< Ihaia 44 >

1 Na whakarongo, e taku pononga, e Hakopa, e Iharaira, e taku i whiriwhiri ai.
ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်၊ ယာ​ကုပ်​၏ သား​မြေး​တို့၊ယ​ခု​နား​ထောင်​ကြ​လော့။
2 Ko te kupu tenei a Ihowa, a tou kaihanga, nana nei koe i whakaahua i roto i te kopu, mana nei koe e awhina, Kaua e wehi, e Hakopa, e taku pononga, e Iehuruna, e taku i whiriwhiri ai.
ငါ​သည်​သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​မွေး​ဖွား​ချိန်​မှ​အ​စ​ပြု​၍​ငါ​သည် သင်​တို့​အား​ကူ​မ​ခဲ့​လေ​ပြီ။ မ​ကြောက်​ကြ​နှင့်၊ သင်​တို့​သည် ငါ​၏​အ​စေ​ခံ၊ ငါ​ချစ်​မြတ်​နိုး​၍​ရွေး​ချယ်​ထား​သည့် လူ​မျိုး​တော်​ဖြစ်​ကြ​၏။
3 No te mea ka ringihia e ahau he wai ki runga ki te tangata matewai, he awa ki te wahi maroke: ka ringihia e ahau toku wairua ki ou uri, taku manaaki ki tau whanau.
``ငါ​သည်​ရေ​ငတ်​သည့်​ပြည်​တွင်​မိုး​ရွာ​သွန်း​စေ​မည်။ သဲ​ကန္တာ​ရ​တွင်​စမ်း​ရေ​များ​ပေါက်​စေ​မည်။ သင်​တို့​၏​သား​သ​မီး​များ​အ​ပေါ်​တွင်​ငါ​၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ သင်​တို့​သား​မြေး​များ​အ​ပေါ်​တွင်​ငါ​၏ ကောင်း​ချီး မင်္ဂ​လာ​များ​ကို​လည်း​ကောင်း​သွန်း​လောင်း​မည်။
4 A ka tupu ratou i waenga taru, ano he wirou i te taha o nga rerenga wai.
သူ​တို့​သည်​ရေ​ကောင်း​စွာ​ရ​သည့်​မြက်​များ ကဲ့​သို့ ရေ​စီး​သော​ချောင်း​အ​နီး​ရှိ​မိုး​မ​ခ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​ဝေ​ဆာ​လျက်​နေ​ကြ​လိမ့်​မည်။
5 Ka ki ake tenei, Na Ihowa ahau; ko tetahi atu, karangatia ana e ia ko Hakopa hei ingoa mona; ko tetahi atu, tuhituhi ana tona ringa ki a Ihowa, whakahuatia ake e ia ko Iharaira hei ingoa mona.
``လူ​တို့​သည်​တစ်​ယောက်​ပြီး​တစ်​ယောက် `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​ဖြစ်​ပါ​သည်' ဟု ပြော​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် အ​တူ လာ​ရောက်​နေ​ထိုင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​လက်​မောင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ရေး​မှတ်​ကာ၊ မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဟု မှည့်​ခေါ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။
6 Ko te kupu tenei a Ihowa, a te Kingi o Iharaira, a tona kaihoko ano, a Ihowa o nga mano, Ko ahau te tuatahi ko ahau ano te mutunga; Kahore atu hoki he atua, ko ahau anake.
ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။
7 Ko wai hoki hei rite moku, hei karanga, hei whakaatu, hei whakarite kia noho rarangi, mai o toku whakaritenga i te iwi onamata? a ma ratou e whakaatu nga mea meake puta mai, me nga mea ano e puta a mua.
ငါ​ပြု​ခဲ့​သည့်​အ​မှု​တို့​ကို​ပြု​နိုင်​၍​ကပ် ကာ​လ​အ​စ​မှ အ​ဆုံး​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို ပြတ်​သား​စွာ​ကြို​တင်​ဖော်​ပြ​နိုင်​သူ​တစ်​စုံ တစ်​ယောက် ရှိ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
8 Kaua e wehi, kaua e pawera: kihai ianei i korerotia e ahau ki a koe nga mea onamata, i whakaaturia hoki? ko koutou ano hei kaiwhakaatu moku. Tera atu ranei tetahi atua ke? ae ra, kahore he kamaka; kahore ahau e mohio ki tetahi.
အို ငါ​၏​လူ​မျိုး​တော်၊ မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​မှ​စ​၍ ယ​ခု​တိုင်​အောင်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​မှန် သ​မျှ​ကို ကြို​တင်​ကြေ​ညာ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ​ဖြစ် ကြ​ပါ​သည်​တ​ကား။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​ရှိ​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​မျှ​ငါ​မ​ကြား​ဘူး​သည့် တန်​ခိုး​တော်​ရှင်​ဘု​ရား​သ​ခင်​ရှိ​ပါ​သ​လော။
9 Ko nga kaiwhakaahua o te whakapakoko, he horihori katoa ratou; kahore hoki he pai o a ratou mea ahuareka: ko o ratou kaiwhakaatu kahore e kite, kahore e mohio; e whakama ai ratou.
ရုပ်​တု​ဆင်း​တု​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် တန်​ဖိုး​မဲ့​သူ​များ​ဖြစ်​၍ သူ​တို့​အ​မြတ်​တ​နိုး ထား​သည့်​ဘု​ရား​များ​သည်​လည်း​အ​သုံး​မ​ဝင် ကြ။ ထို​ဘု​ရား​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သော​သူ​တို့​သည်​မျက်​စိ​ကန်း​သူ​များ၊ အ​သိ ပ​ညာ​ကင်း​မဲ့​သူ​များ​ဖြစ်​၏။ သူ​တို့​သည် အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။-
10 Ko wai te kaiwhakaahua o tetahi atua, te kaiwhakarewa ranei o te whakapakoko kahore nei ona pai?
၁၀ဘု​ရား​အဖြစ်​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက် ရုပ်​တု​ကို​သွန်း​လုပ်​မှု​သည်​အ​ကျိုး​မ​ရှိ ပါ​တ​ကား။-
11 Nana, ko ona hoa katoa, ka whakama: ko nga kaimahi ano, he tangata nei ratou: kia huihui mai ratou katoa, tu ai. Ka wehi, ka whakama ngatahi.
၁၁ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​မှန်​သ​မျှ သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ရုပ်​တု​ဆင်း တု​များ​ကို​သွန်း​လုပ်​သူ​တို့​သည် သာ​မန်​လူ သား​များ​သာ​လျှင်​ဖြစ်​ပေ​သည်။ သူ​တို့​သည် ငါ​၏​ရှေ့​တော်​သို့​လာ​ရောက်​၍​အ​စစ်​အ​ဆေး ခံ​ကြ​ပါ​လေ​စေ။ သူ​တို့​သည်​ထိတ်​လန့် တုန်​လှုပ်​ကာ​အ​ရှက်​ကွဲ​ရ​ကြ​လိမ့်​မည်။
12 E hangaia ana e te parakimete he toki, ka mahi i roto i nga waro, whakaahuatia ana e ia ki te hama, puta ana te kaha o tona ringa ki te mahi i taua mea; ka hemo ano ia i te kai, kore noa iho he kaha; kahore e inu i te wai, mauiui noa iho.
၁၂ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။
13 Ko te kamura, whakamarokia mai ana e ia te aho, tuhia iho e ia ki te pene, mahia ana e ia ki te waru; tohungia ana e ia ki te kapehu, mahia ana e ia kia rite ki te ahua o te tangata, ki te ataahua ano o te tangata; hei mea mo roto i te whare.
၁၃ပန်း​ပု​သ​မား​သည်​သစ်​သား​ကို​တိုင်း​တာ​ပြီး လျှင် ရုပ်​ပုံ​တစ်​ခု​ကို​မြေ​ဖြူ​နှင့်​ရေး​ဆွဲ​၍ မိ​မိ ၏​တန်​ဆာ​ပ​လာ​များ​ဖြင့်​ထု​လုပ်​တတ်​၏။ သူ သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​တွင်​ထား​ရှိ ရန်​အ​တွက် လှ​ပ​သော​လူ​ရုပ်​တစ်​ခု​ကို​ထု လုပ်​လေ​သည်။-
14 Tuaina ana e ia he hita mana, tikina ana e ia te kaiperi, me te oki, a whakapakaritia ana e ia mana tetahi i roto i nga rakau o te ngahere; whakatokia ana e ia te ahe hei whakatupu ma te ua.
၁၄သူ​သည်​မိ​မိ​အသုံး​ပြု​ရန်​အာ​ရဇ်​ပင်(သစ်​က​တိုး) ကို​ခုတ်​လှဲ​ရ​၏။ တော​မှ​ဝက်​သစ်​ချ​သား၊ သို့​မ ဟုတ်​ထင်း​ရှူး​သား​ကို​ရွေး​ချယ်​ရာ​၏။ ထို​သို့ မ​ဟုတ်​သေး​လျှင်​လည်း​သ​ပိတ်​ပင်​ကို​စိုက်​ပျိုး ကာ​အ​ပင်​ပေါက်​၍​ရင့်​သန်​လာ​စေ​ရန်​မိုး ကို​စောင့်​မျှော်​တတ်​၏။-
15 Katahi ka waiho hei wahie ma te tangata: ka tangohia hoki e ia tetahi wahi hei whakamahana i a ia; ina, whakaungia ana e ia, hei tunu taro; na kei te hanga ano ia i tetahi atua, koropikoria atu ana e ia; mahia ana e ia hei whakapakoko, tapapa to nu atu ki reira.
၁၅လူ​သည်​သစ်​ပင်​တစ်​ပိုင်း​ကို​ထင်း​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ အ​ခြား​တစ်​ပိုင်း​ကို​ရုပ်​တု​ထု လုပ်​ရန်​လည်း​ကောင်း​အ​သုံး​ပြု​တတ်​၏။ သစ် ပင်​တစ်​ပိုင်း​ဖြင့်​မီး​လှုံ​ရန်​နှင့်​မုန့်​ဖုတ်​ရန်​မီး ကို​မွှေး​၍​အ​ခြား​တစ်​ပိုင်း​ဖြင့် နတ်​ဘု​ရား ရုပ်​တု​လုပ်​ကာ​ဝတ်​ပြု​ကိုး​ကွယ်​တတ်​လေ သည်။-
16 Ko tetahi wahi o taua rakau, e tahuna ana e ia ki te ahi, ko tetahi wahi, hei mea i te kikokiko hei kai mana; tunua ana e ia tana e tunu ai, a ka makona: ae ra, ka mahana ano ia, a ka mea, Ha, kua mahana ahau, kua kite i te ahi.
၁၆သူ​သည်​သစ်​သား​အ​ချို့​ဖြင့်​မီး​ကို​မွှေး​ပြီး လျှင် အ​မဲ​သား​ကို​ကင်​၍​စား​ကာ​ရောင့်​ရဲ လျက်​နေ​တတ်​၏။ သူ​သည်​မီး​လှုံ​လျက်​နေ ရင်း``ယ​ခု​ငါ​သည်​ပူ​နွေး​၍​လာ​လေ​ပြီ။ ဤ​မီး​သည်​အ​လွန်​နှစ်​သက်​ဖွယ်​ကောင်း ပါ​သည်​တ​ကား'' ဟု​ဆို​တတ်​၏။-
17 Ko te toenga, hanga ake e ia hei atua, hei whakapakoko mana: tapapa ana ia, koropiko ana, inoi ana ki taua mea, ka mea, Whakaorangia ahau; ko koe nei hoki toku atua.
၁၇ထို​နောက်​သူ​သည်​အ​ခြား​ကျန်​ရှိ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ထု​လုပ်​ပြီး​လျှင် ဦး​ချ​ဝတ်​ပြု​၍ ထို​ရုပ်​တု​အား``အ​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ကယ်​မ​တော်​မူ​ပါ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​၏။
18 Kahore ratou e mohio, kahore e mahara; no te mea kua araia e ia o ratou kanohi kei kite, o ratou ngakau kei matau.
၁၈ဤ​သို့​သော​လူ​တို့​သည်​မိုက်​မဲ​ထုံ​ထိုင်း​လှ သ​ဖြင့် မိ​မိ​တို့​အ​ဘယ်​အ​မှု​ကို​ပြု​လျက် နေ​သည်​ကို​ပင်​မ​သိ​ကြ။ အ​မှန်​တ​ရား​ကို မ​မြင်​မ​သိ​နိုင်​ရန် မိ​မိ​တို့​၏​မျက်​စိ​များ နှင့်​စိတ်​နှ​လုံး​တံ​ခါး​များ​ကို​ပိတ်​ထား ကြ​၏။-
19 Kahore hoki e anga ake te ngakau o tetahi, kahore e mohio, kahore e matau, e ki ake ai ia, Ko tetahi wahi o tenei i tahunga e ahau ki te ahi; i tunua ano e ahau he taro ki ona ngarahu, tunua ana e ahau he kikokiko, kainga ake e ahau; a kia meing a e ahau te toenga o taua rakau hei mea whakarihariha? me tapapa ranei ahau ki te take rakau?
၁၉``ငါ​သည်​သစ်​သား​အ​ချို့​ကို​မီး​ဆိုက်​လိုက် ၏။ မီး​ကျီး​ခဲ​များ​ဖြင့်​မုန့်​ကို​ဖုတ်​ကာ​အ​မဲ သား​ကို​ကင်​၍​စား​၏။ ကျန်​ရှိ​နေ​သော​သစ် သား​ဖြင့်​ရုပ်​တု​တစ်​ခု​ကို​ပြု​လုပ်​၏။ ယ​ခု ငါ​သည်​ထို​သစ်​သား​တုံး​၏​ရှေ့​၌​ဦး​ညွှတ် ပြပ်​ဝပ်​လျက်​နေ​ပါ​သည်​တ​ကား'' ဟု​ပြော ဆို​နိုင်​လောက်​အောင်​ရုပ်​တု​ထု​လုပ်​သူ​တွင် အ​သိ​အ​လိမ္မာ​ဉာဏ်​အ​မြော်​အ​မြင်​မ​ရှိ။
20 Ko tana kai, he pungarehu; kua tinihangatia tona ngakau, a ngau ke ana ia, te whakaora ia i tona wairua, te ki ake ranei, Kahore ranei he korero teka i toku matau?
၂၀သူ​ပြု​သော​အ​မှု​သည်​မီး​ဖို​ပြာ​ကို​စား​သ ကဲ့​သို့ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​ပေ​၏။ မိ​မိ ၏​မိုက်​မှား​သော​အ​တွေး​အ​ခေါ်​များ​က သူ့​ကို​လမ်း​လွဲ​၍​နေ​စေ​၏။ သို့​ဖြစ်​၍​သူ့ အား​ကူ​ညီ​ပြု​စု​ပေး​ရန်​ပင်​မ​ဖြစ်​နိုင် တော့​ပေ။ သူ​သည်​မိ​မိ​လက်​တွင်​ကိုင်​ထား သည့်​ရုပ်​တု​မှာ​ဘု​ရား​လုံး​ဝ​မ​ဟုတ် ကြောင်း​ကို​မ​သိ။
21 Kia mahara ki enei, e Hakopa, e Iharaira; he pononga hoki koe naku; naku koe i whai ahua ai, he pononga hoki koe naku: e Iharaira, e kore koe e wareware i ahau.
၂၁ထာ​ဝ​ရ​ဘု​ရား​က ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​အ​ကြောင်း​အ​ရာ​များ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​များ​ဖြစ်​သည် ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​အား​ငါ့​၏​အ​စေ​ခံ​များ​အ​ဖြစ်​ဖြင့် ငါ​ဖန်​ဆင်း​ခဲ့​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​လိမ့်​မည်​မ​ဟုတ်။
22 Ko ou he, murua ake e ahau, me te mea he kapua matotoru; ko ou hara, me te mea he kapua: hoki mai ki ahau; naku hoki koe i hoko.
၂၂ငါ​သည်​သင်​တို့​၏​အ​ပြစ်​များ​ကို မိုး​တိမ်​သ​ဖွယ် လွင့်​စင်​သွား​စေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​ကို ကယ်​တင်​သူ​ကား​ငါ​ပင်​ဖြစ်​၏။''
23 Waiata, e nga rangi, he mahi hoki tenei na Ihowa. Hamama, e nga wahi o raro rawa o te whenua. Kia pakaru mai ta koutou waiata, e nga maunga, e te ngahere, e nga rakau katoa o reira; no te mea kua oti a Hakopa te hoko e Ihowa, kua whai kororia ia i a Iharaira.
၂၃အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။
24 Ko te kupu tenei a Ihowa, a tou kaihoko, nana nei koe i whai ahua ai, no roto mai ano i te kopu, Ko Ihowa ahau, ko te kaihanga o nga mea katoa, naku anake nga rangi i hora, naku i takoto ai te whenua: ko wai toku hoa?
၂၄``ငါ​သည်​သင်​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။ မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။
25 Ko nga tohu a te hunga korero teka he ana i a ia, ko nga tohunga tuaahu whakahaurangitia ana e ia; ko te hunga whakaaro nui, whakahokia ana e ia ki muri, ko to ratou matauranga, whakapoauautia iho.
၂၅ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။
26 Mana pu i a ia te kupu a tana pononga, te whakaaro a ana karere rite rawa i a ia; ko tana kupu ki Hiruharama, Ka nohoia koe; ki nga pa o Hura, Ka hanga koutou; maku ano e whakaara ona wahi kua ururuatia.
၂၆သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။
27 Ko tana kupu ki te rire, Kia mimiti: maku ano e whakamaroke ou awa.
၂၇ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။
28 Ko tana kupu mo Hairuha, He hepara ia naku, ka rite ano i a ia taku katoa i pai ai; mana hoki e ki ki Hiruharama, Ka hanga koe; a ki te temepara, Ka whakatakotoria ou turanga.
၂၈ကု​ရု​ဘု​ရင်​အား​လည်း`သင်​သည်​ငါ​၏​ကိုယ် စား အုပ်​စိုး​ရ​မည့်​သူ​ဖြစ်​၏။ သင်​သည်​ငါ​အ​လို​ရှိ​သည့်​အ​မှု​တို့​ကို​ပြု​ရ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​တည်​ထောင်​ရန်​နှင့် ဗိ​မာန်​တော်​အုတ်​မြစ်​များ​ကို​ချ​ရန် အ​မိန့်​ပေး​ရ​မည်​ဟု​ငါ​ဆို​၏' '' ဟူ​၍ မိန့်​တော်​မူ​၏။

< Ihaia 44 >