< Kenehi 49 >

1 Na ka karanga a Hakopa ki ana tamariki, ka mea, Huihui mai, a ka korerotia e ahau ki a koutou nga mea e pono ki a koutou i nga ra o muri.
ယာ​ကုပ်​သည်​သား​များ​ကို​မိ​မိ​ထံ​သို့​ခေါ် ပြီး​လျှင်``ငါ့​အ​နား​သို့​ချဉ်း​ကပ်​လာ​ကြ လော့။ သင်​တို့​၏​နောင်​ရေး​ကို​ငါ​ဖော်​ပြ​ပေ အံ့။
2 Huihui mai, whakarongo hoki, e nga tama a Hakopa; whakarongo hoki ki a Iharaira, ki to koutou papa.
``ယာ​ကုပ်​၏​သား​များ​တို့​သင်​တို့​သည် ငါ့​အ​နီး​တွင် စု​ရုံး​လာ​ကြ​၍၊ သင်​တို့​၏​အ​ဖ​ဣ​သ​ရေ​လ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။
3 E Reupena, ko koe taku matamua, toku pakaritanga, me te timatanga o toku kaha; te hiranga ake o te kororia, te hiranga ake hoki o te kaha:
ရု​ဗင်၊သင်​သည်​ငါ​၏​သား​ဦး၊​ငါ​၏​စွမ်း​အား ငါ​ပျို​ရွယ်​ချိန်​၌​ရ​သော​သား​ဦး​ရှိ​သ​မျှ တို့​တွင် အ​ရေး​ပါ​အ​ရာ​ရောက်​ဆုံး​ခွန်​အား​အ​ကြီး ဆုံး​ဖြစ်​၏။
4 He mea pokarekare, ano he wai, e kore koe e kaka; mo tou pikitanga i te moenga o tou papa; pokea iho e koe a reira: i pikitia e ia toku takotoranga.
သင်​သည်​ရေ​ကြီး​ချိန်​၌​စီး​သော​ရေ​သ​ဖွယ် ဖြစ်​၏။ သို့​ရာ​တွင်​သင်​သည်​သင့်​အ​ဖ​၏​မ​ယား​ငယ် နှင့်​အိပ်​၍၊ သင့်​အ​ဖ​၏​အိပ်​ရာ​ကို​ညစ်​ညမ်း​စေ​သ​ဖြင့် သင်​သည်​သား​တို့​တွင်​အ​ကြီး​အ​ကဲ​မ ဖြစ်​နိုင်။
5 He tuakana, he teina, a Himiona raua ko Riwai; he rakau riri kino a raua hoari.
ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ညီ​အစ်​ကို​ဖြစ် ကြ​၏။ သူ​တို့​သည်​လက်​နက်​များ​ကို​အ​သုံး​ပြု ကာ အ​ကြမ်း​ဖက်​မှု​ပြု​ခဲ့​ကြ​လေ​ပြီ။
6 Kaua e tomo, e toku wairua, ki to raua runanga; kaua e huihuia, e toku kororia, ki to raua whakaminenga: i patu tangata hoki raua i a raua e riri ana, a he hikaka no raua i kopa ai te kau.
သူ​တို့​သည်​ဒေါ​သ​ထွက်​၍​လူ​တို့​ကို​သတ် လျက် နွား​ထီး​များ​၏​ခြေ​တို့​ကို​အ​ပျော်​သက်​သက် ရိုက်​ချိုး​ခဲ့​ကြ​သော​ကြောင့် ငါ​သည်​သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​၌ ပါ​ဝင်​မည်​မ​ဟုတ်။ သူ​တို့​၏​အ​စည်း​အ​ဝေး​သို့​လည်း တက်​ရောက်​မည်​မ​ဟုတ်။
7 Kia kanga to raua riri, i kaha nei; me to raua aritarita, no te mea he nanakia: ka wehea atu raua e ahau ki roto ki a Hakopa, ka whakamararatia hoki raua ki roto ki a Iharaira.
သူ​တို့​သည်​ဒေါ​သ​ပြင်း​ထန်​၍​အ​မျက်​စူး​ရှ သ​ဖြင့် ကျိန်​စာ​သင့်​ခြင်း​ခံ​ရကြ​ပါ​စေ​သ​တည်း။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ​ပြည်​တွင် အ​နှံ့​အ​ပြား​ကွဲ​လွင့်​စေ​မည်။ မိ​မိ​လူ​မျိုး​များ​ထဲ​တွင်​လူ​စု​ကွဲ​စေ​မည်။
8 E Hura, ko koe e whakamoemititia e ou tuakana, e ou teina: ka u tou ringa ki te kaki o ou hoariri: ka piko ki a koe nga tama a tou papa.
ယု​ဒ၊သင့်​ညီ​အစ်​ကို​တို့​က​သင့်​အား ချီး​ကူး ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သင်​သည်​ရန်​သူ​တို့​၏​လည်​မျို​ကို​ချုပ်​ကိုင် ထား​၏။ သင်​၏​ညီ​အစ်​ကို​တို့​က​သင့်​အား​ဦး​ညွှတ် ရ​မည်။
9 He kuao raiona a Hura: i kake atu koe, e taku tama, i te haenga: i piko, i tapapa ia, i pera me te raiona, i pera hoki me te raiona katua; ma wai ia e whakaoho?
ယု​ဒ​သည်​သား​ကောင်​ကို​သတ်​၍ သား​ရဲ​တွင်း​သို့​ပြန်​လာ​သော​ခြင်္သေ့​ကဲ့​သို့ ကိုယ်​ကို​စန့်​လျက်​ဝပ်​လျက်​ရှိ​၏။ မည်​သူ​က​မျှ​သူ့​အား​မ​နှောင့်​ယှက်​ဝံ့။
10 E kore e riro ke te hepeta i a Hura, me te tokotoko o te kawana i waenganui o ona waewae, kia tae mai ra ano a Hiro; a ka rongo nga iwi katoa ki a ia.
၁၀ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​၌​အုပ်​စိုး​ခြင်း​အာ​ဏာ အ​မြဲ​ရှိ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​တို့​သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ ဆက်​သ​၍​သူ့​သြ​ဇာ​ကို​ခံ​ကြ​လိမ့်​မည်။
11 Ka herea e ia tana kuao ki te waina, te tama hoki a tana kaihe ki te waina pai rawa; ka horoia e ia ona kakahu ki te waina, ona weruweru hoki ki te toto o te karepe:
၁၁သူ​သည်​သူ​၏​မြည်း​ပေါက်​က​လေး​ကို​အ​ကောင်း ဆုံး စ​ပျစ်​နွယ်​၌​ချည်​နှောင်​ထား​၏။ သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ပတ္တ​မြား​သွေး စ​ပျစ်​ရည်​တွင်​ဖွပ်​လျှော်​၏။
12 Ka mumura hoki ona kanohi i te waina, ka ma ona niho i te waiu.
၁၂စ​ပျစ်​ရည်​ကြောင့်​သူ​၏​မျက်​လုံး​များ​သည် နီ​ရဲ​နေ​၏။ နို့​သောက်​၍​သူ​၏​သွား​များ​သည်​ဖြူ​ဖွေး​နေ​၏။
13 Ka noho a Hepurona ki te wahapu o te moana; hei wahapu ano ia mo nga kaipuke; ka tutuki atu hoki tona rohe ki Hairona.
၁၃ဇာ​ဗု​လုန်​သည်​ပင်​လယ်​ကမ်း​နား​၌​နေ​ထိုင်​၍ သူ​၏​ဆိပ်​ကမ်း​များ​သည်​သင်္ဘော​များ​ခို​လှုံ​ရာ ဖြစ်​လိမ့်​မည်။ သူ​၏​ပိုင်​နက်​နယ်​မြေ​သည်​ဇိ​အုန်​မြို့​တိုင်​အောင် ကျယ်​ပြန့်​လိမ့်​မည်။
14 He kaihe kaha a Ihakara, e tapapa ana i waenga o nga moenga hipi e rua:
၁၄ဣ​သ​ခါ​သည်​ကုန်း​နှီး​အိတ်​များ​အ​ကြား​တွင် ခြေ​ဆန့်​၍ လဲ​နေ​သော​မြည်း​၏​အ​ဖြစ်​ထက်​မ​သာ။
15 A, i tona kitenga i te okiokinga he pai, i te whenua hoki he ahuareka; na ka tukua iho e ia tona pokohiwi ki te pikaunga, a meinga ana ia hei pononga homai takoha.
၁၅သို့​သော်​သူ​သည်​မိ​မိ​နား​နေ​ရာ​သည် ကောင်း​သည်​ကို​လည်း​ကောင်း၊ နေ​ထိုင်​ရာ​ပြည်​သည်​သာ​ယာ​သည်​ကို လည်း​ကောင်း​မြင်​၏။ ထို့​ကြောင့်​သူ​သည်​ဝန်​ကို​သယ်​ပိုး​ရန်​ခါး ကို​ညွှတ်​၍ ကျွန်​အ​ဖြစ်​နှင့်​အ​ဋ္ဌမ္မ​ခိုင်း​စေ​ခြင်း​ကို​ခံ​ရ​၏။
16 Ka whakawa a Rana i tona iwi, ka pera ano me tetahi o nga iwi o Iharaira.
၁၆ဒန်​သည်​အ​ခြား​သော​ဣသ​ရေ​လ​အ​နွယ်​တို့ ကဲ့​သို့ မိ​မိ​၏​လူ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။
17 Hei nakahi a Rana ki te ara, hei neke hoki ki te huarahi, e ngau ai i te rekereke o te hoiho, a ka taka whakamuri tona kaieke.
၁၇ဒန်​သည်​လမ်း​ဘေး​၌​ခွေ​သော​မြွေ၊လမ်း​အ​နီး​၌ ခို​သော​မြွေ​ဆိုး​ဖြစ်​၍ မြင်း​၏​ဖ​နောင့်​ကို​ကိုက်​သ​ဖြင့်​မြင်း​စီး​သူ ကို နောက်​ပြန်​လိမ့်​ကျ​စေ​လိမ့်​မည်။
18 Kua tatari atu ahau ki tau whakaoranga, e Ihowa.
၁၈``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။
19 Ko Kara, ka aki te ope ki runga ki a ia: otiia ka aki ia ki to ratou rekereke.
၁၉ဂဒ်​သည်​ဋ္ဌား​ပြ​တို့​၏​တိုက်​ခိုက်​ခြင်း​ကို​ခံ ရ​မည်။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​ကို​တိုက်​ခိုက်​သူ​တို့ အား ပြန်​၍​လိုက်​လံ​တိုက်​ခိုက်​လိမ့်​မည်။
20 Ko ta Ahera, ka momona tana taro, a he kai kingi ona hua.
၂၀အာ​ရှာ​၏​မြေ​မှ​စား​ကောင်း​သောက်​ဖွယ်​ထွက် လိမ့်​မည်။ သူ့​ထံ​မှ​ဘု​ရင်​ပွဲ​တော်​နှင့်​ထိုက်​သော အ​စား​အ​စာ​ကို​ရ​ရှိ​လိမ့်​မည်။
21 Ko Napatari, he hata kua tukua kia haere: e homai ana e ia nga kupu papai.
၂၁န​ဿ​လိ​သည်​လွတ်​လပ်​စွာ​ခုန်​ပေါက် ပြေး​လွှား​သော​သ​မင်​ဖြစ်​၍ ချစ်​ဖွယ်​ကောင်း​သော​သ​မင်​သား​ငယ်​များ ကို​မွေး​ဖွား​၏။
22 Ko Hohepa he peka hua, he peka hua i te taha o te puna; e toro atu ana ona manga ki tua o te taiepa:
၂၂ယော​သပ်​သည်​စမ်း​ရေ​ပေါက်​နား​မှာ ကျက်​စား​သော​မြည်း​ရိုင်း တောင်​စောင်း​ပေါ်​တွင်​ကျက်​စား​သော မြည်း​ရိုင်း​က​လေး​နှင့်​တူ​၏။
23 I whakatupu kino nga kaikopere i a ia, i pere mai hoki, i kino hoki ki a ia:
၂၃သူ​၏​ရန်​သူ​တို့​သည်​သူ့​အား​လေး​မြား လက်​နက်​တို့​ဖြင့် ပြင်း​ထန်​စွာ​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။
24 Otiia i mau tana kopere i runga i te kaha, a i whakapakaritia nga takakau o ona ringa e nga ringa o te Mea Kaha o Hakopa, no reira nei te hepara, te kamaka o Iharaira,
၂၄သို့​ရာ​တွင်​ယာ​ကုပ်​၏​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​၏​ကာ​ကွယ်​ရာ​ကျောက်​ဖြစ်​တော်​မူ​သော သိုး​ထိန်း​ရှင်​၏​စောင်​မ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သူ​၏​လေး​သည်​တည်​ငြိမ်​၍​သူ​၏​လက်​တို့​သည် အား​သန်​လျက်​ရှိ​၏။
25 Ara e te Atua o tou papa, mana ano koe e awhina; e te Kaha Rawa hoki, mana e tuku mai ki a koe nga manaaki o te rangi i runga, nga manaaki hoki o te rire e takoto ana i raro, nga manaaki o nga u, o te kopu hoki:
၂၅သင့်​အ​ဖ​၏​ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကူ​မ​လျက် ရှိ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​အား ကောင်း​ကင်​မှ​ကျ​သော​မိုး​ရေ၊မြေ​အောက်​မှ စီး​ထွက်​သော​ရေ​ကို​လည်း​ကောင်း၊ သိုး​နွား​များ​နှင့်​သား​သ​မီး​ရ​တ​နာ​ကို လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ၊
26 Hira ake nga manaaki a tou papa i nga manaaki a oku tupuna, tae atu ana ki tera taha rawa o nga pukepuke tu tonu: ka tau iho ena mea ki runga ki te matenga o Hohepa, ki te tumuaki hoki ona i motuhia atu nei i ona tuakana.
၂၆အ​သီး​အ​နှံ​နှင့်​ပန်း​မာလ်​ကို​လည်း​ကောင်း ပေး​တော်​မူ​ပါ​စေ​သော။ အ​မြဲ​တည်​သော​တောင်​ကုန်း​များ​မှ နှစ်​သက်​ဖွယ်​ရာ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​လည်း သင့်​အား​ပေး​တော်​မူ​ပါ​စေ​သော။ ဤ​ကောင်း​ချီး​အ​ပေါင်း​တို့​သည်​မိ​မိ ညီ​အစ်​ကို​တို့​ထက်​ထူး​ကဲ​သော​ယော​သပ် ၏ ဦး​ခေါင်း​ပေါ်​သို့​သက်​ရောက်​ပါ​စေ​သော။
27 Ka haehae a Pineamine ano he wuruhi: ka kainga e ia te tupapaku i te ata, a i te ahiahi ka tuwhaina e ia nga taonga parakete.
၂၇ဗင်္ယာ​မိန်​သည်​လု​ယူ​ကိုက်​စား​တတ်​သော ဝံ​ပု​လွေ​နှင့်​တူ​၏။ နံ​နက်​နှင့်​ည​နေ​အ​ချိန်​၌​သား​ကောင်​ကို ကိုက်​ဖြတ်​၍​စား​တတ်​၏'' ဟု​မြွက်​ဆို​၏။
28 Ko enei katoa nga iwi kotahi tekau ma rua o Iharaira: ko te korero hoki tenei a to ratou papa ki a ratou, ko tana manaaki i a ratou: i manaakitia ratou e ia, tenei, tenei, me tona manaaki ano.
၂၈ဤ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့် နှစ်​နွယ်​ဖြစ်​၏။ သူ​တို့​၏​အ​ဖ​က​သူ​တို့​တစ် ဦး​စီ​နှင့်​သက်​ဆိုင်​သော မင်္ဂလာ​စ​ကား​များ ကို​အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​မြွက်​ဆို​ခဲ့ လေ​သည်။
29 A i whakahau ia ki a ratou, i mea ki a ratou, Ka kohia atu ahau ki toku iwi: tanumia ahau ki oku matua, ki te ana i te parae o Eperona Hiti,
၂၉ထို​နောက်​ယာ​ကုပ်​က​သူ​၏​သား​တို့​အား``ငါ ၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ငါ​သွား​ရ​မည်။ ခါ နာန်​ပြည်​မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ ဟိတ္တိ​အ​မျိုး သား​ဧ​ဖ​ရုန်​၏​မြေ​၌​ငါ့​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း တွင်​သင်္ဂြိုဟ်​ကြ​လော့။ အာ​ဗြ​ဟံ​သည်​ခါ​နာန် ပြည်​မံ​ရေ​မြို့​ရှိ​မပ္ပေလ​လယ် လယ်​ပြင်​၌​ထို​မြေ နှင့်​သင်္ချိုင်း​ကို​ဟိတ္တိ​အ​မျိုး​သား​ဧ​ဖ​ရုန်​ထံ​မှ သင်္ချိုင်း​မြေ​အ​ဖြစ်​ဝယ်​ယူ​ခဲ့​၏။-
30 Ki te ana i te parae o Makapera, i te ritenga o Mamere, i te whenua o Kanaana, i hokona, me te parae ano, e Aperahama i a Eperona Hiti, kia puritia hei tanumanga.
၃၀
31 I tanumia a Aperahama raua ko Hara, ko tana wahine, ki reira; i tanumia a Ihaka raua ko Ripeka, ko tana wahine, ki reira; i tanumia hoki a Rea e ahau ki reira.
၃၁ထို​သင်္ချိုင်း​တွင်​ငါ့​အ​ဘိုး​အာ​ဗြ​ဟံ​နှင့် အ​ဘွား စာ​ရာ​တို့​ကို​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ အ​ဖ​ဣ​ဇာက်​နှင့် အ​မိ​ရေ​ဗက္က​တို့​ကို​လည်း​သင်္ဂြိုဟ်​ခဲ့​ကြ​၏။ ထို​သင်္ချိုင်း​တွင်​ငါ​သည်​လေ​အာ​ကို​သင်္ဂြိုဟ် ခဲ့​၏။-
32 I hokona te parae me te ana i reira i nga tama a Hete.
၃၂ထို​မြေ​နှင့်​ငါ့​သင်္ချိုင်း​ကို ဟိတ္တိ​အ​မျိုး​သား တို့​ထံ​မှ​ဝယ်​ယူ​ခဲ့​၏။ ထို​သင်္ချိုင်း​တွင်​ငါ့​ကို သင်္ဂြိုဟ်​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။-
33 A, ka mutu te whakahau a Hakopa ki ana tama, ka pepeke ake ona waewae ki roto ki te moenga, a ka hemo, ka kohia atu ki tona iwi.
၃၃ယာ​ကုပ်​သည်​သား​တို့​အား​ယင်း​သို့​မှာ​ကြား ပြီး​နောက်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​၍​ကွယ် လွန်​လေ​၏။

< Kenehi 49 >