< Hopa 37 >
1 Na konei ano wiri ana toku ngakau, maunu atu ana i tona wahi.
၁ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။
2 Ata whakarangona tona reo e papa ana, te pakutanga hoki e puta mai ana i tona mangai.
၂မြွက်တော်မူသောအသံနှင့် နှုတ်တော်မှထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။
3 E whakatikaia atu ana e ia ki nga wahi katoa i raro i te rangi, ko tona uira hoki ki nga pito o te whenua.
၃မိုဃ်းကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
4 I muri iho ko te reo e hamama ana; papa ana te whatitiri o te reo o tona nui; e kore ano era a tauhikuhiku ina rangona tona reo.
၄လျှပ်စစ်ပြက်ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်မိုဃ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မိုဃ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။
5 Ko ta te Atua whatitiri he reo whakamiharo; nui atu ana mahi, e kore hoki e mohiotia.
၅အံ့ဩဘွယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံတော်နှင့်မိုဃ်းချုန်းတော်မူ၏။ ကြီး သောအမှု ငါတို့နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။
6 E ki ana hoki ia ki te hukarere, Hei runga koe i te whenua; ki te ua punehunehu ano hoki, raua ko te ua ta o tona kaha;
၆မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။
7 Hiritia ake e ia te ringa o nga tangata katoa; kia mohio ai nga tangata katoa nana nei i hanga ki tana mahi.
၇ဖန်ဆင်းတော်မူသော လူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏။
8 Haere ana nga kirehe ki nga piringa, noho ana i o ratou nohoanga.
၈ထိုအခါသားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေတတ်ကြ၏။
9 Puta mai ana te tupuhi i te whare o te tonga: te matao hoki i te hauraro.
၉လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အချမ်း သည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။
10 Na te manawa o te Atua i homai te huka: a kuiti iho te whanuitanga o nga wai.
၁၀ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေမျက်နှာသည် ခဲလျက်ရှိ၏။
11 Ae ra, e utaina ana e ia te kapua matotoru ki te houku; tohatohaina ana e ia te kohu o tana uira:
၁၁မိုဃ်းတိမ်မှမိုဃ်းရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဃ်းတိမ်ကို ပျောက်လွင့် စေတော်မူ၏။
12 E whakakopikopikoa ana ano a tawhio noa, he mea hoki na ona whakaaro: hei mea i nga mea katoa e whakahaua atu ana e ia ki te mata o te ao:
၁၂လောကဓာတ်မြေကြီးတရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။
13 E whakaputaina ana e ia hei whiu, hei mea ranei mo tona whenua, hei atawhai ranei.
၁၃ဒဏ်ခတ်သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေးသော်၎င်း လာစေတော် မူ၏။
14 Kia whai taringa mai ki tenei, e Hopa: tu marie, ka whakaaro ki nga mea whakamiharo a te Atua.
၁၄အိုယောဘ၊ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သောအမှုတော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။
15 E mohio ana ranei koe ki ta te Atua whakahautanga ki a ratou i tana, i puta ai te marama o tana kapua?
၁၅ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
16 E mohio ana ranei koe ki nga paunatanga o nga kapua, ki nga mahi whakamiharo a te tino o te matauranga?
၁၆ပညာစုံလင်သောဘုရား၏ အံ့ဘွယ်သောအမှုတော်တည်းဟူသော မိုဃ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုးမည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊
17 Ki ou kakahu nei ka mahana, ina whakamarietia e ia te whenua ki te hau tonga?
၁၇မြေပေါ်မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊ သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်ကို၎င်း နားလည်သလော။
18 Ka taea ranei e koe te whakatakoto ngatahi me ia te rangi hei papatupu, ano he whakaata whakarewa?
၁၈သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
19 Whakaaturia mai ki a matou ta matou e korero ai ki a ia; e kore hoki e tika i te pouri ta matou whakatakoto o te korero.
၁၉ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
20 E korerotia ranei ki a ia kei te mea ahau ki te korero? Kia hiahia ranei te tangata kia horomia ia?
၂၀ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက်လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။
21 Na inaianei e kore nga tangata e kite ana i te marama e wheriko mai nei i te rangi: otiia ka tika atu te hau, ka whakawateatia ratou.
၂၁လေသည် လာ၍မိုဃ်းကောင်းကင်ကို ရှင်းလင်းစေသောအခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။
22 E ahu mai ana i te hauraro te aho ano he koura; kei te Atua te kororia whakawehi.
၂၂မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနု ဘော်နှင့် ပြည့်စုံတော်မူ၏။
23 Ko te Kaha Rawa, e kore ia e taea te whakataki e tatou; hira rawa tona kaha; a e kore ia e tukino i tana whakarite whakawa, i te nui o te tika.
၂၃အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
24 Koia ka wehi nga tangata i a ia: e kore ia e whai whakaaro ki te hunga ngakau mohio.
၂၄သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။