< Heremaia 14 >
1 Ko te kupu a Ihowa i puta mai ki a Heremaia, he mea mo te tauraki.
၁မိုးခေါင်ခြင်းနှင့်ပတ်သက်၍ထာဝရဘုရား သည် ငါ့အားမိန့်တော်မူသည်ကား၊
2 Kei te tangi a Hura, ngehe kau ona kuwaha, kua noho ki te whenua he mangu ona kakahu; kua kake te aue o Hiruharama ki runga.
၂``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။ ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။ ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။
3 Na ka unga o ratou ariki i a ratou tamariki ririki ki nga awa: ka tae ratou ki nga poka, kahore e kite wai; ka hoki me a ratou oko, tahanga kau: ka whakama ratou, ka numinumi, ka hipoki i o ratou mahunga.
၃ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
4 I te ngatata o te oneone, kahore ano nei hoki he ua ki runga ki te whenua, ka whakama nga kaiparau, ka hipoki i o ratou mahunga.
၄မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။ လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။
5 Ae ra, ko te hata ano, whanau ana ia i waenga parae, a whakarerea ake e ia tana kuao, no te mea kahore he tarutaru.
၅ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။
6 Na ka tu nga kaihe mohoao i runga i nga wahi tiketike, ka kihakiha ano he kirehe mohoao; matawaia ana o ratou kanohi, kahore hoki he otaota.
၆မြင်းရိုင်းတို့သည်တောင်ထိပ်များတွင်ရပ်လျက် ခွေးအများကဲ့သို့အသက်လု၍ရှူနေကြ၏။ သူတို့သည်အစာငတ်မှုကြောင့်မျက်စိများ မှုံဝေလျက်နေကြ၏။
7 Ahakoa whakaatu noa o matou kino i to matou he, e mahi koe, e Ihowa, kia mahara hoki ki tou ingoa: kua tini nei hoki o matou tahuritanga ketanga, kua hara matou ki a koe.
၇ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
8 E koe, e te tumanako a Iharaira, e tona kaiwhakaora i te wa o te raru, he aha koe i noho ai i te whenua ano he manene, i rite ai ki te tangata haere e peka ana ki tetahi moenga mona i te po?
၈ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊ တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
9 He aha koe i rite ai ki te tangata e ketekete kau ana, ki te marohirohi e kore nei e kaha ki te whakaora? kei waenganui ano ia koe i a matou, e Ihowa, kua huaina tou ingoa mo matou; kaua hoki matou e whakarerea.
၉အဘယ်ကြောင့်ကိုယ်တော်ရှင်သည် အငိုက်မိသူကဲ့သို့လည်းကောင်း၊ ကူမနိုင်စွမ်းမရှိသည့်စစ်သူရဲကဲ့သို့ လည်းကောင်း ဖြစ်တော်မူပါသနည်း။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အမှန်ပင် ကျွန်တော်မျိုးတို့နှင့်အတူရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ နာမတော်ကိုဆောင်သောသူဖြစ်ကြပါ၏။ ကျွန်တော်မျိုးတို့အားစွန့်ပစ်တော်မမူပါ နှင့်' ဟုလျှောက်ထားကြ၏။''
10 Ko te kupu tenei a Ihowa ki tenei iwi, He pena tonu to ratou matenui ki te taihaere; kihai i kaiponuhia o ratou waewae; no reira kahore a Ihowa e manako ki a ratou; ka mahara ia aianei ki o ratou he, a ka whiu i o ratou hara.
၁၀ထာဝရဘုရားသည်ထိုသူတို့အကြောင်း နှင့်ပတ်သက်၍``သူတို့သည်ငါ့ထံမှထွက် ပြေးရန်နှစ်သက်ကြ၏။ မိမိတို့ခြေကို မချုပ်တည်းလိုကြ။ ထို့ကြောင့်ငါသည်သူ တို့ကိုမနှစ်သက်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုအောက်မေ့သတိရ၍ သူတို့အား အပြစ်ဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
11 A ka mea a Ihowa ki ahau, Kaua e inoi mo tenei iwi ki te pai mo ratou.
၁၁ထာဝရဘုရားက ငါ့အား``သင်သည်ထိုသူ တို့ကိုကူမရန်ငါ့အားမလျှောက်ထားနှင့်။-
12 Ka nohopuku ratou, e kore ahau e rongo ki ta ratou karanga; ka whakaekea e ratou te tahunga tinana me te whakahere, e kore ahau e manako ki a ratou; engari ka poto ratou i ahau, i te hoari, i te hemokai, i te mate uruta.
၁၂အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
13 Ano ra ko ahau, Aue, e te Ariki, e Ihowa, nana, ko nga poropiti te mea nei ki a ratou, E kore koutou e kite i te hoari, e kore ano te hemokai e pa ki a koutou; engari maku e mea kia tuturu rawa te mau o te rongo ki a koutou i tenei wahi.
၁၃ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။
14 Ano ra ko Ihowa ki ahau, Kei te poropiti teka nga poropiti i runga i toku ingoa: kihai ratou i unga e ahau, kihai ratou i whakahaua e ahau, kihai hoki ahau i korero ki a ratou: he kitenga teka ta ratou e poropiti na ki a koutou, he whakaaro ki n ga tohu, he mea horihori, he mea tinihanga na o ratou ngakau.
၁၄သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
15 Mo reira ko te kupu tenei a Ihowa mo nga poropiti e poropiti nei i runga i toku ingoa, he hunga kihai i unga e ahau, i a ratou e mea nei, E kore te hoari, te hemokai ranei e pa ki tenei whenua: Ka poto ena poropiti i te hoari, i te hemokai.
၁၅ငါမစေလွှတ်ဘဲငါ၏နာမတော်ကိုအမှီ ပြု၍ ဤပြည်တွင်စစ်မက်နှင့်ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ် ဟု ဟောပြောကြသူပရောဖက်တို့အားအဘယ် သို့ငါပြုမည်ကို သင့်အားငါထာဝရဘုရား ဖော်ပြမည်။ ငါသည်သူတို့အားစစ်ပွဲတွင် ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးသင့်၍သေစေမည်။-
16 Na, ko te iwi ki a ia nei ta ratou poropititanga, ka akiritia ki nga ara o Hiruharama i te ngaunga a te hemokai, a te hoari; kahore hoki he tangata hei tanu i a ratou, i a ratou, i a ratou wahine, i a ratou tama, i a ratou tamahine; no te mea ka ringihia e ahau to ratou kino ki runga ki a ratou.
၁၆သူတို့ဟောပြောသည်ကိုကြားနာကြသူတို့ သည်လည်း သူတို့ကဲ့သို့သေကြလိမ့်မည်။ ငတ် မွတ်ခေါင်းပါးခြင်းဘေးနှင့် စစ်ဘေးတို့ကြောင့် သူတို့၏အလောင်းများကိုယေရုရှလင်မြို့ လမ်းများပေါ်တွင်စွန့်ပစ်၍ထားကြလိမ့်မည်။ ယင်းတို့ကိုအဘယ်သူမျှသင်္ဂြိုဟ်ကြလိမ့်မည် မဟုတ်။ ဇနီးသားသမီးများပါမကျန်၊ ထို သူအားလုံးပင်ဤနည်းအတိုင်းဖြစ်ရကြ လိမ့်မည်။ မိမိတို့၏ယုတ်မာမှုများအတွက် သူတို့အားငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
17 Na me korero e koe tenei kupu ki a ratou, Kia hirere iho te roimata o oku kanohi i te po, i te ao, kaua hoki e mutu; no te mea he nui te pakaru i pakaru ai te tamahine a taku iwi, mamae rawa te patunga.
၁၇ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
18 Ki te haere ahau ki te parae, nana, ko nga tupapaku a te hoari! ki te tomo ahau ki te pa, nana, ko te hunga e mate ana i te hemokai! ko te poropiti hoki raua tahi ko te tohunga kei te haereere noa iho i te whenua a kahore e mohio.
၁၈လယ်ပြင်များသို့သွားသောအခါစစ်ပွဲတွင် ကျဆုံးသူများကိုငါမြင်ရ၏။ မြို့များသို့ဝင်သောအခါလူတို့အစာငတ်၍ သေကြသည်ကိုမြင်ရ၏။ ပရောဖက်များနှင့်ယဇ်ပုရောဟိတ်များသည် မိမိတို့အဘယ်သို့သောအမှုကိုပြုလျက် နေမှန်းမသိဘဲ၊ အလုပ်တာဝန်များကိုထမ်းဆောင်နေကြ၏။''
19 Kua paopao rawa ranei koe ki a Hura? kua whakarihariha ranei tou wairua ki Hiona? He aha koe i patu ai i a matou, te ai he mahunga mo o matou mate? I tatari matou ki te rongo mau, heoi kahore he pai; ki te wa e mahu ai, na ko te raruraru.
၁၉အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
20 Tenei matou, e Ihowa, te whaki nei i to matou kino, i te he o o matou matua: kua hara hoki matou ki a koe.
၂၀အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် မိမိတို့အပြစ်နှင့်ဘိုးဘေးများ၏အပြစ် များကို ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ပြစ်မှားကြပါပြီ။
21 Kaua e whakarihariha ki a matou, whakaaro ki tou ingoa; kaua e whakaititia te torona o tou kororia; kia mahara, kaua e whakataka tau kawenata ki a matou.
၂၁ကိုယ်တော်ရှင်၏နာမတော်ကိုထောက်၍ ကျွန်တော်မျိုးတို့အားစက်ဆုပ်ရွံရှာတော်မမူ ပါနှင့်။ ကိုယ်တော်ရှင်၏ဘုန်းအသရေကိုဆောင်သည့် ရာဇပလ္လင်တည်းဟူသောယေရုရှလင်မြို့ကို အသရေပျက်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့နှင့်ပြုတော် မူသော ပဋိညာဉ်ကိုဖျက်တော်မမူပါနှင့်။
22 Kei roto ranei i nga mea horihori a nga tauiwi tetahi hei mea kia ua? ma nga rangi ranei e homai nga ua nehu? he teka ianei ko koe ia, e Ihowa, e to matou Atua? na reira matou ka tatari ki a koe; nau hoki i hanga enei mea katoa.
၂၂လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။