< Heremaia 35 >

1 Ko te kupu i puta mai ki a Heremaia na Ihowa, i nga ra o Iehoiakimi tama a Hohia kingi o Hura; i mea ia,
ယု​ဒ​ဘု​ရင်​ယော​ရှိ​၏​သား ယော​ယ​ကိမ်​မင်း လက်​ထက်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
2 Haere ki te whare o nga Rekapi, korero atu ki a ratou, ka kawe i a ratou ki te whare o Ihowa, ki tetahi o nga ruma, ka whakainu i a ratou ki te waina.
``သင်​သည်​ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့ ထံ​သို့​သွား​၍​စ​ကား​စ​မြည်​ပြော​ပြီး​လျှင် သူ​တို့​အား​ဗိ​မာန်​တော်​အ​ခန်း​တစ်​ခု​သို့ ခေါ်​ဆောင်​ကာ​စ​ပျစ်​ရည်​ကို​တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
3 Na ka tikina e ahau a Iaatania tama a Heremaia, tama a Hapatinia, ratou ko ona teina, ko ana tama katoa, ko te whare katoa hoki o nga Rekapi;
သို့​ဖြစ်​၍​ငါ​သည်(အ​ခြား​ယေ​ရ​မိ​၏​သား၊ ဟာ​ဗ​ဇိ​ညာ​၏​မြေး) ယာ​ဇ​ညာ​နှင့်​သူ​၏ ညီ​အစ်​ကို​များ၊ သား​များ​ဖြစ်​ကြ​သော ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့​ကို၊-
4 A kawea ana ratou e ahau ki te whare o Ihowa, ki te ruma o nga tama a Hanana tama a Ikiraria, he tangata na te Atua, ki tera i te taha o te ruma o nga rangatira, i runga ake i te ruma o te kaitiaki tatau, o Maaheia tama a Harumu:
ဗိ​မာန်​တော်​သို့​ဖိတ်​ကြား​ပြီး​လျှင်​ပ​ရော​ဖက် ဟာ​နန်​၏​တ​ပည့်​များ​နေ​ထိုင်​ရာ​အ​ခန်း​သို့ ခေါ်​သွား​၏။ ဟာ​နန်​ကား​ဣ​ဂ​ဒါ​လိ​၏​သား ဖြစ်​သ​တည်း။ ထို​အ​ခန်း​သည်​အ​ရာ​ရှိ​များ ၏​အ​ခန်း​အ​နီး​ဗိ​မာန်​တော်​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သော​ရှလ္လုံ​၏​သား​မာ​သေ​ယ​၏ အ​ခန်း​အ​ထက်​၌​ရှိ​လေ​သည်။-
5 A whakaturia ana e ahau etahi oko, ki tonu i te waina, me etahi kapu ki te aroaro o nga tama o te whare o nga Rekapi. Na ka mea atu ahau ki a ratou, Inumia e koutou he waina.
ထို​နောက်​ငါ​သည်​စ​ပျစ်​ရည်​အပြည့်​ရှိ​သည့် ခွက်​ဖ​လား​များ​နှင့် အိုး​များ​ကို​ရေ​ခပ်​အ နွယ်​ဝင်​တို့​၏​ရှေ့​တွင်​ချ​ထား​၍​သူ​တို့ အား``စပျစ်​ရည်​အ​နည်း​ငယ်​သောက်​ကြ​ပါ'' ဟု​ပြော​၏။-
6 Ano ra ko ratou, E kore matou e inu waina; i ako hoki to matou papa, a Ionarapa, tama a Rekapa, ki a matou, i mea, Kei inu waina koutou ko a koutou tamariki a ake ake:
သို့​ရာ​တွင်​ထို​သူ​တို့​က``ရေ​ခပ်​၏​သား၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ယော​န​ဒပ် က​အ​ကျွန်ုပ်​တို့​သည်​သား​စဉ်​မြေး​ဆက် အ ဘယ်​အ​ခါ​၌​မျှ​စ​ပျစ်​ရည်​ကို​မ​သောက် ရန်​ပ​ညတ်​ခဲ့​သည်​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​စ​ပျစ်​ရည်​မ​သောက်​ကြ​ပါ။-
7 Kaua hoki koutou e hanga whare, e whakato purapura, e whakato mara waina ranei, kaua hoki he pena ma koutou; engari, i o koutou ra katoa, me noho teneti; kia maha ai nga ra e ora ai koutou ki te mata o te oneone e noho manene nei koutou.
သူ​သည်​အ​ကျွန်ုပ်​တို့​အား​အိမ်​များ​ကို​မ ဆောက်​ကြ​ရန်​နှင့် လယ်​များ​ကို​မ​လုပ်​ကြ ရန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်​များ ကို​မ​စိုက်​မ​ပျိုး၊ မ​ဝယ်​မ​ယူ​ကြ​ရန်​သော် လည်း​ကောင်း​မှာ​ကြား​ထား​ပါ​သေး​၏။ အ ကျွန်ုပ်​တို့​သည်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့် နေ​ထိုင်​ရာ​ပြည်​တွင် ဆက်​လက်​နေ​ထိုင်​နိုင် ကြ​မည့်​အ​ကြောင်း​တဲ​ရှင်​များ​တွင်​သာ နေ​ကြ​ရန်​ကို​လည်း​မိန့်​မှာ​ခဲ့​ပါ​၏။-
8 Na rongo tonu matou ki te reo o to matou papa, o Ionarapa tama a Rekapa, ki nga mea katoa i whakahau ai ia ki a matou, kia kaua e inu waina i o matou ra katoa, matou, a matou wahine, a matou tama, a matou tamahine;
အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​ရေ​ခပ် ၏​သား​ယော​န​ဒပ်​၏​ညွှန်​ကြား​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ကိုယ်​တိုင်​နှင့်​အ​ကျွန်ုပ်​တို့​၏​ဇ​နီး၊ သား​သ​မီး များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​အ​ခါ​မျှ မ​သောက်​ကြ​ပါ။-
9 Kia kaua ano e hanga whare hei nohoanga mo matou: kahore hoki a matou mara waina, mara ke ranei, purapura ranei;
အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ရန်​အိမ်​များ ကို​မ​ဆောက်​မ​လုပ်​ကြ​ပါ။ စ​ပျစ်​ဥ​ယျာဉ်​များ၊ လယ်​ယာ​များ​သို့​မ​ဟုတ်​ဂျုံ​စ​ပါး​များ​ကို လည်း​မ​ပိုင်​ကြ​ပါ။-
10 Engari ko o matou nohoanga he teneti, rongo tonu matou, mahi tonu i nga mea katoa i whakahaua e to matou papa, e Ionarapa, ki a matou.
၁၀အ​ကျွန်ုပ်​တို့​သည်​တဲ​ရှင်​များ​တွင်​နေ​ထိုင် ကြ​ပါ​သည်။ မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ် ၏​ပ​ညတ်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ခဲ့​ကြ​ပါ ပြီ။-
11 Otiia, i te whakaekenga a Nepukareha kingi o Papurona i te whenua, ka mea matou, Haere mai, haere tatou ki Hiruharama, kei mate i te ope a nga Karari, i te ope hoki a nga Hiriani; na noho ana matou i Hiruharama.
၁၁သို့​ရာ​တွင်​ဤ​မြို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ချင်း​နင်း​ဝင်​ရောက်​လာ​သော​အ​ခါ​၌ ဗာ​ဗု​လုန်​နှင့်​ရှု​ရိ​တပ်​များ​ကင်း​ဝေး​စေ​ရန် အ​ကျွန်ုပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ ရောက်​ရန်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ကြ​ပါ​၏။ ထို့​ကြောင့် ယ​ခု​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​တွင် အ​ကျွန်ုပ်​တို့ နေ​ထိုင်​လျက်​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​ကြ​၏။
12 Katahi ka puta mai te kupu a Ihowa ki a Heremaia; ka mea ia,
၁၂ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​များ​ထံ​သို့​စေ​လွှတ်​၍​သူ​တို့ အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ညွှန် ကြား​ချက်​များ​ကို​မ​လိုက်​နာ​ကြ​ပါ သ​နည်း​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မေး​၏။-
13 Ko te kupu tenei a Ihowa o nga mano, a te Atua o Iharaira; Haere, mea atu ki nga tangata o Hura, ki te hunga hoki e noho ana i Hiruharama, E kore ianei koutou e manako ki te ako, e rongo ki aku kupu? e ai ta Ihowa.
၁၃
14 Kua tutuki nga kupu a Ionarapa tama a Rekapa i whakahau ai ia ki ana tamariki kia kaua e inu waina; kihai hoki ratou i inu a taea noatia tenei ra, no te mea e whakarongo ana ratou ki te ako a to ratou papa: ko ahau ia, i korero ahau ki a koutou, moata ai i te ata ka korero; heoi kihai koutou i rongo ki ahau.
၁၄ယော​န​ဒပ်​၏​သား​မြေး​တို့​သည်​စ​ပျစ်​ရည် မ​သောက်​ရန်​ယော​န​ဒပ်​ပေး​အပ်​ခဲ့​သည့်​ပ​ညတ် ကို​စောင့်​ထိန်း​ခဲ့​ကြ​လေ​ပြီ။ သူ​တို့​သည်​မိ​မိ တို့​ဘိုး​ဘေး​၏​အ​မိန့်​ကို​နာ​ခံ​ကြ​သည်​ဖြစ် ၍ ယ​နေ့​တိုင်​အောင်​အ​ဘယ်​သူ​မျှ​စ​ပျစ်​ရည် ကို​မ​သောက်​ကြ။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​အ​ဖန်​ဖန်​အ​ထပ်​ထပ်​သင်​တို့​အား​ပြော ဆို​ခဲ့​သော်​လည်း​ငါ​၏​စ​ကား​ကို​နား​မ ထောင်။-
15 I unga atu ano e ahau aku pononga katoa, nga poropiti, maranga wawe ana ahau, unga ana i a ratou, ki a koutou, me te ki atu, Tahuri mai koutou, e tera, e tera o koutou i o koutou ara kino, ka whakapai i a koutou mahi, kaua hoki e whai ki nga atu a ke, kaua e mahi ki a ratou, a ka noho koutou ki te whenua i hoatu e ahau ki a koutou ko o koutou matua: heoi kihai i anga mai o koutou taringa, kihai hoki i rongo ki ahau.
၁၅ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့​အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​မိ​မိ​တို့ အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​၍ ဖြောင့်​မှန်​ရာ ကို​ပြု​ကျင့်​ကြ​ရန်​ပြော​ကြား​ခဲ့​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​တို့​အား​ငါ​ပေး အပ်​ခဲ့​သည့်​ပြည်​တော်​တွင် ဆက်​လက်​နေ​ထိုင် နိုင်​ကြ​မည့်​အ​ကြောင်း​အ​ခြား​ဘု​ရား​များ ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ကြ​ရန်​သင်​တို့​အား သ​တိ​ပေး​ခဲ့​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။ ငါ့​အား လည်း​ပ​မာ​ဏ​မ​ပြု​ကြ။-
16 Na, kua whakamana nei e nga tama a Ionarapa tama a Rekapa te ako a to ratou papa i ako ai ia ki a ratou, engari ko tenei iwi, kihai i rongo ki ahau:
၁၆ယော​န​ဒပ်​၏​သား​မြေး​များ​သည်​မိ​မိ​တို့ ဘိုး​ဘေး​၏​အ​မိန့်​ကို​နား​ထောင်​ကြ​၏။ သင် တို့​မူ​ကား​ငါ​၏​အ​မိန့်​ကို​နား​မ​ထောင် ကြ။-
17 Mo reira ko te kupu tenei a Ihowa, a te Atua o nga mano, a te Atua o Iharaira; Nana, ka kawea mai e ahau ki a Hura, ki nga tangata katoa hoki o Hiruharama, nga kino katoa i korerotia e ahau mo ratou: no te mea i korero ahau ki a ratou, a kihai i rongo; i karanga ahau ki a ratou, a kihai ratou i whakahoki kupu mai.
၁၇သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​က​တိ​ထား​ခဲ့​သည့်​ဘေး အန္တ​ရာယ်​ဆိုး​ကို​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ငါ​ပြော​သော​အ​ခါ​နား​မ​ထောင်၊ ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ​သော​ကြောင့် ဖြစ်​၏​ဟု​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။
18 Na ka mea a Heremaia ki te whare o nga Rekapi, Ko te kupu tenei a Ihowa o nga mano, a te Atua o Iharaira; I te mea i rongo koutou ki te ako a to koutou papa, a Ionarapa, i pupuri hoki i ana ako katoa, i mahi i nga mea katoa i akona e ia ki a kou tou;
၁၈ထို​နောက်​ငါ​သည်​ရေ​ခပ်​သား​ချင်း​စု​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ်​ပေး​အပ် သည့်​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လေ​ပြီ။ သူ​၏ ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကာ သူ​မိန့်​မှာ​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​ကြ လေ​ပြီ။-
19 Mo reira ko te kupu tenei a Ihowa o nga mano, a te Atua o Iharaira: E kore e kore he tangata ma Ionarapa tama a Rekapa, hei tu ki toku aroaro i nga ra katoa.
၁၉သို့​ဖြစ်​၍​ရေ​ခပ်​၏​သား​ယော​န​ဒပ်​သည်​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည့်​သား​မြေး​များ အ​စဉ်​မ​ပြတ်​ထွန်း​ကား​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ ပြု​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ပြန်​ကြား ပြော​ဆို​လေ​သည်။

< Heremaia 35 >