< Kenehi 37 >
1 A i noho a Hakopa i te whenua i noho manene ai tona papa, i te whenua o Kanaana.
၁ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည် ၌နေ၏။
2 Ko nga whakatupuranga enei o Hakopa. Kotahi tekau ma whitu nga tau o Hohepa, a i te whangai hipi ia, ratou ko ona tuakana; he taitama hoki ia i te taha o nga tama a Piriha, o nga tama a Tiripa, a nga wahine a tona papa: a ka kawea e Hohepa te kor ero kino mo ratou ki to ratou papa.
၂ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ ၏မယား ဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူ နေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။
3 Na i arohaina nuitia a Hohepa e Iharaira i ana tama katoa, no te mea ko te tama ia o tona koroheketanga: a ka hanga e ia tetahi koti purepure mona.
၃ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့်၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ်၍ ပေး၏။
4 A ka kite ona tuakana e arohatia nuitia ana ia e to ratou papa i ona tuakana katoa, na ka kino ratou ki a ia, kihai ano hoki i ahei te ata korero ki a ia.
၄အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သော အခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ။
5 Na ka moe a Hohepa i tetahi moe, a ka korerotia e ia ki ona tuakana; ka nui haere ano to ratou kino ki a ia.
၅ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကို တို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။
6 A i mea ia ki a ratou, Tena, whakarongo ki tenei moe i moe nei ahau:
၆အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့။
7 Nana, i te paihere witi tatou i waenga mara, na ka whakatika ake taku paihere, a ka tu; ko te tino karapotinga mai o a koutou paihere, kei te piko iho ki taku paihere.
၇ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။
8 Na ka mea ona tuakana ki a ia, Koia ranei ko koe hei kingi mo matou? hei rangatira ano ranei koe mo matou? Na ka nui haere ano to ratou kino ki a ia mo ana moe, mo ana kupu.
၈အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြု ရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို ၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။
9 A i moe ano ia i tetahi atu moe, a ka korerotia e ia ki ona tuakana, ka mea ia, Nana, tenei ano hoki tetahi moe i moe ai ahau; na, ko te ra me te marama, me nga whetu kotahi tekau ma tahi, e piko mai ana ki ahau.
၉တဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြား ပြောလေ၏။
10 A ka korerotia e ia ki tona papa ratou ko ona tuakana: na ka whakatupehupehu tona papa ki a ia, ka mea ki a ia, He aha tenei moe i moe nei koe? Tera ranei matou, ko tou whaea, ko ou tuakana, e haere mai ki te piko ki a koe, ki te whenua?
၁၀ထိုသို့အဘနှင့် အစ်ကိုတို့အား ကြားပြောသော အခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့်သင်၏အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံ သို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမ လေ၏။
11 Na ka hae ona tuakana ki a ia; ko tona papa ia i mahara ki te kupu.
၁၁အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကို မှတ်လေ၏။
12 Na ka haere ona tuakana ki te whangai i nga hipi a to ratou papa i Hekeme.
၁၂အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်းခြင်းငှါ သွားကြ၏။
13 A ka mea a Iharaira ki a Hohepa, Kahore ianei ou tuakana i te whangai hipi i Hekeme? haere mai, me tono koe e ahau ki a ratou. Ka mea ia, Tenei ahau.
၁၃ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊
14 Na ka mea ia ki a ia, Tena, haere, tirohia, kei te ora ranei ou tuakana, kei te ora ano ranei nga hipi; ka whakahoki mai ia i te korero ki ahau. Na ka tonoa atu ia e ia i te raorao o Heperona, a ka haere ia ki Hekeme.
၁၄အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာ သလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလော ဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့်၊သူသည် ရှေခင်မြို့သို့ ရောက်လေ၏။
15 A ka tutaki tetahi tangata ki a ia, e pohehe ana hoki ia i te parae, a ka ui taua tangata ki a ia, He aha tau e rapu na?
၁၅တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက် သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည် ဘာကိုရှာသနည်း ဟု မေးလျှင်၊
16 Na ka mea ia, E rapu ana ahau i oku tuakana: tena koa, whakaaturia mai ki ahau, kei hea ratou e whangai ana i te kahui.
၁၆အစ်ကိုများကို ရှာ၏။ အဘယ်မှာထိန်းကြသည် ကို ပြောပါဟုဆိုသော်၊
17 Ka mea taua tangata, Kua riro atu ratou i konei; i rongo hoki ahau i a ratou e ki ana, Kia haere tatou ki Rotana. Na ka haere a Hohepa ki te whai i ona tuakana, a ka kitea ratou e ia ki Rotana.
၁၇ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန် မြို့မှာ တွေ့လေ၏။
18 Na ka kite mai ratou i a ia i tawhiti, a, i te mea kahore ano ia i tata noa ki a ratou, ka whakatakoto whakaaro ratou mona kia whakamatea.
၁၈အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်ပင်၊ အစ်ကို တို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊
19 A ka mea ratou tetahi ki tetahi, Nana, ko te moemoea tenei te haere mai nai.
၁၉ကြည့်လော့။ အိပ်မက်ဆရာလာပြီ။
20 Tena, tatou ka haere, ka patu i a ia, ka maka hoki i a ia ki tetahi o nga poka, a ka mea tatou, Na tetahi mohoao nanakia ia i kai: a ka kite tatou i te tukunga iho o ana moe.
၂၀ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲ သို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။
21 Na i rongo a Reupena, a ka whakaorangia ia e ia i roto i o ratou ringa; ka mea ia, Kaua ia e patua e tatou.
၂၁ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲ နေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ် လေ၏။
22 Ka mea ano a Reupena ki a ratou, Kaua e whakahekea he toto; maka atu ia ki roto ki tenei poka i te koraha nei, kaua hoki tetahi ringa e pa ki a ia; he mea hoki kia whakaora ai ia i a ia i roto i o ratou ringa, kia whakahoki ai ia i a ia ki tona papa.
၂၂တဖတ် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။
23 A, i te taenga o Hohepa ki ona tuakana, ka huia e ratou te koti o Hohepa, te koti purepure e mau ana i a ia;
၂၃ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ၊
24 A mauria ana ia, maka ana e ratou ki te poka: he tuwhera kau ano te poka, kahore he wai o roto.
၂၄သူ့ကိုကိုင်ယူ၍ တွင်းထဲသို့ ချကြ၏။ထိုတွင်း၌ ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။
25 Na ka noho ratou ki te kai taro: a ka anga ake o ratou kanohi, na, ko tetahi tira Ihimaeri e haere mai ana i Kireara me a ratou kamera, he waha i nga mea kakara, i te pama, i te maira, e haere ana ki te kawe ki raro, ki Ihipa.
၂၅ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊
26 Na ka mea a Hura ki ona tuakana ratou ko ona teina, He aha te pai o ta tatou patu i to tatou teina, o te huna hoki i ona toto?
၂၆ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။
27 Tatou ka haere, ka hoko i a ia ki nga Ihimaeri, a kaua o tatou ringa e pa ki a ia; ko to tatou teina nei hoki ia, ko to tatou kikokiko. A i whakaae ona tuakana ratou ko ona teina.
၂၇ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ၏။
28 Na ka haere mai nga Miriani, he hunga hokohoko: ka hutia ake e ratou a Hohepa i roto i te poka, a ka hokona atu a Hohepa e ratou ki nga Ihimaeri, ki nga hiriwa e rua tekau: a ka kawea a Hohepa e ratou ki Ihipa.
၂၈ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
29 A ka hoki mai a Reupena ki te poka; na, kohore a Hohepa i roto i te poka; a ka haea e ia ona kakahu.
၂၉ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်၊ မိမိအဝတ်ကို ဆွဲဆုတ် လျက်၊
30 Na ka hoki ia ki ona teina, ka mea, Kahore nei te tamaiti; a ko ahau, me haere ahau ki hea?
၃၀ညီတို့ရှိရာသို့ သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့ သွားရပါ မည်နည်းဟု ဆိုလေ၏။
31 Na ka tango ratou i te koti o Hohepa, a ka patua he koati toa, ka tukua hoki te koti ki te toto;
၃၁သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌ နှစ်လေ၏။
32 Na ka hoatu te koti purepure kia kawea ki to ratou papa; ka mea ratou, I kitea tenei e matou; tena, tirohia ko te koti ranei o tau tama, ehara ranei?
၃၂ထိုနောက်မှ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကို အကျွန်ုပ်တို့ တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင်၊
33 A ka mohiotia e ia, a ka mea ia, Ko te koti tenei o taku tama; kua kainga ia e te kirehe nanakia; kua tino haea rawatia a Hohepa.
၃၃ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏ အင်္ကျီ မှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊
34 Na ka haea e Hakopa ona kakahu, ka kakahuria e ia tona hope ki te kakahu taratara, a he maha nga ra i uhungatia ai e ia tana tama.
၃၄မိမိအဝတ်ကို ဆွဲဆုတ်၍၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာ ညည်းတွားလျက် နေလေ၏။
35 Ka whakatika hoki ana tama katoa me ana tamahine katoa ki te whakamarie i a ia; a kihai ia i pai kia whakamarietia; ka mea ia, Engari ka heke tangi atu ahau ki taku tama ki te po. Na ka uhungatia ia e tona papa. (Sheol )
၃၅သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။ (Sheol )
36 Na ka hokona atu ia e nga Miriani ki Ihipa ki a Potiwhara, ki tetahi o nga tangata nui a Parao, ki te rangatira o nga kaitiaki.
၃၆ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။