< Ihaia 50 >

1 Ko te kupu tenei a Ihowa, Kei hea ianei te pukapuka whakarere o to koutou whaea, i whakarerea ai ia e ahau? Ko wai ranei te tangata, i ahau ana moni, i hokona atu ai koutou e ahau ki a ia? Nana, he kino no koutou i hokona atu ai koutou, na a kout ou mahi whanoke ano i whakarerea ai to koutou whaea.
ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။
2 Na te aha i taku haerenga mai i kore ai he tangata, he aha i taku karangatanga i kore ai tetahi e oho ake? kua mutua koia toku ringa, te tau ai te araarai? kua kore ranei he kaha moku hei whakaora? Nana, maku, ma taku kupu riri, ka maroke ai te m oana, ka meinga ai nga awa hei koraha: piro ana o ratou ika i te waikore, ka mate hoki i te matewai.
``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။
3 E whakakakahu ana ahau i nga rangi ki te mangu, uhia iho te taratara hei hipoki mo ratou.
မိုး​ကောင်း​ကင်​သည်​သူ​သေ​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့်​အ​မှတ်​လက္ခ​ဏာ​ကို ပြ​သည့်​အ​လား မှောင်​မဲ​၍​လာ​အောင်​ငါ​ပြု​နိုင်​၏။''
4 Kua homai ki ahau e te Ariki, e Ihowa, he arero matau, kia mohio ai ahau ki te ata ngarahu atu i te korero ki te tangata e mauiui ana. E whakaara ana ia i tenei ata, i tenei ata, e whakaara ana i toku taringa ki te whakarongo kia pera me ta te hu nga mohio.
မော​ပန်း​နွမ်း​နယ်​သူ​အား၊အား​အင်​ဖြည့်​တင်း​ပေး နိုင်​ရန် အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သွန်​သင်​ပေး​တော်​မူ​လေ​ပြီ။ မိ​မိ​သွန်​သင်​တော်​မူ​မည့်​အ​ရာ​ကို​နား​ထောင်​ရန် ကိုယ်​တော်​သည်​ငါ့​အား​နံ​နက်​တိုင်း​စိတ်​စော​လျက် နေ​စေ​တော်​မူ​၏။
5 Kua oti te whakatuwhera e te Ariki, e Ihowa toku taringa, kihai hoki ahau i tutu, kihai i hoki whakamuri.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နား​လည်​နိုင်​သော သ​ဘော​ကို​ပေး​တော်​မူ​ပြီ​ဖြစ်​၍၊ ငါ​သည်​ကိုယ်​တော်​ကို​မ​ပုန်​ကန်။ အ​ထံ​တော်​မှ​လည်း​သွေ​ရှောင်​၍​မ​သွား​ပါ။
6 Tukua atu ana e ahau toku tuara ki nga kaiwhiu, oku paparinga ki nga kaihutihuti; ko toku kanohi kihai i huna kei whakama, kei tuwhaina.
ငါ​သည်​မိ​မိ​ကို​ရိုက်​နှက်​သူ​တို့​အား​ကျော​ခင်း ၍ ပေး​ပါ​၏။ ငါ​၏​မုတ်​ဆိတ်​မွေး​တို့​ကို​ဆွဲ​နုတ်​ပြီး​လျှင် ငါ​၏​မျက်​နှာ​ကို​တံ​တွေး​နှင့်​ထွေး​၍၊ ငါ့​ကို​သူ​တို့​စော်​ကား​ကြ​သော​အ​ခါ​ငါ​သည် သူ​တို့​အား​ဆီး​တား​မှု​ကို​မ​ပြု။
7 No te mea ka awhinatia mai ahau e te Ariki, e Ihowa; koia ahau te whakama ai; koia i whakamarotia ai e ahau toku kanohi ano he kiripaka; e mohio ana hoki ahau e kore ahau e whakama.
သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ကူ​မ​တော်​မူ​သည်​ဖြစ်​၍၊ ထို​သူ​တို့​၏​စော်​ကား​မှု​များ​သည်​ငါ့​ကို ဘေး​အန္တ​ရာယ်​မ​ဖြစ်​စေ​နိုင်။ ထို​အ​ရာ​တို့​ကို​ခံ​နိုင်​ရန်​ငါ​သည်​အား​တင်း​၍ ထား​ပါ​၏။
8 E tata ana te kaiwhakatikatika moku; ko wai hei whawhai ki ahau? kia tu ngatahi taua: ko wai he hoariri moku? kia tata mai ia ki ahau.
ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​နီး​တွင်​ရှိ​တော်​မူ​၍၊ ငါ​၌​အ​ပြစ်​မဲ့​ပုံ​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား ပြ​တော်​မူ​မည်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​အ​သ​ရေ​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​ကို သိ​ပါ​၏။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​ရဲ​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​မူ၊ ရုံး​တော်​သို့​သွား​ကြ​ကုန်​အံ့။ ထို​သူ​သည်​မိ​မိ​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ပါ​စေ။
9 Nana, ko te Ariki, ko Ihowa, hei awhina moku; ko wai hei whakahe i ahau? Nana, ka tawhitotia katoatia ratou ano he kakahu, ka pau ratou i te purehurehu.
ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပင် ငါ​၏​ဘက်​မှ​ခု​ခံ​လျှောက်​လဲ​တော်​မူ​မည်​ဖြစ်​၍ ငါ​၌​အပြစ်​ရှိ​ကြောင်း၊အ​ဘယ်​သူ​သည်​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ပါ​မည်​နည်း။ ငါ့​အား​စွပ်​စွဲ​ပြော​ဆို​သူ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ်​ကဲ့​သို့ ပျောက်​ပျက်​သွား​လိမ့်​မည်။
10 Ko wai o koutou e wehi ana i a Ihowa, e rongo ana ki te reo o tana pononga; ko te tangata e haere ana i te pouri, kahore hoki he whakamarama, kia okioki ia ki te ingoa o Ihowa, kia taupuhipuhi atu ki tona Atua.
၁၀ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​၍၊ ကိုယ်​တော်​အ​စေ​ခံ​၏​စ​ကား​ကို​နား​ထောင်​သူ အ​ပေါင်း​တို့၊ သင်​တို့​လျှောက်​ရ​သည့်​လမ်း​သည်​မှောင်​လျက် နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​မှီ​ခို​အား​ကိုး​ကြ​လော့။
11 Nana, e koutou katoa e tahu na i te ahi, e whitiki na i a koutou ki nga rama muramura; haere i te marama o ta koutou ahi, i nga rama muramura hoki i whakangihaia na e koutou. Tenei ta toku ringa mo koutou, ka takoto iho koutou me te tangi ano.
၁၁သူ​တစ်​ပါး​တို့​အား​သုတ်​သင်​ဖျက်​ဆီး​ရန်​လျှို့​ဝှက် ကြံ​စည်​သူ​အ​ပေါင်း​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ဖြင့်​ပင် ဆုံး​ပါး​ပျက်​စီး​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ဤ​အ​မှု​အ​ရာ​တို့​ကို ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိ​ဒုက္ခ​နှင့်​ကြုံ​တွေ့​ရကြ​လိမ့်​မည်။

< Ihaia 50 >