< Hohea 13 >

1 I te korerotanga a Eparaima, tera te tuiri; i whakanui ake ia i a ia i roto i a Iharaira: engari, kei tona henga i roto i a Paara, ka mate ia.
ဧဖရိမ် သည် နှုတ်မြွက် သောအခါ သူတပါး ကြောက်လန့် တတ်၏။ သူ သည် ဣသရေလ အမျိုး၌ မြင့်မြတ် ၏။ နောက် တဖန် ဗာလ ဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏။
2 Na inaianei kua neke ake to ratou hara, kua hanga e ratou ta ratou hiriwa hei whakapakoko whakarewa ma ratou, hei whakapakoko e rite ana ki ta ratou i matau ai, a ko taua mea katoa he mahi na nga kaimahi: e korerotia ana aua mea e ratou, Me kihi e nga tangata e mea patunga tapu ana, nga kuao kau.
ယခု မှာ အထပ်ထပ်ပြစ်မှား ၍ ကိုယ် ဉာဏ် ပညာ အားဖြင့် အရည် သွန်းသော ငွေ ရုပ်တု ၊ ဆရာသမား လုပ် တတ်သော ရုပ်တု ဆင်းတုများကို ကိုယ့် အဘို့ လုပ် ကြ ၏။ လုပ်ပြီးမှယဇ် ပူဇော်သောသူသည် နွားသငယ် ကို နမ်း စေဟု ဆို တတ်ကြ၏။
3 Mo reira ka rite ratou ki te kapua o te ata, ki te tomairangi hoki e ngaro wawe atu nei, ki te papapa hoki e aia atu ana e te paroro i te patunga witi, a ki te paowa hoki o te tumere.
ထိုကြောင့် ၊ သူတို့သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ကွယ်ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ၊ ကောက်နယ် တလင်းမှ လေဘွေ တိုက်သွားသော ဖွဲ ကဲ့သို့ ၎င်း ၊ မီးဖို ထဲက ထွက်သော မီးခိုး ကဲ့သို့ ၎င်း ဖြစ် ရကြ လိမ့်မည်။
4 Ko Ihowa ano ia ahau, ko tou Atua, o te whenua mai ra ano o Ihipa; kaua ano koe e mohio ki tetahi atua, ko ahau anake, kahore atu hoki he kaiwhakaora, ko ahau anake.
သို့ရာတွင် ၊ ငါ ထာဝရဘုရား သည် သင့်ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရား သခင်ကို သင်မ သိ ပြီ။ ငါ မှတပါး ကယ်တင် နိုင်သော သခင်မ ရှိ။
5 I mohiotia tonutia koe e ahau i te koraha, i te whenua kahore rawa nei he wai.
အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ၌ ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။
6 Ko to ratou makonatanga rite tonu ki te wahi i kai ai ratou; i makona ratou, a whakakake ana o ratou ngakau; na wareware tonu iho ki ahau.
ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။
7 Na, ko taku ki a ratou, ka rite ki te raiona: ka tiaki ahau i te ara ano he reparo:
ထိုကြောင့် ၊ သူ တို့၌ ငါသည် ခြင်္သေ့ ကဲ့သို့ ဖြစ် မည်။ လမ်း နားမှာ ချောင်းသော ကျားသစ် ကဲ့သို့ သူတို့ကို ချောင်းမြောင်း မည်။
8 Ko toku tutakitanga ki a ratou ka rite ki to te pea kua tangohia nei ana kuao, ka haea hoki e ahau te taupa o o ratou ngakau; a hei reira ka kainga ratou e ahau ki te kai a te raiona; ka haehaea ratou e te kirehe o te parae.
သား ပျောက်သော ဝံ မကဲ့သို့ သူ တို့ကို ငါဆီးကြို၍၊ သူ တို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့ မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စား မည်။ တော သားရဲ ဖြစ်၍အပိုင်းပိုင်းဆွဲဖြတ် မည်။
9 Ko tou whakangaromanga ia, e Iharaira, he hoariri koe ki ahau, ki tou kaiawhina.
အို ဣသရေလ ၊ သင့် ကို ကယ်တင် နိုင်သော အရှင် ငါ့ ကို သင် သည် ဆန့်ကျင် ဘက်ပြုသောကြောင့် အကျိုးနည်း ရှိ၏။
10 Kei hea inaianei tou kingi, hei whakaora i a koe i roto i ou pa katoa? ou kaiwhakawa hoki, era i ki ra koe, Homai he kingi me etahi rangatira ki ahau?
၁၀သင် ၏ ရှင် ဘုရင်သည် အဘယ် မှာရှိသနည်း။ သင့် နေရာမြို့ ရှိသမျှ တို့၌ ကယ်တင် ပါစေသော။ သင် ၏ တရားသူကြီး တို့သည် အဘယ်မှာရှိကြသနည်း။
11 Kua hoatu e ahau he kingi ki a koe i ahau e riri ana, a kua tangohia atu ia e ahau i ahau e aritarita ana.
၁၁ရှင်ဘုရင် နှင့် မင်း များကိုပေး ပါဟု သင် တောင်း သောကြောင့် ၊ ငါ အမျက် ထွက်၍ ရှင် ဘုရင်ကိုပေး ပြီ။ တဖန်ပြင်းစွာအမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ်ရှား ပြီ။
12 Ko te he o Eparaima, takai rawa; ko tona hara, rongoa rawa.
၁၂ဧဖရိမ် ပြုသောဒုစရိုက် ကို ငါထုပ် ထား၍ သူ ၏ အပြစ် ကို သိုမှီး ပြီ။
13 Ka pa ki a ia nga mamae o te wahine e whakamamae ana: he tamaiti whakaarokore ia; he wa hoki tenei kia kaua ia e whakaroa ki te wahi e pakaru mai ai nga tamariki.
၁၃သူ သည် သားဘွား သော မိန်းမကဲ့သို့ဝေဒနာ ကို ခံရ ချိန်နီးပြီ။ မိုက် သောအမျိုးသား ဖြစ်၏။ သားဘွား ရာ ဝမ်းဝ၌ ကြာမြင့် စွာနေပါသည်တကား။
14 Ka hokona ratou e ahau ki te kaha o te reinga, ka utua e ahau kei mate. E te mate, kei hea ou mate uruta? E te urupa, kei hea tau whakangaro? ka huna atu te ripeneta i oku kanohi. (Sheol h7585)
၁၄သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။ (Sheol h7585)
15 Ahakoa whai hua ia i roto i ona teina, ka puta mai te hau, he marangai, ko te manawa o Ihowa e pa mai ana i te koraha, a ka maroke tona matapuna, ka mimiti tona manawawhenua: ka pahuatia e ia nga taonga o nga oko katoa e matenuitia ana.
၁၅မိမိ ညီအစ်ကို တို့တွင် အသီး များစွာသီးတတ် သော်လည်း ၊ အရှေ့ လေလာ လိမ့်မည်။ ထာဝရဘုရား ၏ လေ သည် တော မှ လာ ၍ သူ ၏စမ်းရေ တွင်းကို ခန်းခြောက် စေသဖြင့် ရေ ပြတ် လိမ့်မည်။ ဘဏ္ဍာ တိုက်၌ ရှိသမျှ သော တန်ဆာ အကောင်း အမြတ်တို့ကို ရန်သူလုယူ လိမ့်မည်။
16 Ka whakawaha e Hamaria tona hara; kua whakakeke hoki ia ki tona Atua: ka hinga ratou i te hoari; ka taia iho a ratou tamariki, mongamonga ana, ka haehaea hoki a ratou wahine e hapu ana.
၁၆ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။

< Hohea 13 >