< Tiuteronomi 34 >
1 Na ka piki atu a Mohi i nga mania o Moapa ki Maunga Nepo, ki te tihi o Pihika, e titiro ana ki Heriko. A whakakitea ana e Ihowa ki a ia te whenua katoa o Kireara a tae noa ki Rana;
၁ထိုနောက်မောရှေသည်မောဘလွင်ပြင်မှ ယေရိ ခေါမြို့အရှေ့ဘက်ရှိနေဗောခေါ်ပိသဂါတောင် ထိပ်ပေါ်သို့တက်လေ၏။ ထိုအရပ်တွင်ထာဝရ ဘုရားသည် မြောက်ဘက်ရှိဒန်မြို့အထိကျယ် ပြန့်သောဂိလဒ်ပြည်နယ်၊-
2 A Napatari katoa, me te whenua o Eparaima, o Manahi hoki, te whenua katoa hoki o Hura, tae noa atu ki te moana whakamutunga mai;
၂နဿလိပြည်နယ်တစ်လျှောက်လုံး၊ ဧဖရိမ်နှင့် မနာရှေပြည်နယ်များ၊ အနောက်ဘက်မြေထဲ ပင်လယ်အထိ ကျယ်ပြန့်သောယုဒပြည်နယ်၊-
3 Te tonga me te mania i te papatairitetanga o Heriko, o te pa nikau, a Toara atu ana.
၃ယုဒပြည်နယ်တောင်ပိုင်း၊ ဇောရမြို့မှစွန် ပလွံပင်မြို့ဟုခေါ်တွင်သော ယေရိခေါမြို့ အထိကျယ်ပြန့်သည့်လွင်ပြင်မှစ၍ တစ် ပြည်လုံးကိုမောရှေအားပြတော်မူ၏။-
4 Na ka mea a Ihowa ki a ia, Ko te whenua tenei i oati ai ahau ki a Aperahama, ki a Ihaka, ki a Hakopa, i mea ai, Ka hoatu e ahau a reira ki ou uri: kua meinga koe e ahau kia kite a kanohi i reira, otiia e kore koe e whiti ki reira.
၄ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ ပြည်သည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ အဆက်အနွယ်တို့အား ပေးမည်ဟုငါကတိ ထားသောပြည်ဖြစ်သည်။ ယခုဤပြည်ကို သင်ကြည့်ရှုလော့။ သို့ရာတွင်ဤပြည်ကို သင်မဝင်ရ'' ဟုမိန့်တော်မူ၏။
5 Na ka mate a Mohi, te pononga a Ihowa ki reira, ki te whenua o Moapa, ka pera me ta Ihowa i korero ai.
၅သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ကိုယ်တော်၏အစေခံမောရှေသည် မောဘပြည်တွင်အနိစ္စရောက်လေ၏။-
6 A tanumia iho ia e ia ki tetahi kokoru o te whenua o Moapa, i te ritenga o Petepeoro: otiia kahore tetahi tangata e mohio ana ki tona urupa a mohoa noa nei.
၆ထာဝရဘုရားသည်မောဘပြည်၊ ဗက်ပေ ဂုရမြို့တစ်ဘက်ရှိချိုင့်ဝှမ်း၌ မောရှေ၏ အလောင်းကိုသင်္ဂြိုဟ်တော်မူ၏။ သို့ရာတွင် ယနေ့တိုင်အောင်မောရှေ၏သင်္ချိုင်းနေရာ အတိအကျကိုမည်သူမျှမသိရချေ။-
7 A kotahi rau e rua tekau nga tau o Mohi i tona matenga: kahore ano i ataruatia ona kanohi, kahore ano hoki i heke noa tona kaiotatanga.
၇မောရှေသည်အသက်တစ်ရာ့နှစ်ဆယ်တွင် အနိစ္စရောက်၏။ မောရှေအနိစ္စရောက်ချိန် တွင်မျက်စိမမှုန်သေး။ အင်အားလည်း မလျော့သေး။-
8 Na uhungatia ana a Mohi e nga tama a Iharaira i nga mania o Moapa, e toru tekau nga ra: a taka noa nga ra i uhungatia ai, i tangihia ai a Mohi.
၈ဣသရေလအမျိုးသားတို့သည်မောဘလွင် ပြင်တွင် ရက်ပေါင်းသုံးဆယ်ပတ်လုံးမောရှေ ကွယ်လွန်သည့်အတွက်ငိုကြွေးမြည်တမ်း ကြ၏။
9 A ki tonu a Hohua, te tama a Nunu, i te wairua o te matauranga; na Mohi hoki i whakapa ona ringa ki runga ki a ia; a rongo ana ki a ia nga tama a Iharaira, mea ana i nga mea i whakahaua e Ihowa ki a Mohi.
၉မောရှေသည်နုန်၏သားယောရှုအပေါ်လက် တင်၍ မိမိအရိုက်အရာကိုဆက်ခံရန်ခန့် အပ်ခဲ့သည်။ သို့ဖြစ်၍ယောရှုသည်ပညာဉာဏ် နှင့်ပြည့်စုံလေ၏။ ဣသရေလအမျိုးသား တို့သည်ယောရှု၏စကားကိုနားထောင်၍ မောရှေဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်များကိုလိုက်နာကြလေသည်။
10 A kahore ano kia ara i roto i a Iharaira i muri nei tetahi atu poropiti hei rite mo Mohi, i mohio nei a Ihowa ki a ia, titiro atu, titiro mai;
၁၀ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-
11 Ara mo nga tohu katoa, mo nga merekara i unga ai ia e Ihowa ki te mahi i te whenua o Ihipa, ki a Parao ratou ko ona tangata katoa, ki tona whenua katoa hoki;
၁၁ထာဝရဘုရား၏စေလွှတ်ချက်အရမောရှေ သည် အီဂျစ်ပြည်ဘုရင်၊ မှူးမတ်များနှင့်ပြည်သူ အပေါင်းတို့ရှေ့တွင် အခြားမည်သည့်ပရောဖက် မျှမပြဘူးသောအံ့သြဖွယ်ရာများနှင့် နိမိတ် လက္ခဏာများကိုပြခဲ့လေသည်။-
12 Mo nga mahi katoa hoki a te ringa kaha, mo nga mea whakawehi nui i meatia e Mohi ki te aroaro o Iharaira katoa.
၁၂မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ရှေ့၌လည်း အခြားမည်သည့်ပရောဖက်မျှ မပြုလုပ်နိုင်သည့် အလွန်ကြောက်မက်ဖွယ် ကောင်းသောအမှုများကိုပြုလုပ်ခဲ့လေ သတည်း။ ရှင်မောရှေရေးထားသောတရားဟောရာကျမ်းပြီး၏။