koati, me tetahi whakahere totokore, a whakaekea ana e ia ki runga ki te kamaka ki a Ihowa: na he mea whakamiharo te mahi a taua anahera, me te titiro ano a Manoa raua ko tana wahine.
၁၉မာနော် သည် ဆိတ် သငယ် နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယူ ၍ ကျောက် ပေါ် မှာ ထာဝရဘုရား အား ပူဇော် လေ၏။ ထိုအခါ မာနော် လင်မယားတို့သည် ကြည့် ၍ မြင်ရသောအံ့ဩ ဘွယ်ဟူမူကား၊
20 I te putanga ake hoki o te mura i runga i te aata whaka te rangi, na kua kake atu te anahera a Ihowa i roto i te mura o te aata. A, i te kitenga o Manoa raua ko tana wahine, tapapa ana raua ki te whenua.
၂၀မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။
21 Kihai ia i puta mai ano te anahera a Ihowa ki a Manoa raua ko tana wahine. Katahi a Manoa ka mohio he anahera ia na Ihowa.
၂၁ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။
22 Na ka mea a Manoa ki tana wahine, Ka mate rawa taua; kua kite hoki taua i te Atua.
၂၂မာနော် ကလည်း ၊ ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ၊ ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်၊
23 Ano ra ko tana wahine ki a ia, Me i pai a Ihowa ki te whakamate i a taua, kihai i tangohia e ia te tahunga tinana me te whakahere totokore i o taua ringa, kihai ano hoki i whakakitea mai e ia enei mea katoa ki a taua, kihai hoki i korerotia mai inaianei ki a taua nga mea penei i enei.
၂၃မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် ၊ မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ ၌ ဤ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။
24 Na ka whanau taua wahine, he tama, a huaina ana e ia tona ingoa ko Hamahona: na ka tupu taua tamaiti, a ka manaakitia e Ihowa.
၂၄ထိုမိန်းမ သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန် အမည် ဖြင့် မှည့် ၏။ သူငယ် သည် ကြီးပွား ၍ ထာဝရဘုရား ကောင်းကြီး ပေးတော်မူ၏။
25 Na ka timata te wairua o Ihowa te whakaohooho i a ia i te puni o Rana, i te takiwa o Toraha, o Ehetaoro.
၂၅ထာဝရဘုရား ၏ဝိညာဉ် တော်သည်၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား ၊ ဒန် အမျိုးတပ်၌ တခါတလေနှိုးဆော် စ ပြုတော်မူ၏။

< Kaiwhakariterite 13 >