< Ihaia 56 >

1 Ko te kupu tenei a Ihowa, Puritia te whakawa, mahia te tika; no te mea ka tata he putanga mo taku whakaora, he whakakitenga mo toku tika.
ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``ငါ သည်​မ​ကြာ​မီ​သူ​တို့​ကို​ကယ်​တင်​မည်။ သို့​ဖြစ် ၍​သင်​တို့​သည်​ဖြောင့်​မတ်​မှန်​ကန်​ရာ​ကို​ပြု​လုပ် ကြ​လော့။
2 Ka hari te tangata nana tenei mahi, te tama a te tangata e pupuri nei i a ia, mau tonu; e pupuri ana, a kahore e whakapoke i te hapati, e tiaki ana i tona ringa kei mahi i tetahi he.
ဥ​ပုသ်​နေ့​ကို​အ​လွဲ​သုံး​စား​မ​ပြု​ဘဲ​ကောင်း စွာ​စောင့်​ထိန်း​သူ​တို့​နှင့် အ​ဘယ်​မ​ကောင်း​မှု ကို​မျှ​မ​ပြု​သူ​တို့​ကို​ကောင်း​ချီး​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
3 Kaua hoki te tama a te tangata ke, kua hona nei ki a Ihowa, e korero, e mea, He pono ka wehea rawatia mai ahau e Ihowa i roto i tana iwi; kaua ano te unaka e ki, Nana, he rakau maroke ahau.
ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တွင်​ပါ​ဝင်​လာ သူ​လူ​မျိုး​ခြား​တစ်​စုံ​တစ်​ယောက်​သည်``ငါ့​အား ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​နှင့်​အ​တူ ဝတ်​ပြု​ကိုး​ကွယ်​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်'' ဟု မ​ဆို​သင့်။ မိန်း​မ​စိုး​တစ်​စုံ​တစ်​ယောက်​က​လည်း မိ​မိ​သည် သား​သ​မီး​မ​ရ​နိုင်​သ​ဖြင့်၊ ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​တွင်​အ​ပါ​အ​ဝင်​မ​ဖြစ်​နိုင်​ဟု အ​ဘယ်​အ​ခါ​၌​မျှ​မ​ဆို​အပ်။-
4 Ko ta Ihowa kupu hoki tenei mo nga unaka e pupuri ana i aku hapati, e whiriwhiri ana i nga mea e paingia ana e ahau, a e hopu ana i taku kawenata;
ထာ​ဝ​ရ​ဘု​ရား​က​ထို​သူ​တို့​အား``သင်​တို့ သည်​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​ကာ​ငါ​နှစ်​သက် သည့်​အ​မှု​ကို​ပြု​၍ ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို သစ္စာ​စောင့်​ကြ​မည်​ဆို​ပါ​မူ၊-
5 Ka hoatu e ahau he wahi ki a ratou i roto i toku whare, i roto ano i oku taiepa, he ingoa ano e pai ake ana i o nga tama, i o nga tamahine; he ingoa mau tonu taku e hoatu ai ki a ratou, he mea e kore e hatepea atu.
ငါ​၏​ထံ​မှ​သား​သ​မီး​များ​ထက်​မွန်​မြတ် သည့်​ဆု​ကျေး​ဇူး​ကို​ခံ​စား​ရ​ကြ​လိမ့်​မည်။ ငါ​၏​ဗိ​မာန်​တော်​၌​လည်း​ကောင်း၊ ငါ​၏​လူ မျိုး​တော်​ထဲ​၌​လည်း​ကောင်း​မ​မေ့​မ​ပျောက် နိုင်​သော​အ​မည်​နာ​မ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။
6 Ko nga tamariki hoki a te tangata ke, kua oti te hono ki a Ihowa, he mea kia mahi ai ratou ki a ia, kia aroha ki te ingoa o Ihowa, kia waiho hei pononga mana; ko te hunga katoa e pupuri ana, a kahore e whakapoke i te hapati, a e hopu ana i taku k awenata;
ထို​နောက်၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ် ခံယူ​ကြ​သူ၊ ကိုယ်​တော်​ကို​ချစ်​၍​အ​စေ​ခံ လျက် ကိုး​ကွယ်​ဝတ်​ပြု​သူ၊ ဥ​ပုသ်​နေ့​ကို မ​ညစ်​ညူး​စေ​အံ့​ငှာ စောင့်​ထိန်း​၍​ပ​ဋိ​ညာဉ် တော်​ကို​သစ္စာ​စောင့်​သူ​လူ​မျိုး​ခြား​တို့​အား ထာ​ဝ​ရ​ဘု​ရား​က၊-
7 Ka kawea ratou e ahau ki toku maunga tapu, ka whakahari ano ahau i a ratou i roto i toku whare inoi; ka manakohia a ratou tahunga tinana, me a ratou patunga tapu i runga i taku aata; no te mea ka kiia toku whare, He whare inoi mo nga iwi katoa.
``ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​သို့​သင်​တို့​အား​ပို့​ဆောင်​မည်။ ငါ့​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​တွင် သင် တို့​သည်​ဝမ်း​မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ယဇ်​ပလ္လင်​တွင်​သင်​တို့​တင်​လှူ​ပူ​ဇော် သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​လက်​ခံ​မည်။ ငါ ၏​ဗိ​မာန်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
8 He kupu tenei na te Ariki, na Ihowa, na te kaikohikohi mai o te hunga o Iharaira i peia atu, Kua kohikohia era ki a ia; ka kohikohi ano ahau i etahi atu ki a ia.
မိ​မိ​၏​လူ​မျိုး​တော်​အား​ပြည်​နှင်​ဒဏ်​သင့် ရာ​မှ​သူ​တို့​၏​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သည် အ​ခြား​အ​မျိုး​သား​တို့​ကို​လည်း​ထို လူ​စု​နှင့်​အ​တူ​စု​ပေါင်း​နေ​ထိုင်​ရန်​ခေါ် ဆောင်​လာ​တော်​မူ​လိမ့်​မည်။
9 E nga kirehe katoa o te parae, haere mai ki te kai, e nga kirehe katoa o te ngahere.
ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​ခြား​တို့​အား သား​ရဲ​တိ​ရစ္ဆာန်​များ​သ​ဖွယ်​လာ​၍ မိ​မိ​၏ လူ​မျိုး​တော်​ကို​သတ်​ဖြတ်​စေ​တော်​မူ​၏။-
10 Ko ona tutei, he matapo katoa, kahore e mohio; he kuri reokore katoa ratou, e kore e tau; he momoe, he takoto, e matenui ana ki te moe.
၁၀ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-
11 Ae ra, he kuri apo kai ratou, kahore rawa e makona; he hepara enei e kore e ngoto te matauranga; anga katoa ana ratou ki tona ara, ki tona ara, ki te mea taonga mona i tona wahi, i tona wahi.
၁၁သူ​တို့​သည်​စား​၍​အား​မ​ရ​နိုင်၊ လော​ဘ​ကြီး သည့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည်​ကား အ​သိ​တ​ရား​ကင်း​မဲ့​သည့်​ခေါင်း​ဆောင်​များ တည်း။ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ကိုယ်​စီ​ကိုယ်​ငှ ဆောင်​ရွက်​ကြ​လျက်​ကိုယ်​ကျိုး​ကို​သာ​လျှင် ရှာ​ကြံ​တတ်​ကြ​၏။-
12 Ko ta ratou ki, Haere mai, maku e tiki he waina, kia nui ano ta tatou inu i te wai kaha; a ka rite te ra apopo ki tenei ra, he ra kei runga noa atu tona nui.
၁၂ဤ​သေ​သောက်​ကြူး​တို့​က`လာ​ကြ၊ ငါ​တို့​သည် စ​ပျစ်​ရည်​ကို​ယူ​၍​အ​စွမ်း​ကုန်​သောက်​ကြ ကုန်​အံ့။ နက်​ဖြန်​နေ့​သည်​ယ​နေ့​ထက်​ပင်​ပို ၍​မွေ့​လျော်​ဖွယ်​ကောင်း​လိမ့်​မည်' ဟု​ဆို တတ်​ကြ​၏။''

< Ihaia 56 >