< Ekoruhe 9 >

1 Na ka mea a Ihowa ki a Mohi, Haere ki a Parao, mea atu ki a ia, Ko te kupu tenei a Ihowa, a te Atua o nga Hiperu, Tukua taku iwi kia haere ki te mahi ki ahau.
ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍ ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ ၏။ `ငါ့​အား​ဝတ်​ပြု​နိုင်​စေ​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
2 Ki te kore hoki koe e rongo ki te tuku, ki te pupuri tonu i a ratou;
သင်​သည်​သွား​ခွင့်​မ​ပြု​ဘဲ​နေ​ဦး​မည်​ဆို​လျှင်၊-
3 Nana, ka pa te ringa o Ihowa ki au kararehe i te parae, ki nga hoiho ki nga kaihe, ki nga kamera, ki nga kau, ki nga hipi: ka pa he mate kino rawa.
ငါ​သည်​သင်​တို့​၏​မြင်း၊ မြည်း၊ ကု​လား​အုပ်၊ သိုး၊ နွား၊ ဆိတ်​တို့​ကို​ရော​ဂါ​ဆိုး​ဖြင့်​သေ​ကျေ ပျက်​စီး​စေ​မည်။-
4 A e wehewehe a Ihowa i nga kararehe a Iharaira, i nga karerehe a Ihipa: e kore e mate tetahi o nga mea katoa a nga tama a Iharaira.
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​နှင့် အီ​ဂျစ်​အ​မျိုး သား​တို့​၏​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​သော​တိ​ရစ္ဆာန်​တစ်​ကောင်​မျှ မ​သေ​စေ​ရ။-
5 I whakaritea ano e Ihowa he taima, i mea ia, Ko apopo a Ihowa mea ai i tenei mea ki te whenua.
ငါ​သည်​နက်​ဖြန်​နေ့​၌​ထို​အ​မှု​ကို​ပြု​မည်' ဟု​ထာ​ဝ​ရ​ဘု​ရား​အ​ချိန်​ကန့်​သတ်​တော်​မူ ကြောင်း​ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
6 I te aonga ake ka meatia taua mea e Ihowa, a mate iho nga kararehe katoa o Ihipa; ko nga kararehe ia a nga tama a Iharaira, kihai i mate tetahi.
နောက်​တစ်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိန့် တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် အီ​ဂျစ် အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​အား​လုံး​သေ​ကျေ ကြ​ကုန်​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။-
7 Na ka tonoa he kaititiro e Parao, na, kahore i mate kia kotahi o nga kararehe a nga tama a Iharaira. A ka whakapakeketia te ngakau o Parao, kihai hoki ia i tuku i te iwi.
ဘု​ရင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ တိ​ရစ္ဆာန် တစ်​ကောင်​မျှ​မ​သေ​ကြောင်း​ကို​စုံ​စမ်း သိ​ရှိ​ရ​လေ​၏။ သို့​သော်​ဘု​ရင်​သည်​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​သွား​ခွင့်​မ​ပြု​ဘဲ​နေ​လေ​၏။
8 Na ka mea a Ihowa ki a Mohi raua ko Arona, Aohia mai etahi pungarehu ma korua i te oumu, kia ki nga ringa, a ma Mohi e ruke whaka te rangi i te tirohanga a Parao.
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ဆုပ်​ယူ လော့။ မော​ရှေ​သည်​ဘု​ရင်​ရှေ့​တွင်​ပြာ​ကို​လေ ထဲ​သို့​ပစ်​လွှင့်​ရ​မည်။-
9 A ka whakapuehu ririki ki te whenua katoa o Ihipa, a ka meinga hei whewhe pukupuku e tupu ana ki te tangata, ki te kararehe i te whenua katoa o Ihipa.
ထို​ပြာ​သည်​အီ​ဂျစ်​တစ်​ပြည်​လုံး​တွင် မြေ​မှုန့်​ကဲ့ သို့​ပျံ့​နှံ့​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ်​ပေါ်​၌ အ​နာ​ဆိုး​များ​ပေါက်​စေ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။-
10 Na ka aohia e raua he pungarehu i te oumu, a tu ana ki te aroaro o Parao; a ka rukea e Mohi whaka te rangi, na he whewhe pukupuku e tupu ana ki te tangata, ki te kararehe.
၁၀သို့​ဖြစ်​၍​သူ​တို့​သည်​ပြာ​ကို​ယူ​၍​ဘုရင်​ရှေ့ တွင်​ရပ်​နေ​ကြ​၏။ မော​ရှေ​သည်​ပြာ​ကို​လေ​ထဲ သို့​ပစ်​လွှင့်​လိုက်​ရာ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ် ပေါ်​၌​အ​နာ​ဆိုး​များ​ပေါက်​စေ​လေ​၏။-
11 A kihai nga tohunga i ahei te tu ki te aroaro o Mohi i nga whewhe; kei nga tohunga hoki te whewhe, kei nga Ihipiana katoa ano hoki.
၁၁အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-
12 Na ka whakapakeke a Ihowa i te ngakau o Parao, a kihai ia i rongo ki a raua; ko ta Ihowa hoki i ki ai ki a Mohi.
၁၂သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သွား​ခွင့် မ​ပြု​ဘဲ​နေ​လေ​၏။
13 Na ka mea a Ihowa ki a Mohi, Maranga wawe i te ata, ka tu ki te aroaro o Parao, ka mea ki a ia, E penei mai ana a Ihowa, te Atua o nga Hiperu, Tukua taku iwi kia haere ki te mahi ki ahau.
၁၃ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ဟေ​ဗြဲ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လော့။ ``နံ နက်​စော​စော​တွင် ဘု​ရင်​နှင့်​သွား​ရောက်​တွေ့​ဆုံ ပြီး​လျှင်`ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
14 Ko a tenei taima hoki ka tukua atu e ahau aku whiu katoa ki tou ngakau, ki ou tangata hoki, ratou ko tou iwi; kia mohio ai koe kahore tetahi e rite ana ki ahau i te whenua katoa.
၁၄ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-
15 Ko akuanei hoki takiritia ai toku ringa, a ka patu ahau i a koe, i tou iwi hoki, ki te mate uruta; a ka ngaro atu koe i te whenua.
၁၅အ​ကယ်​၍​ငါ​သည်​တန်​ခိုး​တော်​ဖြင့် သင်​နှင့် သင်​၏​လူ​မျိုး​ကို​ရောဂါ​ဘေး​သင့်​စေ​ခဲ့​ပါ​မူ သင်​တို့​အား​လုံး​ပင်​သေ​ကျေ​ပျက်​စီး​ကုန် မည်​ဖြစ်​သည်။-
16 Otiia mo konei pu ahau i whakaara ai i a koe, kia ai koe hei whakakitenga mo toku kaha; kia korerotia ai hoki toku ingoa ki te ao katoa.
၁၆သို့​ရာ​တွင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ငါ ၏​ဘုန်း​တန်​ခိုး​ကို​တွေ့​မြင်​ကြ​စေ​ရန် ငါ သည်​သင်​တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး ခဲ့​၏။-
17 E whakakake tonu ana ano koe ki taku iwi, te tuku ai i a ratou?
၁၇သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-
18 Nana, kia penei apopo, ka uaina e ahau he whatu, he mea nanakia rawa, kahore he pena i Ihipa o te pito nohoanga iho ano a mohoa noa nei.
၁၈နက်​ဖြန်​နေ့​ဤ​အ​ချိန်​တွင်​အီ​ဂျစ်​ပြည်​၌ တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ရွာ​ဘူး​သော​မိုး​သီး မိုး​ကို​သည်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-
19 Na, unga atu, huihuia au kararehe, me au mea katoa i te parae; ko nga tangata katoa me nga kararehe e rokohanga ki te parae, a kihai i huihuia ki te whare, ina, ka rere iho te whatu ki runga ki a ratou, a ka mate.
၁၉ယ​ခု​သင်​သည်​သင်​၏​တိ​ရစ္ဆာန်​များ​နှင့်​ကွင်း ပြင်​၌​ရှိ​သ​မျှ​တို့​ကို အ​မိုး​အ​ကာ​အောက်​သို့ သွင်း​စေ​လော့။ အ​ကာ​အ​ကွယ်​မ​ရှိ​သော​လူ နှင့်​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​အ​ပေါ်​သို့ မိုး​ရွာ​ချ သ​ဖြင့်​သေ​ကျေ​ပျက်​စီး​ကြ​လိမ့်​မည်။''
20 Ko te tangata a Parao i wehi i te kupu a Ihowa, i meatia e ia ona tangata me ana kararehe kia rere ki nga whare:
၂၀ဘု​ရင်​၏​မှူး​မတ်​အ​ချို့​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​မိန့်​တော်​မူ​ချက်​ကို​ယုံ​၍​ကြောက် ရွံ့​သ​ဖြင့် မိ​မိ​တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန် များ​ကို​အ​မိုး​အ​ကာ​အောက်​သို့​သွင်း​ထား ကြ​၏။-
21 Ko te tangata ia kihai i anga tona ngakau ki te kupu a Ihowa, i waiho atu e ia ana tangata me ana kararehe i te parae.
၂၁အ​ခြား​သော​သူ​များ​က​မူ​ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ မိ​မိ တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန်​များ​ကို​အ​မိုး အ​ကာ​အောက်​သို့​မ​သွင်း​ဘဲ​နေ​ကြ​၏။
22 Na ka mea a Ihowa ki a Mohi, Totoro atu tou ringa ki te rangi, kia puta ai he whatu ki te whenua katoa o Ihipa, ki te tangata, ki te kararehe, ki nga mea tupu katoa o te mara, i te whenua katoa o Ihipa.
၂၂ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​လူ​များ၊ တိ​ရစ္ဆာန်​များ၊ လယ်​ကွင်း​ရှိ​အ​ပင်​များ​ပေါ်​သို့ မိုး​ရွာ​ချ​စေ​ရန်​သင်​၏​လက်​ကို​ကောင်း​ကင် သို့​မြှောက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
23 Na ka toro atu te tokotoko a Mohi whaka te rangi: ko te tino tukunga mai a Ihowa i nga whatitiri, i te whatu; a rere ana te ahi ki runga i te whenua; a uaina iho ana e Ihowa te whatu ki te whenua o Ihipa.
၂၃မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး​ကို​ကောင်း​ကင် သို့​မြှောက်​လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး ထစ်​ချုန်း​ခြင်း၊ မိုး​ကြိုး​ပစ်​ခြင်း​နှင့်​တ​ကွ မိုး​သီး​မိုး​ရွာ​သွန်း​စေ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​တော်​မူ​သော-
24 Na he whatu tena, he ahi hoki e whakauru ana ki roto ki te whatu, he nanakia rawa, kahore ona rite i te whenua katoa o Ihipa, o te timatanga iho ano o taua iwi.
၂၄ထို​မုန်​တိုင်း​သည် အ​လွန်​ဆိုး​ရွား​သော​မုန် တိုင်း​ဖြစ်​သ​ဖြင့် အီ​ဂျစ်​ပြည်​သ​မိုင်း​တွင် တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ကြုံ​ဘူး​သော အ​ဆိုး​ရွား​ဆုံး​မုန်​တိုင်း​ဖြစ်​၏။-
25 Na i patua iho e te whatu, i te whenua katoa o Ihipa, nga mea katoa i te parae, te tangata, te kararehe; i patu ano te whatu i nga otaota katoa o te mara, i whatiwhati hoki i nga rakau katoa o te mara.
၂၅အီဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​အ​ကာ အ​ကွယ်​မ​ရှိ​သော လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း တို့​သည်​မိုး​သီး​ဒဏ်​ကြောင့်​သေ​ကျေ​ကြ ကုန်​၏။ လယ်​ကွင်း​ထဲ​၌​ရှိ​သော​သီး​နှံ​များ နှင့်​သစ်​ပင်​အား​လုံး​တို့​သည်​လည်း​ပျက်​စီး ကုန်​၏။-
26 Ko te whenua ia o Kohena, i nga tama a Iharaira, kahore he whatu.
၂၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​သည်​သာ​လျှင် မိုး​သီး​မိုး ဒဏ်​မှ​လွတ်​ကင်း​သည်။
27 Na ka tono tangata a Parao hei karanga i a Mohi raua ko Arona, a ka mea ia ki a raua, Kua hara ahau i tenei wa: he tika a Ihowa, tena ko ahau, matou tahi ko toku iwi, he kino.
၂၇ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-
28 Inoi ki a Ihowa; kua iro na hoki i enei whatitiri nunui me nga whatu; a ka tuku ahau i a koutou, a heoi ano to koutou nohoanga.
၂၈ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။
29 Na ka mea a Mohi ki a ia, Kia puta atu ahau ki waho i te pa, ka whakatuwhera atu ahau i oku ringa ki a Ihowa: a e mutu nga whatitiri, a ka kore noa iho te whatu; kia mohio ai koe no Ihowa te whenua.
၂၉ထို​အ​ခါ​မော​ရှေ​က``ကျွန်ုပ်​သည်​မြို့​ပြင်​သို့ ရောက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လက်​များ ကို​မြှောက်​၍​ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​တော် မူ​ကြောင်း ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ​မိုး​ကြိုး သံ​နှင့်​မိုး​သီး​မိုး​ရပ်​စဲ​လိမ့်​မည်။-
30 Ko koe ia, me au tangata, e mohio ana ahau kahore ano koutou i wehi noa i a Ihowa, i te Atua.
၃၀သို့​သော်​လည်း​သင်​နှင့်​သင်​၏​မှူး​မတ်​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ခြင်း​မ​ရှိ​သေး​ကြောင်း​ကျွန်ုပ်​သိ​ပါ​သည်'' ဟု​လျှောက်​လေ​၏။
31 I patua te korari me te parei; kua pupuku hoki te parei, kua pua hoki te korari.
၃၁မု​ယော​စ​ပါး​တို့​သည်​မှည့်​၍​ပိုက်​ဆံ​ပင်​တို့ သည် အ​ဖူး​ထွက်​လျက်​ရှိ​သ​ဖြင့်​၎င်း​အ​ပင် တို့​သည်​ပျက်​စီး​ကုန်​၏။-
32 Ko te witi ia me te rai kihai i patua; kahore hoki ena i tupu noa.
၃၂သို့​ရာ​တွင်​ဂျုံ​စ​ပါး​ပင်​တို့​သည် အ​မှည့် နောက်​ကျ​သ​ဖြင့်​မ​ပျက်​စီး​ကြ​ချေ။
33 Na ka mawehe atu a Mohi i a Parao ki waho i te pa, a ka whakatuwhera i ona ringa ki a Ihowa; a mutu iho nga whatitiri me te whatu, kihai hoki te ua i ringihia ki te whenua.
၃၃မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​၍ မြို့​ပြင်​သို့ သွား​ပြီး​လျှင်​လက်​များ​ကို​မြှောက်​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မိုး​ကြိုး​သံ​နှင့် မိုး​သီး​များ​စဲ​လေ​၏။ မိုး​လည်း​ရပ်​စဲ​သွား​၏။-
34 A, no te kitenga a Parao kua mutu te ua, te whatu, me nga whatitiri, ka hara ano ia, ka whakapakeke i tona ngakau, ratou tahi ko ona tangata.
၃၄ထို​သို့​မိုး​မ​ရွာ၊ မိုး​ကြိုး​သံ​နှင့်​မိုး​သီး​များ ရပ်​စဲ​သည်​ကို​ဘု​ရင်​မြင်​သော​အ​ခါ သူ​နှင့် တ​ကွ​သူ​၏​မှူး​မတ်​တို့​သည်​က​တိ​မ​တည် ဘဲ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ရှိ​ကြ​၏။-
35 Heoi, whakapakeketia ana te ngakau o Parao, kihai hoki ia i tuku i nga tama a Iharaira; ko ta Ihowa hoki i korero ai ki a Mohi.
၃၅ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း ဘု​ရင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ ပြန်​၏။

< Ekoruhe 9 >