< Hopa 2 >

1 He ra ano ka haere mai nga tama a te Atua, kia tu i te aroaro o Ihowa. A ka haere mai hoki a Hatana i roto i a ratou ki te aroaro o Ihowa tu ai.
တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။
2 Na ka mea a Ihowa ki a Hatana, i haere mai koe i hea? Ano ra ko Hatana ki a Ihowa, I te kopikopiko, i te haereere i te whenua.
ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။
3 Na ka mea a Ihowa ki a Hatana, Kua mahara ranei tou ngakau ki taku tangata, ki a Hopa? kahore he rite mona i te whenua, he tangata ngakau tapatahi, he tika, e wehi ana i te Atua, e mawehe ana i te kino; u tonu ano hoki tona tapatahitanga, ahakoa e whakaoho ana koe i ahau ki te he mona, kia whakangaromia noatia ia.
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
4 Na ka utua e Hatana ta Ihowa, ka mea ia, He kiri mo te kiri; ae ra, ko nga mea katoa hoki a te tangata ka hoatu hei utu mona kia ora.
စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
5 Engari kia totoro atu tou ringa, kia pa ki tona wheua, ki ona kikokiko, ina, ka kanga ia i a koe ki tou aroaro.
ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
6 Na ka mea a Ihowa ki a Hatana, Nana, kei tou ringa ia: otiia kia tupato kei mate rawa ia.
ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
7 Heoi ka haere atu a Hatana i te aroaro o Ihowa; patua iho e ia a Hopa ki te whewhe kino i te kapu o tona waewae, a tae noa ki tona tumuaki.
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
8 Na ka mau ia ki tetahi maramara rihi hei waru i a ia, a noho ana i roto i te pungarehu.
ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
9 Katahi tana wahine ka mea ki a ia, ka u tonu koia koe ki tou tapatahitanga? kanga te Atua, ka mate ai.
ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
10 Ano ra ko ia ki a ia, Rite tonu to kupu ki te kupu a tetahi o nga wahine kuware. Ha! kia whiwhi tatou ki te pai i te Atua, a kia kaua e whiwhi ki te kino? I tenei katoa kihai i hara nga ngutu o Hopa.
၁၀ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
11 Na, i te rongonga o nga hoa tokotoru o Hopa ki tenei aitua katoa i pa nei ki a ia, ka haere mai ratou i tona wahi, i tona wahi, a Eripata Temani, a Pirirara Huhi, a Topara Naamati: he mea whakarite hoki na ratou ki a ratou ano kia haere mai ki t e tangi ki a ia, ki te whakamarie i a ia.
၁၁ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
12 Na, i te marangatanga o o ratou kanohi i tawhiti, a kihai ratou i mohio ki a ia, na kua ara to ratou reo, tangi ana; haea ana tona koroka, tona koroka, ruia iho e ratou he puehu ki runga ki o ratou mahunga, he mea akiri atu whaka te rangi.
၁၂ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။
13 Heoi noho ana ratou i tona taha ki te whenua, e whitu nga ra, e whitu nga po, kihai hoki i puaki he kupu a tetahi ki a ia: i kite hoki ratou he nui rawa tona pouri.
၁၃ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။

< Hopa 2 >