< Etera 1 >
1 Na, i te tau tuatahi o Hairuha kingi o Pahia, he mea kia whakamana ai te kupu a Ihowa, i whakapuakina e Heremaia, ka whakaohokia e Ihowa te wairua o Hairuha kingi o Pahia, a tukua ana e tera tana karanga puta noa i tona kingitanga, i tuhituhi hok i e ia, i mea ia,
၁ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊
2 Ko te kupu tenei a Hairuha kingi o Pahia, kua oti nga kingitanga katoa o te whenua te homai ki ahau e Ihowa, e te Atua o nga rangi; kua whakahaua mai hoki ahau e ia kia hanga he whare mona ki Hiruharama, ki tera i Hura.
၂ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည် ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရ ဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထား တော်မူပြီ။
3 Ahakoa ko wai o koutou o tana iwi katoa, hei a ia tona Atua, a me haere ake ia ki Hiruharama, ki tera i Hura, ki te hanga i te whare o Ihowa, o te Atua o Iharaira, ko ia nei te Atua, kei Hiruharama ano ia.
၃သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
4 Na, ko te tangata ka mahue ki te wahi e noho ai ia, ma nga tangata o tona wahi ia e awhina ki te hiriwa, ki te koura, ki te taonga, ki te kararehe, hei tapiri mo nga mea hoatu noa mo te whare o te Atua i Hiruharama.
၄ဘုရားသခင်၏လူ တည်းခိုရာ အရပ်ရပ်၌ နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
5 Katahi ka whakatika nga upoko o nga whare o nga matua o Hura, o Pineamine, me nga tohunga, me nga Riwaiti, me te hunga katoa i whakaohokia nei o ratou wairua e te Atua, ka mea ki te haere ki te hanga i te whare o Ihowa i Hiruharama.
၅ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန် အဆွေ အမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့ သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်ခြင်းငှါ ထကြ၏။
6 Na, ko nga tangata katoa i o ratou taha, kei te whakakaha i o ratou ringa ki te oko hiriwa, ki te koura, ki te taonga, ki te kararehe, ki te mea utu nui, he mea tapiri ki nga mea homai noa katoa.
၆အိမ်နီးချင်း ရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတပါး၊ ငွေတန်ဆာနှင့်ရွှေ အစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဘိုးထိုက်သော အရာတို့နှင့် မစကြ၏။
7 A i whakaputaina e Kingi Hairuha nga oko o te whare o Ihowa i kawea atu nei e ia ki roto ki te whare o ona atua;
၇ထိုမှတပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာ သိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန် တော်တန်ဆာတို့ကို၊
8 I whakaputaina enei e Hairuha kingi o Pahia, ara e Mitirerata kaitiaki taonga, taua atu ana e ia ki a Hehepatara rangatira o Hura.
၈ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေ ဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်းရှေရှဗာဇာ၌ ရေတွက် လျက် အပ်တော်မူ၏။
9 Ko te maha tenei o aua mea: e toru tekau peihana koura, kotahi mano peihana hiriwa, e rua tekau ma iwa maripi;
၉ဗိမာန်တော် တန်ဆာစာရင်းဟူမူကား၊ ရွှေ ဖလားသုံးဆယ်၊ ငွေဖလားတထောင်၊ ထားနှစ်ဆယ် ကိုးစင်း၊
10 E toru tekau nga haka koura, ko nga haka hiriwa, he ahua ke, e wha rau kotahi tekau; ko etahi oko ke, kotahi mano.
၁၀ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာ တဆယ်၊ အခြားသောတန်ဆာတထောင်၊
11 Ko nga oko katoa, ke nga mea koura, ko nga mea hiriwa, e rima mano e wha rau. Ko enei katoa i kawea atu e Hehepatara i te kawenga o nga whakarau i Papurona ki Hiruharama.
၁၁ရွှေတန်ဆာ၊ ငွေတန်ဆာအရေအတွက် ပေါင်း ကာ၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှ ဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန် မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။