< Heremaia 24 >

1 I whakakite a Ihowa ki ahau, na, e rua nga kete piki i whakaturia ki mua i te temepara o Ihowa; i muri iho i te whakaraunga a Nepukareha kingi o Papurona i a Hekonia tama a Iehoiakimi kingi o Hura, ratou ko nga rangatira o Hura, ko nga kamura, ko nga parakimete i Hiruharama, i tana kawenga hoki i a ratou ki Papurona.
ထာဝရဘုရား ပြတော်မူသောရူပါရုံဟူမူကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခါနိ မင်းအစ ရှိသော ယုဒ မှူးမတ် များ၊ လက်သမား ၊ ပန်းပဲ သမားများတို့ကို ယေရုရှလင် မြို့ မှ ဗာဗုလုန် မြို့သို့ သိမ်းသွား သောနောက်၊ ထာဝရဘုရား ၏ ဗိမာန် တော်ရှေ့ ၌ ထား သော သင်္ဘော သဖန်းသီးတောင်း နှစ် လုံးသည် ထင်ရှား လေ၏။
2 He pai rawa nga piki o tetahi o nga kete, he rite tonu ki nga piki matamua: a he kino rawa nga piki o tetahi o nga kete, kahore e taea te kai, i te kino rawa.
တောင်း တလုံး ၌ကား၊ အဦး မှည့်သော သင်္ဘောသဖန်း သီးကဲ့သို့ အလွန် ကောင်း သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မ စား နိုင်အောင် အလွန် ညံ့ သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။
3 Katahi a Ihowa ka mea ki ahau, He aha tau e kite na, e Heremaia? Ano ra ko ahau, He piki; ko nga piki pai, he tino pai; a, ko nga mea kino, he tino kino, kahore e taea te kai, i te kino rawa.
ထာဝရဘုရား ကလည်း ၊ ယေရမိ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ အကျွန်ုပ်သည် သင်္ဘောသဖန်း သီးကို မြင်ပါ၏။ ကောင်း သော သင်္ဘော သဖန်းသီးသည် အလွန်ကောင်း ပါ၏။ ညံ့ သော သင်္ဘေသဖန်းသီးသည် မ စား နိုင်အောင် အလွန် ညံ့ ပါသည်ဟု ပြန်လျှောက် ၏။
4 Na ka puta mai te kupu a Ihowa ki ahau, i mea ia,
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
5 Ko te kupu tenei a Ihowa, a te Atua o Iharaira; Ka penei i nga piki pai nei toku mohio ki te hunga o Hura i whakaraua nei, i unga atu nei e ahau i tenei wahi ki te whenua o nga Karari, hei pai mo ratou.
ဤ အရပ် မှ ခါလဒဲ ပြည် သို့ ငါစေလွှတ် ၍ သိမ်းသွား ခြင်းကို ခံရသော ယုဒ အမျိုးသားတို့သည်၊ ဤ ကောင်း သော သင်္ဘော သဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။
6 Ka whakamau tonu atu hoki oku kanohi ki a ratou mo te pai, a ka whakahokia mai ano ratou e ahau ki tenei whenua: ka hanga ano ratou e ahau, e kore hoki e wahia iho; ka whakatokia ratou e ahau, e kore ano e hutia atu.
သူ တို့၌ ကျေးဇူး ပြုမည်ဟု ငါကြံစည်၍၊ ဤ ပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ နောက် တဖန် မ ဖြို မဖျက်ဘဲ တည်ဆောက် မည်။ မ နှုတ် မပယ်ဘဲစိုက် ထားမည်။
7 Ka hoatu hoki e ahau he ngakau ki a ratou kia mohio ki ahau, ko Ihowa ahau: a ka waiho ratou hei iwi maku, a ko ahau hei Atua mo ratou: no te mea ka whakapaua o ratou ngakau ki te hoki mai ki ahau.
ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို၊ သူတို့ သိ နိုင်သော စိတ် နှလုံးကို ငါပေး မည်။ သူတို့သည် ငါ ၏လူ ဖြစ် ကြ၍ ၊ ငါ သည်လည်း သူ တို့၏ ဘုရား သခင်ဖြစ် လိမ့်မည် ။ ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ နှင့် ပြန် လာကြလိမ့်မည်။
8 Na mo nga piki kino, e kore nei e taea te kai, i te kino rawa; he pono ko te kupu tenei a Ihowa, Ka pena taku hoatutanga i a Terekia kingi o Hura, ratou ko ana rangatira, ko nga morehu o Hiruharama e mahue ki tenei whenua, e noho ana hoki i te wh enua o Ihipa:
မ စား နိုင်အောင် အလွန်ညံ့ သော သင်္ဘော သဖန်း သီးကဲ့သို့ ၊ ငါသည် ယုဒ ရှင်ဘုရင် ဇေဒကိ မှစ ၍၊ မှူး တော်မတ်တော်၊ ဤ ပြည် ၌ ကျန် ကြွင်းသော ယေရုရှလင် မြို့သား၊ အဲဂုတ္တု ပြည် ၌ နေ သောအမျိုးသားတို့ကို ဖြစ် စေမည်။
9 Ka tino hoatu hoki ratou e ahau kia poipoia haeretia i roto i nga kingitanga katoa o te whenua, hei he mo ratou; hei hahani, hei whakatauki, hei taunu, hei kanga, i nga wahi katoa e peia atu ai ratou e ahau.
သူတို့သည် ငါနှင် ရာ အရပ်ရပ် တို့၌ ကဲ့ရဲ့ခြင်း၊ ပုံ ခိုင်း ခြင်း၊ ဆဲရေး ခြင်း၊ ကျိန် ခြင်းတို့ကိုခံ ရမည် အကြောင်း၊ ငါသည် မြေ ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့၌ နှောင့်ရှက် ညှဉ်းဆဲခြင်းသို့ သူ တို့ကို အပ် လိုက်မည်။
10 Ka unga atu ano e ahau he hoari, te hemokai, te mate uruta ki a ratou, kia poto ra ano ratou i runga i te whenua i hoatu e ahau ki a ratou ko o ratou matua.
၁၀သူ တို့နှင့် သူ တို့၏ ဘိုးဘေး တို့အား ငါပေး သော ပြည် မှ ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< Heremaia 24 >