< Ehetere 6 >
1 I taua po kihai i moe te kingi, a ka mea kia kawea mai te pukapuka whakamahara ki nga meatanga o nga ra. Na ka korerotia ki te aroaro o te kingi.
၁ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
2 Na ka kitea, kua oti te tuhituhi te whakaatu a Mororekai mo Pikitana raua ko Terehe, mo nga rangatira ruma tokorua a te kingi, he kaitiaki tetau, i whai raua kia pa te ringa ki a Kingi Ahahueruha.
၂ယင်းမှတ်တမ်းများတွင်အဆောင်တော်စောင့် မိန်းမစိုးဗိဂသန်နှင့်တေရက်တို့သည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်မှု ကိုအဘယ်သို့မော်ဒကဲတွေ့ရှိရသည့် အကြောင်းပါရှိလေသည်။-
3 Na ka mea te kingi, He aha te honore, te kororia, i whiwhi ai a Mororekai mo tenei? Ano ra ko nga tangata a te kingi i mahi nei ki a ia, Kihai tetahi mea i meatia ki a ia.
၃မင်းကြီးက``ဤအမှုအတွက်မော်ဒကဲအား ငါတို့အဘယ်သို့ဂုဏ်ပြုချီးမြှင့်ကာဆု တော်လာဘ်တော်များပေးခဲ့ပါသနည်း'' ဟုမေးတော်မူ၏။ နန်းတွင်းအစေခံများက``ထိုသူ၏အတွက် အဘယ်သို့မျှမပြုရသေးပါ'' ဟုပြန် လည်လျှောက်ထားကြ၏။
4 Na ka mea te kingi, Ko wai kei te marae? Na tera a Hamana kua tae mai ki te marae o waho o te whare o te kingi, ki te korero ki te kingi, kia taronatia a Mororekai ki runga ki te tarawa kua oti te hanga mona.
၄မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
5 Na ka mea nga tangata a te kingi ki a ia, Ko Hamana tenei e tu mai nei i te marae. Ano ra ko te kingi, Kia haere mai ia.
၅ထိုအခါနန်းတွင်းအစေခံများက``ဟာမန် ရှိပါသည်။ သူသည်ရှေ့တော်သို့ဝင်ရန်စောင့် နေပါသည်'' ဟုလျှောက်ကြ၏။ မင်းကြီးက``သူ့အားဝင်စေ'' ဟုမိန့်တော်မူ၏။
6 Heoi ka haere mai a Hamana. Na ka mea te kingi ke a ia, Ko te aha kia meatia ki ta te kingi tangata e pai ai kia whakahonoretia? Na ko te meatanga ake a Hamana i roto i tona ngakau, Ko wai atu i ahau ta te kingi e pai ai kia whakahonoretia?
၆ထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။ ဟာမန်သည်``အဘယ်သူအားမင်းကြီးဂုဏ်ပြု ချီးမြှင့်လိုပါလိမ့်မည်နည်း။ ငါ့ကိုသာလျှင် ဖြစ်တန်ရာ၏'' ဟုတွေးတောပြီးလျှင်၊-
7 Na ka mea a Hamana ki te kingi, Mo ta te kingi tangata e pai ai kia whakahonoretia,
၇မင်းကြီးက``ဘုရင်မင်းကြီးဆင်ယင်တော် မူသောမင်းမြောက်တန်ဆာ၊ စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသောရာဇသရဖူ ကိုယူခဲ့စေတော်မူပါ။-
8 Me kawe mai nga kakahu kingi, e kakahu nei te kingi me te hoiho ano e ekengia ana e te kingi, potae rawa he karauna kingi ki tona matenga;
၈
9 Na ka hoatu taua kakahu me te hoiho ke te ringa o tetahi o nga tino rangatira a te kingi, kia whakakakahuria atu ki te tangata e pai ai te kingi kia whakahonoretia; na ka mea i a ia kia eke i runga i te hoiho i te waharoa o te pa, ka karanga haer e ai i mua i a ia, Ka peneitia te tangata e pai ai te kingi kia whakahonoretia.
၉ထိုနောက်မှူးကြီးမတ်ကြီးတစ်ပါးကို ထိုသူ အားထိုတန်ဆာတော်များကိုဝတ်ဆင်ပေး စေပြီးလျှင် မြင်းပေါ်တွင်တင်၍မြင်းကို ဆွဲကာမြို့ကိုလှည့်လည်လျက်`ဘုရင်မင်းမြတ် သည်မိမိဂုဏ်ပြုချီးမြှင့်လိုသူအားအဘယ် သို့ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့' ဟု ကြွေးကြော်စေတော်မူပါ'' ဟုလျှောက်၏။
10 Katahi ka mea te kingi ki a Hamana, Kia hohoro tau tiki atu i te kakahu, i te hoiho, i tau i ki na, ka pera ai ki a Mororekai, ki te Hurai, e noho nei i te kuwaha o te kingi. Kei taka tetahi kupu o nga mea katoa i korerotia e koe.
၁၀ထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။
11 Katahi ka tikina e Hamana te kakahu, me te hoiho, a whakakakahuria ana e ia a Mororekai, arahina ana i runga i te hoiho i te waharoa o te pa, me te karanga ano i tona aroaro, Ka peneitia te tangata e pai ai te kingi kia whakahonoretia.
၁၁ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
12 Na hoki ana a Mororekai ki te kuwaha o te kingi; ko Hamana ia i hohoro ki tona whare, pouri tonu, hipoki rawa te mahunga.
၁၂ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊-
13 Na ka korerotia e Hamana ki tana wahine, ki a Herehe, ki ona hoa katoa nga mea katoa i pa ki a ia. Katahi ana tangata mohio, ratou ko tana wahine, ko Herehe, ka mea ki a ia, Ki te mea no nga uri o nga Hurai a Mororekai, kua timata na koe te hing a i tona aroaro, e kore koe e kaha i a ia, engari ka hinga rawa koe i tona aroaro.
၁၃မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။
14 I a ratou e korero ana ki a ia, ka tae mai nga rangatira ruma a te kingi, porangi tonu, hei arahi mo Hamana ki te hakari i taka e Ehetere.
၁၄ထိုသူတို့ဤသို့ပြောဆိုနေကြစဉ်ပင်နန်း တော်မိန်းမစိုးများသည် ဟာမန်အားဧသတာ ၏ညစာစားပွဲသို့ခေါ်ဆောင်ရန်အလျင်စလို ရောက်ရှိလာကြလေသည်။