< Ekoruhe 7 >
1 A ka mea a Ihowa ki a Mohi, Na, kua oti koe te mea e ahau hei atua ki a Parao; ko Arona hoki, ko tou tuakana, hei poropiti mau.
၁ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
2 Korerotia nga mea katoa e ki ai ahau ki a koe; a ma Arona, ma tou tuakana, e korero ki a Parao, kia tukua e ia nga tama a Iharaira i tona whenua.
၂ငါသည်သင့်အားမိန့်ကြားသမျှကိုအာရုန် အားပြောရမည်။ ဣသရေလအမျိုးသား တို့ကိုအီဂျစ်ပြည်မှထွက်ခွင့်ပြုစေရန် သူ သည်ဖာရောဘုရင်အားလျှောက်ထားရမည်။-
3 A maku e whakapakeke te ngakau o Parao, e whakamaha hoki aku tohu me aku merekara ki te whenua o Ihipa.
၃သို့ရာတွင်ငါသည်ဘုရင်အားခေါင်းမာစေ သဖြင့် နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် ရာအမှုတို့ကိုငါပြသော်လည်း၊-
4 Otiia e kore a Parao e rongo ki a korua, a ka pa toku ringa ki Ihipa, he nui ano hoki nga whakawa e whakaputaina ai e ahau aku mano tini, taku iwi, nga tama a Iharaira, i te whenua o Ihipa.
၄သူသည်သင်တို့၏စကားကိုနားမထောင် ဘဲနေလိမ့်မည်။ ထိုအခါအီဂျစ်ပြည်တွင်ငါ၏တန်ခိုးကို ပြ၍ ပြည်သူပြည်သားတို့ကိုပြင်းထန်စွာ ဒဏ်ခတ်လျက် ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားဗိုလ်ခြေအပေါင်း တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်မည်။-
5 A e mohio nga Ihipiana ko Ihowa ahau, ina totoro toku ringa ki Ihipa, a ka whakaputaina mai e ahau nga tama a Iharaira i roto i a ratou.
၅ထိုသို့အီဂျစ်အမျိုးသားတို့အားတန်ခိုး ကိုပြ၍ ဣသရေလအမျိုးသားတို့ကိုထုတ် ဆောင်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းအီဂျစ်အမျိုးသားတို့သိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
6 I mea ano a Mohi raua ko Arona i ta Ihowa i whakahau ai ki a raua, pera ana raua.
၆မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ဘုရင်အားလျှောက် ထားကြ၏။-
7 A e waru tekau nga tau o Mohi, e waru tekau ma toru nga tau o Arona, i ta raua korerotanga ki a Parao.
၇ဘုရင်ထံသို့ဝင်၍လျှောက်ထားချိန်၌မောရှေ သည် အသက်ရှစ်ဆယ်၊ အာရုန်သည်အသက်ရှစ် ဆယ်သုံးနှစ်ရှိကြသတည်း။
8 A i korero a Ihowa ki a Mohi raua ko Arona, i mea,
၈ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
9 Ki te puta ki a korua ta Parao kupu, Tena koa, tetahi merekara i a korua; ko reira koe mea ai ki a Arona, E mau ki tau tokotoko, maka iho ki te aroaro o Parao, a ka nakahi.
၉``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
10 Na ka haere a Mohi raua ko Arona ki a Parao, a peratia ana e raua me ta Ihowa i mea ai: maka iho ana e Arona tona tokotoko ki te aroaro o Parao, ki te aroaro hoki o ana tangata, na, kua nakahi.
၁၀မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဘုရင်ထံသို့ဝင်ကြ ၏။ ထိုနောက်အာရုန်သည်သူ၏တောင်ဝှေးကို ဘုရင်နှင့်မှူးမတ်များရှေ့တွင်ပစ်ချလိုက် ရာတောင်ဝှေးသည်မြွေဖြစ်လေ၏။-
11 Na ka karanga hoki a Parao i nga tangata mohio, i nga tohunga maori: na, ko ratou, ko nga tohunga o Ihipa, i pera ano ratou ki a ratou nei karakia maori.
၁၁ထိုအခါဘုရင်သည်သူ၏ပညာရှိများနှင့် မှော်ဆရာများကိုဆင့်ခေါ်၍၊ သူတို့သည် မှော်အတတ်ဖြင့်အလားတူပညာစွမ်းကို ပြကြ၏။-
12 Maka iho ana hoki e tenei, e tenei, a ratou tokotoko, a nakahi ana: otiia i horomia a ratou tokotoko e te tokotoko a Arona.
၁၂ထိုသူတို့သည်မိမိတို့၏တောင်ဝှေးများကို ပစ်ချရာ တောင်ဝှေးများသည်မြွေဖြစ်ကြ ကုန်၏။ သို့ရာတွင်အာရုန်၏မြွေကထိုသူ တို့၏မြွေများကိုမျိုလိုက်လေ၏။-
13 Na ka whakapakeketia e ia te ngakau o Parao, a kihai ia i rongo ki a raua, ko ta Ihowa hoki i ki ai.
၁၃ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
14 I mea ano a Ihowa ki a Mohi, E pakeke ana te ngakau o Parao, kahore ia e whakaae ana ki te tuku i te iwi.
၁၄ထိုနောက်ထာဝရဘုရားကမောရှေအား``ဘုရင် သည်အလွန်ခေါင်းမာလျက်ရှိ၏။ သူသည်ဣသ ရေလအမျိုးသားတို့အားမလွှတ်ဘဲနေ၏။-
15 Haere ki a Parao i te ata, na, e haere ana ia ki te wai; a hei te pareparenga o te awa tu atu ai koe ki a ia; ko te tokotoko hoki i nakahi ra, maua i tou ringa.
၁၅နံနက်တွင်ဘုရင်သည်နိုင်းမြစ်ကမ်းသို့ဆင်း သောအခါသူ့ထံသို့သွားလော့။ မြွေအဖြစ် သို့ပြောင်းခဲ့သောတောင်ဝှေးကိုယူဆောင်၍ မြစ်ကမ်းပေါ်တွင်စောင့်နေလော့။-
16 A ka mea koe ki a ia, Na Ihowa, na te Atua o nga Hiperu ahau i unga mai ki a koe; e mea ana ia, Tukua taku iwi kia mahi ki ahau i te koraha: titiro, kahore koe kia rongo a mohoa noa nei.
၁၆ဘုရင်အား`ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက မိမိ၏လူမျိုးတော် သည်တောကန္တာရတွင်မိမိအားဝတ်ပြုနိုင်ရန် သွားခွင့်ပေးရန် ကျွန်ုပ်ကိုပြောခိုင်းသည်။ သို့ရာ တွင်ကိုယ်တော်သည်ယခုတိုင်အောင်အမိန့် တော်ကိုမလိုက်နာပါ။-
17 Ko te kupu tenei a Ihowa, ma konei e mohio ai koe ko Ihowa ahau: nana, maku e patu nga wai i te awa ki te tokotoko i toku ringa, a ka riro ke hei toto.
၁၇အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
18 E mate hoki nga ika i roto i te awa, a e piro te awa; a e anuanu nga Ihipiana ki te inu i te wai o te awa.
၁၈မြစ်ထဲရှိငါးတို့သေ၍မြစ်ရေသည်နံစော် သဖြင့်၊ အီဂျစ်ပြည်သားတို့သည်ထိုရေကို မသောက်သုံးနိုင်ဖြစ်ရလိမ့်မည်' ဟုဘုရင် ကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
19 A i korero a Ihowa ki a Mohi, Mea atu ki a Arona, E mau ki tau tokotoko, totoro hoki tou ringa ki nga wai o Ihipa, ki o ratou wai e rere ana, ki o ratou awa, ki o ratou roto, ki o ratou huihuinga wai katoa, kia meinga ai hei toto; a ka whai toto nga oko rakau, kohatu hoki, i te whenua katoa o Ihipa.
၁၉တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
20 A peratia ana e Mohi raua ko Arona me ta Ihowa i ako ai; hapainga ana e ia te tokotoko, patua ana ki nga wai o te awa, i te tirohanga a Parao, i te tirohanga ano hoki a ana tangata; a riro ke ana hei toto nga wai katoa o te awa.
၂၀မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းလိုက်နာဆောင်ရွက်ကြ၏။ အာရုန်သည်ဘုရင်နှင့်သူ၏မှူးမတ်များ၏ ရှေ့တွင်တောင်ဝှေးကိုမြှောက်၍ မြစ်ရေကိုရိုက် ရာမြစ်ရေသည်သွေးဖြစ်လေ၏။-
21 A mate ana nga ika i te awa; a piro ana te awa, kihai hoki i ahei i nga Ihipiana te inu i te wai o te awa: na he toto tera i te whenua katoa o Ihipa.
၂၁မြစ်ထဲ၌ရှိသောငါးတို့သည်သေကုန်၏။ ရေ သည်အလွန်အနံ့ဆိုးသဖြင့် အီဂျစ်ပြည် သားတို့သည်ထိုရေကိုမသောက်သုံးနိုင် ကြချေ။ အီဂျစ်တစ်ပြည်လုံးနေရာအနှံ့ တွင်သွေးနှင့်ပြည့်လေ၏။-
22 A, peratia ana e nga tohunga o Ihipa ki a ratou na mahi maori: a ka whakapakeketia te ngakau o Parao, kahore hoki ia i whakarongo ki a raua; i rite tonu ki ta Ihowa i korero ai.
၂၂သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။-
23 Na tahuri ana a Parao, haere ana ki roto ki tona whare, kihai ano hoki i whakaanga i tona ngakau ki tenei.
၂၃ဘုရင်သည်ထိုအမှုအရာကိုအရေးမ ကြီးသောကိစ္စဟူ၍ သဘောပိုက်ကာနန်း တော်သို့ပြန်သွားလေ၏။-
24 Na ka keri nga Ihipiana katoa ki nga taha o te awa i te wai hei inu; kihai hoki i ahei te inu i te wai o te awa.
၂၄အီဂျစ်ပြည်သားတို့သည်မြစ်ရေကိုမသောက် သုံးနိုင်ကြသဖြင့်၊ မြစ်ကမ်းတစ်လျှောက် တွင်သောက်ရေအတွက်တွင်းတူးကြ၏။
25 Na kua rite nga ra e whitu i muri i ta Ihowa patunga i te awa.
၂၅ထာဝရဘုရားသည်မြစ်ကိုသွေးဖြစ်စေ ပြီးနောက် ခုနစ်ရက်ကြာလေ၏။