< Hohea 12 >
1 Ko ta Eparaima kai ko te hau, e whaia ana e ia te hau marangai: i nga ra katoa e whakanuia ana e ia te teka me te whakangaro; e whakarite kawenata ana ratou ki te Ahiriana, a e kawea ana he hinu ki Ihipa.
၁ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
2 Na he whakawa ta Ihowa ki a Hura, ka utaina ano e ia ki runga ki a Hakopa nga mea rite ki ona ara; ka rite ki ana mahi tana utu ki a ia.
၂ထာဝရဘုရားသည်ယုဒပြည်သားတို့ ကိုစွဲချက်တင်တော်မူ၏။ ဣသရေလကို လည်းသူတို့၏အကျင့်ကြောင့်ဒဏ်ခတ် တော်မူမည်။ ကိုယ်တော်သည်သူတို့၏အပြု အမူအတိုင်းအကျိုးအပြစ်ကိုဆပ်ပေး မည်။-
3 I roto i te kopu i hopukia e ia tona tuakana ki te rekereke; a i a ia ka tangata i kaha ia ki te Atua;
၃သူတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အမိဝမ်းတွင်း၌ရှိစဉ်ကပင် အမြွှာအစ်ကို ဧသောနှင့်ရန်ဘက်ပြုခဲ့၏။ ယာကုပ်သည် ကြီးပြင်းလာသောအခါ ဘုရားသခင်ကို ဆန့်ကျင်၍ရန်ဘက်ပြုခဲ့၏။-
4 Ae ra, i kaha ia ki te anahera, a taea ana e ia: i tangi ia, i inoi ki a ia: i tutaki ia ki a ia ki Peteere, a korero ana ia ki a tatou i reira;
၄သူသည်ကောင်းကင်တမန်နှင့်ရန်ဘက်ပြု ၍အနိုင်ယူခဲ့သည်။ သူသည်ငို၍ကောင်းချီး မင်္ဂလာကိုတောင်းခံ၏။ ဗေသလမြို့တွင် ဘုရားသခင်သည်ယာကုပ်ထံသို့ကြွ လာ၍ဗျာဒိတ်ပေးတော်မူ၏။-
5 Ara a Ihowa, te Atua o nga mano; ko Ihowa tona maharatanga.
၅ထိုဘုရားသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ဘွဲ့ နာမတော်ကားထာဝရဘုရားဖြစ် သတည်း။-
6 Na reira tahuri koe ki tou Atua: puritia te mahi tohu me te tika, tatari tonu ki tou Atua.
၆ထို့ကြောင့်ယာကုပ်အနွယ်ဝင်တို့၊ သင်တို့ ၏ဘုရားသခင်ကိုယုံကြည်၍အထံ တော်သို့ပြန်ကြလော့၊ သစ္စာစောင့်လော့၊ ဖြောင့် မတ်စွာကျင့်လော့၊ သင်တို့၏ဘုရားသခင် ကိုစိတ်ရှည်စွာစောင့်စားလျက်နေကြလော့။
7 He kaihokohoko ia, kei tona ringa nga pauna tinihanga: e aroha ana ia ki te tukino.
၇ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခါနာန်အမျိုးသားတို့ကဲ့သို့ပင် မရိုးသားကြချေ။ သူတို့သည်မမှန်သော အလေးချိန်ခွင်ဖြင့်ဝယ်သူတို့အားရောင်း ချတတ်၏။-
8 I mea ano a Eparaima, He pono kua whai taonga ahau, kua kitea e ahau he rawa moku: i aku mahi katoa e kore e kitea e ratou he kino, ara he hara ki ahau.
၈သူတို့က`ငါတို့သည်ကြွယ်ဝချမ်းသာကြ၏။ ငွေကြေးအမြောက်အမြားစုဆောင်းမိပြီ။ မည်သူကမျှငါတို့အားမတရားရသော ငွေဖြင့်ကြွယ်ဝချမ်းသာသည်ဟုမစွပ်စွဲ နိုင်' ဟုဆိုကြ၏။-
9 Na ko Ihowa ahau, ko tou Atua, no te whenua o Ihipa mai ra ano; tenei ake ka meinga ano koe e ahau kia noho teneti; kia pera me to nga ra o te hakari nui.
၉သို့ရာတွင်သင်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ငါ ထာဝရဘုရားသည် သဲကန္တာရ၌သင် တို့တဲများနှင့်နေထိုင်သည်နည်းတူ ယခု တစ်ဖန်တဲများ၌နေထိုင်စေဦးမည်။
10 Kua korero ano ahau ki nga poropiti, a kua whakamahangia e ahau nga whakakitenga; na te mahi minita a nga poropiti i korero ai ahau i nga kupu whakarite.
၁၀``ငါသည်ပရောဖက်တို့အားဗျာဒိတ်ပေး ၍ ရူပါရုံများစွာကိုမြင်စေခဲ့ပြီ။ သူတို့ အားဖြင့်ငါ၏လူမျိုးတော်ကိုသတိပေး ခဲ့ပြီ။-
11 Ko te hara ranei a Kireara? ina, he mea teka kau ratou; e patu kau ana ratou ki Kirikara hei whakahere: ae ra, he rite a ratou aata ki nga puranga i nga moa o nga mara.
၁၁သို့သော်လည်းသူတို့သည်ဂိလဒ်ပြည်တွင် ရုပ်တုများကိုကိုးကွယ်ကြ၏။ ထိုသို့ကိုး ကွယ်သူတို့သည်သေရမည်။ ဂိလဂါလ မြို့တွင်နွားများကိုယဇ်ပူဇော်ကြ၍ထို အရပ်၌ရှိသောယဇ်ပလ္လင်တို့သည်ကွင်း ပြင်များထဲတွင်ကျောက်ပုံများအဖြစ် ကျန်ရစ်လိမ့်မည်။''
12 I rere ano a Hakopa ki te mara a Arame, a mahi ana a Iharaira hei utu wahine; hei utu wahine i tiaki hipi ai ia.
၁၂ငါတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အာရံပြည်သို့ထွက်ပြေး၍ မယားရရန် လူတစ်ဦးထံ၌သိုးကျောင်းရ၏။-
13 I kawea mai ano e Ihowa, ara e te poropiti, a Iharaira i Ihipa, na te poropiti ano ia i ora ai.
၁၃ထာဝရဘုရားသည်ဣသရေလပြည် သားတို့အားကျွန်ခံရာအီဂျစ်ပြည်မှ ထုတ်ဆောင်ရန်နှင့်စောင့်ရှောက်ရန်ပရောဖက် တစ်ပါးကိုစေလွှတ်တော်မူ၏။-
14 I whakapataritari a Eparaima ki a ia, kawa rawa: mo reira ka waiho e ia tona toto i runga i a ia, ka meinga ano tona ingoa kino e tona ariki kia hoki atu ki a ia.
၁၄ဣသရေလပြည်သားတို့သည်ထာဝရ ဘုရားအား ခါးသီးစွာအမျက်ဒေါသ ထွက်စေ၏။ သူတို့၏ဒုစရိုက်အပြစ်များ ကြောင့်သေဒဏ်ခံသင့်ကြ၏။ သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကို ရှုတ်ချသောကြောင့် ကိုယ်တော်သည်သူတို့ ကိုဒဏ်ခတ်တော်မူလိမ့်မည်။