< Ehetere 2 >

1 I muri iho i enei mea, i te mea kua marie te riri o Kingi Ahahueruha, ka mahara ia ki a Wahati, ki tana i mea ai, ki te mea hoki i whakaritea mona.
ထို​နောက်​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ သော​အ​ခါ ဝါ​ရှ​တိ​ပြု​ခဲ့​သည့်​အ​မှု​ကို လည်း​ကောင်း၊ မိ​မိ​ထုတ်​ပြန်​ကြေ​ငြာ​ခဲ့​သည့် အ​မိန့်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​၏။-
2 Na ka mea nga tangata a te kingi i mahi nei ki a ia, Kia rapua mai etahi kotiro ataahua ma te kingi.
သို့​ဖြစ်​၍​သူ​နှင့်​ရင်း​နှီး​သော​အ​ကြံ​ပေး​အ​ရာ ရှိ​များ​က​မင်း​ကြီး​အား``အ​ရှင်​သည်​အ​ဘယ် ကြောင့်​အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​များ ကို​ရှာ​စေ​တော်​မ​မူ​ပါ​သ​နည်း။-
3 Kia whakaritea hoki e te kingi etahi kaititiro puta noa i nga kawanatanga o tona kingitanga, a ma ratou e huihui mai nga kotiro ataahua, he wahine, ki Huhana, ki te whare kini, ki te whare wahine, ki a Hekai, ki ta te kingi rangatira ruma, ko ia nei te kaitiaki o nga wahine; a kia hoatu nga mea hei tahi mo to ratou poke;
အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် အ​ပေါင်း​တွင် မင်း​အ​ရာ​ရှိ​များ​ကို​ခန့်​ထား​၍ အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​အ​ပေါင်း​ကို မြို့​တော်​ရှု​ရှန်​ရှိ​အ​ရှင့်​အ​ပျို​တော်​ဆောင်​သို့ ခေါ်​ဆောင်​လာ​စေ​တော်​မူ​ပါ။ သူ​တို့​အား အ​ရှင့်​မိန်း​မ​စိုး​ဟေ​ဂဲ​၏​လက်​တွင်​အပ်​၍ အ​လှ​ပြု​ပြင်​ပေး​စေ​တော်​မူ​ပါ။-
4 Na, ko te kotiro e pai ki ta te kingi titiro, ko ia hei kuini i te wahi o Wahati. Na pai tonu taua mea ki te whakaaro o te kingi, a pera ana ano ia.
ထို​နောက်​အ​ရှင်​အ​နှစ်​သက်​ဆုံး​အ​မျိုး​သ​မီး ကို​ရွေး​၍ ဝါ​ရှ​တိ​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​ပါ'' ဟု​အ​ကြံ​ပေး​လျှောက်​ထား​ကြ​၏။ မင်း ကြီး​သည်​ထို​အ​ကြံ​ပေး​လျှောက်​ထား​ချက် ကို​နှစ်​သက်​၍​ထို​အ​တိုင်း​ပြု​တော်​မူ​၏။
5 I Huhana, i te whare kingi tetahi tangata, he Hurai, ko tona ingoa ko Mororekai, he tama na Haira, tama a Himei, tama a Kihi, he tangata no Pineamine.
မြို့​တော်​ရှု​ရှန်​တွင်​ယာ​ဣ​ရ​၏​သား မော်​ဒ​ကဲ ဆို​သူ​ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​ရှိ​၏။ သူ သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၍​ကိ​ရှ​နှင့်​ရှိ​မိ တို့​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။-
6 He mea whakaheke mai i Hiruharama i roto i te whakahekenga i whakahekea ai a Hekonia kingi o Hura, i tera i whakahekea ra e Nepukaneha kingi o Papurona.
ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား​ယေ​ရု​ရှ​လင်​မြို့​မှ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သော​အ​ခါ​၌ မော် ဒ​ကဲ​သည်​လည်း​သုံ့​ပန်း​များ​အ​ထဲ​တွင် ပါ​သွား​လေ​သည်။-
7 Na he mea atawhai nana a Haraha, ara a Ehetere, te tamahine a tona matua keke; no te mea kahore ona papa, ona whaea, a he atanga taua kotiro, he ataahua; i te matenga hoki o tona papa, o tona whaea, ka tangohia ia e Mororekai hei tamahine mana.
သူ့​မှာ​ဧ​သ​တာ​ဆို​သူ​နှ​မ​ဝမ်း​ကွဲ​ရှိ​၏။ ဧ​သ​တာ​၏​ယု​ဒ​နာ​မည်​ကား​ဟ​ဒ​ဿ တည်း။ သူ​၏​မိ​ဘ​များ​ကွယ်​လွန်​သွား​သော အ​ခါ​မော်​ဒ​ကဲ​သည်​သူ့​ကို​မွေး​စား​ကာ မိ​မိ​၏​သ​မီး​အ​ရင်း​သ​ဖွယ်​ကျွေး​မွေး ပြု​စု​ခဲ့​၏။ ဧ​သ​တာ​သည်​အ​ဆင်း​လှ​၍ ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​သည့်​အ​မျိုး သ​မီး​က​လေး​တစ်​ဦး​ဖြစ်​ပေ​သည်။
8 Heoi, ka rangona te kupu a te kingi, me tana ture, a ka tokomaha ano nga kotiro ka huihuia ki Huhana, ki te whare kingi, ki te ringa o Hekai, na ka mauria ano hoki a Ehetere ki te whare o te kingi, ki te ringa o Hekai kaitiaki wahine.
ထို​ကြောင့်​မင်း​ကြီး​ကြေ​ငြာ​ချက်​အ​သစ် အ​ရ အ​မျိုး​သ​မီး​ငယ်​အ​မြောက်​အ​မြား ကို ရှု​ရှန်​မြို့​သို့​ခေါ်​ဆောင်​လာ​ကြ​သော အ​ခါ​ဧ​သ​တာ​ပါ​လာ​ခဲ့​လေ​သည်။ သူ့ အား​လည်း​နန်း​တွင်း​၌​ထား​ရှိ​ကာ​မိန်း​မ စိုး​ဟေ​ဂဲ​၏​လက်​သို့​ပေး​အပ်​ကြ​၏။-
9 Na he pai taua kotiro ki tana titiro, ka atawhaitia hoki e ia; i hohoro hoki tana homai i nga mea hei tahi mo tona poke, me era atu mea ano mana, me nga kotiro tokowhitu i tika nei kia hoatu ki a ia, no roto i te whare o te kingi: i nekehia atu h oki ia, ratou ko ana kotiro ki te wahi pai rawa o te whare wahine.
ဟေ​ဂဲ​သည်​ဧ​သ​တာ​အား​စိတ်​နှင့်​တွေ့​သ​ဖြင့် မျက်​နှာ​သာ​ပေး​၏။ နှိပ်​နယ်​ပေး​ခြင်း၊ အ​ထူး အ​စား​အ​စာ​ကို​ကျွေး​ခြင်း​တို့​ကို​အ​လျင် အ​မြန်​စ​တင်​ပြု​လုပ်​ပေး​၏။ အ​ပျို​တော် ဆောင်​တွင်​အ​ကောင်း​ဆုံး​နေ​ရာ​ထိုင်​ခင်း​ကို ပေး​၍ နန်း​တွင်း​သူ​အ​မျိုး​သ​မီး​ခု​နစ် ယောက်​ကို​အ​ထူး​ရွေး​ချယ်​ကာ​ဧ​သ​တာ ကို​လုပ်​ကျွေး​ပြု​စု​စေ​၏။
10 Kihai i whakaaturia e Ehetere tona iwi me ona whanaunga; na Mororekai hoki i ako ki a ia kia kaua e whakaaturia.
၁၀ဧ​သ​တာ​သည်​မော်​ဒ​ကဲ​၏​အ​ကြံ​ပေး​ချက် အ​ရ မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို​လျှို့​ဝှက် ၍​ထား​လေ​သည်။-
11 Na haere ai a Mororekai i tenei ra, i tenei ra, ki mua i te marae o te whare wahine, kia mohio ai ia kei te pehea a Ehetere, a ka peheatia ranei ia.
၁၁နေ့​စဉ်​နေ့​တိုင်း​ပင်​မော်​ဒ​ကဲ​သည်​ဧ​သ​တာ ၏​အ​ခြေ​အ​နေ​ကို​လည်း​ကောင်း၊ သူ့​အား အ​ဘယ်​သို့​ပြု​ကြ​မည်​ကို​လည်း​ကောင်း​သိ​ရှိ နိုင်​ရန် အ​ပျို​တော်​ဆောင်​ဝင်း​ရှေ့​၌​ခေါက်​တုန့် ခေါက်​ပြန်​လျှောက်​လျက်​နေ​တတ်​၏။
12 A, no ka rite te wa mo tenei kotiro, mo tenei kotiro, e haere ai ki a Kingi Ahahueruha, i te mea ka taka ona marama kotahi tekau ma rua, ko te ritenga hoki ia mo nga wahine, ko reira hoki rite ai nga ra mo te tahi o to ratou poke, ara e ono nga marama o te hinu maira, a e ono nga marama o nga mea kakara, o era atu mea ano e tahia ai te poke o nga wahine;
၁၂အ​မျိုး​သ​မီး​များ​အ​တွက် ပြု​လုပ်​နေ​ကျ အ​လှ​ပြု​ပြင်​မှု​မှာ​တစ်​နှစ်​မျှ​ကြာ​လေ သည်။ သူ​တို့​အား​မု​ရန်​ဆီ​ဖြင့်​ခြောက်​လ၊ သစ်​ဆီ​မွှေး​ဖြင့်​နောက်​ထပ်​ခြောက်​လ​နှိပ်​နယ် ပေး​ရ​၏။ ထို​နောက်​အ​မျိုး​သ​မီး​များ​သည် တစ်​ယောက်​ပြီး​တစ်​ယောက်​အ​လှည့်​ကျ ဇေ​ရဇ်​မင်း​၏​အ​ထံ​တော်​သို့​ဝင်​ကြ​ရ သည်။-
13 Ko te tikanga tenei mo te haerenga atu o tetahi kotiro ki te kingi; ko nga mea katoa i hiahia ai ia, i hoatu ki a ia, a ka riro i a ia i roto i te whare wahine ki te whare o te kingi.
၁၃အ​လှည့်​ကျ​သူ​သည်​အ​ပျို​တော်​ဆောင်​မှ နန်း​တော်​သို့​သွား​သော​အ​ခါ မိ​မိ​နှစ်​သက် ရာ​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​နိုင်​၏။-
14 I haere mai ia i te ahiahi, a i te ata ka hoki ki to nga wahine whare tuarua, ki te ringa o Haahakata, o ta te kingi rangatira ruma, ko ia nei te kaitiaki o nga wahine iti; heoi ano ona haerenga mai ki te kingi, kia hiahia ra ano te kingi ki a i a, kia whakahuatia ano hoki tona ingoa.
၁၄သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။
15 A, ka rite te wa e haere ai ki te kingi a Ehetere tamahine a Apihaira, a te matua keke o Mororekai, he mea tango nei hoki ia na tenei hei tamahine mana, kihai tera i mea ki tetahi mea mana, heoi ano ko ta Hekai i whakarite ai, ko ia nei ta te ki ngi rangatira ruma, te kaitiaki o nga wahine. Na ahuareka rawa a Ehetere ki te titiro a te hunga katoa i kite i a ia.
၁၅အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-
16 Heoi ka mauria a Ehetere ki a Kingi Ahahueruha, ki tona whare kingi, i te tekau o nga marama, ko Tepete hoki taua marama, i te whitu o nga tau o tona kingitanga.
၁၆ထို့​ကြောင့်​ဧ​သ​တာ​သည်​ဇေ​ရဇ်​မင်း​နန်း​စံ သတ္တ​မ​နှစ်​တေ​ဗက်​ခေါ်​ဒ​သ​မ​လ​၌ နန်း တော်​အ​တွင်း​ဇေ​ရဇ်​မင်း​၏​ရှေ့​တော်​သို့ ရောက်​ရှိ​သွား​၏။-
17 Na nui atu te aroha o te kingi ki a Ehetere i tona ki nga wahine katoa, ahuareka tonu ia, manakohia rawatia ana ia e ia i nga whaina katoa, potaea ana e ia te karauna kuini ki tona mahunga, meinga ana ia e ia hei kuini i te wahi o Wahati.
၁၇မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။-
18 Katahi ka tukua e te kingi he hakari nui ma ana rangatira katoa ratou ko ana tangata, ara te hakari o Ehetere; whakangawaritia ano hoki e ia nga mea ki nga kawanatanga, a hoatu ana etahi hakari e ia, he mea i rite ki ta te kingi tikanga.
၁၈ထို​နောက်​မိ​မိ​၏​မှူး​မတ်​များ​နှင့်​မင်း​အ​ရာ ရှိ​အ​ပေါင်း​ကို​ဖိတ်​ကြား​တော်​မူ​၍ ဧ​သ​တာ အား​ဂုဏ်​ပြု​စား​သောက်​ပွဲ​ကြီး​ကို​ကျင်း​ပ တော်​မူ​၏။ သူ​သည်​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝှမ်း​လုံး​တွင်​ထို​နေ့​ကို​အ​လုပ်​နား​ရက် အ​ဖြစ်​သတ်​မှတ်​ကြေ​ငြာ​တော်​မူ​၍ ဘု​ရင့် ဂုဏ်​နှင့်​လျော်​စွာ​ဆု​တော်​လာဘ်​တော်​များ ကို​လည်း​ပေး​သ​နား​တော်​မူ​၏။
19 Na i te rua o nga huihuinga o nga wahine, kei te noho a Mororekai i te kuwaha o te kingi.
၁၉ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။-
20 Kihai ano i whakaaturia e Ehetere ona whanaunga me tona iwi; ko ta Mororekai hoki tera i ako ai ki a ia; i whakarite hoki a Ehetere i te kupu a Mororekai, i pera me ia e whakatupuria ake ana i tona whare.
၂၀ဧ​သ​တာ​မူ​ကား​မော်​ဒ​ကဲ​၏​မှာ​ကြား ချက်​အ​ရ​မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို ယ​ခု​တိုင်​အောင်​အ​ဘယ်​သူ​ကို​မျှ​အ​သိ မ​ပေး​ဘဲ​နေ​၏။ သူ​သည်​က​လေး​ဘ​ဝ​က မော်​ဒ​ကဲ​၏​စ​ကား​ကို​နား​ထောင်​ခဲ့​သည့် နည်း​တူ ဤ​အ​မှု​ကိစ္စ​တွင်​လည်း​နား​ထောင် လေ​သည်။
21 I aua ra, i te mea e noho ana a Mororekai i te kuwaha o te kingi, ka riri a Pikitana raua ko Terehe, tokorua o nga rangatira ruma a te kingi, he kaitiaki i te tatau, a ka whai kia pa te ringa ki a Kingi Ahahueruha.
၂၁နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-
22 Na kua mohiotia taua mea e Mororekai, a ka whakaaturia e ia ki a Ehetere, ki te kuini; korerotia ana e Ehetere ki te kingi i runga ano i te ingoa o Mororekai.
၂၂မော်​ဒ​ကဲ​သည်​ထို​အ​ကြောင်း​ကို​ကြား​သိ​ရ သ​ဖြင့် မိ​ဖု​ရား​ဧ​သ​တာ​အား​ပြော​ကြား​၏။ သို့​ဖြစ်​၍​ဧ​သ​တာ​သည်​မင်း​ကြီး​အား မော်​ဒ​ကဲ​သိ​ရှိ​ရ​ချက်​ကို​လျှောက်​ထား​၏။-
23 Na, ka oti taua mea te uiui, a ka kitea he tika, ka taronatia raua tokorua ki runga ki te rakau, a ka tuhituhia taua mea ki te pukapuka o nga meatanga o nga ra i te aroaro o te kingi.
၂၃ထို​အ​မှု​ကို​စုံ​စမ်း​စစ်​ဆေး​သော​အ​ခါ မော်​ဒ​ကဲ​ပေး​သည့်​သ​တင်း​မှန်​ကန်​ကြောင်း တွေ့​ရှိ​ရ​သ​ဖြင့် ထို​သူ​နှစ်​ယောက်​စ​လုံး​ပင် လည်​ဆွဲ​တိုင်​၌​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ​ကြ လေ​သည်။ မင်း​ကြီး​သည်​ဤ​အ​မှု​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ​တွင်​ရေး မှတ်​ထား​စေ​တော်​မူ​၏။

< Ehetere 2 >