< Ihaia 41 >

1 Whakarongoa i toku aroaro, e nga motu; a kia puta hou mai he kaha mo nga iwi: me neke mai ratou; a me korero ratou: tatou tahi me whakatata ki te whakawa.
တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။
2 Na wai i whakaara ake tetahi i te rawhiti, i karangatia e ia i runga i te tika ki tona waewae? homai ana e ia nga iwi ki tona aroaro, meinga ana ia e ia hei rangatira mo nga kingi; homai ana ratou e ia ano he puehu ki tana hoari, ano he kakau wit i e aia ana, ki tana kopere.
ဖြောင့်မတ် ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ ပြည်က ၊ အဘယ်သူ ပေါ် လာစေသနည်း။ လူ အမျိုးမျိုးတို့ကို သူ ၌ အပ် ၍ ၊ ရှင်ဘုရင် တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ ၏ထား ရှေ့မှာ မြေမှုန့် ကဲ့သို့ ၎င်း၊ သူ ၏လေး ရှေ့မှာ လွင့် သောဖွဲ ကဲ့သို့ ၎င်း အဘယ်သူဖြစ် စေသနည်း။
3 Whaia ana ratou e ia, haere ora atu ana ia; ae ra, i te ara kihai i haerea e ona waewae.
ရန်သူ တို့ကို လိုက် ရ၏။ မိမိ ခြေ မ နင်း ဘူးသော လမ်း ဖြင့်၊ ဘေးမရှိ ၊ လွန်သွား ရ၏။
4 Na wai oti tenei i mahi, karangaranga ai i nga whakatupuranga mai i te timatanga! Ko ahau, ko Ihowa, ko te timatanga, a kei nga whakamutunga, ko ahau nei.
ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ ဦးစွာမှ စ၍ လူမျိုး အစဉ်အဆက်တို့ကို ခေါ် သောသူသည် အဘယ် သူနည်းဟူမူကား၊ အဦး ဆုံးသောသူဖြစ် ၍၊ နောက်ဆုံး သောသူတို့ နှင့် ရှိသောငါ ထာဝရ ဘုရား ပေတည်း။
5 I kite nga motu, a wehi ana, pairi noa iho nga pito o te whenua, whakatata ana, haere mai ana.
တကျွန်း တနိုင်ငံအရပ်တို့သည် မြင် ၍ ကြောက် ကြ၏။ မြေကြီး စွန်း သားတို့သည် ထိတ်လန့် သောစိတ် နှင့် ချဉ်းကပ် ၍ စုဝေး ကြ၏။
6 Uru ana ratou ki te mahi a tona hoa, a tona hoa, me ta ratou ki ki tona tuakana, ki tona teina, Kia maia.
အိမ်နီးချင်းတယောက် ကို တယောက်မစ ၍ ၊ ညီအစ်ကို ချင်း တယောက်ကိုတယောက်၊ မ စိုးရိမ်နှင့်ဟု ဆို ကြ၏။
7 Na kei te whakatenatena te kamura i te kaitahu koura, te kaiwhakamaeneene ki te hama, i te tangata e patu ana ki te paepae, ko tana kupu mo te whakapiringa, kei te pai; na whakaukia ana e ia ki te whao, te taea te whakanekeneke.
ထိုသို့ ပန်းတဉ်း သမားသည် ပန်းထိမ် သမားကို နှိုးဆော် တတ်၏။ သံတူ နှင့် ချော စေသောသူသည်၊ ပေ ပေါ်မှာ ရိုက် သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်း သည်ဟု ဆို တတ်၏။ ရုပ်တု ကို မ လှုပ်ရှား စေခြင်းငှါသံချွန် နှင့် ရိုက် ထားတတ်၏။
8 Ko koe, e Iharaira, ko taku pononga, ko Hakopa, ko taku i whiriwhiri ai, ko te uri o taku i aroha ai, o Aperahama;
ငါ့ ကျွန် ဣသရေလ ၊ ငါရွေးချယ် သောသူ ယာကုပ် ၊ ငါ့ အဆွေ အာဗြဟံ ၏သား၊
9 Ko taku ano i tango mai ai i nga pito o te whenua; he mea karanga nei hoki koe naku i roto i ona topito; ko taku kupu hoki ki a koe, Ko koe taku pononga; he mea whiriwhiri koe naku, kahore koe e maka atu e ahau.
မြေကြီး အစွန်းအနား မှ ငါလက်ဆွဲ ၍ ခေါ်သောသူ ၊ သင် သည် ငါ့ ကျွန် ဖြစ်၏ဟူ၍၎င်း၊ သင့် ကို ငါရွေးချယ် ပြီ၊ သင့် ကို မ ပစ် မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
10 Kaua e wehi; kei a koe nei hoki ahau; kaua ano e tirotiro; ko ahau nei hoki tou Atua: maku koe e whakakaha, ae ra, maku koe e awhina, ka tautokona ake ano koe e te ringa matau o toku tika.
၁၀မ စိုးရိမ် နှင့်။ ငါ သည် သင့် ဘက် မှာ ရှိ၏။ မကြောက်နှင့်။ သင် ၏ဘုရား သခင်ငါ သည် သင့် ကို ခိုင်ခံ့ စေမည်။ သင့် ကို စောင့်မ မည်။ ငါ့ သစ္စာ လက်ျာ လက်ဖြင့် ထောက် ပင့်မည်။
11 Nana, ka whakama, ka numinumi kau te hunga katoa e riri ana ki a koe: ka rite ki te kahore; ka ngaro te hunga e ngangare ana ki a koe.
၁၁သင် ၌ အမျက် ထွက်သောသူတို့ သည် ရှက်ကြောက် ခြင်းနှင့် မျက်နှာပျက် ခြင်း ရှိကြလိမ့်မည်။ သင် ၌ ရန်ပြု သောသူ တို့ သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
12 Ka rapua ratou, ou hoariri, e koe, a e kore e kitea; ko te hunga i whawhai ki a koe, ka rite ki te kahore, ki te moti noa iho.
၁၂သင် နှင့် ဆန့်ကျင် ဘက်ပြုသောသူ တို့ ကို သင် သည် ရှာ ၍ မ တွေ့ ရ။ သင့် ကို စစ်တိုက် သောသူ တို့ သည် အဘယ် မျှ မဟုတ်သကဲ့သို့ ၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
13 No te mea ko ahau, ko Ihowa, ko tou Atua, kei te pupuri i tou matau, kei te mea ki a koe, Kaua e wehi; ko ahau hei whakauru mou.
၁၃အကြောင်း မူကား၊ သင် ၏ဘုရား သခင်ထာဝရဘုရား က၊ မ စိုးရိမ် နှင့်။ ငါ မစ မည်ဟု သင့် အား ဆို လျက်၊ သင် ၏လက်ျာ လက်ကို ကိုင် မည်။
14 Kaua e wehi, e te kutukutu, e Hakopa, e nga tangata o Iharaira; maku koe e awhina, e ai ta Ihowa, ta tou kaihoko, ta te Mea Tapu o Iharaira.
၁၄အိုတီကောင် ယာကုပ် ၊ အမျိုး ငယ် ဣသရေလ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင့် ကို မစ သောသူဖြစ် ၏။ သင့် ကို ရွေးနှုတ် သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 Nana, kua meinga koe e ahau hei patu witi, koi tonu, hou tonu, he whai niho: ka patua e koe nga maunga, a ngotangota noa; ko nga pukepuke, ka meinga e koe kia rite ki te papapa.
၁၅ငါ သည် သင့်ကို အသွား ရှိ သောစပါးနယ်စရာ ယန္တရား စက် အသစ် ဖြစ် စေမည်။ သင်သည် တောင် ကြီး တို့ကို နယ်၍ ညက် စေမည်။ တောင် ငယ်တို့ကို ဖွဲ ကဲ့သို့ ဖြစ် စေမည်။
16 Rererere ana ratou i a koe, kahikina tonutia atu e te hau, titaritaria ake ratou e te paroro: ko koe ia ka hari ki a Ihowa, ka whakamanamana ki te Mea Tapu o Iharaira.
၁၆သူ တို့ကို လှေ့ ၍ ၊ လေ သည် သူ တို့ကို တိုက် သွား လိမ့်မည်။ မုန်တိုင်း လွှင့် လိမ့်မည်။ သင် မူကား ထာဝရဘုရား ၌ ဝမ်းမြောက် လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၌ ဝါကြွား လိမ့်မည်။
17 E rapu ana nga ware, nga rawakore i te wai, a kahore kau, he ake o ratou arero i te matewai: ka rongo ahau, a Ihowa, ki ta ratou; e kore ahau, te Atua o Iharaira, e whakarere i a ratou.
၁၇ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။
18 Ka whakapuaretia e ahau he awa ki nga wahi tiketike, he puna wai i waenganui i nga raorao; ka meinga e ahau te koraha hei harotoroto wai, te whenua maroke hei puputanga wai.
၁၈မြင့် သောအရပ်တို့၌ မြစ် ကို၎င်း၊ နိမ့် သော အရပ်တို့၌ စမ်းရေ ကို၎င်း ငါပေါက် စေမည်။ တော အရပ် ၌ ရေ ကန် များကို၎င်း ၊ သွေ့ ခြောက်သောအရပ် ၌ စမ်းရေ တွင်း များကို၎င်းငါ ဖြစ်စေမည်။
19 Ka whakatokia e ahau te koraha ki te hita, ki te kowhai, ki te ramarama, ki te rakau hinu; ka tu i ahau te kauri ki te titohea, te rimu, ratou tahi ano ko te ake.
၁၉တော ၌ အာရဇ် ပင်၊ အကာရှ ပင်၊ မုရတု ပင်၊ သံလွင် ပင် များကို၎င်း၊ လွင်ပြင် ၌ ထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်များကို၎င်းရောနှော လျက် စိုက် မည်။
20 Kia kite ai ratou, kia mohio ai, kia mahara ai, kia matau ngatahi ai, he mea mahi tenei na te ringa o Ihowa; na te Mea Tapu o Iharaira tenei i hanga.
၂၀သို့ ဖြစ်၍၊ ထာဝရဘုရား သည် ဤအမှုကို စီရင် ၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိ မြင် ၍ ၊ ဆင်ခြင် နားလည် ကြလိမ့်မည်။
21 Kawea mai ta koutou totohe, e ai ta Ihowa; whakaputaina mai a koutou kupu kaha, e ai ta te Kingi o Hakopa.
၂၁သင် တို့၏ အမှု ကို စောင့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် တို့၏ခိုင်ခံ့သော သက်သေ များ ကို ထုတ် ပြကြလော့ဟု ယာကုပ် အမျိုး၏ ရှင်ဘုရင် မိန့် တော်မူ၏။
22 Me whakaputa mai e ratou, a me whakaatu mai ki a tatou nga mea meake pono mai: whakaaturia mai e koutou nga mea o te tuatahi, he pehea ranei, kia whakaaroarohia ai e tatou, kia mohiotia ai to ratou mutunga iho; korerotia ranei ki a tatou nga mea e puta a mua.
၂၂ထုတ် ဘော်၍ အနာဂတ္တိအရာတို့ကို ငါ တို့အား ပြ ကြစေ။ အရင် ဖြစ် ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါ တို့ ဆင်ခြင် ၍ ၊ ထိုအရာ တို့၏ အဆုံး ကို သိ ရမည်အကြောင်း ဘော် ပြကြစေ။ သို့မဟုတ် ၊ ဖြစ် လတံ့ သောအရာတို့ကို ငါ တို့အား ဟော ပြောကြစေ။
23 Whakaaturia nga mea e haere ake ana i muri, kia mohio ai matou he atua koutou: tena ra, mahia he pai, he kino ranei, kia wehi ai matou, kia kite ngatahi ai.
၂၃သင် တို့သည် ဘုရား ဖြစ်သည်ကို ငါတို့ သိ ရမည် အကြောင်း ၊ ဖြစ် လတံ့သော အရာတို့ကို ပြ ကြလော့။ အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်း သောအမှု၊ ဆိုး သောအမှု တစုံတခုကို ပြုကြလော့။
24 Nana, no te kahore koutou, ko a koutou mahi no te kahore rawa; he mea whakarihariha te tangata nana koutou i whiriwhiri.
၂၄သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။
25 Kua oho mai i ahau tetahi i te raki, a kua tae mai ia; no te rerenga mai o te ra tetahi e karanga ana ki toku ingoa: ko tona taenga mai ki nga rangatira, ano e eke ana ki te paru pokepoke, ano ko te kaihanga rihi e takatakahi ana i te paru.
၂၅မြောက် မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍ ၊ သူသည် လာလိမ့်မည်။ နေ ထွက် ရာမှ လာ ၍ ငါ့ နာမ ကို ပဌနာ ပြုလိမ့်မည်။ အိုးထိန်း သမားသည် အိုးမြေ ကို နင်း သကဲ့သို့ ၊ ထိုသူသည် မင်း တို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်း လိမ့်မည်။
26 Na wai i whakaatu mai i te timatanga, kia mohio ai tatou? na wai i nga wa onamata, mo ta tatou ki ake, He tika tana? ae ra, kihai i whakaaturia e tetahi, ae ra, kihai i korerotia e tetahi, kihai ano tetahi i rongo i a koutou korero.
၂၆ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။
27 Maku te kupu tuatahi ki Hiona, Nana, tenei ratou: a ka hoatu e ahau ki Hiruharama he kaikawe i te rongo pai.
၂၇ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေး ဦးစွာ ငါသည် ဇိအုန် မြို့အား ပြော၏။ ဝမ်းမြောက်စရာ သိတင်း ကို ကြားပြောသော တမန်ကိုလည်း ၊ ယေရုရှလင် မြို့သို့ ငါစေလွှတ် ၏။
28 I titiro ano ahau, a kahore he tangata; na i roto i enei katoa kahore he kaiwhakatakoto whakaaro hei whakahoki kupu mai i taku uinga ki a ratou.
၂၈သူတို့ကို ငါကြည့် ရှုသောအခါ ၊ တစုံ တယောက်မျှ မ ရှိ။ သူ တို့တွင် သတိပေး သော သူတယောက်မျှမ ရှိ။ ပြန်ပြော စေခြင်းငှါ သူ တို့ကို ငါမေးမြန်း သော်လည်း၊
29 Nana, ko ratou katoa he horihori kau; he kore noa iho a ratou mahi: ko a ratou whakapakoko whakarewa he hau, he mea tikangakore.
၂၉သူ တို့သည် အကြွင်းမဲ့အနတ္တ ဖြစ်ကြ၏။ သူ တို့ အမှု များလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေ သက်သက်ဖြစ်ကြ၏။

< Ihaia 41 >