< Hopa 2 >
1 He ra ano ka haere mai nga tama a te Atua, kia tu i te aroaro o Ihowa. A ka haere mai hoki a Hatana i roto i a ratou ki te aroaro o Ihowa tu ai.
၁တဖန် ဘုရား သခင်၏ သား တို့သည် ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။
2 Na ka mea a Ihowa ki a Hatana, i haere mai koe i hea? Ano ra ko Hatana ki a Ihowa, I te kopikopiko, i te haereere i te whenua.
၂ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။
3 Na ka mea a Ihowa ki a Hatana, Kua mahara ranei tou ngakau ki taku tangata, ki a Hopa? kahore he rite mona i te whenua, he tangata ngakau tapatahi, he tika, e wehi ana i te Atua, e mawehe ana i te kino; u tonu ano hoki tona tapatahitanga, ahakoa e whakaoho ana koe i ahau ki te he mona, kia whakangaromia noatia ia.
၃ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ ကိုပျက်စီး စေခြင်းငှါ သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့် တော်မူ၏။
4 Na ka utua e Hatana ta Ihowa, ka mea ia, He kiri mo te kiri; ae ra, ko nga mea katoa hoki a te tangata ka hoatu hei utu mona kia ora.
၄စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။
5 Engari kia totoro atu tou ringa, kia pa ki tona wheua, ki ona kikokiko, ina, ka kanga ia i a koe ki tou aroaro.
၅ယခု တဖန် လက် တော်ကိုဆန့် ၍ သူ့ အရိုး နှင့် သူ့ အသား ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
6 Na ka mea a Ihowa ki a Hatana, Nana, kei tou ringa ia: otiia kia tupato kei mate rawa ia.
၆ထာဝရဘုရား ကလည်း ၊ သူ သည် သင့် လက် ၌ ရှိ၏။ သူ့ အသက် တခုကိုသာ လွတ် စေဟုမိန့် တော်မူလျှင်၊
7 Heoi ka haere atu a Hatana i te aroaro o Ihowa; patua iho e ia a Hopa ki te whewhe kino i te kapu o tona waewae, a tae noa ki tona tumuaki.
၇စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး ပေါက်စေ၏။
8 Na ka mau ia ki tetahi maramara rihi hei waru i a ia, a noho ana i roto i te pungarehu.
၈ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။
9 Katahi tana wahine ka mea ki a ia, ka u tonu koia koe ki tou tapatahitanga? kanga te Atua, ka mate ai.
၉ထိုအခါ မယား က၊ သင် သည် ဖြောင့်မတ် သောတရားကို စွဲလမ်း သေးသလော။ ဘုရား သခင်ကို စွန့်ပယ် ၍ သေ လော့ဟုဆို၏။
10 Ano ra ko ia ki a ia, Rite tonu to kupu ki te kupu a tetahi o nga wahine kuware. Ha! kia whiwhi tatou ki te pai i te Atua, a kia kaua e whiwhi ki te kino? I tenei katoa kihai i hara nga ngutu o Hopa.
၁၀ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။
11 Na, i te rongonga o nga hoa tokotoru o Hopa ki tenei aitua katoa i pa nei ki a ia, ka haere mai ratou i tona wahi, i tona wahi, a Eripata Temani, a Pirirara Huhi, a Topara Naamati: he mea whakarite hoki na ratou ki a ratou ano kia haere mai ki t e tangi ki a ia, ki te whakamarie i a ia.
၁၁ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ ၌ ရောက် သော ဤ အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍ သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
12 Na, i te marangatanga o o ratou kanohi i tawhiti, a kihai ratou i mohio ki a ia, na kua ara to ratou reo, tangi ana; haea ana tona koroka, tona koroka, ruia iho e ratou he puehu ki runga ki o ratou mahunga, he mea akiri atu whaka te rangi.
၁၂ထိုသူတို့သည် အဝေး က မျှော် ကြည့်၍ ယောဘ ကို မ သိ လျှင် ၊ အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ အသီး အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍ မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့ ပစ် တင်ကြ၏။
13 Heoi noho ana ratou i tona taha ki te whenua, e whitu nga ra, e whitu nga po, kihai hoki i puaki he kupu a tetahi ki a ia: i kite hoki ratou he nui rawa tona pouri.
၁၃ခုနစ် ရက် ပတ်လုံးယောဘ နှင့်အတူ မြေ ပေါ် မှာထိုင် ၍ ၊ သူသည်ပြင်းစွာ သောဆင်းရဲ ခံရကြောင်းကို သိမြင် လျှင်၊ အဘယ် သူမျှစကားမပြော မဆိုဘဲနေကြ၏။