< Hopa 27 >

1 Na i korero tonu ano a Hopa i tana pepeha; i mea,
ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊
2 E ora ana te Atua, nana nei i whakakahore toku tika; te Kaha Rawa, nana nei i whakakawa toku wairua;
ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
3 Kei te toitu tonu hoki toku ora i roto i ahau, a kei roto i oku pongaponga te wairua o te Atua;
ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်သမျှကာလပတ်လုံး၊
4 He pono, e kore oku ngutu e korero kino, e kore te hianga e puaki i toku arero.
တခါမျှအဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။
5 Aue kia whakatikaia ta koutou e ahau! E kore e whakarerea e ahau toku ngakau tapatahi, a mate noa.
သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။
6 Ka mau taku pupuri ki toku tika, e kore e tukua atu e ahau: e kore toku ngakau e whakahe ki ahau i ahau ano e ora nei.
ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။
7 Ko toku hoariri, kia rite ia ki te tangata kino; ko te tangata e whakatika mai ana ki ahau, kia rite ia ki te tangata hara.
ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။
8 He aha oti ta te whakaponokore e tumanako ai, ahakoa whiwhi ia i te rawa, ki te mea ka tangohia atu tona wairua e te Atua?
အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
9 E rongo ranei te Atua ki tana tangi ina pa te he ki a ia?
ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။
10 E ahuareka ranei ia ki te Kaha Rawa, e karanga ranei ki te Atua i nga wa katoa?
၁၀ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
11 Ka whakaakona koutou e ahau ki te ringa o te Atua; e kore e huna e ahau nga mea e takoto mai nei i te Kaha Rawa.
၁၁ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။
12 Nana, kua kite koutou katoa; a na te aha koutou i wairangi rawa ai?
၁၂သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
13 Ko ta te Atua wahi tenei ma te tangata kino, ko te mea e whakarerea iho ma nga kaitukino, ko ta te Kaha Rawa e riro i a ratou.
၁၃လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည်အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊
14 Ki te mea ka tokomaha ana tamariki, hei mea ma te hoari; e kore ano hoki ona uri e makona i te taro.
၁၄သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။
15 Ko ona morehu ka tanumia ki te mate; e kore ano hoki ana pouaru e tangi.
၁၅သူ၌ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။
16 Ahakoa amene ia i te hiriwa ano he puehu, a pae tonu te kakahu mona ano he paru;
၁၆သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊
17 E pae ano i a ia, otiia ka kakahuria e te tangata tika, ka wehewehea hoki te hiriwa e te harakore.
၁၇ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။
18 Ka rite tana hanga i tona whare ki ta te purehurehu; tona rite kei te whare tihokahoka e hanga ana e te kaitiaki.
၁၈သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။
19 Ka takoto ia, he tangata taonga, otiia e kore e kohia ki te urupa; ko te tirohanga ake a ona kanohi, na kua kahore noa iho ia.
၁၉ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။
20 Rite tonu ki te wai nga whakawehi e mau ai ia; tahaetia ana ia e te paroro i te po.
၂၀ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညဉ့်အခါ မိုဃ်းသက်မုန်တိုင်း ထိုက်သွား တတ်၏။
21 Ka kahakina atu ia e te marangai, a riro ana ia; ka aia atu ano ia i tona wahi.
၂၁အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
22 Ka aki mai hoki te Atua ki a ia, e kore ano ia e tohungia; mea noa ia kia rere mai i roto i tona ringa.
၂၂ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။
23 Ka papaki te tangata i o ratou ringa ki a ia, a ka whakahi, ka a atu i a ia i tona wahi.
၂၃လူတို့သည်လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်း ကြလိမ့်မည်။

< Hopa 27 >