< Hohea 2 >
1 Mea atu koutou ki o koutou tuakana, Ami; ki o koutou tuahine, Ruhama.
၁သင် တို့ညီအစ်ကို များကို ငါ ၏လူ ဟူ၍၎င်း ၊ သင် တို့နှမ များကို သနား စုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ် ကြလော့။
2 Whakawakia to koutou whaea, whakawakia: ehara hoki ia i te wahine naku, ehara ano ahau i te tahu nana: na kia whakarerea e ia ona moepuku i tona aroaro, ona puremu i waenga i ona u.
၂သင် တို့အမိ နှင့် ဆွေးနွှေး ကြလော့။ သူ သည် ငါ့ မယား မ ဟုတ်၊ ငါ သည်လည်း သူ့ လင် မ ဟုတ်ကြောင်း ကို ဆွေးနွှေး ကြလော့။ ပြည်တန်ဆာ မျက်နှာကို ပယ် ၍ မှားယွင်း ခြင်းအမှုကို ရှောင်စေ။
3 Kei tangohia ona e ahau, a ka noho tahanga ia, kei meinga ano ia kia rite ki te ra i whanau ai ia; kei meinga ia e ahau kia rite ki te koraha, kei waiho ia hei whenua waikore, a ka mate i te matewai.
၃မ ရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ် ၍ ၊ သူ ဘွား သောနေ့ ၌ အဝတ်မရှိသကဲ့သို့အဝတ် မပါ၊ ပြင်၌ ထုတ် ထားမည်။ လွင်ပြင် ကဲ့သို့ သုတ်သင် မည်။ သွေ့ခြောက် သော မြေ ကဲ့သို့ ဖြစ်စေ လျက် ရေ အငတ်ထား၍ သေ စေမည်။
4 Ae ra, e kore ana tamariki e tohungia e ahau; no te mea he tamariki ratou na te moepuku.
၄သူ ၏သားသမီး တို့သည် သူ မျောက်မထား ၍ ရသောသားသမီး ဖြစ်သောကြောင့် သူတို့ကို ငါမ သနား မစုံမက်ဘဲ နေမည်။
5 Kua kairau nei hoki to ratou whaea: he mahi whakama ta te wahine i whanau ai ratou; i mea hoki ia, Ka whaia e ahau te hunga i aroha ki ahau, i homai nei i te taro maku, i te wai moku, i te huruhuru hipi maku, i te muka maku, i te hinu maku, i te mea hei inu maku.
၅သူ တို့အမိ သည် ပြည်တန်ဆာ ဖြစ်၏။ သူ တို့ကို ပဋိသန္ဓေ ယူ သောသူသည် ရှက်ဘွယ် သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ သိုးမွှေး ၊ ငါ့ ပိုက်ဆန် ၊ ငါ့ ဆီ ၊ ငါ သောက် သောအရည်တို့ကိုပေး တတ်သော ငါ့ ရည်းစား များ နောက် သို့ ငါလိုက် မည်ဟုဆို ပြီ။
6 Mo reira tenei ahau te tutaki nei i tou ara ki te tataramoa, te hanga nei i te taiepa e kore ai ia e kite i ona ara.
၆သို့ဖြစ်၍ ၊ သူ့ ကိုဆူး စောင်ရန်းနှင့် ကာ ထားမည်။ ထွက် စရာမ ရှိစေခြင်းငှါ သူ့ ပတ်လည် ၌ ကျောက်ရိုး ကိုလည်း တည် မည်။
7 Ka whaia ano e ia ana i aroha ai, heoi e kore e mau i a ia; ka rapua ratou e ia, otiia e kore e kitea: katahi ia ka mea ake, Ka haere ahau ka hoki ki taku tahu tuatahi; nui ake hoki to reira pai ki ahau i to naianei.
၇သူ သည် ရည်းစား တို့ကို လိုက် သော်လည်း မ မှီ ၊ ရှာ သော်လည်း မ တွေ့ ဘဲ နေရသောအခါ၊ လင် ဟောင်းထံသို့ ငါပြန် သွားမည်။ ယခု နေရာထက် အရင် နေရာသာ၍ ကောင်း သည်ဟု ဆို လိမ့်မည်။
8 Kihai ra hoki ia i mohio naku i hoatu te witi ki a ia, te waina, me te hinu, naku ano i whakanui te hiriwa mana, me te koura, ta ratou i mahi nei hei mea ma Paara.
၈ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ကို ငါ ပေး သနား သည်ဟူ၍၎င်း ၊ ဗာလ ဘုရားအား ပူဇော် သောရွှေ နှင့် ငွေ ကို သူ ၌ ငါများပြား စေသည်ဟူ၍၎င်း သူသည် မ အောက်မေ့ ပါတကား။
9 Mo reira ka hoki ahau, ka tango i taku witi i tona wa ano, i taku waina i tona wa ano, ka riro ano i ahau taku huruhuru hipi me taku muka i hipokina ai ia i a ia e noho tahanga ana.
၉သို့ဖြစ်၍ ၊ စပါးရိတ် ရာကာလ ၌ ငါ့ စပါး ကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့ စပျစ်ရည် ကို၎င်း ၊ သူ ၏ ကိုယ်ကိုဖုံးလွှမ်း စေရာ ငါ့ သိုးမွှေး နှင့် ပိုက်ဆန် ကို၎င်းငါသိမ်းယူ မည်။
10 Na akuanei ka whakakitea e ahau tana mahi wairangi ki nga kanohi o ana i aroha ai, e kore ano tetahi tangata e whakaora i a ia i roto i toku ringa.
၁၀ယခုပင် သူ ၏ ရည်းစား များရှေ့ ၌ သူ့ အဝတ် ကို ငါလှစ်လှန်၍ အရှက် ခွဲမည်။ ငါ့ လက် မှ အဘယ်သူ မျှသူ့ ကိုမ နှုတ် ရ။
11 Ka mutu katoa ano i ahau tona koa, ona ra hakari, ona kowhititanga marama, ona hapati, me ana huihui nunui katoa.
၁၁သူ ရွှင်လန်း စရာအကြောင်းရှိသမျှ နှင့် ပွဲခံ ခြင်း၊ လဆန်း နေ့၊ ဥပုသ် နေ့စောင့်ခြင်း၊ ပရိသတ် စည်းဝေးခြင်း အလုံးစုံ တို့ကို ငါပြတ် စေမည်။
12 Ka ururua ano i ahau ana waina, me ana piki, nga mea i ki ai ia, Ko oku utu enei, he mea homai na aku i aroha ai; a ka meinga e ahau hei ngahere, a ka kainga e nga kirehe o te parae.
၁၂ဤသည်ကား၊ ငါ့ ရည်းစား ပေး သော ဆု လက်ဆောင်ဖြစ်သည်ဟု သူဆို ရာ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်း ဥယျာဉ်တို့ကို ငါသုတ်သင် ပယ်ရှင်း၍ ၊ လွင်ပြင် ဖြစ်စေ သဖြင့် တော သားရဲ တို့သည် ကိုက်စား ကြလိမ့်မည်။
13 Ka whiua ano ia e ahau mo nga ra o nga Paarimi, mo era i tahu whakakakara ai ia ki a ratou; a whakapaipai ana i a ia ki ona whakakai, ki ana whakapaipai, haere ana ki te whai i ana i aroha ai, a wareware ake ki ahau, e ai ta Ihowa.
၁၃ဗာလဘုရားတို့အားနံ့သာပေါင်းကို မီးရှို့ ၍ နှာခေါင်း ဆွဲနှင့် လည်ဆွဲ တန်ဆာ ကို ဆင်လျက် ရည်စား များ နောက် သို့လိုက် သဖြင့် ၊ ငါ့ ကို မေ့လျော့ ၍ ဗာလ ဘုရား တို့ လက်ထက် ၌ ပြုမိသောအပြစ်နှင့်အလျောက်ငါစီရင် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
14 Mo reira, nana, ka whakawai ahau i a ia, ka kawe i a ia ki te koraha, ka korero whakamarie ano ki a ia.
၁၄သို့ရာတွင် ၊ သူ့ ကို တဖန်ငါ ဖြားယောင်း မည်။ တော လမ်းဖြင့် ပို့ဆောင် သော်လည်း ၊ နှစ်သိမ့် စေသော စကားကိုပြော မည်။
15 Ka hoatu ano e ahau etahi mara waina ki a ia i reira, me te raorao o Akoro hei kuwaha mo te tumanako: a ka whakahoki kupu ia ki reira, ka pera me to nga ra o tona tamarikitanga, me to te ra hoki i haere mai ai ia i te whenua o Ihipa.
၁၅တော တဘက်၌ စပျစ် ဥယျာဉ်တို့ကို၎င်း၊ အာခေါ် ချိုင့် ၌ မြော်လင့် ရာတံခါး ကို၎င်းငါပေး မည်။ သူ သည် အသက် ငယ် စဉ်ကာလ ၊ အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ သီချင်းဆိုသကဲ့သို့၊ တော တဘက်သို့ ရောက်သောအခါ သီချင်း ဆိုရလိမ့်မည်။
16 Na i taua ra, e ai ta Ihowa, ka karangatia ahau e koe, E Ihi; e kore hoki ahau e karangatia e koe, E Paari a muri ake nei.
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ သင်သည်ငါ့ ကို သခင် ဟူ၍မ ခေါ် ရ၊ ခင်ပွန်း ဟူ၍ခေါ် ရမည်။
17 No te mea ka tangohia e ahau nga ingoa o nga Paarimi i roto i tona mangai, e kore ano ratou, o ratou ingoa, e maharatia a muri ake nei.
၁၇အခြားတပါးသော သခင်တို့၏ ဘွဲ့နာမ များကို သူ ၏ နှုတ် မှ ငါပယ် ၍ ၊ ထို ဘွဲ့နာမ များကို နောက် တဖန် မ မှတ်မိ မမြွက်ဆိုရ။
18 Ka whakaritea ano e ahau i taua ra he kawenata, he pai mo ratou, ki nga kirehe o te parae, ki nga manu o te rangi, ki nga mea ngokingoki o te oneone; ka whati ano i ahau te kopere, te hoari, te whawhai i runga i te whenua, a ka meinga ratou e ah au kia au te takoto.
၁၈ထိုကာလ ၌ ငါသည်သူ တို့အတွက် ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်များနှင့် မိဿဟာယ ဖွဲ့၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေ ပေါ်က ပယ်ရှား သဖြင့် သူ တို့သည် စိုးရိမ် ခြင်းမရှိဘဲ အိပ် ရကြလိမ့်မည်။
19 Ka taumautia ano koe e ahau a ake ake; ina, ka taumautia koe e ahau maku i runga i te tika, i te whakarite whakawa, i te aroha, i te atawhai.
၁၉ငါသည် ကိုယ် အဘို့ သင့် ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ် ခြင်း၊ တရားသဖြင့် စီရင် ခြင်း၊ ချစ် သနား စုံမက်ခြင်းနှင့်အညီ ကိုယ် အဘို့ သင့် ကို သိမ်းယူ မည်။
20 Ka taumautia ano koe maku i runga i te pono, a ka mohio koe ki a Ihowa.
၂၀သစ္စာ စောင့်ခြင်းနှင့်အညီ သိမ်းယူ ၍ ၊ သင်သည် ထာဝရဘုရား ကို သိ ရလိမ့်မည်။
21 I taua ra ka whakarongo ahau, e ai ta Ihowa, ka whakarongo ahau ki nga rangi, ka whakarongo ratou ki te whenua;
၂၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် နားထောင် မည်။ မိုဃ်း ကောင်းကင်စကားကို နားထောင် ၍ ၊ သူ သည် မြေကြီး စကားကို နားထောင် မည်။
22 Ka whakarongo ano te whenua ki te witi, ki te waina, ki te hinu: a ka whakarongo era ki a Ietereere.
၂၂မြေကြီး သည်လည်း ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ ၏ စကားကို နားထောင် ၍ ၊ သူ တို့သည်လည်း ယေဇရေလ စကားကို နားထောင် ကြလိမ့်မည်။
23 Ka whakato ano ahau i a ia maku ki te whenua; ka tohu i tenei kihai nei i tohungia; ka ki atu ano ki te hunga ehara nei i te iwi naku, ko koe taku iwi, a ka mea era, Ko koe toku Atua.
၂၃ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့မြေ ၌ ကိုယ် အဘို့ ငါကြဲ မည်။ မ သနား မစုံမက်အပ်သော သတို့သမီးကို ငါသနား စုံမက်မည်။ ငါ၏ လူ မဟုတ်သော သူကိုလည်း၊ သင်သည်ငါ ၏လူ ဖြစ်သည်ဟု ငါဆို မည်။ သူ ကလည်း ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ သည်ဟု၊ လျှောက် လိမ့်မည်ဟုမိန့်တော်မူ၏။