< Heremaia 41 >

1 Na i te whitu o nga marama ka haere mai a Ihimaera tama a Netania, tama a Erihama, he uri kingi, ko ia tetahi o nga tino rangatira a te kingi, me ona hoa kotahi tekau, ki a Keraria tama a Ahikama, ki Mihipa; na kei te kai taro ratou tahi ki reira, ki Mihipa.
သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-
2 Katahi ka whakatika ake a Ihimaera tama a Netania, ratou ko ona hoa kotahi tekau, a patua ana a Keraria tama a Ahikama, tama a Hapana ki te hoari, mate rawa, a ia i meinga nei e te kingi o Papurona hei kawana mo te whenua.
န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-
3 Na i patua ano e Ihimaera nga Hurai katoa i a ia, i a Keraria, i Mihipa, ratou ko nga Karari i kitea ki reira, ara nga tangata whawhai.
ဣ​ရှ​မေ​လ​သည်​မိ​ဇ​ပါ​မြို့​တွင်​ဂေ​ဒ​လိ နှင့်​အ​တူ​ရှိ​နေ​သည့်​ယု​ဒ​အ​မျိုး​သား​များ နှင့် ထို​အ​ရပ်​တွင်​ရှိ​သ​မျှ​သော​ဗာ​ဗု​လုန် စစ်​သူ​ရဲ​တို့​ကို​လည်း​သတ်​ဖြတ်​လေ​သည်။
4 Na i te rua o nga ra i muri i tana whakamatenga i a Keraria, a kihai i mohiotia e tetahi tangata,
နောက်​တစ်​နေ့​၌​ဂေ​ဒ​လိ​အား​လုပ်​ကြံ​မှု ကို အ​ဘယ်​သူ​မျှ​မ​သိ​သေး​မီ၊-
5 Ka haere mai etahi tangata i Hekeme, i Hiro, i Hamaria, e waru tekau nga tangata, heu rawa o ratou pahau, haehae rawa nga kakahu, he mea haehae ano hoki ratou, me nga whakahere, me te whakakakara ano i o ratou ringa hei tapaenga ki te whare o Iho wa.
ရှေ​ခင်၊ ရှိ​လော​နှင့်​ရှ​မာ​ရိ​မြို့​တို့​မှ​လူ​ရှစ် ဆယ်​တို့​ရောက်​ရှိ​လာ​ကြ​၏။ သူ​တို့​သည်​မုတ် ဆိတ်​များ​ကို​ရိတ်​ပြီး​လျှင် မိ​မိ​တို့​၏​အ​ဝတ် များ​ကို​ဆွဲ​ဆုတ်​ကာ​ကိုယ်​ခန္ဓာ​ကို​လည်း​ထိ​ရှ ၍​ထား​ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင် ပူ​ဇော်​ရန်​ပူ​ဇော်​သကာ​နှင့်​နံ့​သာ​ပေါင်း ကို​ဆောင်​ယူ​လာ​ကြ​လေ​သည်။-
6 Na ka haere atu a Ihimaera tama a Netania i roto i Mihipa ki te whakatau i a ratou, me te tangi haere ano i a ia e haere ana: a, i tona tutakitanga ki a ratou, ka mea ia ki a ratou, Haere mai ki a Keraria tama a Ahikama.
သို့​ဖြစ်​၍​ဣ​ရှ​မေ​လ​သည် သူ​တို့​အား​ကြို ဆို​ရန်​မိ​ဇ​ပါ​မြို့​မှ​ထွက်​ခွာ​ပြီး​လျှင် တစ် လမ်း​လုံး​ငို​ကြွေး​လျက်​သွား​၏။ သူ​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​မိ​သော​အ​ခါ​သူ​တို့ အား``ဂေ​ဒ​လိ​ထံ​သို့​လာ​ရောက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​သည်။-
7 Heoi, i to ratou taenga ki roto ki te pa, ka patua ratou e Ihimaera tama a Netania, a maka ana e ratou ko ona hoa ki roto ki te poka.
ထို​သူ​တို့​မြို့​တွင်း​သို့​ရောက်​ရှိ​သည်​နှင့်​တစ် ပြိုင်​နက် ဣ​ရှ​မေ​လ​နှင့်​သူ​၏​ငယ်​သား​တို့ သည် ထို​သူ​တို့​အား​သတ်​၍​အ​လောင်း​များ ကို​ရေ​တွင်း​ထဲ​သို့​ပစ်​ချ​ကြ​၏။
8 Otiia tera ano etahi kotahi tekau i kitea i roto i a ratou, i ki atu ki a Ihimaera, Kaua matou e whakamatea; he taonga hoki a matou kei te parae, he witi, he parei, he hinu, he honi, kei te huna. Na ka mutu tana, a kihai ratou i whakamatea e ia i roto i o ratou teina.
သို့​ရာ​တွင်​ထို​လူ​စု​အ​နက်​လူ​ဆယ်​ယောက် က``အ​ကျွန်ုပ်​တို့​အား​မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ် တို့​မှာ​လယ်​ကွက်​များ​တွင်​ဝှက်​ထား​သည့်​ဂျုံ၊ မု​ယော၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​များ​ရှိ​ပါ သည်'' ဟု​ပြော​သ​ဖြင့်​ဣ​ရှ​မေ​လ​သည်​သူ တို့​အား​မ​သတ်​ဘဲ​အ​သက်​ချမ်း​သာ​ခွင့် ပေး​လေ​သည်။-
9 Na, ko te poka i maka ai e Ihimaera nga tinana katoa o nga tangata i patua nei e ia ki te taha o Keraria, ko tera i hanga e Kingi Aha i te wehi ki a Paaha, kingi o Iharaira, whakakiia ana taua poka e Ihimaera tama a Netania ki te hunga i patua.
မိ​မိ​သတ်​ဖြတ်​လိုက်​သူ​တို့​၏​အ​လောင်း​များ ကို​ဣ​ရှ​မေ​လ​ပစ်​ချ​သည့်​ရေ​တွင်း​ကား အ​လွန်​ကြီး​၍ ဣသ​ရေ​လ​ဘု​ရင်​ဗာရှာ​၏​ဘေး မှ​ခု​ခံ​ကာ​ကွယ်​ရန် အာ​သ​မင်း​တူး​ထား​သည့် ရေ​တွင်း​ဖြစ်​သ​တည်း။ ဣ​ရှ​မေ​လ​သည်​မိ​မိ သတ်​ဖြတ်​လိုက်​သည့်​လူ​သေ​အ​လောင်း​များ ဖြင့်​ထို​တွင်း​ကို​ပြည့်​စေ​၏။-
10 Katahi ka whakaraua e Ihimaera nga morehu katoa o te iwi i Mihipa, nga tamahine a te kingi, me nga morehu katoa i Mihipa, ko te hunga i meinga nei e Neputaarana rangatira o nga kaitiaki, a Keraria tama a Ahikama hei kawana mo ratou; whakaraua an a ratou e Ihimaera tama a Netania, a haere ana ia, whiti ana ki nga tama a Amona.
၁၀ထို​နောက်​ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​၏​စောင့် ရှောက်​မှု​ကို​ခံ​ယူ​စေ​ရန် တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် အပ်​နှံ​ထား​သည့်​ဘု​ရင့်​သ​မီး​တော်​များ​နှင့် မိ​ဇ​ပါ​မြို့​တွင်​ကျန်​ရှိ​နေ​သေး​သူ​အ​ပေါင်း တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး​လျှင် သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​အမ္မုန်​ပြည်​ရှိ​ရာ​သို့​ခေါ် ဆောင်​သွား​လေ​သည်။
11 I te rongonga ia o Hohanana tama a Karea, ratou ko nga rangatira katoa o nga ope i a ia, ki te kino katoa i mahia e Ihimaera tama a Netania,
၁၁ဣ​ရှ​မေ​လ​ကူး​လွန်​သည့်​ရာ​ဇ​ဝတ်​မှု​များ အ​ကြောင်း​ကို ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် တပ်​မ​တော်​ခေါင်း​ဆောင်​များ​ကြား​သိ​ကြ သော​အ​ခါ၊-
12 Katahi ka tango ratou i nga tangata katoa, a haere ana ki te whawhai ki a Ihimaera tama a Netania, a rokohanga atu ia i te taha o nga wai nunui i Kipeono.
၁၂မိ​မိ​တို့​တပ်​သား​များ​ကို​ခေါ်​၍ ဣ​ရှ​မေ​လ ကို​တိုက်​ခိုက်​ရန်​ထွက်​သွား​ကြ​ရာ​ဂိ​ဘောင်​မြို့ အ​နီး​ရေ​ကန်​ကြီး​တွင်​သူ့​အား​လိုက်​၍​မီ ကြ​၏။-
13 A, no te kitenga o te hunga katoa i a Ihimaera i a Hohanana tama a Karea, i ona hoa hoki, i nga rangatira katoa o nga ope, na ka koa ratou.
၁၃ဣ​ရှ​မေ​လ​၏​သုံ့​ပန်း​များ​သည်​ယော​ဟ​နန် ကို​လည်း​ကောင်း၊ သူ​နှင့်​ပါ​လာ​သည့်​တပ်​မ တော်​ခေါင်း​ဆောင်​များ​ကို​လည်း​ကောင်း မြင် သော​အ​ခါ​ဝမ်း​မြောက်​ကြ​ကုန်​လျက်၊-
14 Ko te tino tahuritanga o te hunga katoa i whakaraua e Ihimaera i Mihipa, hoki ana, haere ana ki a Hohanana tama a Karea.
၁၄ယော​ဟ​နန်​ရှိ​ရာ​သို့​လှည့်​၍​ပြေး​လာ​ကြ​လေ သည်။-
15 Engari ko Ihimaera tama a Netania i mawhiti atu i a Hohanana, ratou ko nga tangata tokowaru, a haere ana ki nga tama a Amona.
၁၅သို့​ရာ​တွင်​ဣ​ရှ​မေ​လ​နှင့် သူ​၏​လူ​ရှစ်​ယောက်​တို့ မူ​ကား ယော​ဟ​နန်​ထံ​မှ​တိမ်း​ရှောင်​ကာ​အမ္မုန် ပြည်​သို့​လွတ်​မြောက်​သွား​ကြ​၏။
16 Katahi ka mau a Hohanana tama a Karea, ratou ko ona hoa, ko nga rangatira katoa o nga ope, i nga morehu katoa o te iwi, i era o Mihipa i whakahokia mai e ia i a Ihimaera tama a Netania, i muri i tana patunga i a Keraria tama a Ahikama, ara nga t angata whawhai, nga wahine, nga tamariki, nga unaka hoki i whakahokia mai e ia i Kipeono;
၁၆ဂေ​ဒ​လိ​အား​သတ်​ပြီး​နောက်​မိ​ဇ​ပါ​မြို့​မှ သုံ့​ပန်း​များ​အ​ဖြစ် ဣ​ရှ​မေ​လ​ခေါ်​ဆောင် လာ​သော​စစ်​သူ​ရဲ​များ၊ အ​မျိုး​သ​မီး​များ၊ က​လေး​သူ​ငယ်​များ​နှင့်​မိန်း​မ​စိုး​များ​အား ယော​ဟ​နန်​နှင့်​သူ​၏​တပ်​မှူး​များ​က​ထိန်း သိမ်း​စောင့်​ရှောက်​ထား​ကြ​၏။-
17 A haere ana, noho ana i Kerutu Kimihama, i te taha o Peterehema, he mea kia haere ai ratou ki Ihipa,
၁၇သူ​တို့​သည်​ဂိ​ဘောင်​မြို့​မှ​ယော​ဟ​နန်​ဆောင် ယူ​လာ​သူ​အ​ပေါင်း​တို့​အား​ထိန်း​သိမ်း​စောင့် ရှောက်​ကာ​ထွက်​ခွာ​လာ​ကြ​ပြီး​လျှင် ဗက်​လင် မြို့​အ​နီး​ခိ​မ​ဟံ​စ​ခန်း​၌​ရပ်​နား​ကြ​၏။ သူ တို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘေး မှ​ကင်း​ဝေး​ကြ​စေ​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ကြ​၏။-
18 I te wehi ki nga Karari; i wehi hoki ratou i a ratou, mo te patunga a Ihimaera tama a Netania i a Keraria tama a Ahikama, i meinga nei e te kingi o Papurona hei kawana mo te whenua.
၁၈ဣ​ရှ​မေ​လ​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့​သူ​ဂေ​ဒ​လိ​အား သတ်​ဖြတ်​ခဲ့​သည့်​အ​တွက် သူ​တို့​သည်​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​ကို​ကြောက်​ကြ​၏။

< Heremaia 41 >