< Kenehi 31 >
1 A i rongo ia i nga kupu a nga tama a Rapana, e ki ana, Kua riro i a Hakopa nga mea katoa a to tatou papa; na nga mea hoki a to tatou papa i whiwhi ai ia ki tenei kororia katoa.
၁လာဗန်၏သားတို့က``ငါတို့၏ဖခင်ပိုင်သမျှ ပစ္စည်းတို့ကိုယာကုပ်ယူသွားလေပြီ။ ဖခင်ပိုင် ဆိုင်သောပစ္စည်းဖြင့်သူ၌စီးပွားတက်လာပြီ'' ဟူ၍ပြောဆိုသံကိုယာကုပ်ကြားသိရလေ သည်။-
2 A ka titiro a Hakopa ki te mata o Rapanga, na, kihai i pera ki a ia me to era rangi ake.
၂ထို့အပြင်လာဗန်သည်ယခင်ကကဲ့သို့သူ့ အားမကြည်ဖြူကြောင်းကိုလည်းတွေ့မြင် ရသည်။-
3 A ka mea a Ihowa ki a Hakopa, E hoki ki te whenua o ou matua, ki ou whanaunga hoki; a ka tata ahau ki a koe.
၃သို့ဖြစ်၍ထာဝရဘုရားက``သင်၏ဘိုးဘေး တို့နှင့်ဆွေမျိုးသားချင်းတို့နေထိုင်ရာပြည် သို့ပြန်လော့။ ငါသည်သင်နှင့်အတူရှိမည်'' ဟု ယာကုပ်အားမိန့်တော်မူ၏။
4 Na ka tono tangata a Hakopa hei karanga i a Rahera raua ko Rea ki tana kahui, ki te parae,
၄ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လေအာ တို့ကိုသူ၏သိုး၊ ဆိတ်အုပ်များရှိရာလယ်ထဲ သို့ခေါ်ပြီးလျှင်၊-
5 A ka mea ia ki a raua, E kite ana ahau i te mata o to korua papa, kahore e pera mai ki ahau me to era rangi ake; otiia i tata mai ki ahau te Atua o toku papa.
၅``သင်တို့၏ဖခင်သည်ယခင်ကကဲ့သို့ငါ့ အားမကြည်ဖြူကြောင်းငါတွေ့ရသည်။ သို့ ရာတွင်ငါ့အဖ၏ဘုရားသခင်သည်ငါ နှင့်အတူရှိတော်မူ၏။-
6 E mohio ana ano korua, i poto katoa atu toku kaha ki taku mahi ki to korua papa.
၆ငါသည်သင်တို့၏ဖခင်အတွက်အစွမ်းကုန် အလုပ်လုပ်ခဲ့ကြောင်းသင်တို့နှစ်ဦးစလုံး သိကြ၏။-
7 Ko to korua papa ia i tinihanga ki ahau, ka tekau rawa ana whakaputanga ketanga i oku utu; otiia kihai ia i tukua e te Atua kia tukino i ahau.
၇သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။-
8 Mehemea i korero penei ia, Hei nga mea whai tongitongi te utu mou; na, he mea tongitongi katoa nga whanau o nga kahui: a, mehemea ia i ki penei, Hei nga mea whakahekeheke he utu mou, na, he whakahekeheke katoa nga whanau o nga kahui.
၈သင်တို့၏ဖခင်ကအပြောက်ပါရှိသောဆိတ် တို့သည်သင်၏အခဖြစ်သည်ဟုဆိုလျှင် ဆိတ် ရှိသမျှတို့သည်အပြောက်ပါရှိသောသား ကောင်များကိုမွေးကြ၏။ သူက`အစင်းပါသော ဆိတ်တို့သည်သင်၏အခဖြစ်သည်' ဟုဆိုလျှင် ဆိတ်ရှိသမျှတို့သည်အစင်းပါရှိသောသား ကောင်များကိုမွေးကြ၏။-
9 Koia i tangohia ai e Ihowa nga hipi a to korua papa, a homai ana ki ahau.
၉ထိုသို့အားဖြင့်ဘုရားသခင်သည်သင်၏ ဖခင်ထံမှဆိတ်အုပ်တို့ကိုယူ၍ငါ့အား ပေးတော်မူပြီ။
10 Na, i te wa i whakahaputia ai te kahui, ka maranga ake oku kanohi, a ka kite moemoea ahau, ko nga toa i ekengia ai nga kahui, he whakahekeheke, he mea whai tongitongi, he mea kotingotingo.
၁၀``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။-
11 I korero moemoea mai ano te anahera a te Atua ki ahau, E Hakopa: a ka mea atu ahau, Tenei ahau.
၁၁အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
12 Na ka mea mai ia, Tena, whakaarahia ake ou kanohi, ka titiro ki nga toa katoa e ekeeke ana i nga kahui, he whakahekeheke, he whai tongitongi, he kotingotingo hoki: kua kite hoki ahau i nga mea katoa i mea nei a Rapana ki a koe.
၁၂ကောင်းကင်တမန်က`သင့်အားလာဗန်ပြုမူ သမျှတို့ကိုငါမြင်ရသဖြင့် မိတ်လိုက်နေ သောဆိတ်အထီးအားလုံးတို့သည် အကွက်၊ အပြောက်အကျားများပါရှိစေရန်ငါ စီရင်ပြီ။-
13 Ko ahau te Atua o Peteere, o te wahi i whakawahi na koe i te pou, i puaki ai hoki tau kupu taurangi ki ahau: kati, whakatika, haere atu i tenei whenua, hoki atu ki te whenua i whanau ai koe.
၁၃ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။
14 Na ka whakahoki a Rahera raua ko Rea, ka mea ki a ia, Tera atu ano ianei tetahi wahi, tetahi taonga tupu ranei mo maua i roto i te whare o to maua papa?
၁၄ရာခေလနှင့်လေအာတို့က``ကျွန်မတို့သည် ဖခင်ထံမှအမွေရစရာမရှိတော့ပါ။-
15 Kahore ianei maua i te kiia e ia he wahine ke noa atu? kua hokona nei hoki maua e ia, kua pau rawa ano i a ia a maua moni.
၁၅ဖခင်သည်ကျွန်မတို့အားသူစိမ်းများကဲ့သို့ ဆက်ဆံပါသည်။ ကျွန်မတို့ကိုရောင်းစား၍ရ သမျှငွေကိုသုံးစွဲခဲ့လေပြီ။-
16 Mo tatou nei hoki, mo a tatou tamariki nga taonga katoa i tangohia nei e te atua i to maua papa: na, tena, meatia nga mea katoa i kiia e te Atua ki a koe.
၁၆ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။
17 Na ka whakatika a Hakopa, a whakaekea ana e ia ana tamariki me ana wahine ki runga ki nga kamera;
၁၇သို့ဖြစ်၍ယာကုပ်သည်မိမိ၏ဖခင်ရှိရာ ခါနာန်ပြည်သို့ပြန်ရန်ပြင်ဆင်လေသည်။ သူ ၏သားသမီးနှင့်မယားတို့ကိုကုလားအုတ် များပေါ်တွင်စီးစေ၏။ သူသည်မက်ဆိုပိုတေး မီးယားပြည်၌ရရှိခဲ့သမျှသောဥစ္စာပစ္စည်း များကိုယူဆောင်လျက် မိမိ၏သိုးအုပ်၊ ဆိတ် အုပ်များကိုမောင်းနှင်လာခဲ့လေသည်။-
18 A kawhakina atu ana e ia ana kararehe katoa, me ona taonga katoa i whiwhi ai ia, nga kararehe i whiwhi ai ia, i riro hoki i a ia i Paranaarama, a haere ana ki a Ihaka, ki tona papa, ki te whenua o Kanaana.
၁၈
19 Na ko Rapana kua riro ki te kutikuti i ana hipi: katahi ka tahaetia e Rahera nga whakapakoko a tona papa.
၁၉လာဗန်သည်သူ၏သိုးများကိုအမွေးညှပ် ရန်သွားနေချိန်ဖြစ်ရာ အိမ်တွင်သူမရှိခိုက် ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုခိုးယူခဲ့လေသည်။-
20 Na tahuti ana a Hakopa i a Rapana Hiriani, kihai hoki i whakaaturia tona omanga ki a ia.
၂၀ယာကုပ်သည်လာဗန်အားအသိမပေးဘဲ ထွက်ခဲ့လေသည်။-
21 Na ka oma ia, me ana mea katoa; i whakatika ia, ka whiti i te awa, i ahu hoki tona mata ki te maunga, ki Kireara.
၂၁ဤသို့အားဖြင့်သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းတို့ ကိုယူ၍ အဆောတလျင်ခရီးထွက်ခဲ့ရာ သူ သည်ဥဖရတ်မြစ်ကိုဖြတ်ကျော်ပြီးနောက် ဂိလဒ်တောင်သို့ရှေ့ရှုခရီးဆက်ခဲ့လေ၏။
22 A i te toru o nga ra ka korerotia ki a Rapana, kua oma a Hakopa.
၂၂သုံးရက်ကြာသောအခါ လာဗန်သည်ယာကုပ် ထွက်ပြေးကြောင်းကိုကြားသိရလေသည်။-
23 Na ka tango ia i ona teina hei hoa mona, a ka wahi i a ia, e whitu nga ra ki te ara; a mau atu ia i a ia ki Maunga Kirera.
၂၃ထိုအခါသူသည်မိမိ၏သားချင်းတို့ကို ခေါ်၍ ယာကုပ်နောက်သို့ခုနစ်ရက်ကြာမျှ လိုက်ခဲ့ရာဂိလဒ်တောင်ဒေသသို့အရောက် တွင်မီလေ၏။-
24 Na ka puta moemoea te Atua ki a Rapana Hiriani i te po, ka mea ki a ia, Kia tupato kei korero koe ki a Hakopa, ahakoa pai, ahakoa kino.
၂၄ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
25 Na ka mau a Hakopa i a Rapana, Na tera kua whakaturia e Hakopa tona teneti ki te maunga: heoi whakaturia ana hoki e Rapana ratou ko ona teina ki Maunga Kirera.
၂၅ယာကုပ်သည်တောင်ပေါ်၌လည်းကောင်း၊ လာဗန် နှင့်သားချင်းတို့သည်ဂိလဒ်တောင်ဒေသ၌ လည်းကောင်းစခန်းချကြလေသည်။
26 Na ka mea a Rapana ki a Hakopa, He mahi aha tau, i tahuti mai nei koe i ahau, i kahaki mai nei hoki i aku tamahine, ano he parau na te hoari?
၂၆လာဗန်က``သင်သည်အဘယ်ကြောင့်ငါ့ကို လှည့်စား၍ ငါ၏သမီးများကိုစစ်သုံ့ပန်း များကဲ့သို့ခေါ်ဆောင်သွားရပါသနည်း။-
27 He aha i huna ai e koe tou omanga, i tahuti mai ai i ahau; a kihai i korero mai ki ahau, kia tukua ai koe e ahau i runga i te hari, i nga waiata, i te timipera, i te hapa;
၂၇အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
28 Kihai ano ahau i tukua e koe kia kihi i aku tama, i aku tamahine? he mahi poauau tenei mahi au.
၂၈သင်သည်ငါ့မြေးနှင့်သမီးများတို့ကိုပင် နမ်းရှုပ်နှုတ်ဆက်ခွင့်ကိုမပေး။ မိုက်လှသည် တကား။-
29 He kaha kei toku ringa hei whakatupu kino i a koutou: otiia kua korero mai te Atua o to koutou papa ki ahau inapo, kua mea mai, Kia tupato kei korero atu koe, ahakoa pai, ahakoa kino, ki a Hakopa.
၂၉ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။-
30 Na, ahakoa i whakamatea e koe tou haere, no te mea i koroa e koe te whare o tou papa, he aha ra koe i tahae ai i oku atua?
၃၀သင်သည်သင့်မိဘတို့နေရပ်သို့ပြန်ရောက် လိုသည့်စိတ်ဇောကြောင့်ထွက်ခွာခဲ့ကြောင်းကို ငါသိ၏။ သို့ရာတွင်ငါ၏ဘုရားရုပ်တုများ ကိုအဘယ်ကြောင့်ခိုးယူသွားရသနည်း'' ဟု ယာကုပ်အားမေးလေ၏။
31 Na ka whakahoki a Hakopa, ka mea ki a Rapana, No te mea hoki i wehi ahau: i mea hoki ahau, Kei tangohia e koe au tamahine i ahau.
၃၁ထိုအခါယာကုပ်က``သင်သည်သမီးများ တို့ကိုအနိုင်အထက်သိမ်းယူထားမည်ဟု စိုးရိမ်သောကြောင့်ထွက်ပြေးခဲ့ရပါသည်။-
32 Ko te tangata e kitea e koe ou atua i a ia, kaua ia e whakaorangia: tirohia iho e koe i te aroaro o o taua teina ko ehea mea au kei ahau, ka tango atu ai mau. Kihai hoki a Hakopa i mohio, kua tahaetia aua mea e Rahera.
၃၂သင်၏ဘုရားရုပ်တုများခိုးယူသူကို တွေ့ရှိလျှင်ထိုသူအားဒဏ်ပေးမည်။ ကျွန်ုပ် တို့၏သားချင်းများကိုသက်သေထား၍ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာကိုရှာပါလော့။ သင့်ဥစ္စာရှာတွေ့လျှင်ယူပါလော့'' ဟုဆို လေ၏။ လာဗန်၏ဘုရားရုပ်တုများကို ရာခေလခိုးယူခဲ့ကြောင်းယာကုပ်မသိချေ။
33 Na ka haere a Rapana ki te teneti o Hakopa, ki te teneti hoki o Rea, ki te teneti ano hoki o nga pononga wahine tokorua; a kihai i kitea. A ka puta atu ia i te teneti o Rea, a ka tomo atu ki te teneti o Rahera.
၃၃လာဗန်သည်ယာကုပ်၏တဲထဲသို့ဝင်၍ ရုပ်တုများကိုရှာ၏။ ထိုနောက်လေအာ၏ တဲနှင့်ကျွန်မိန်းမနှစ်ဦး၏တဲတို့တွင်ရှာ သော်လည်းမတွေ့ချေ။ ထို့နောက်ရာခေလ ၏တဲထဲသို့ဝင်လေ၏။-
34 Na tera kua tikina nga whakapakoko e Rahera, kua whaongia ki roto ki te nohoanga kamera, a nohoia iho e ia. Na poto katoa te teneti te whawha e Rapana, a kihai i kitea.
၃၄ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုကုလားအုတ်ကုန်းနှီးအိတ်ထဲ၌ထည့်ထား ၍ ထိုအိတ်ပေါ်တွင်ထိုင်နေ၏။ လာဗန်သည်တဲ တစ်တဲလုံးတွင်ရှာပါသော်လည်းရုပ်တုများ ကိုမတွေ့ရချေ။-
35 Na ka mea ia ki tona papa, Kei riri mai toku ariki moku e kore e ahei te whakatika ake ki tou aroaro; no te mea ko to te wahine mate tenei kei ahau. Na rapu noa ia, kihai i kitea nga whakapakoko.
၃၅ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
36 Na ka riri a Hakopa, ka ngangare ki a Rapana: a ka oho a Hakopa, ka mea ki a Rapana, He aha toku hara? he aha toku he, i takare ai koe ki te whai mai i ahau?
၃၆ထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။-
37 Kua whawhakia nei e koe aku mea katoa, he aha te mea i kitea e koe o nga mea katoa o tou whare? Homai ki konei ki te aroaro o oku teina, o ou teina, ma ratou e whakariterite ta taua whakawa.
၃၇ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။-
38 Ka rua tekau enei tau oku ki a koe; kihai i whanau whakatahe au hipi, au koati, kihai ano i kainga e ahau nga hipi toa o tau kahui.
၃၈ကျွန်ုပ်သည်သင်နှင့်အတူနှစ်ပေါင်းနှစ်ဆယ်နေ ထိုင်ခဲ့ပါသည်။ သင်၏သိုးမနှင့်ဆိတ်မတို့သည် သားမပေါက်ကြဟူ၍မရှိ။ သင့်သိုးထီးဆိတ် ထီးတို့ကိုကျွန်ုပ်သတ်၍မစား။-
39 Ko te mea i haea e nga kirehe mohoao kihai i kawea e ahau ki a koe; naku ano tena i whakautu; i rapu utu ano koe mo tena i toku ringa, ahakoa mo te mea i tahaetia i te awatea, mo te mea ranei i tahaetia i te po.
၃၉သိုးတစ်ကောင်ကိုတောသားရဲကကိုက်သတ် လျှင် ကျွန်ုပ်သာလျှင်အမြဲအစားထိုးပေး ပါသည်။ သိုးသေရခြင်းမှာကျွန်ုပ်၏တာဝန် မရှိကြောင်းသက်သေထူရန်ထိုအသေကောင် ကိုသင့်ထံသို့မယူဆောင်ခဲ့ပါ။ နေ့အချိန် ၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေတိရစ္ဆာန်အခိုး ခံရလျှင်သင်သည်ကျွန်ုပ်အားထိုတိရစ္ဆာန် အတွက်အစားပေးလျော်စေ၏။-
40 Ko taku hanga tena; i te awatea i pau ahau i te matewai, i te po i te huka; a turere ana te moe i oku kanohi.
၄၀ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။-
41 Ka rua tekau enei tau oku ki tou whare; kotahi tekau ma wha nga tau i mahi ai ahau ki a koe mo au tamahine tokorua, e ono tau hoki mo au hipi: a ka tekau au whakaputanga ketanga i nga utu moku.
၄၁သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။-
42 Me i kahore i tata mai ki ahau te Atua o toku papa, te Atua o Aperahama, te Wehi hoki o Ihaka, ina kua tonoa kautia mai ahau e koe. I kite mai te Atua i toku tukinotanga, i te mahi hoki a oku ringa, i riria ai koe e ia inapo.
၄၂အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
43 Na ko te whakahokinga a Rapana, ko te meatanga ki a Hakopa, He tamahine naku enei tamahine, he tamariki ano naku enei tamariki, he kahui ano hoki naku enei kahui, a ko nga mea katoa e kite nei koe, naku: a he aha taku e mea ai akuanei ki enei ta mahine aku, ki a raua tamariki ranei i whanau nei i a raua?
၄၃လာဗန်က``ဤသမီးတို့သည်ငါ၏သမီးများ ဖြစ်၍ သူတို့၏သားသမီးများသည်လည်း ငါ၏သားသမီးများဖြစ်ကြ၏။ ဤသိုးအုပ် ဆိတ်အုပ်များသည်လည်းငါ၏တိရစ္ဆာန်များ ဖြစ်၏။ စင်စစ်အားဖြင့်သင်မြင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါပိုင်၏။ သို့သော်လည်းငါ ၏သမီးများနှင့်သူတို့၏သားသမီးတို့ ကိုငါစောင့်ရှောက်ထားရန်မဖြစ်နိုင်တော့ သဖြင့်၊-
44 Na, tena, haere mai, kia whakarite kawenata taua, a koe me ahau; a ka waiho hei kaiwhakaatu ki a taua.
၄၄သင်နှင့်ငါပဋိညာဉ်ပြုလိုပါသည်။ ထိုပဋိ ညာဉ်ပြုချက်ကိုငါတို့သတိရစေခြင်းငှာ ကျောက်ပုံတည်ကြစို့'' ဟုယာကုပ်အားပြော လေသည်။
45 Na ka tikina tetahi kohatu e Hakopa, a whakaarahia ake e ia hei pou.
၄၅ထို့ကြောင့်ယာကုပ်သည်ကျောက်တုံးတစ်တုံး ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေသည်။-
46 A ka mea a Hakopa ki ona teina, Kohia mai he kohatu; na ka tikina atu e ratou etahi kohatu, ka hanga he puranga: a kai ana ratou ki reira ki runga ki te puranga.
၄၆ထိုနောက်သူ၏သားချင်းတို့အားကျောက်တုံး များကိုထပ်ဆင့်၍ပုံစေ၏။ ထိုနောက်သူတို့ သည်ကျောက်ပုံနားတွင်စားသောက်ကြလေသည်။-
47 A huaina iho taua mea e Rapana ko Iekarahaharuta: na Hakopa ia i hua ko Kareere.
၄၇လာဗန်ကယင်းကျောက်ပုံကိုယေဂါသဟာ ဒုသ ဟူ၍လည်းကောင်း၊ ယာကုပ်ကဂိလဒ် ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလေ သည်။-
48 Na ka mea a Rapana, Hei kaiwhakaatu tenei puranga i tenei ra ki a taua. Na reira i huaina ai tona ingoa ko Kareere;
၄၈ထိုနောက်လာဗန်က``ယနေ့၌ဤကျောက်ပုံ သည်သင်နှင့်ငါတို့နှစ်ဦးအတွက်သက်သေ ဖြစ်စေမည်'' ဟုယာကုပ်အားဆိုလေ၏။ ထို အကြောင်းကြောင့်ဤအရပ်ကိုဂိလဒ်ဟု ခေါ်တွင်စေကြ၏။-
49 Ko Mihipa hoki; i mea hoki ia, Ma Ihowa e titiro mai ki a taua, ina matara atu taua i a taua.
၄၉လာဗန်ကဆက်၍``ငါတို့အချင်းချင်းတစ် ယောက်နှင့်တစ်ယောက်ခွဲခွာနေရစဉ်ထာဝရ ဘုရားသည်ငါတို့အားစောင့်ရှောက်တော်မူပါ စေသော'' ဟုဆိုလေသည်။ ထိုကြောင့်ဤအရပ် ကိုမိဇပါဟူ၍မှည့်ခေါ်လေသည်။-
50 Ki te tukino koe i aku tamahine, ki te tango ranei i etahi wahine ke atu i aku tamahine, kahore he tangata i a taua; kia mahara, hei kaititiro te Atua ki ahau, ki a koe.
၅၀လာဗန်ကတစ်ဖန်ဆက်၍``သင်သည်ငါ၏ သမီးတို့ကိုညှင်းဆဲလျှင်ဖြစ်စေ၊ အခြား သောမိန်းမများကိုထိမ်းမြားလျှင်ဖြစ်စေ ငါသည်ထိုအကြောင်းကိုမသိစေကာမူ ဘုရားသခင်သည်ငါတို့စပ်ကြားသက်သေ ဖြစ်တော်မူကြောင်းသတိရလော့။-
51 I mea ano a Rapana ki a Hakopa, Titiro ki tenei puranga, a titiro hoki ki tenei pou i waiho iho nei e ahau i waenganui i a taua;
၅၁ဤကျောက်တုံးများသည်သင်နှင့်ငါတို့စပ် ကြားတွင် ပုံထားသောကျောက်ပုံဖြစ်၍ဤ ကျောက်သည်အမှတ်တရမှတ်တိုင်ဖြစ်၏။-
52 Hei kaiwhakaatu tenei puranga, hei kaiwhakaatu ano hoki tenei pou, moku kei haere ki tua atu o tenei puranga ki a koe, mou hoki kei haere ake ki ahau ki tua o tenei puranga, o tenei pou hoki, mo te kino.
၅၂ငါသည်ဤကျောက်ပုံနှင့်မှတ်တိုင်ကိုကျော် လွန်၍ သင့်အားအန္တရာယ်ပြုမည်မဟုတ်ကြောင်း ကိုလည်းကောင်း၊ သင်သည်လည်းဤကျောက်ပုံ နှင့်မှတ်တိုင်ကိုကျော်လွန်၍ ငါ့အားအန္တရာယ် ပြုမည်မဟုတ်ကြောင်းကိုလည်းကောင်း ဤ ကျောက်ပုံနှင့်ဤမှတ်တိုင်သည်သက်သေ ဖြစ်ပါစေသား။-
53 Ma te Atua o Aperahama, ma te Atua hoki o Nahora, ma te Atua o to raua papa, e whakarite ta taua whakawa. Na ka oatitia e Hakopa te Wehi o tona papa, o Ihaka.
၅၃အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
54 Na patua ana e Hakopa he patunga tapu ki runga ki te maunga, a karangatia ana e ia ona teina ki te kai taro: na ka kai taro ratou, a ka moe ki te maunga.
၅၄သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
55 A ka maranga wawe a Rapana i te ata, ka kihi i ana tama, i ana tamahine, ka manaaki hoki i a ratou: na haere ana a Rapana, hoki ana ki tona wahi.
၅၅နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။