< Ehekiera 18 >

1 I puta mai ano te kupu a Ihowa ki ahau, i mea,
ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
2 He aha ra tenei whakatauki i whakataukitia ai e koutou mo te oneone o Iharaira? e ki na hoki koutou, I kai nga matua i nga karepe kaiota, a maniania ana nga niho o nga tamariki.
ကိုယ်​တော်​က ``မိ​ဘ​တို့​စ​ပျစ်​ချဉ်​သီး​ကို​သုံး​ဆောင်​ခြင်း ကြောင့်၊ သား​သ​မီး​များ​သွား​ကျိန်း​ရ​ကြ​၏'' ဟူ​သော​စ​ကား​ပုံ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ထပ်​ကာ​ထပ်​ကာ​ပြော​ဆို​နေ​ကြ​ရာ ၌​အ​ဘယ်​သို့​ဆို​လို​သ​နည်း။''
3 E ora ana ahau, e ai ta te Ariki, ta Ihowa, e kore koutou e whai take a muri ake nei ki te whakahua i tenei whakatauki i roto i a Iharaira.
``ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​နှင့်​အ​ညီ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဤ​စ​ကား​ပုံ​ကို​နောက်​တစ်​ဖန်​သုံး​စွဲ​ရ တော့​မည်​မ​ဟုတ်။-
4 Nana, ko nga wairua katoa, naku; he pera i te wairua o te papa, naku ano hoki te wairua o te tama: ko te wairua e hara ana, ka mate tera.
အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။
5 Ki te mea ia he tika tetahi tangata, a ka mahia e ia te mea e rite ana, e tika ana,
``အ​ကယ်​၍​ကောင်း​မြတ်​ဖြောင့်​မတ်​၍​ရိုး​သား သူ​ရှိ​အံ့။-
6 Ki te mea kihai ia i kai ki runga ki nga maunga, kihai ona kanohi i anga ake ki nga whakapakoko o te whare o Iharaira, ki te mea kihai i poke i a ia te wahine a tona hoa, a kihai ia i whakatata ki te wahine e paheke ana;
သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-
7 Ki te mea kihai tetahi tangata i tukinotia e ia, engari i whakahokia e ia tana taunaha ki te tangata i a ia nei ana moni, ki te mea kihai ia i tukino i tetahi, i pahua, ki te mea i homai e ia tana taro ma te tangata e hemokai ana, i hipokina e ia ki te kakahu te tangata e noho tahanga ana;
သူ​သည်​လှည့်​စား​မှု​ကို​မ​ပြု။ သူ​တစ်​ပါး​၏ ဥစ္စာ​ကို​အ​နိုင်​အ​ထက်​မ​လု​မ​ယူ။ အ​ပေါင်​ခံ ပစ္စည်း​ကို​လည်း​ပြန်​၍​ပေး​၏။ ငတ်​မွတ်​နေ​သူ ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ် အ​စား​များ​ကို​ပေး​၏။-
8 Ko te tangata kahore ana mea i hoatu hei moni whakatupu, kahore hoki he hua i riro i a ia, ko te tangata i whakahokia e ia tona ringa i te kino, he pono ano tana whakawa mo tetahi, mo tetahi,
သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။-
9 I haere i runga i aku tikanga, i pupuri tonu i aku whakaritenga, i pono tonu te mahi; he tika tera, ka ora ia, e ai ta te Ariki, ta Ihowa.
သူ​သည်​ငါ​၏​အ​မိန့်​များ​ကို​လိုက်​နာ​၍ ငါ​၏ ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ​စောင့်​ထိန်း​၏။ ထို​သူ​သည်​သူ​တော်​ကောင်း​ဖြစ်​သ​ဖြင့် အ​သက် ရှင်​လိမ့်​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
10 Ki te whanau tetahi tama mana, he tahae, he kaiwhakaheke toto, a ka mahia e ia tetahi o enei mea,
၁၀``ထို​သူ​၌​အ​နိုင်​အ​ထက်​လု​ယက်​သတ်​ဖြတ် တတ်​၍ ဖ​ခင်​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို ပြု​ကျင့်​သူ​သား​တစ်​ယောက်​ရှိ​သည်​ဆို​အံ့။ ထို​သား​သည်​တောင်​ပေါ်​ရှိ​ကိုး​ကွယ်​ရာ​ဌာ​န များ​တွင်​ယဇ်​ပူ​ဇော်​သည့်​အ​သား​ကို​စား​၏။ သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​၏။-
11 Ka kore ano e mahi i tetahi o enei mea pai, engari kua kai ki runga ki nga maunga, kua whakapoke i te wahine a tona hoa,
၁၁
12 Kua tukino i te ware raua ko te rawakore, kua pahua kino, a kihai i whakahokia e ia te taunaha, kua anga ona kanohi ki nga whakapakoko, kua mahi hoki i te mea whakarihariha,
၁၂သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​လိမ်​လည် လှည့်​စား​၏။ သူ​တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင် အ​ထက်​လု​ယူ​၏။ အ​ပေါင်​ခံ​ပစ္စည်း​ကို​လည်း ပြန်​၍​မ​ပေး။ ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​ကို​ပြု​၏။-
13 Kua hoatu i te moni whakatupu, kua tango i te hua: e ora ranei ia? E kore ia e ora: kua mahia e ia enei mea whakarihariha katoa; ko te mate kau mona; ki runga ano i a ia ona toto.
၁၃သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။
14 Na, ki te whanau tetahi tama a tenei, a ka kite ia i nga hara katoa i mahia e tona papa, a ka mahara, ka kore e mahi i te pena,
၁၄``ယ​ခု​ထို​သူ​၌​သား​တစ်​ယောက်​ရှိ​သည်​ဆို အံ့။ ထို​သား​သည်​မိ​မိ​ဖ​ခင်​ပြု​ကျင့်​ခဲ့​သည့် ဒု​စ​ရိုက်​တို့​ကို​မြင်​သော်​လည်း​ဖ​ခင်​ကို အ​တု​မ​ခိုး။-
15 Kahore ia e kai ki runga ki nga maunga, kahore hoki ona kanohi e anga ki nga whakapakoko o te whare o Iharaira, kahore e whakapokea e ia te wahine a tona hoa,
၁၅သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ​ကိုး ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​လည်း​မ​စား။ သူ​တစ်​ပါး​အိမ် ရာ​ပြစ်​မှား​ခြင်း၊-
16 Kahore ana tukino i te tangata, kahore e pupuri i te taunaha, kahore hoki ana pahua; engari e hoatu ana e ia tana taro ma te hemokai, e hipokina ana e ia ki te kakahu te tangata e noho tahanga ana,
၁၆သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။-
17 E whakahokia ana e ia tona ringa i te ware, kahore hoki e tango i te moni whakatupu, i nga hua ranei, e mahi ana i aku whakaritenga, e haere ana i runga i aku tikanga; e kore tera e mate mo te he o tona papa; he pono ka ora ia.
၁၇သူ​သည်​ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​တိုး အ​မြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ငါ​၏​ပ​ညတ် တော်​များ​ကို​စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​တော် တို့​ကို​လိုက်​နာ​၏။ ထို​သူ​သည်​ဖ​ခင်​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​မ​ဟုတ်။ သူ​သည်​မု​ချ အ​သက်​ရှင်​လိမ့်​မည်။-
18 Ko tona papa, i te mea i nui tana tukino, pahua rawa i tona teina, kihai hoki i pai nga mea i mahia e ia i roto i tona iwi, na, ka mate ia i runga i tona kino.
၁၈သူ​၏​ဖ​ခင်​မူ​ကား​လိမ်​လည်​လှည့်​စား​၍​သူ တစ်​ပါး​တို့​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ လျက် အ​စဉ်​ပင်​လူ​အ​ပေါင်း​အား​ဆိုး​ညစ်​စွာ ပြု​ကျင့်​သ​ဖြင့်​မိ​မိ​၏​အ​ပြစ်​များ​ကြောင့် သေ​ရ​၏။
19 Otira kei te mea koutou, He aha ra te tama te waha ai i te kino o te papa? Ki te mahia e te tama te mea e rite ana, e tika ana, a ka puritia e ia aku tikanga, ka mahia ano e ia, ina, ka ora ia.
၁၉``သို့​ရာ​တွင်​သင်​တို့​က`သား​ဖြစ်​သူ​သည် အ​ဘယ်​ကြောင့်​ဖ​ခင်​ပြု​ခဲ့​သည့်​အ​ပြစ်​များ ၏​အ​ကျိုး​ဆက်​ကို​မ​ခံ​ရ​ပါ​သ​နည်း' ဟု မေး​ကြ​၏။ အ​ဖြေ​ကား​သား​သည်​ကောင်း​ရာ မှန်​ရာ​ကို​ပြု​သူ​ဖြစ်​၏။ သူ​သည်​ငါ​၏​ပ​ညတ် တော်​တို့​ကို​စောင့်​ထိန်း​၍​အ​သေ​အ​ချာ​လိုက် နာ​၏။ သို့​ဖြစ်​၍​သူ​သည်​မု​ချ​အ​သက်​ရှင် လိမ့်​မည်။-
20 Ko te wairua e hara ana, ko tera e mate. E kore te tama e waha i te kino o te papa, e kore ano te papa e waha i te kino o te tama: ko runga ano i a ia te tika o te tangata tika, a ko te kino o te tangata kino hei runga ano i a ia.
၂၀သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။
21 Ki te tahuri ia te tangata kino i ona hara katoa i mahia e ia, a ka puritia e ia aku tikanga katoa, ka mahia ano e ia te mea e rite ana, e tika ana, ina, ka ora ia, e kore ia e mate.
၂၁``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။-
22 E kore tetahi o ona he i mahia e ia e maharatia ki a ia; ka ora ia i tona tika i mahia e ia.
၂၂သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။-
23 He koanga ngakau ranei ki ahau te matenga o te tangata kino? e ai ta te Ariki, ta Ihowa; he teka ranei ko ia kia tahuri mai i ona ara, kia ora?
၂၃ငါ​သည်​ဆိုး​ညစ်​သူ​သေ​သည်​ကို​မြင်​သော အ​ခါ နှစ်​ခြိုက်​အား​ရ​ခြင်း​ဖြစ်​သည်​ဟု​သင် တို့​ထင်​မှတ်​ကြ​သ​လော​ဟု အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မေး​တော်​မူ​၏။ ကိုယ်​တော်​က​ထို​သူ နောင်​တ​ရ​၍​အ​သက်​ရှင်​ရ​သည်​ကို​သာ လျှင်​ငါ​မြင်​လို​၏။
24 Ki te tahuri atu ia te tangata tika i tona tika, ki te mahia e ia te he, a ka rite tana mahi ki nga mea whakarihariha katoa i mahia e te tangata kino, e ora ranei ia? e kore ana mahi tika katoa e maharatia; ka mate ia i runga i tona kino i kino ai ia, i runga ano i tona hara i hara ai ia.
၂၄``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။
25 Heoi kei te mea na koutou, Kahore e taurite tonu te ara o te Ariki. Tena ra, whakarongo mai, e te whare o Iharaira, Kahore ranei toku ara e taurite? he teka ianei no koutou nga ara kahore e taurite?
၂၅``သို့​သော်​လည်း​သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင် တော်​မူ​သည်​မှာ​မ​ဖြောင့်​ဟု' ဆို​ကြ​၏။ အ​ချင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​ပြော​သည် ကို​နား​ထောင်​ကြ​လော့။ သင်​တို့​က​ငါ​စီ​ရင် ချက်​မ​ဖြောင့်​ဟု​ထင်​မှတ်​ကြ​၏။ မ​ဖြောင့် သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ​ပင် ဖြစ်​၏။-
26 Ki te tahuri atu te tangata tika i tona tika, a ka mahi i te kino, mate iho ki reira; e mate ia mo tana kino i mahia e ia.
၂၆သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ ဆိုး​ညစ်​မှု​ကို​ပြု​ပြီး​နောက်​သေ​သွား​လျှင် ထို​သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​ဆိုး​ညစ်​မှု ကြောင့်​သေ​ရ​ခြင်း​ဖြစ်​၏။-
27 Tenei ano, ki te tahuri mai te tangata kino i tana kino i mahia e ia, a ka mahia e ia te mea e rite ana, e tika ana, ka ora ano i a ia tona wairua.
၂၇ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင် သူ​သည် မိ​မိ​၏​အ​သက်​ကို​ချမ်း​သာ​ရာ​ရ​စေ​သူ ဖြစ်​၏။-
28 Nana hoki i whakaaro, a tahuri mai ana i ona he katoa i mahia e ia; ina, ka ora ia, e kore e mate.
၂၈သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။-
29 Heoi kei te mea te whare o Iharaira, Kahore e taurite te ara o te Ariki. Kahore ranei oku ara e taurite, e te whare o Iharaira? he teka ianei no koutou nga ara kahore e taurite?
၂၉သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင်​တော်​မူ​ချက်​သည် မ​ဖြောင့်' ဟု​ဆို​ကြ​၏။ ငါ​စီ​ရင်​တော်​မူ​ချက် ကို​မ​ဖြောင့်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ မ​ဖြောင့်​သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ ပင်​ဖြစ်​၏။
30 Ae ra, ka rite ki tona ara, ki tona ara, taku whakawa i a koutou, e te whare o Iharaira, e ai ta te Ariki, ta Ihowa, Ripeneta, tahuri mai hoki i o koutou he katoa, a e kore te he e waiho hei whakataka mo koutou.
၃၀``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-
31 Maka atu, kia matara atu i a koutou o koutou he katoa i he ai koutou; mahia hoki he ngakau hou, he wairua hou mo koutou; kia mate hoki koutou hei aha, e te whare o Iharaira?
၃၁သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-
32 Kahore hoki ahau e ahuareka ki te matenga o te tangata e mate ana, e ai ta te Ariki, ta Ihowa; heoi tahuri mai koutou, kia ora ai.
၃၂ငါ​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​သေ​စေ​လို။ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​၍​အ​သက်​ရှင် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

< Ehekiera 18 >