< Kaiwhakariterite 13 >
1 Na ka mahi kino ano nga tamariki a Iharaira i te tirohanga a Ihowa, a ka hoatu ratou e Ihowa ki te ringa o nga Pirihitini, e wha tekau tau.
၁ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
2 Na ko tetahi tangata o Toraha no te hapu o nga Rani, tona ingoa ko Manoa, he pakoko hoki tana wahine, kahore ano i whanau tamariki.
၂ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
3 Na ka puta te anahera a Ihowa ki te wahine, ka mea ki a ia, Na, he pakoko koe, kahore hoki i whanau tamariki: otiia ka hapu koe, a ka whanau he tama.
၃ထာဝရဘုရား၏ကောင်းကင်တမန်သည် ထို အမျိုးသမီး၏ရှေ့တွင်ပေါ်လာ၍``သင်သည် အဘယ်အခါမျှသားသမီးမရနိုင်ခဲ့ သော်လည်း မကြာမီကိုယ်ဝန်ဆောင်၍သား ယောကျာ်းကိုဖွားမြင်လိမ့်မည်။-
4 Na kia tupato, kaua e inumia he waina, he wai whakahaurangi ranei; kaua ano e kainga tetahi mea poke.
၄သို့ဖြစ်၍စပျစ်ရည်ကိုသော်လည်းကောင်း၊ သေ ရည်သေရက်ကိုသော်လည်းကောင်း ဘယ်အခါ ၌မျှမသောက်နှင့်။ တားမြစ်ထားသည့်အစား အစာမှန်သမျှကိုလည်းရှောင်လော့။-
5 No te mea ka hapu koe, a ka whanau he tama; na kaua he heu e pa ki tona matenga: hei Natari hoki tena tamaiti ki te Atua no te kopu mai ano: a mana e timata te whakaora i a Iharaira i roto i te ringa o nga Pirihitini.
၅သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
6 Na haere ana te wahine, korero ana ki tana tahu, ka mea, Ko te tangata ra a te Atua i puta mai nei ki ahau, tona ahua kei te ahua o te anahera a te Atua; nui rawa te wehi; heoi kihai ahau i ui no hea ia, kihai ano i korerotia mai e ia tona ingoa ki ahau.
၆ထိုနောက်ထိုအမျိုးသမီးသည်မိမိ၏ခင် ပွန်းထံသို့သွား၍``ဘုရားသခင်၏စေတမန် တော်သည်ကျွန်မထံသို့လာပါသည်။ သူသည် ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာအဆင်းကိုဆောင်ပါ၏။ ကျွန်မသည်သူ့အား`သင်အဘယ်အရပ်မှ လာသနည်း' ဟူ၍မမေးပါ။ သူကလည်း သူ၏နာမည်ကိုကျွန်မအားမပြောပါ။-
7 Otiia i ki mai ia ki ahau, Ka hapu koe, a ka whanau he tama; na kaua koe e inu i te waina, i te wai whakahaurangi ranei, kaua ano hoki e kainga tetahi mea poke; he Natari hoki tena tamaiti ki te Atua no te kopu mai ano a mate noa.
၇သို့ရာတွင်ကျွန်မသည်ကိုယ်ဝန်ဆောင်၍ သားယောကျာ်းကိုဖွားမြင်မည်ဖြစ်ကြောင်း ကိုမူ ဧကန်အမှန်ပင်ကျွန်မအားသူပြော ပါ၏။ ကလေးသူငယ်သည်အသက်ရှင်သ မျှကာလပတ်လုံးနာဇရိဂိုဏ်းဝင်အဖြစ် ဖြင့် ဘုရားသခင်အားဆက်ကပ်ထားသူ ဖြစ်မည်ဖြစ်၍ ကျွန်မအားစပျစ်ရည်ကို သော်လည်းကောင်း၊ သေရည်သေရက်ကိုသော် လည်းကောင်းမသောက်ရန်နှင့် တားမြစ်ထား သည့်အစားအစာမှန်သမျှကိုရှောင်ကြဉ် ရန်ပြောပါသည်'' ဟုဆိုလေသည်။
8 Na ka inoi a Manoa ki a Ihowa, ka mea, Tena ra, e toku Ariki, kia haere mai ano ki a maua te tangata a te Atua i tonoa mai na e koe, hei whakaatu i tetahi tikanga ki a maua mo te tamaiti ka whanau nei.
၈ထိုအခါမာနော်သည်``အို ထာဝရဘုရား၊ ကိုယ်တော်စေလွှတ်ခဲ့သူအားကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့တစ်ဖန်ပြန်လည်စေလွှတ် ပေးတော်မူ၍ သားငယ်မွေးဖွားလာသော အခါသူ့အားအကျွန်ုပ်တို့အဘယ်သို့ပြု ကြရမည်ကိုလည်းအမိန့်ရှိတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
9 A i rongo te Atua ki te reo o Manoa, a ka haere mai ano te anahera a te Atua ki te wahine i a ia e noho ana i te parae; ko Manoa ia, ko tana tahu, kahore i a ia.
၉ဘုရားသခင်သည်လည်းမာနော်တောင်း လျှောက်သည့်အတိုင်းပြုတော်မူသဖြင့် ကိုယ် တော်၏ကောင်းကင်တမန်သည်လယ်ထဲ၌ ထိုင်နေသောအမျိုးသမီးထံသို့ပြန်လာ လေသည်။ ထိုအခါ၌သူ၏ခင်ပွန်း မာနော်မှာသူနှင့်အတူမရှိချေ။-
10 Na hohoro tonu te wahine, oma ana, korero ana ki tana tahu, ka mea ki a ia, Nana, kua puta ki ahau te tangata i haere mai ra ki ahau i tera ra.
၁၀သို့ဖြစ်၍သူသည်ချက်ချင်းပြေး၍မိမိ၏ ခင်ပွန်းအား``တစ်နေ့ကကျွန်မထံသို့လာ သူသည်ယခုပြန်လည်ရောက်ရှိနေပါပြီ'' ဟုပြော၏။
11 Na ka whakatika a Manoa, a aru ana i tana wahine, a ka tae ki taua tangata, ka mea ki a ia, Ko koe ranei te tangata i korero ra ki te wahine nei? Ka mea ia, Ae, ko ahau.
၁၁မာနော်သည်လည်းထ၍မိမိဇနီးနောက်သို့ လိုက်သွားပြီးလျှင်သူ့အား``သင်သည်အကျွန်ုပ် ၏ဇနီးနှင့်စကားပြောခဲ့သူမှန်ပါသလော'' ဟုမေး၏။ ``မှန်ပါသည်'' ဟုထိုသူကဆို၏။
12 Na ka mea a Manoa, Kia mana ra tau kupu. Tena koa nga tikanga mo te tamaiti, he aha he mahi mana?
၁၂မာနော်က``သို့ဖြစ်ပါလျှင်သင်ပြောသည့် အတိုင်းဖြစ်ပျက်လာသောအခါ ထိုသူငယ် သည်အဘယ်အရာကိုပြုရပါမည်နည်း။ အဘယ်သို့နေထိုင်ပြုမူရပါမည်နည်း'' ဟုမေး၏။
13 Ka mea te anahera a Ihowa ki a Manoa, Kia tupato te wahine i nga mea katoa i korero ai ahau ki a ia.
၁၃ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သင်၏ဇနီးသည်သူ့အားငါပြောပြ ခဲ့သမျှသောအရာတို့ကိုသေချာစွာဆောင် ရွက်ရမည်။-
14 Kaua ia e kai i tetahi mea i puta mai i te waina; kaua ano e inumia e ia he waina, he wai whakahaurangi ranei, kaua ano hoki ia e kai i tetahi mea poke: kia mau ia ki nga mea katoa i kiia atu e ahau ki a ia.
၁၄သူသည်စပျစ်နွယ်ပင်မှရရှိသည့်အရာဟူ သမျှကိုမစားရ။ စပျစ်ရည်ကိုသော်လည်း ကောင်း၊ သေရည်သေရက်ကိုသော်လည်းကောင်း မသောက်ရ။ တားမြစ်ထားသည့်အစားအစာ မှန်သမျှကိုရှောင်ရမည်။ သူသည်ငါမှာကြား ခဲ့သမျှသောအရာတို့ကိုပြုရမည်'' ဟု ပြန်ပြောလေသည်။
15 Na, ka mea a Manoa ki te anahera a Ihowa, Me pupuri maua i a koe, kia taka ai e maua he kuao koati mau.
၁၅မာနော်သည်ထိုသူမှာကောင်းကင်တမန်ဖြစ် ကြောင်းကိုမသိသဖြင့်သူ့အား``ကျေးဇူးပြု ၍မသွားပါနှင့်ဦး။ သင့်အတွက်ဆိတ်ငယ် တစ်ကောင်ကိုအကျွန်ုပ်တို့ချက်ပြုတ်ပါရ စေ'' ဟုဆို၏။ သို့သော်ကောင်းကင်တမန်က``အကယ်၍ငါ သည်မသွားဘဲနေလျှင်လည်း သင်၏အစား အစာကိုစားလိမ့်မည်မဟုတ်။ အကယ်၍ထို အစားအစာတို့ကိုသင်ပြင်ဆင်လိုသည် ဆိုပါမူ ယင်းကိုမီးရှို့ရာယဇ်အဖြစ်ဖြင့် ထာဝရဘုရားအားပူဇော်လော့'' ဟု ဆိုလေသည်။
16 Ka mea te anahera a Ihowa ki a Manoa, Ahakoa pupuri noa koe i ahau, e kore ahau e kai i tau taro: a ki te meatia e koe he tahunga tinana, me whakaeke ma Ihowa. Kihai hoki a Manoa i mohio he anahera ia na Ihowa.
၁၆
17 Na ka mea a Manoa ki te anahera a Ihowa, Ko wai tou ingoa, kia whakahonore ai maua i a koe, ina mana au korero?
၁၇မာနော်ကလည်းသင်၏နာမည်ကိုအကျွန်ုပ် သိပါရစေ။ သို့မှသာလျှင်သင်ပြောဆိုသည့် စကားများမှန်ကန်လာသောအခါ သင့်အား အကျွန်ုပ်တို့ဂုဏ်ပြုနိုင်ပါလိမ့်မည်'' ဟုပြန် ပြော၏။
18 Ka mea te anahera a Ihowa ki a ia, He aha toku ingoa i uia ai e koe; he mea whakamiharo nei hoki?
၁၈ကောင်းကင်တမန်က``ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း။ ယင်းမှာအံ့သြဖွယ် ကောင်းသည့်နာမဖြစ်၏'' ဟုဆို၏။
19 Heoi ka tikina e Manoa tetahi kuao koati, me tetahi whakahere totokore, a whakaekea ana e ia ki runga ki te kamaka ki a Ihowa: na he mea whakamiharo te mahi a taua anahera, me te titiro ano a Manoa raua ko tana wahine.
၁၉သို့ဖြစ်၍မာနော်သည်ဆိတ်ငယ်တစ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ကျောက်ယဇ်ပလ္လင်ပေါ် တွင်တင်ပြီးလျှင် အံ့သြဖွယ်အမှုတို့ကိုပြု တော်မူသောထာဝရဘုရားအားပူဇော် လေ၏။-
20 I te putanga ake hoki o te mura i runga i te aata whaka te rangi, na kua kake atu te anahera a Ihowa i roto i te mura o te aata. A, i te kitenga o Manoa raua ko tana wahine, tapapa ana raua ki te whenua.
၂၀ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။
21 Kihai ia i puta mai ano te anahera a Ihowa ki a Manoa raua ko tana wahine. Katahi a Manoa ka mohio he anahera ia na Ihowa.
၂၁
22 Na ka mea a Manoa ki tana wahine, Ka mate rawa taua; kua kite hoki taua i te Atua.
၂၂မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
23 Ano ra ko tana wahine ki a ia, Me i pai a Ihowa ki te whakamate i a taua, kihai i tangohia e ia te tahunga tinana me te whakahere totokore i o taua ringa, kihai ano hoki i whakakitea mai e ia enei mea katoa ki a taua, kihai hoki i korerotia mai inaianei ki a taua nga mea penei i enei.
၂၃သို့ရာတွင်ဇနီးဖြစ်သူက``အကယ်၍ထာဝရ ဘုရားသည်ငါတို့ကိုသေစေလိုသည်ဆိုပါမူ ငါတို့၏ပူဇော်သကာများကိုလက်ခံတော်မူ မည်မဟုတ်။ ဤသို့သောစကားတို့ကိုလည်းဤ အချိန်အခါ၌မိန့်တော်မူမည်မဟုတ်'' ဟု ပြန်ပြောလေသည်။
24 Na ka whanau taua wahine, he tama, a huaina ana e ia tona ingoa ko Hamahona: na ka tupu taua tamaiti, a ka manaakitia e Ihowa.
၂၄ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။-
25 Na ka timata te wairua o Ihowa te whakaohooho i a ia i te puni o Rana, i te takiwa o Toraha, o Ehetaoro.
၂၅သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။