< Kenehi 32 >

1 Na haere ana a Hakopa i tona huarahi, a ka tutaki ki a ia nga anahera a te Atua.
ယာ​ကုပ်​သည်​ခ​ရီး​ဆက်​လက်​သွား​စဉ် ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​တို့​နှင့်​တွေ့​ဆုံ​လေ သည်။-
2 A ka mea a Hakopa i tona kitenga i a ratou, Ko te ope tenei a te Atua: na huaina iho e ia te ingoa o tena wahi ko Mahanaima.
ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။
3 Na ka tono tangata atu a Hakopa ki mua i a ia ki a Ehau, ki tona tuakana, ki te whenua o Heira, ki te whenua o Eroma.
ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-
4 Ka ako hoki ia ki a ratou, ka mea, Kia penei he korero atu ma koutou ki toku ariki, ki a Ehau; E penei ana te kupu a tau pononga, a Hakopa, I a Rapana ahau e noho ana a tae mai ki tenei wa;
ထို​စေ​တ​မန်​တို့​အား``ကိုယ်​တော်​၏​အ​စေ​ခံ ယာ​ကုပ်​က`ကျွန်ုပ်​သည်​လာ​ဗန်​နှင့်​အ​တူ​နေ ထိုင်​ပြီး​ယ​ခု​မှ​ပြန်​ခဲ့​ရ​ပါ​သည်။-
5 He kau ano aku, he kaihe, he hipi, he pononga tane, he pononga wahine: a kua tono tangata nei ahau ki te korero ki toku ariki, kia manakohia ai ahau e koe.
ကျွန်ုပ်​တွင်​နွား၊ မြည်း၊ သိုး၊ ဆိတ်​နှင့်​ကျွန်​များ​ရှိ ပါ​သည်။ ကိုယ်​တော်​ထံ​၌​ကျွန်ုပ်​မျက်​နှာ​သာ​ရ နိုင်​မည်​ဟု​မျှော်​လင့်​လျက် ဤ​သို့​သ​တင်း​ပို့ လျှောက်​ထား​ပါ​သည်' ဟု​ပြော​လော့'' ဟု​မှာ ကြား​လိုက်​လေ​သည်။
6 Na ka hoki mai nga karere ki a Hakopa, ka mea, I tae atu matou ki tou tuakana, ki a Ehau, a tenei ano ia te haere mai nei ki te whakatau i a koe, ratou tahi ko nga tangata e wha rau.
စေ​တ​မန်​တို့​သည်​ယာ​ကုပ်​ထံ​သို့​ပြန်​ရောက် လာ​၍ ``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစ်​ကို ဧ​သော​ထံ​သို့​ရောက်​ခဲ့​ပါ​သည်။ သူ​သည်​လည်း ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန်​လာ​နေ​ပါ​ပြီ။ သူ့ ထံ​၌​လူ​အင်​အား​လေး​ရာ​ရှိ​ပါ​သည်'' ဟု ပြန်​ကြား​ကြ​သည်။-
7 Na he nui te wehi o Hakopa, ka manukanuka; na ka wehea e ia ona tangata, me nga hipi, me nga kau, me nga kamera, kia rua nga ropu;
ထို​အ​ခါ​ယာ​ကုပ်​သည်​အ​လွန်​ကြောက်​ရွံ့​၍ စိတ်​ပူ​ပန်​သ​ဖြင့် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့ ကို​လည်း​ကောင်း၊ သိုး၊ ဆိတ်၊ နွား​နှင့်​ကု​လား​အုတ် တို့​ကို​လည်း​ကောင်း​နှစ်​စု​ခွဲ​၍​ထား​လိုက်​၏။-
8 I mea hoki ia, Ki te tae mai a Ehau ki te ropu tuatahi, a ka patua e ia, na, ka mawhiti te ropu i mahue.
အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ဧ​သော​ရောက် လာ​၍​ပ​ထ​မ​အ​စု​ကို​တိုက်​ခိုက်​သည်​ရှိ​သော် ကျန်​တစ်​စု​ကား​လွတ်​မြောက်​နိုင်​လိမ့်​မည်'' ဟု တွေး​တော​မိ​သော​ကြောင့်​တည်း။
9 Na ka mea a Hakopa, E te Atua o toku papa, o Aperahama, e te Atua o toku papa, o Ihaka, e Ihowa, nau nei te kupu ki ahau, Hoki atu ki tou whenua, ki ou whanaunga hoki, a ka pai taku mahi ki a koe:
ထို​နောက်​ယာ​ကုပ်​က``အ​ကျွန်ုပ်​၏​အ​ဘိုး အာ​ဗြ​ဟံ​နှင့်​အ​ကျွန်ုပ်​၏​ဖ​ခင်​ဣ​ဇာက်​တို့ ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က`သင်​၏ ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန် လော့။ ငါ​သည်​သင့်​ကို​ကြီး​ပွား​စေ​မည်' ဟု မိန့်​တော်​မူ​ပါ​၏။-
10 He iti rawa ahau, he nui au arohatanga katoa, me te pono katoa hoki i whakaputaina mai e koe ki tau pononga; i whiti mai hoki ahau me toku tokotoko i tenei Horano; a ka rua nei oku ropu.
၁၀ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။-
11 Tena ra, whakaorangia ahau i te ringa o toku tuakana, i te ringa o Ehau; e wehi ana hoki ahau i a ia, kei haere mai ia ki te patu i ahau, i te whaea ratou tahi ko nga tamariki.
၁၁အ​ကျွန်ုပ်​၏​အစ်​ကို​ဧသော​၏​လက်​မှ​အ​ကျွန်ုပ် အား​ကယ်​တင်​ရန်​တောင်း​လျှောက်​ပါ​၏။ သူ သည်​မိန်း​မ​နှင့်​က​လေး​များ​အ​ပါ​အ​ဝင် အ​ကျွန်ုပ်​တို့​အား​လုံး​အား​တိုက်​ခိုက်​ဖျက် ဆီး​မည်​ကို​အ​ကျွန်ုပ်​စိုး​ရိမ်​ကြောက်​ရွံ့​ပါ​၏။-
12 I mea mai nei hoki koe, Ina, ka pai taku mahi ki a koe, a ka meinga e ahau ou uri kia rite ki te onepu o te moana, e kore nei e taea te tatau i te tini.
၁၂ကိုယ်​တော်​က`သင့်​ကို​ကြီး​ပွား​စေ​မည်။ သင်​၏ အ​ဆက်​အ​နွယ်​များ​ကို​ပင်​လယ်​ကမ်း​ခြေ​ရှိ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​နိုင်​အောင်​များ ပြား​စေ​မည်' ဟူ​သော​ကတိ​တော်​ကို​သ​တိ​ရ တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​လေ​သည်။
13 A i moe ia ki reira i taua po; a i tangohia e ia i roto i nga mea i pono ki tona ringa he hakari ma Ehau, ma tona tuakana;
၁၃ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​တစ်​ည​တည်း​ခို ပြီး​နောက် အစ်​ကို​ဧ​သော​အား​လက်​ဆောင်​ပေး ရန် မိ​မိ​၏​တိ​ရစ္ဆာန်​အုပ်​ထဲ​မှ​ဆိတ်​မ​နှစ်​ရာ နှင့်​ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ​နှင့်​သိုး ထီး​နှစ်​ဆယ်၊ နို့​စား​ကု​လား​အုတ်​မ​သုံး​ဆယ် နှင့်​သား​ကောင်​ငယ်​များ၊ နွား​မ​လေး​ဆယ်​နှင့် နွား​ထီး​ဆယ်​ကောင်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​ထီး​ဆယ်​ကောင်​တို့​ကို​ရွေး​ယူ​လေ​၏။-
14 E rua rau nga koati hua, e rua tekau hoki nga koati toa, e rua rau nga hipi uha, e rua tekau nga hipi toa,
၁၄
15 E toru tekau nga kamera whai waiu, me a ratou kuao, e wha tekau nga kau, kotahi tekau hoki nga puru, e rua tekau nga kaihe uha, me nga kuao hoki kotahi tekau.
၁၅
16 A ka hoatu e ia ki nga ringa o ana pononga tenei kahui, tenei kahui, motumotu rawa; ka mea ia ki ana pononga, Haere i mua i ahau, kia whai takiwa tetahi kahui, tetahi kahui.
၁၆ထို​တိ​ရစ္ဆာန်​များ​ကို​အုပ်​လိုက်​ခွဲ​ပြီး​လျှင် တစ် အုပ်​စီ​ကို​အ​စေ​ခံ​တစ်​ယောက်​ကျ​အုပ်​ထိန်း စေ​၏။ ထို​နောက်​အ​စေ​ခံ​တို့​အား``သင်​တို့​သည် တစ်​အုပ်​နှင့်​တစ်​အုပ်​ရှေ့​နောက်​ခြား​၍​ငါ့​ရှေ့ မှ​သွား​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။-
17 I ako ano ia i te tuatahi, i mea, E tutaki a Ehau, toku tuakana, i a koe, e mea, Na wai koe? a e haere ana koe ki hea? a na wai enei mea i tou aroaro?
၁၇ရှေ့​ဆုံး​မှ​သွား​ရ​သော​အ​စေ​ခံ​အား``ငါ​၏ အစ်​ကို​ဧသော​က​သင့်​ကို​တွေ့​၍`သင်​၏​သ​ခင် ကား​မည်​သူ​နည်း၊ မည်​သည့်​အ​ရပ်​သို့​သွား မည်​နည်း။ သင့်​ရှေ့​၌​ရှိ​သော​တိရစ္ဆာန်​တို့​ကို မည်​သူ​ပိုင်​သ​နည်း' ဟု​မေး​လျှင်၊-
18 Na ka mea atu koe, Na tau pononga, na Hakopa; i homai e ia hei hakari ma toku ariki, ma Ehau; a tenei ano hoki ia kei muri i a matou.
၁၈`ကိုယ်​တော်​၏​အ​စေ​ခံ​ယာ​ကုပ်​ပိုင်​ပါ​သည်။ သ​ခင်​ဧ​သော​အား​ဆက်​သ​လိုက်​သော​လက် ဆောင်​များ​ဖြစ်​ပါ​သည်။ ယာ​ကုပ်​ကိုယ်​တိုင် အ​ကျွန်ုပ်​တို့​နောက်​မှ​လိုက်​ပါ​လာ​ပါ​သည်' ဟူ​၍​ညွှန်​ကြား​လေ​သည်။-
19 He pera ano tana ako ki te tuarua, ki te tuatoru hoki, ki nga tangata katoa ano hoki i haere i muri i nga kahui, i mea ia, Ko te tikanga tenei mo nga kupu e korero ai koutou ki a Ehau, ina tutaki ki a ia;
၁၉ထို​နည်း​တူ​ဒု​တိ​ယ​အ​စေ​ခံ၊ တ​တိ​ယ အ​စေ​ခံ​မှ​စ​၍ တိ​ရစ္ဆာန်​အုပ်​တို့​ကို​အုပ် ထိန်း​ရ​သူ​အ​ပေါင်း​တို့​အား၊-
20 A me ki atu e koutou, Na, tenei ano hoki tau pononga, a Hakopa, kei muri i a matou. I mea hoki ia, Me whakamarie ia e ahau ki te hakari e haere ana i mua i ahau, a, muri iho ka kite ahau i tona kanohi; tera pea ia e manako ki ahau.
၂၀သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​သော​အ​ခါ`ကိုယ်​တော် ၏​အ​စေ​ခံ​ယာ​ကုပ်​သည်​ကျွန်ုပ်​တို့​နောက်​မှ​လိုက် ပါ​လာ​ပါ​သည်' ဟု​ပြော​ရ​မည်'' ဟူ​၍​မှာ​ကြား ၏။ ယာ​ကုပ်​က``ယ​ခု​ပေး​လိုက်​သော​လက်​ဆောင် များ​အား​ဖြင့် အစ်​ကို​၏​စိတ်​ကို​ပြေ​စေ​၍​သူ နှင့်​တွေ့​ဆုံ​ရ​သော​အ​ခါ ငါ့​အ​ပြစ်​ကို​ခွင့် လွှတ်​ကောင်း​ခွင့်​လွှတ်​ပေ​လိမ့်​မည်'' ဟု စိတ်​ကူး​မိ​လေ​၏။-
21 Na ka haere atu te hakari i mua i a ia: a ko ia i moe i taua po i te puni.
၂၁သူ​သည်​လက်​ဆောင်​များ​ကို​ကြို​တင်​ပို့​ပြီး နောက်​ထို​ည​တွင်​စ​ခန်း​၌​အိပ်​လေ​၏။
22 A i whakatika ia i taua po, i tango hoki i ana wahine tokorua, me ana wahine pononga tokorua, me ana tamariki tekau ma tahi, a ka whiti i te whitinga i Iapoko.
၂၂ထို​ည​ချင်း​တွင်း​ယာကုပ်​သည်​ထ​၍​မ​ယား​နှစ် ယောက်၊ မ​ယား​ငယ်​နှစ်​ယောက်၊ သား​သ​မီး​တစ် ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်​ဆောင်​လျက်​ယဗ္ဗုတ် မြစ်​ကို​ဖြတ်​ကူး​စေ​၏။-
23 A i tango ia i a ratou, i mea hoki kia whiti i te awa, a i tukuna atu e ia kia whiti nga mea i a ia.
၂၃သား​မ​ယား​တို့​နှင့်​အ​တူ​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း တို့​ကို​တစ်​ဖက်​ကမ်း​သို့​ပို့​လေ​၏။-
24 A i mahue iho a Hakopa ko ia anake; a nonoke ana raua ko tetahi tangata, a takiri noa te ata.
၂၄ယာ​ကုပ်​က​မူ​တစ်​ယောက်​တည်း​နေ​ရစ်​ခဲ့​လေ သည်။ ထို​အ​ခါ​လူ​တစ်​ယောက်​သည်​မိုး​လင်း​အံ့​ဆဲ ဆဲ​တိုင်​အောင်​သူ​နှင့်​န​ပန်း​လုံး​လေ​၏။-
25 A, no te kitenga o tera kihai ia i taea e ia, ka pa ia ki te ateatenga o tona huha; a ka takoki te ateatenga o te huha o Hakopa i a raua e nonoke ana.
၂၅ထို​သူ​သည်​မ​နိုင်​မှန်း​သိ​သော​အ​ခါ​ယာ​ကုပ် ၏​တင်​ပါး​ကို​ထိုး​သ​ဖြင့်​အ​ဆစ်​ပြုတ်​လေ​၏။-
26 Na ka mea ia, Tukua ahau, kua takiri hoki te ata. A ka mea ia, E kore koe e tukua e ahau, kia manaakitia ra ano ahau e koe.
၂၆ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။
27 A ka mea ia, Ko wai tou ingoa? A ka mea ia, Ko Hakopa.
၂၇ထို​သူ​က​လည်း``သင်​၏​နာ​မည်​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ``ယာ​ကုပ်'' ဟု​ပြန်​ဖြေ​၏။
28 A ka mea ia, Heoi ano kianga ko Hakopa tou ingoa, engari ko Iharaira: no te mea kua tohe koe ki te Atua, ki te tangata hoki, a i a koe ano te mutunga.
၂၈ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။
29 Na ka ui a Hakopa, ka mea, Tena koa, korerotia mai tou ingoa. Ano ra ko ia, He aha toku ingoa i uia ai e koe? a ka manaaki ia i a ia i reira.
၂၉ယာ​ကုပ်​က``ကိုယ်​တော်​၏​နာမ​ကို​သိ​ပါ​ရ​စေ'' ဟု​လျှောက်​လေ​၏။ ထို​သူ​က``သင်​သည်​ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း'' ဟု​မေး​၏။ ထို​နောက် ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး​လေ​၏။
30 Na huaina ana e Hakopa te ingoa o taua wahi ko Peniere: i mea hoki ia, Moku i titiro ki te Atua, he kanohi, he kanohi, a kei te ora nei ahau.
၃၀ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။-
31 A i tara mai te ra ki a ia i a ia ka whiti i Penuere, kei te toitoti ano tona huha.
၃၁ယာ​ကုပ်​သည်​ပေ​နွေ​လ​အ​ရပ်​မှ​ထွက်​ခွာ​လာ သော​အ​ခါ​နေ​ထွက်​ပြီ​ဖြစ်​၏။ သူ​သည်​ခါး​ဆစ် ဒဏ်​ရာ​ကြောင့်​ထော့​နဲ့​ကျိုး​နင်း​သွား​ရ​လေ​သည်။-
32 Koia nga tama a Iharaira te kai ai i te uaua i memenge, ara i tera i te ateatenga o te huha, a tae noa ki tenei ra: no te mea hoki i pa ia ki te ateatenga o te huha o Hakopa, ki te uaua i memenge.
၃၂ယာ​ကုပ်​သည်​တင်​ပါး​ကြွက်​သား​တွင်​အ​ထိုး ခံ​ခဲ့​ရ​သည်​ဖြစ်​သော​ကြောင့် ယ​နေ့​ထက်​တိုင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တင်​ပါး ကြွက်​သား​ကို​မ​စား​ကြ​ချေ။

< Kenehi 32 >