< Kenehi 28 >

1 Na ka karanga a Ihaka i a Hakopa, ka manaaki i a ia, ka tohutohu ki a ia, a ka mea ki a ia, Kaua koe e tango wahine o nga tamahine o Kanaana.
ထို​အ​ခါ​ဣ​ဇာက်​သည်​ယာ​ကုပ်​ကို​ခေါ်​ပြီး လျှင်``သင်​သည်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​မ​ပြု​ရ။-
2 Whakatika, haere ki Paranaarama ki te whare o Petuere, papa o tou whaea; ka tango mai i reira i tetahi wahine mau o nga tamahine a Rapana, tungane o tou whaea.
သင်​၏​အ​ဖိုး​ဗေ​သွေ​လ​နေ​ထိုင်​ရာ​မက်​ဆို​ပို တေး​မီး​ယား​ပြည်​သို့​ယ​ခု​သွား​လော့။ သင့်​ဦး လေး​လာ​ဗန်​၏​သ​မီး​တစ်​ယောက်​ယောက်​နှင့် အိမ်​ထောင်​ပြု​လော့။-
3 A ma te Atua Kaha Rawa koe e manaaki, mana koe e mea kia hua, kia nui, kia meinga hoki hei huihuinga iwi;
အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​ကို ကောင်း​ချီး​ပေး​၍​သား​သ​မီး​များ​စွာ​ထွန်း ကား​စေ​သ​ဖြင့် သင်​သည်​လူ​မျိုး​များ​စွာ​တို့ ၏​ဖခင်​ဖြစ်​ပါ​စေ​သော။-
4 Mana e homai ki a koe te manaaki o Aperahama, ki a koutou tahi ko ou uri; kia riro ai i a koe te whenua e noho manene nei koe, i homai nei hoki e te Atua ki a Aperahama.
ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ကောင်း ချီး​ပေး​သည့်​နည်း​တူ သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​တို့​အား​ကောင်း​ချီး​ပေး​ပါ​စေ​သော။ အာ​ဗြ​ဟံ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ သော သင်​ယ​ခု​နေ​ထိုင်​သော​ပြည်​ကို​အ​ပိုင် ရ​ပါ​စေ​သော'' ဟု​ကောင်းချီး​ပေး​၍​မှာ​ကြား လေ​၏။-
5 Na tonoa atu ana a Hakopa e Ihaka: a haere ana ia ki Paranaarama ki a Rapana, ki te tama a Petuere Hiriani, ki te tungane o Ripeka, whaea o Hakopa raua ko Ehau.
ဣ​ဇာက်​သည်​ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သား​လာ​ဗန် နေ​ထိုင်​ရာ​ပါ​ဒ​နာ​ရံ​ပြည် သို့​ယာ​ကုပ်​ကို​စေ​လွှတ်​၏။ လာ​ဗန်​သည် ယာ​ကုပ်​နှင့်​ဧ​သော​တို့​၏​မိ​ခင်​ရေ​ဗက္က​၏ မောင်​ဖြစ်​သ​တည်း။
6 A ka kite a Ehau kua manaaki a Ihaka i a Hakopa, kua tono hoki i a ia ki Paranaarama ki te tiki wahine mana i reira; kua tohutohu hoki ki a ia, i a ia e manaaki ana i a ia, kua mea, Kei tangohia e koe he wahine i nga tamahine o Kanaana;
ဣ​ဇာက်​က​ယာ​ကုပ်​အား​ကောင်းချီး​ပေး​၍​မ​ယား ရှာ​ရန် ပါ​ဒ​နာ​ရံ​ပြည်​သို့​စေ​လွှတ်​လိုက်​ကြောင်း ကို​လည်း​ကောင်း၊ ထို​သို့​ယာ​ကုပ်​အား​ကောင်း​ချီး ပေး​စဉ်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင် မ​ပြု​ရ​ဟူ​၍​မှာ​ကြား​ကြောင်း၊-
7 A kua rongo a Hakopa ki tona papa raua ko tona whaea, kua riro hoki ki Paranaarama;
ယာ​ကုပ်​သည်​မိ​ဘ​တို့​၏​စ​ကား​ကို​နား​ထောင်​၍ ပါ​ဒ​နာ​ရံ​ပြည်​သို့​သွား​ပြီ​ဖြစ်​ကြောင်း​ကို ဧ​သော​သိ​ရှိ​လေ​၏။-
8 A ka kite a Ehau e kino ana nga tamahine o Kanaana ki te titiro a Ihaka, a tona papa;
ဧ​သော​သည်​ခါ​နာန်​အ​မျိုး​သ​မီး​များ​ကို ဖ​ခင်​ဣ​ဇာက်​မ​နှစ်​သက်​ကြောင်း​သိ​ရ​သ​ဖြင့်၊-
9 Na haere ana a Ehau ki a Ihimaera, a tangohia ana mai e ia ki roto ki ana wahine a Maharata, te tamahine a Ihimaera, tama a Aperahama, te tuahine o Nepaioto, hei wahine mana.
အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​ထံ​သို့​သွား​ပြီး လျှင် သူ​၏​သ​မီး​မ​ဟာ​လတ်​နှင့်​အိမ်​ထောင်​ပြု လေ​သည်။ မ​ဟာ​လတ်​သည်​ကား​န​ဗာ​ယုတ်​၏ နှ​မ​ဖြစ်​သ​တည်း။
10 Na ka turia atu e Hakopa i Peerehepa, a haere ana ki Harana.
၁၀ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ခါ​ရန် မြို့​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-
11 A ka pono atu ia ki tetahi wahi, ka moe i reira, kua to hoki te ra; na ka tikina atu e ia tetahi o nga kohatu o taua wahi, a meatia ana e ia hei urunga mona, ka takoto ia i taua wahi, ka moe.
၁၁နေ​ဝင်​ချိန်​၌​သူ​သည်​တစ်​နေ​ရာ​သို့​ရောက် ရှိ​၍​ခ​ရီး​တစ်​ထောက်​နား​လေ​သည်။ သူ​သည် ကျောက်​တုံး​တစ်​တုံး​ကို​ခေါင်း​အုံး​၍​အိပ်​သည်။-
12 Na moe iho ia, ko tetahi arawhata e tu ana i runga i te whenua, ko tona pito i tutuki ki te rangi: na, ko nga anahera a te Atua e piki ana, e heke ana i runga i taua mea.
၁၂ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။-
13 Na, ko Ihowa e tu ana i runga atu i taua mea, e mea ana, Ko Ihowa ahau, ko te Atua o Aperahama, o tou papa, ko te Atua hoki o Ihaka: ko te whenua e takoto na koe ka hoatu e ahau ki a koe, ki ou uri ano hoki;
၁၃ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-
14 A ka rite ou uri ki te puehu o te oneone, ka tohatoha atu koe ki te hauauru, ki te rawhiti, ki te raki, ki te tonga: a mau, ma tou uri hoki e manaakitia ai nga hapu katoa o te whenua.
၁၄သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-
15 Na, kei a koe tenei ahau, ka tiaki ahau i a koe i nga wahi katoa e haere ai koe, ka whakahoki mai ano ahau i a koe ki tenei whenua; e kore hoki ahau e whakarere i a koe, kia oti ra ano taku i ki atu ai ki a koe.
၁၅ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင်​သွား​ရာ အ​ရပ်​၌​သင့်​ကို​စောင့်​ရှောက်​မည်။ သင့်​ကို​ဤ ပြည်​သို့​တစ်​ဖန်​ပို့​ဆောင်​ဦး​မည်။ ငါ​သည်​သင့် အား​ထား​သော​ကတိ​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​မီ​သင့်​ကို​စွန့်​ပစ်​၍​မ​ထား'' ဟု​မိန့်​တော် မူ​၏။
16 Na ka oho ake a Hakopa i tana moe, ka mea, He pono kei tenei wahi a Ihowa; a kihai ahau i mohio.
၁၆ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​မှ​နိုး​၍``ထာ​ဝ​ရ ဘု​ရား​သည်​စင်​စစ်​ဤ​အ​ရပ်​၌​ရှိ​တော်​မူ​၏။ ရှိ တော်​မူ​ကြောင်း​ငါ​မ​သိ​ပါ​တ​ကား'' ဟု​ဆို လေ​၏။-
17 Na ka wehi ia, kamea, Ano te wehi o tenei wahi! ehara tenei i te mea ke atu i te whare o te Atua, a ko te kuwaha tenei ki te rangi.
၁၇သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
18 Na ka ara wawe a Hakopa i te ata, a ka mau ki te kohatu i waiho ra hei urunga mona, whakaturia ana e ia hei pou, ringihia iho e ia he hinu ki runga.
၁၈ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။-
19 A huaina iho e ia te ingoa o taua wahi ko Peteere: ko Rutu ia te ingoa o taua pa i mua.
၁၉ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)-
20 Na ka puaki ta Hakopa kupu taurangi, ka mea ia, Ki te mea ka tata mai ki ahau te Atua, a ka tiakina ahau e ia i tenei ara e haere nei ahau, a ka homai e ia ki ahau he taro hei kai, me tetahi kakahu hei kakahu,
၂၀ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊-
21 A ka hoki mai ahau i runga i te rangimarie ki te whare o toku papa; na, ko Ihowa hei Atua ki ahau:
၂၁အ​ကျွန်ုပ်​ဖ​ခင်​အိမ်​သို့​ချော​မော​စွာ​ပြန်​လည်​ပို့ ဆောင်​တော်​မူ​ပါ​က​ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် ဘု​ရား​ဖြစ်​တော်​မူ​မည်။-
22 A, ko tenei kohatu i whakaturia nei e ahau hei pou, ka waiho hei whare mo te Atua; a, o nga mea katoa e homai e koe ki ahau, ka hoatu e ahau ki a koe nga whakatekau.
၂၂အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။

< Kenehi 28 >